Friday, July 19, 2013

ကေအိုင်အိုတပ်စခန်းနေရာသို့ ဗမာ့တပ် ၀င်ရောက်လာရာမှ တိုက်ပွဲဖြစ်ပွားကြောင်း

၂၀၁၃ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၉း၁၅ နာရီတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ခမရ ၃၂၄ မှ ကေအိုင်အေ တပ်ရင်း ၈ ဒေသ၊ မုန်းဟောမ်ကျေးရွာအထက် နားယောင် ကျေးရွာတွင် ကေအိုင်အိုတပ်စခန်းနေရာသို့ ၀င်ရောက်လာရာမှ တိုက်ပွဲဖြစ်ပွားကြောင်း သိရှိရသည်
ဇူလိုင်လ ၇ ရက်နေ့တွင် ကေအိုင်အေ တပ်ရင်း ၈ နေရာတွင် တိုက်ပွဲများ ဖြစ်ပွားကြောင်းသိရသည် သတင်းစုဆောင်းနေဆဲဖြစ်သည်။
၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ခလရ ၁၁၉ မှ တပ်သားများမှ ၀ိုင်းမော်မြို့နယ် နန်ဇော်ယန်ကျေးရွာရှိ ကျေးရွာသူရွာသားများ၏ နေအိမ်များနှင့် KIO ၏ ၀ိုင်းမော်ဇုံနယ်ရုံးများမှ ခေါင်မိုးသွပ်များကို ဖြုတ်ခွာယူပြီး စစ်တပ် တည်ဆောက်ယူနေကြသည်။
၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဒေါ့ဖုန်းယန်ကျေးရွာတွင် တပ်စိုက်ထားသော ခလရ ၁၄၂ တပ်မှ ၄င်းတို့၏ တပ်လယ်များကို ထွန်ယက်ပေးရန်အတွက် အနီးပတ်ဝန်းကျင်ကျေးရွာများမှ တရွာလျှင် လယ်ထွန်စက် ၂ စီးစီနှုန်းဖြင့် မလာမနေရ တောင်းဆိုထားသည်။