Thursday, December 24, 2015

(၂၀၁၂) က #‎ဒေါ်အောင်ဆန်းဆုကြည် နဲ့ အခြေအနေ တူနေတဲ့ #‎KIA(၂၀၁၅)

(opinion) လွတ်လပ်စွာ သဘောကွဲလွဲနိုင်သည်
ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်စုဟာ အစိုးရတပ် နဲ့ KIA တိုက်ပွဲ အပေါ် မှတ်ချက် ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင် နေရတဲ့ စစ်ပြေးဒုက္ခသည် အရေးမှာ အံ့အားသင့်ဖွယ် နုတ်ဆိတ် နေခဲ့ ရပါတယ်။ ပြည်သူက ငြိမ်းချမ်းရေး နိုဘယ်ဆုကိုတော် မေးခွန်းထုတ်တာ ခံခဲ့ရပြီး ဘေးကျပ်နံကျပ် ဖြတ်သန်း ခဲ့ရပါတယ်။ လက်ပတောင်းတောင် အရေး ၊ ကျောင်းသား အရေးလဲ ထိုနည်း၎င်းပေါ့။
ဒါပေမယ့် အတိတ်က ပေးတဲ့ သင်ခန်းစာအရ လက်ရှိ အစိုးရနဲ့ ဆက်လက် ဆန့်ကျင်ပြီး ထောင်ထဲမှာ(အကျယ်ချုပ်) အချိန်ဖြုန်းဖို့ ဆိုတာ သူ့အတွက် အသက် သိပ်ကြီး သွားပြီ။ ဒါကြောင့် မိမိ ရဲ့အချိန် အခွင့်အရေးကို သည်းခံစောင့်ခဲ့ပြီး အခုနောက်ဆုံးမှာ ရွေးကောက်ပွဲ အနိုင်ရခဲ့ပါတယ်။ (ယခုလည်း ပိုင်နိုင်မည့် အချိန်ကို သည်းခံ စောင့်နေဆဲ ထင်ရ)
#KIA
နှစ်ပေါင်း ၅၀ ကျော် တော်လှန်ရေး ကာလမှာ အတွေ့အကြုံ သင်္ခန်းစာ အများကြီး ရခဲ့ပြီး ဖြစ်တယ်။ နေဝင်း အစိုးရမှ သန်းရွှေခေတ်အထိ ဆွေးနွေးညှိနိုင်းမှု အများကြီး ကျော်ဖြတ်ခဲ့ ပေမယ် တစ်ခုမှ မအောင်မြင် ခဲ့ဘူး။ ယခုနောက်ဆုံး သူတို့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ယုံကြည်ရမယ် ထင်တဲ့ သူ အစိုးရသစ် ဖွဲ့နိင်တော့မယ်။
တဖက်မှာလည်း သဘောထား တင်းမာတဲ့ တပ်မတော်မှ ခေါင်းဆောင်တွေနဲ့ ဒေါ်စုက အပေးအယူတွေနဲ့ သွားနေတယ်။ ဒီလို အခြေအနေမှာ တပ်မတော်က ခေါင်းဆောင် အချို့ လိုလားနေတာက တိုက်ပွဲနဲ့ ပဋိပက္ခ တွေပါ။ ဒါတွေ ရှိမှ တပ်မတော်က မြန်မာလို နိုင်ငံမှာ အင်မတန် အရေးကြီးကြောင်း တပ်မတော်က နိုင်ငံရေးမှာ မပါဝင်ရင် ပြည်ထောင်စု ပြိုကွဲသွားနိုင်ကြောင်း လူထုက ယုံကြည်မယ် လို့ ယူဆဟန် ရှိပါတယ်။
KIA အနေနဲ့တော့ စားပွဲပေါ် နိုင်ငံရေး ဆွေးနွေးနိုင်ဖို့ စစ်ပွဲတွေ အတတ်နိုင်ဆုံး ရှောင်ချင်နေတယ်။ 
ဒီအချိန်မှာ လူထုက #‎ဖါးကန့် အရေး ကျယ်လောင်စွာနဲ့ အော်လာတယ်။ အားကိုးနိုင်မယ် ထင်တဲ့ သူတွေ အကုန်လုံး #‎တပ်ချုပ်ကြီး ကိုပါမချန် အကူအညီ တောင်းနေတယ်။
အဲ့ဒီမှာ ကချင်လူထု အော်ဟစ် အကူအညီ တောင်းနေတာက KIA ကိုပါ။ ငြိမ်းချမ်းရေး လိုလားတဲ့ ပြည်သူတွေကတောင် ဖါးကန့်မှာ တိုက်ပွဲလေးတွေ ဖန်တီးပေးဖို့ KIA ကိုရော တပ်မတော် ကိုပါ တိုက်တွန်း လာရတဲ့ အထိပေါ့။
တိုက်ပွဲတွေ ဖန်တီးမယ် ဆိုရင် KIA ကလိုချင်တဲ့ ဒေါ်စု ပါဝင်တဲ့ ငြိမ်းချမ်းရေး စကားဝိုင်းက အလှမ်းဝေး နေဦးမယ် ဆိုတာလည်း သိနေတော့ ဖါးကန့် ဒေသက မိမိ အသဲနှလုံးကို ထုတ်ယူစားသုံး နေမှုကို သည်းခံနေရတယ်။ ဒီဒေသက $ဘီလီယံ ဆယ်ချီ ပြီး ထုတ်ယူနိုင်တာလည်း သိနေတာကိုး။ ဒီငွေတွေက black အဖြစ် မဟုတ်ဘဲ တရားဝင်သာ ဖြစ်မယ် ဆိုရင် နိုင်ငံအတွက် သိပ်အကျိုးရှိမှာ မဟုတ်လား။
ဒါကြောင့် ဖါးကန့် အရေး ရှုပ်ထွေးအောင်လုပ် ဒေါ်စု တက်လာတော့ ရှင်းရခက်အောင် လုပ်တဲ့သူတွေ၊ တိုက်ပွဲတွေ ဖြစ်မှ အရေးပါမယ် ထင်တဲ့ သူတွေ နဲ့ ဖါးကန့်အရေး တောင်းဆိုတဲ့ ပြည်သူကြားမှာ ၂၀၁၂ က ဒေါ်စုလို အခု KIA သည်းခံ နေတာပါလို့ ယူဆပါတယ်။
(KIA ငွေရလို့ ငြိမ်နေတာလား ဆိုတော့လည်း ကျပ်သိန်းတစ်ထောင် နဲ့ ဒေါ်လာသန်း ရာချီဆို ပိုများတဲ့ ကန်ဒေါ်လာ ကိုပဲ ရွေးမှာ ဆိုတော့ ထင်ရလည်း အခက်သား) 
(လာဒ်စားမှု သန္ဒေတည် နေသော နှစ်ဖက် အရာရှိများ လာဒ်မစားဟု မဆိုလို)





and 24 others. 7 hrs · ******************************************************** *************