Wednesday, April 22, 2020

"Kachin ရိုးရာ Maka ဖြစ်ပေါ်လာပုံ သမိုင်းအစ"

Kachin Dress | Myanmar dress design, Myanmar traditional dress ...
လွန်ခဲ့သော နှစ်ပေါင်း BC ခေတ်ကမိုးရေထူထပ်သော ဗာရာပါစ်ဒေသရှိ လူများသည် အဝတ်အစားများမရှိသောကြောင့် ချမ်းတုန်နေခဲ့ကြသည်။ ကောင်းကင်မှနတ်သမီး Itzam သည် သူတို့၏ဆင်းရဲုးဒုက္ခများ ကို မြင်တွေ့ခဲ့ပြီး ကမ္ဘာမြေသို့ဆင်းသက်ခဲ့သည်။ နတ်သမီးသည် အမျိုးသမီးတစ်ယောက်၏အိမ်သို့လည်ပတ်ကာ အထည်မည်သို့ယက်လုပ်ရမည်ကိုသင်ကြားပေးခဲ့တယ်..
နတ်ဘုရားမသည် ကြိုးစားသင်ကြားပေးသော်လည်းအမျိုးသမီးသည် လွယ်လွယ်နဲ့ နားမလည်ခဲ့ပါဘူး..နတ်ဘုရားမလည်း အရှုံးမပေးသေးဘဲဆက်လက်၍သင်ကြားပေးနေတဲ့အချိန်မှာပင့်ကူသည်ဝဘ်ကိုရက်လုပ်သည်ကိုသူမမြင်တွေ့ခဲ့သည်။ နတ်ဘုရားမက ပင့်ကူဘယ်လိုအလုပ်လုပ်သလဲဆိုတာကို မိန်းမအား ပြောခဲ့တယ် ၊ ဒီလိုသရုပ်ပြမှု့ကြောင့် ဒီယက်ကန်းပြုလုပ်ခြင်းအတတ်ပညာကို သိမြင်ပြီး သဘာဝ၏ အသိပညာကိုလည်းသိရှိနားလည်းသွားခဲ့သည်။
သဘာဝမှ ပေးသောပညာက တစ်နေ့ကမ္ဘာမြေသည်သဘာဝကြောင့် အရာရာအားလုံးပြောင်းလဲစေနိုင်ကြောင်းသိမြင်ခဲ့သည်။ ထိုကြောင့် မိမိ၏လူမျိုးများ ကမ္ဘာမြေ၏ မတူညီသောအရပ်ဒေသများသို့ ပြန်နှံ့ရောက်ရှိကာ မတူညီသော ဓလေ့၊ မတူညီသော ဘာသာစကား၊မတူညီသော ကိုးကွယ်ခြင်း၊ မတူညီသောနေထိုင်စားသောက်မှု့ဓလေ့များမည်သို့ကွဲပြားနေစေကာမှု ယက်ကန်းအမွေကိုထိန်သိမ်းသမျှ ယက်ကန်းထဲတွင်ပါရှိသော အဓိပ္ပာယ်များကို မှီးငြမ်း၍စုံစမ်းလျှင်သင်မည်သူုဖြစ်ကြောင်း တွေ့မြင်လာလိမ့်မည်ဟု
ယက်ကန်းMaka ဖြစ်ပေါ်လာပုံသမိုင်း၏ အစတွင်ဖော်ပြခဲ့သည်။
ထိုကြောင့်မိမိလူမျိုးများကို လက်ဆင့်ကမ်း မပျောက်ပျက်အောင်မိမိတို့ရိုရားအဖြစ် မျိုးဆက်သစ်များကိုလက်ဆင့်ကမ်း ဘိုးဘွားအမွေအဖြစ်သင်ကြားပေးခဲ့သည်မှာယနေ့တိုင်ကချင်ရိုးရာအဖြစ်တွေ့မြင်ရနေဆဲဖြစ်သည်။
ကနဦးMaka ကို အစဦးလက်ဆင့်ကမ်းပေးခဲ့သောအမျိုးသမီးမှာ Maka ပိုင်ဆိုင်သူအားလုံး၏ အမေဖြစ်ကြောင်းသမိုင်းတွင်ဖော်ပြထားခဲ့သည်။
Maka ၏ အဆင်တန်ဆာ ပုံစံများသည် ကျွနုပ်တို့ အသက်တာ၏အထိမ်းအမှတ် သင်္ကေတ၊ ပထဝီအဆင်တန်ဆာ၊ သဘာဝဖြစ်ရပ်များကို (Maka) ယက်ကန်း၌ စာအဖြစ် ( မှတ်စုမှတ်တမ်း) အဖြစ်အသုံးပြုခဲ့ကြသည်။
ထိုကြောင့် မိမိတို့၏ရိုရာ Maka ကို အလွန်ပင်တန်းဖိုးထားသင့်သည်။ Maka မှ ရုပ်ပုံများ၏ အဓိပ္ပာယ်ကိုသိရှိနားလည်အောင်ပြုလုပ်နိုင်လျှင် မိမိတို့ဘိုဘွားများဆင်းသက်လာပုံသမိုင်းကြေင်းကို သိရှိနိုင်မည်ဖြစ်ကြောင်း Maka ပိုင်ဆိုင်သောကချင်လူမျိုးများကို အသိပေးဖော်ပြလိုက်ပါသည်။
By CB Awng FB