Friday, May 15, 2020

Jingpo ( Kachin ) Manchuria Empire ကျဆုံးခြင်း၊ Manchuria မှ Manchu ဖြစ်ပုံလာပုံသမိုင်းကြောင်းနှင့်Manchu Empire ပျောက်ကွယ်သွားပုံသမိုင်း

🤴Manchuria Empire ၏ သမိုင်းဦးတွင်အုပ်ချုပ်ခဲ့သော “ Jin “ Dynasty မိသားစုတွင်မြင်တွေ့ရသောအမည်များကို ကြည့်ခြင်းအားဖြင့် ယနေ့ကချင်လူမျိုးများနှင့်ဆက်စပ်နေသောလူမျိုးအမည်နာမများကိုတွေ့ရသည်။ ထိုသူတို့မှာ ဦးစွာ 
၁. Juchen ခေါ် ( Chin) 
2. BC 5 ၌ Yilau ခေါ် ( LiSu ) 
3. AD 6 တွင် Naga အမည်
4. AD 7 တွင် Wuji ခေါ် ( WA) 
5. AD 8 တွင် Momo ခေါ် ( Mon )
6. AD 10 တွင် Rüchen( Nürchen) ခေါ် ( Rawang, Nung ) 
7. AD 11 တွင် Rüchid ခေါ် Lachid အမည် စသောအမည်နာမများကိုဦးစွာတွေ့ရသည်။ 

🤴Manchuria Empire တည်ထောင်စဉ်က Tibet, Uyghurs, Ulach စသောမျိုးနွယ်များကိုလည်းတွေ့ရသည်။ Ulach မှဆင်းသက်လာသောမျိုးနွယ်သည် Korea လူမျိုးဖြစ်သည်

🤴 “ Manchuria Empire “ ၌ “Jin Dynasty” ဖြစ်ပေါ်လာရခြင်းမှာ ထိုအချိန်ခါက “ Tibet, Uyghurs, Ulach “ စသော မျိုးနွယ်စုဘုရင်များ သည် ကိုယ့်ဒေသအလိုက်အုပ်ချုပ်ကာနေလာရမှ AD 1150 နောက်ပိုင်း ၌ “Jin” မိသားစုမှထိုနေရာဒေသအား လုံးကိုသိမ်းပိုက်လိုက်ကာ “Jin Dynasty” အမည် ဖြင့် ခေါ်ဆို လာရာမှဖြစ်လာရခြင်းဖြစ်သည်။ “ Jin Dynasty” ခောတ်တွင် ပုဂံဒေသကိုလည်းတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ 

🤴Manchuria Empire ကျရှုံးရခြင်း၏အကြောင်းရင်းမှာ AD 618- 907 “Lieo Dynasty “အချိန်၌စစ်ရှုံး၍ထွက်ပြေးခဲ့ရသည့်လူမျိုးစုများနှင့်ဟန်တရုတ်များသည် ရုရှားရှိ “ Turkistan, Uzbekistan “ ၌နေစဉ်တွင်ထိုဒေသမှရုရှားနွယ်များကို " Manchuria Empire “ အားဆန့်ကျင်ရန်စည်းရုံးခဲ့သည်။ ထိုကာလကိုHan တရုတ်သမိုင်း၌ တရုတ်ဘုရင်မင်းဆက်အဖြစ် “ Tang Dynasty”အဖြစ်တွေ့မြင်ရသည်။ ထို့အပြင် “ Manchuria Empire “ အတွင်းမှ” Jin Dynasty” မိသားစုဝင်တချို့အားလည်းစည်းရုံးခဲ့ပြန်သည်။ Han တရုတ်တို့သည် ကာလကြာရှည်စွာ “Plan” များချမှတ်ကာ “Jin Dynasty” အားခြေမှုန်းဖို့ရာစောင့်ဆိုင်း ကာနေလာရာမှ AD 16 ၌ “Jin Dynasty” ၏မင်းဆက် ( 5 )အချိန်ကာလ ၌ ထိုအကြံအစည် အတိုင်း အာင်မြင် အောင် လုပ်ဆောင်နိုင်ခဲ့သည်။ 

🤴 "Jin" မိသားစုအတွင်း မှ သစ္စာဖောက် တို့သည် Han တရုတ်, Russia အနွယ်Mongolia များနှင့်ပူပေါင်းကာ ယခုတရုတ်နိုင်ငံ၏အရှေ့မြောက်ဘက် ၌တည်ရှိ သော “ North Korea “ အနီးရှိ “ Changbai “ နှင်းတောင်၌ “Jin Dynasty” ကို အကြီးအကျယ်တိုက် ခိုက် ခဲ့ရာ “Jin Dynasty” မှ စစ်ရှုံး၍ ထိုနေရာရှိရေအိုင် အတွင်း“ Jin” မိသားစုခေါင်းဆောင်များနှငိ့တကွကလေးသူငယ်မကျန်ရက်ရက်စက်စက်သတ် ဖြတ်ခံ ၍ ထောင် သောင်းများစွာသော Jin မိသားစု မျာ၏အလောင်းများကို မြုတ် နှံ ခဲ့သည်။ အသက် ရှင် ကျန်ရစ် သောအချို့Jin မိသားစု ဝင်များ သည် ဦးတည်ရာဒေသတို့ထွက်ပြေးရာမှနက်နဲသောတောတောင်ထဲ၌နှစ်ပေါင်း"300” ကျော် လှည့် လည် နေထိုင် သွားခဲ့ကြ သည်။ ထို စစ် ရှုံး ခြင်း နှင့်အတူကြီးကျယ်ခန်းနားသော “ Manchuria Empire” သည် လည်းကျရှုံးသွား၍သမိုင်းများအားလုံးဖျောက်ဖျက်ခြင်းနှင့်သိမ်းပိုက်ခံရကာ “ Jin” အနွယ်များအားလုံး သည်လူရိုင်းဘဝအဖြစ်သို့ကျရောက်သွားခဲ့ရသည်။

🤴 နောက်ပိုင်း တွင် “ Jin “ မိသားစု မှ သစ္စာဖောက်များသည် (Manchuria = “Jin Dynasty” ) အမည်မှ “ Jin“Manchu” အမည်သို့ပြောင်းလဲကာ Empire ကြီးကိုဆက်လက်ထူထောင်ခဲ့သည်။ “Manchu Empire “ ကာလကို Han တရုတ်သမိုင်း၌တရုတ်မင်းဆက်အဖြစ် "Mind Dynasty" အဖြစ်ဖော်ပြထားသည် ကို တွေ့ရသည်။

🤴ထိုနောက် AD 1644၌ “ Manchu” အမည်မှ “ Quiche “ အမည်သို့တစ်ဖန်ပြောင်းလဲကာ Quiche Empire ကြီးကိုဆက်လက်တည်ဆောက်နိုင်ခဲ့သည်။ “ Quiche “ ဟုသောအဓ္ဓိပ္ပာယ်မှာ သန့်ရှင်းသောမြင့်မြတ်သောဟုအနက်အဓိပ္ပာယ်ရသည်။ ၎င်းအမည်သည် Kachin ( Jingpo) ရိုးရာအဖြစ်အသုံးပြုနေသော Htung hkring Maka ကိုအမွေ ပေးခဲ့သော မိမိတို့မျိုးနွယ်၏ကနဦး 'အမေ' ကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းကာလကိုHan တရုတ်သမိုင်း၌ တရုတ်မင်းဆက်အဖြစ် “ Quin Dynasty”အဖြစ်ဖော်ပြထားသည်။ AD 18 ရာစု နှောင်း ပိုင်း တွင် Quiche Dynasty ၏ဘုရင်အရည်အချင်းများကျဆင်းလာခြင်းနှင့်အတူ Han တရုတ်များ၏လွမ်းမိုးမှု့များကြီးထွားလာကာHan ဘာသာစကားသည်လည်လွမ်းမိုးလာခြင်းနှင့်အတူ AD 1922 ၌ “ Manchu” မင်းဆက်သည်ထာဝရချုပ်ငြိမ်းသွားတော့သည်။

🤴 စစ်ရူံး၍ထွက်ပြေးသွားသော မိမိတို့ “ Jingpo” များသည်ယခုအခေါ်စစ်ကိုင်းဒေသတွင်နေထိုင်စဉ် AD 17 ၌ပထမမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့သည်။ ပထမမြန်မာနိုင်ငံတော်ကိုတည်ထောင်သော" ဦးအောင်ဇေယျ"သည်ဗမာလူမျိုးလုံးဝမဟုတ်ပါ။ " ဦးအောင်ဇေယျ" ၏ Original အမည်မှာ “ Alumbra” ဖြစ်ကြောင်းသမိုင်း၌တွေ့ရသည်။ ယခုစစ်ကိုင်းဒေသ၌နေထိုင်ကြသော Jingpo များသည် နှစ်ကာလကြာမြင့်လာခြင်းနှင့်အတူ ကဒူ၊ကနန်လူမျိုးအဖြစ် ရှမ်းဗမာလူမျိုးစုထဲ၌ထည့်သွင်းခံခြင်းကြောင့်ဝမ်းနည်းစွာတွေ့မြင်နေရသည်။ 
🤴မြန်မာနိုင်ငံ၏မြို့တော်” Yangon” သည်မြန်မာ့သမိုင်း၌ဖော်ပြထားသည့် ရန်များကုန်၍ Yangon ဖြစ်ပေါ်လာပုံသမိုင်းမှာလုံးဝမဟုတ်ပါ။ “ Yangon ၏ Original အမည်မှာ ကချင်အမည်အဖြစ် မှည့်ခေါ်ခဲ့ကြောင်းကမ္ဘာ့သမိုင်းပညာရှင်များမှပြုစုထားသောသမိုင်းတွင်တွေ့မြင်ရ သည်။ ၎င်းမှာ “ Manmawနှင့် Jan Mai Kawng “ ဟူ၍ “ Alumbra” ( အလောင်းမင်းတရား) လက်ထက်၌မှည့်ခေါ်ခဲ့သည်။ Turkey ( တူရဂီ) သမိုင်း ၌ ဗမာလူမျိုးအား Jingpo ၏ တိုင်းရင်းသားအဖြစ်ဖော်ပြထားသည်ကိုတွေ့ရပုံကို ပုံနှင့်တကွဖော်ပြပေးလိုက်သည်။

🤴မိမိတို့ကချင်လူမျိုး( Jingpo ) များသည်1950 မတိုင်ခင်ထိ သန်း ( 50 ) ခန့်အထိရှိခဲ့သည်ဟုသမိုင်းအထောက်အထားအရသိခဲ့ရသည်။ သို့သော်ယခုအခါ ၁သန်းကျော်မျှသာကျန်တော့ကြောင်းမြင်တွေ့နေရသည်။ ထိုသို့ကွယ်ပျောက်ရခြင်းအကြောင်းမှာ တရုတ်ပြည်တွင်းစစ်၌ကျဆုံးခြင်း၊ခရစ်ယာန်အားနှိမ်းနင်းခြင်းကြောင့်သတ်ဖြတ်ခံရခြင်း၊ဘိန်း၏သားကောင်းဖြစ်ရခြင်း၊North and south Korea စစ်ပွဲ၌ကျဆုံးခြင်း၊ ပထမ/ဒုတိယကမ္ဘာ့စစ်ပွဲ၌ကျဆုံးခြင်း တရုတ်ပြည်ရှိ Han တရုတ်များနှင့် အခြားသောလူမျိုးစုများနှင့်သွေးနှော၍ကွယ်ပျောက်ခြင်း၊Vietnam ရှိ မိမိတို့လူမျိုးများသည် အခြားဘာသာစကားပြော၍သွေးနှောခြင်း၊ India Assam ရှိကချင်များ အခြားလူမျိုးများနှင့်သွေးနှော၍ပျောက်ကွယ်သွားခြင်း၊မြန်မာနိုင်ငံရှိ ကဒူ၊ကနန်ကဲ့သို့မိမိတို့လူမျိုးများစွာသွေးနှော၍ကွယ်ပျောက်သွားရခြင်း၏အဓိက ပြင်ဖြစ်ခဲ့ကြောင်းတွေ့မြင်နေရသည်။ 

🤴မိမိတို့ ကချင်လူမျိုးများ၏ သမိုင်းကြောင်းအား ကမ္ဘာ့အဆင့်ရှိ Thesis အဖြင့် လေ့လာ ပြုစု ခြင်း ကိုအမြန်ဆုံးမပြုလုပ်နိုင်လျှင် နှောင်နှစ် ပေါင်း50 နှင့် 100 ၌ ကချင်( Jingpo ) ဟူသောလူမျိုးသည် “ Museum “ ၌ Photo အဖြစ်နှင့်သာကျန်ရစ်သွားနိုင်ကြောင်းမြင်တွေ့နေရသည်။ မည်သို့ပင် ဆိုစေတရုတ်၏သမိုင်း၌ “ Jingpo “ လူမျိုးအားမေ့ထား၍ချန်ထားလို့မရသလို သမိုင်းပညာရှင်များ ကြား၌ “ Jingpo” နှင့်ပတ်သက်၍ငြင်းခုန်ရသောပုစ္စာတစ်ပုဒ်အဖြစ်ရှိနေမည် မှာ အမှန်ပင် ဖြစ် သည်။ 

✍️ နာက် ထပ် ရေး မည့်အကြောင်း အရာ ၌ “ Jinghpo “ လူမျိုးတို့၏ ကနဦး အစ လူမျိုး များ ၏ အကြောင်း ကို ဆက်လက်ရေး သား သွား မည် ဖြစ်ကြောင်း...✍️
By Cb Aung 
Photo credit

Image may contain: 1 person
Image may contain: 1 person, standing and outdoor
Image may contain: 1 person, standing and text
Image may contain: 1 person, standing and outdoor
No photo description available.