Thursday, December 17, 2015

့ကချင်ပြည်သူနဲ့တိုင်းရင်းသားမိတ်ဆွေများခုတလောအသုံးအနုန်းအပြောင်းအလဲတခုဖြစ်ပေါ်နေတာသတိထားမိကြပါရဲ့လား?

တို့ကချင်ပြည်သူနဲ့တိုင်းရင်းသားမိတ်ဆွေများခုတလောအသုံးအနုန်းအပြောင်းအလဲတခုဖြစ်ပေါ်နေတာသတိထားမိကြပါရဲ့လား? ကချက်ပြည်ထဲကဖားကန့်အကြောင်းပန်ဝါမြို့အကြောင်းနဲ့အခြားမြို့ပတ်သက်ရာတွေနဲ့ပတ်သက်ပြီးဗမာပိုစ့်အချို့နဲ့MNTV(MWDနဲ့MRTVကိုတော့ထည့်ပြောစရာပင်မလိုတော့ပါ)သတင်းတွေမှာ 'ကချင်ပြည်'ဆိုတဲ့အဓိကနမ်စားကိုဖြုတ်ပြီး မြန်မာနိုင်ငံ 'မြောက်ဖျားပိုင်း' မှာတည်ရှိတဲ့ပန်ဝါမြို့ ဖားကန့်မြို့ …စသဖြင့် သာသုံးနုန်းလာကြတာ သတိထားမိကြရဲ့လား? ဒါဟာအသေးအမွှားကိစ္စလို့သတ်မှတ်လို့မရပါ သေချာရည်ရွယ်ပြီး စတင်သုံးစွဲလာတာဖြစ်တယ် ဒါဟာ ကချင်ပြည်ဆိုတဲ့ ကချင်ပိုင်အမည်နာမကို ဖျောက်ပစ်ဖို့ နည်းလမ်းအစပင်ဖြစ်တယ် 'အသံကြောင့်ဖားသေ' ဆိုတဲ့ဆိုရိုးစကားရှိသလို နုတ်ကြောင့်ပါးစပ်ကြောင့်လူတောင်သေနိုင်တယ်ဆိုတာဟာ အဓိပ္ပယ်မဲ့ဖြစ်လာတာမဟုတ်ပါ တို့တိုင်းရင်းသားတွေဒီလိုပုံစံနဲ့ရှေ့ဆက်ရင် မိမိလူမျိုးမိမိအနာဂတ်ကိုမြင်ယောင်ကြည့်လို့ရနေပြီ ကြားမှာဟိုယောင်ဒီယောင်မှေးလိုက်မနေဘဲ တခုခုကို ပြတ်ပြတ်သားသားဆုံးဖြတ်လုပ်ဆောင်သင့်ချိန်ရောက်နေပါပြီ မိမိလူမျိုးမိမိပြည်မိမိလူမျိုးမျိုးဆက်သစ်တွေမိမိသယံဇာတတွေအတွက်မှန်ကန်သောဆုံးဖြတ်ချက်ချမှတ်ဖို့ အယောက်တိုင်းမှာတာဝန်ရှိတာကို သတိရကြပါလို့… W.P myu sha ni W.P ram ma ni kara ten du hkra yu shalai na ta? Mung kan hta shin gyin masha amyu langai a'matu 'မြေ'lamu ga ngu gaw kade ahkyak ai yawng chye na re ,madu myit rawng ga yawng jawm makawp maga ga nang ngai yawng hta lit nga ai hpe dum ga ngu shadum ndau dat ai … W.P myu hte W.P mung hpe tut tsaw let Awra Lera