Saturday, May 2, 2020

Kachin လူမျိုးများ၏ဆက်စပ်သောသမိုင်းအကြောင်းအရာFrom China ( Manchuria and Jingpo,Jinghpaw,Singpho )

"တရုတ်နိုင်ငံမှ Manchuria နှင့် Jingpo( Jinghpaw) လူမျိုးများ၏ဆက်စပ်သောသမိုင်းအကြောင်းအရာ"
✳️ဘာသာဗေဒ ပညာရှင်များ မှ “ Jingpo” ဘာသာစကားသည်တရုတ်-တိဗက်-ဗမာ မိသားစုမှဖြစ်ကြောင်းယေဘုယျအားဖြင့် သမိုင်းပညာရှင်များကသတ်မှတ်ကြသည်။ဆင်းသက်လာပုံမှာလည်း တိဗက်နွယ်မှဖြစ်သည်ဟုယေဘုယျသတ်မှတ်ကြသော်လည်း၊တိတိကျကျ သတ်မှတ်နိုင်ခြင်း မရှိသလိုသမိုင်းနှင့်ယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေး၌ “ Jingpo” ၏ဆင်းသက်လာပုံဇစ်မြစ်”Original” ကိုမူငြင်းခုံနေရဆဲဖြစ်သည်။
✳️အဘယ်ကြောင့်ဆိုသော မိမိတို့ကချင်( Jingpo) လူမျိုးများ၏လက်ရှိဖြစ်တည်နေသောအခြေအနေနှင့် မိမိတို့လူမျိုးများ၏သမိုင်းစာပေ၊ယဉ်ကျေးမှု့အားလုံး သည်Han( Pinyin)တရုတ်လူမျိုးများအားဖြင့်ဖျောကိဖျက်ခြင်းခံခဲ့ရသည်ဟုမှတ်ယူနိုင်သည်။ ထိုသို့ကြောင့်ရှေးအခါကတရုတ် ပြည်မှဘုရင်များသည်” Jingpo” ၏ဘိုးဘေးများနှင့်သက်ဆိုင်သည်ဟု သမိုင်းအထောက်အထား၊ ရှေးဟောင်းပစ္စည်းများ ကို ရှာဖွေတွေ့ရှိသော်လည်း “ Jingpo”နှင့်ပတ်သက်၍သမိုင်းပညာရှင်များကြား၌ငြင်းခုန်နေရသောပုဒ်စာတစ်ပုဒ်အဖြစ်အမြဲတည်ရှိနေသည်။
✳️သမိုင်းအထောက်အထားအရ ရှေးယခင်ကတရုတ်နိုင်ငံ၌အသုံးပြုသောဘာသာစကားမှာ “ Austronesian languages “ ဖြစ်သည်။ ယခုပြောဆိုနေသော Han တရုတ်ဘာသာစကားမဟုတ်ခဲ့ကြောင်း သမိုင်းအထောက်အထားရတွေ့နေရသည်။
ယနေ့မိမိတို့ ကချင်လူမျိုး၏ဆင်းသက်လာပုံ Original သမိုင်းကြောင်းကိုလေ့လာကြည့်လျှင်အများ အားဖြင့်မိမိတို့လူမျိုးများလေ့လာထားသောအချက်အလက်အရ မိမိတို့ကချင်လူမျိုးများသည် “Mongolia” အနွယ်မှဆင်းသက်လာကြသည်ဟု ပြောဆိုနေကြသည်ကိုမြင်တွေ့နေရသည်။
✳️သို့သော် ကျွနုပ်၏လေ့လာမိသောတွေ့ရှိချက်အထောက်အထားအရ မိမိတို့လူမျိုးသည် ယနေ့တည်ရှိနေသော “ Mongolia” နိုင်ငံမှဆင်းသက်လာသောလူမျိုးများမဟုတ်သလို “ Mongolia” အနွယ်လည်းမဟုတ်ကြောင်းတွေ့ရှိရသည်။ ယနေ့တွေ့မြင်နေရသော “ Mongolia” နိုင်ငံသည် ရှုရှားနှင့်တရုတ်လူမျိုးများ၏စာချုပ်သဘောတူညီချက်အရ AD18 ရာစုနှောင်းပိုင်းမှပေါ်ပေါက်လာသော နိုင်ငံဖြစ်သည်။ ယခု”Mongolia”နိုင်ငံတွင်နေထိုင်ကြသောလူမျိုးများမှာ AD 17 ရာစုတွင်တရုတ်နိုင်ငံအရှေ့ မြောက်ဘက်ခြမ်းမှလာရောက်၍နေထိုင်ကြသော ( Dawo’er) Daur, Evenk, Huiစသော ရုရှားအနွယ်ဝင်များ၊Han အနွယ်၊ Korea အနွယ်များမှ ဆင်းသက်လာသောအနွယ် များဖြစ်သည်။ အများစုမှာ Han တရုတ်လူမျိုးများဖြစ်ကြသည်။
✳️BCခေတ်အခါက “ Mogolia “ ဒေသသည်ယနေ့မြင်တွေ့နေရသောနိုင်ငံငယ်မျှမဟုတ်ပေ။ တစ်ချိန်က “ Mongolia” ဒေသသည် India,China, South East Asia နှင့် Russia ဒေသထိပါဝင်ခဲ့သည်။ ထိုဒေသကို “ A United Mongolian State of Nomadic Tribes “ ဟုခေါ်သည်။ ထိုနောက် " outside Mongoliaနှင့် Inner Mongolia “ ဟူ၍ခွဲထွက်ကာ Inner Mongolia သည်နောက်ပိုင်း၌ “ Manchuria” အမည်သို့ပြောင်းလဲကာ “ Mongolia နှင့် Manchuria “ ကြား၌အားပြိုင်မှု့သည်BC5ရာစုနှောင်းပိုင်း၌ ပိုမိုပြင်ထန်းခဲ့ကြောင်းတွေ့ရသည်။
✳️"Manchuria”၏အဓိပ္ပာယ်မှာ “Barbarian” or Enemy “ လူရိုင်း၊ရန်သူများဟု အဓိပ္ပာယ်ရပြီး Han ( Pinyin) တရုတ်လူမျိုးများမှခေါ်ဆိုရာမှပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ "Manchuria” လူမျိုးများသည်ထိုခေတ်အခါက အင်မတန်ထွန်းတောက်ခဲ့သော Empire တခုဖြစ်ခဲ့သည်။ထိုအချိန်က Manchuria နယ်မြေသည် Malay ကျွန်းဆွယ်မှသည်တရုတ်ပြည်တစ်ခွင်လုံးနှင့်Russia အထိနယ်မြေချဲ့ထွင်မှု့သည်ကြီးမားကျယ်ပြန့်ခဲ့သည်။
✳️ Manchuria ဘုရင် "Kublai hkan “ ခေတ်လက်ထက်၌ “ Manchuria Empire” သည်အလွန်အောင်မြင်ခဲ့သည်။ Kublai hkan သည်တရုတ်လူမျိုးမဟုတ်ပါ။ Original ငယ်မည်မှာ “ Zetsen hkan” သွက်လက်ချက်ခြာထက်မြက်သောဟု ကချင်လိုအဓ္ဓိာယ်ရသည်😉 ။ Manchuria လူမျိုးများသည် “ India Assam border ဒေသမှသည် ယခုကချင်ပြည်နယ် Ayawaddy အနောက်ခြမ်းမှသည် တရုတ် Yunan နှင့် Lao border ဒေသတွင်အခြချကာ Manchuria အမည်ဖြင့် ကြီးကျယ်ခမ်းနားသောအောင်မြင်မှု့များနှင့်အတူ “ Empire “ ကြီးတစ်ခုကိုရာစုနှစ်များစွာထူထောင်ခဲ့သည်။ “ Manchuria Empire “ ကိုအဓိကဦးဆောင်ခဲ့သောလူမျိုးမှာ Jingpo ( Jinghpaw) လူမျိုးများဖြစ်သည်။ယခုချိန်၌ Manchuria သမိုင်းအမှန်သိနိုင်ဖို့ရာအင်မတန်မှခက်ခဲ၍ မမှန်သောသမိုင်းများ Online ပေါ်တွင်မြောက်များစွာတွေ့မြင်နေရသည်။ အဘယ်ကြောင့်ဆိုသော် Han တရုတ် များ၊ထိုသမိုင်းအကြောင်းများပေါက်ကြားသွားမည်ကိုအင်မတန်မှစိုးရိမ်းသည့်အချက်မှာ သူများသမိုင်းကိုကိုယ့်သမိုင်းအဖြစ် အမြောက်အမြားပြုလုပ်ထားသောကြောင့်ဖြစ်သည်။
✳️တရုတ်၏မှတ်တမ်းများအရရှေးဦးစွာ တရုတ်နိုင်ငံ၌အခြေချနေထိုင်သောသူများသည် တရုတ်နိုင်ငံ၏အရှေ့မြောက်အခြမ်းမှဟုရေးသားထားသည့်အကြောင်းတရုတ်သမိုင်းမှတ်တမ်းတွင်မြင်တွေ့နေရသည်။ သို့သော်ကမ္ဘာ့သမိုင်းပညာရှင် Scholar များမှ "DNA” test အဖြေအရရှေးဦးစွာတရုတ်နိုင်ငံ၌ကနဦးအခြေချနေထိုင်သောသူများသည် တရုတ်နိုင်ငံ၏အနောက်ဘက်မှဝင်ရောက်လာ၍တရုတ်နိုင်ငံ၏တောင်ဘက်အခြမ်းတွင်နေထိုင်သောသူများဖြစ်ကြသည်ဟု သမိုင်းပညာရှင်များကမှတ်ချက်ချထားကြသည်။ “ Jingpo” လူမျိုးသည် တရုတ်နိုင်ငံ၏အနောက်ဘက်မှဘက်ခြမ်းမှဝင်ရောက်လာသောရှေးအကျဆုံးသောလူမျိုးထဲမှဖြစ်သည်ဟုသိရသည်။ ထိုသို့ Xiongnu,( jingpo) နှင့်အတူရောက်ရှိလာသောလူမျိုးများမှာ Turkey, Bugaria, Uyghurs,, Xianbei စသောလူမျိုးများနှင့်အတူဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
✳️Manchuria Empire မတိုင်မှီ Xiongnu Empire အမည်ဖြင့် နယ်မြေချဲ့တွင်မှု့နှင့်အတူ “Great wall “ မဟာတံတိုင်ကြီး တည်ဆောက်မှုသည် Xiongnu ရန်မှကာကွယ်ရန်ပေါ်ပေါက်လာခဲခြင်းဖြစ်သည်။ Xiongnu Empire သည် Han တရုတ်အားဖြင့် ခြေမှုန်းခံရ၍တောင်နှင့်မြောက်ကွဲပြားသွားသည်။ BC 206 မှ 220AD အကြားHan Dynasty Empire သည် အတိုင်းအတာတစ်ခုအနေ ဖြင့် အောင်မြင်စွာထူထောင်နိုင်ခဲ့သည်။ထိုအောင်မြင်မှု့နှင့်အတူ Han တရုတ်များသည် ရှုရှား၏အနောက်ဘက်ခြမ်းမှနယ်မြေချဲ့တွင်လာရာမှ “Greek” နယ်စပ်အရောက်” Pannonia” ၌ အခိုင်အမာအခြေချနေထိုင်ရာမှ “ German "တပ်များမှခြေမှုန်ူးခံရ၍တပ်ပျက်ကာထွက်ပြေးလာရာမှတရုတ်တောင်ပိုင်းရှိ ( Xiongnu ) များနှင့်လာရောက်ပူပေါင်းရာမှ “ Jingpo နှင့် Han များအတူတကွနေထိုင်ခြင်း၏အစဖြစ်ခဲ့တလို Jingpo လူမျိုးများ၏ကံဆိုးသောနေ့ရက်အစဖြစ်ခဲ့လျှင်မမှားနိုင်ပါ။
Post By CB Awng ဆက်ရန်By