Saturday, May 26, 2018

Kachin Hill Tribes regulation

ကမ္ဘာပေါ်မှာ အင်္ဂလိပ်တွေက တောင်ပေါ်သားတွေကို regulation နဲ့ စနစ်တကျ အုပ်ချုပ်ခဲ့တဲ့ လူမျိုး ဆိုလို့ ကချင်တွေပဲ ရှိတာ လား။
Google မှာ Hill Tribes Regulation လို့ ရိုက်ထည့်တာ Kachin Hill Tribes regulation ဆိုပြီး တန်းစီ ထွက်လာတယ်။
ကိုယ်က မြန်မာပြည်ထဲမှာ နေလို့ ကချင်အကြောင်းပဲ ထွက်တာလား ဆိုပြီး အမေရိက မှာ နေတဲ့ သူငယ်ချင်းကို အကူအညီ တောင်းပြီး စမ်းခိုင်းတယ်။
Kachin ဆိုတဲ့ဟာ မထည့်ပဲ Hill Tribes Regulation လို့ပဲ ရိုက်ထည့်ပေးပါ။ ဆိုတော့.. သူရလာတဲ့ အဖြေလဲ ဒါပဲ။ 
Hill Tribes လို့ပဲ သီးသန့် ရိုက်ထည့်ရင် ကမ္ဘာပေါ်က တောင်ပေါ်သားအကြောင်းတွေ စုံနေအောင် ထွက်လာတယ်။ ဒါပေမယ့် regulation ထည့်ပေါင်း ရိုက်လိုက်တဲ့အခါတော့ Kachin ဆိုတဲ့ဟာ ရှေ့ဆုံးက တန်းစီထွက်လာရော... မယုံရင် စမ်းကြည့်စေချင်တယ်။
Kachin Hill Tribes Regulation ကို ပိုင်ဆိုင်ထားတဲ့ လူမျိုးဟာ ဒီဒေသ ဒီမြေရဲ့ အရှင်သခင်ဖြစ်တယ် ဆိုတာ သမိုင်းက ခိုင်လုံတဲ့ သက်သေပါ။ လူမျိုးစုံရှိနေတာနဲ့ အဲဒီဒေသ ဟာ လူမျိုးတိုင်းနဲ့ ဆိုင်တာ မဟုတ်။ ၂၀၀၇ ခုနှစ်မှာ UN က ထုတ်ပြန်လိုက်တဲ့ Declaration on the rights of Indigenous People ကြေငြာစာတမ်း အရ ဌာနေ တိုင်းရင်းသားတွေရဲ့ မူလရပိုင်ခွင့်ကို ပိုမို ခိုင်မာ စေပါတယ်။ 
အင်္ဂလိပ်တွေ အောက် ဗမာပြည်သိမ်းပြီး စမ်းတ၀ါးဝါး နဲ့ ကချင်မြေပေါ် ရောက်တာနဲ့ တိုက်ခိုက်ခံရတယ်။ အဲဒါ ကချင်တွေ ဖြစ်တယ်တဲ့။ ဒါကြောင့် ကချင်မြေဟာ ဗမာဘုရင်အောက်က မြေ မဟုတ်ပဲ ကချင်လူမျိုးနဲ့ ဆိုင်တဲ့ မြေမှန်း သူတို့ သိသွားကြတယ်။ အင်္ဂလိပ်တွေဟာ ကချင်မြေကိုလဲ အောက်မြန်မာပြည်လို သူတို့ရဲ့ တိုက်ရိုက်အုပ်ချုပ်မှုဥပဒေ အောက်မှာ သွပ်သွင်းဖို့ နည်းမျိုးစုံ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ကချင်တွေကို သီးသန့် သွယ်ဝိုက်တဲ့ နည်းနဲ့ အုပ်ချုပ်တဲ့ စနစ် တခု ကို တီထွင်လိုက်တယ်။ အဲဒါ Kachin Hill Tribes Regulation ထွက်လာရခြင်းရဲ့ အကြောင်းရင်းပဲ။ 
Kachin Hill Tribes Regulation မှာ အရေးကြီးတဲ့ အကြောင်းအရာ တွေကတော့ ကချင်တွေကို ကချင်တွေပဲ အုပ်ချုပ်စေတဲ့ စနစ် ဖြစ်ပါတယ်။ နောက်ပြီး အင်္ဂလိပ်တွေရဲ့ ဥပဒေအစား Custumary Law ကို သုံးစေတယ်။ ခြုံပြီး ကြည့်လိုက်တဲ့ အခါ self-determination အပြည့် ပေးထားတဲ့ စနစ်ဖြစ်ပါတယ်။ ကချင်တွေဟာ Self-determination ရပြီးနောက်တော့ ပြဿနာ မရှာတော့ဘူး။ အင်္ဂလိပ်တွေ ကောင်းကောင်း ပါးနပ်စွာ အသုံးချသွားခဲ့တယ်။ ဒီ စနစ် မထုတ်ပြန်သေးခင် မြစ်ကြီးနား၊ စဒုံး၊ စမား ဒေသတွေမှာ အင်္ဂလိပ်ပုလိပ်တပ် တခုလုံးပြုတ်သွားအောင် တိုက်တာခံခဲ့ရတယ် လို့ သိရပါတယ်။ နောက်တော့မှ ကချင်ဒူဝါ များ ကို အာဏာလွှဲပေးပြီး အုပ်ချုပ်စေခဲ့တယ်။ တချို့ ဒူဝါ မရှိတဲ့ Gumlau (Gumrawng Gumtsa) ဒေသ တွေကို ကချင်အုပ်ချုပ်ရေးမှုး (Mare Agyi) ခန့်စေတယ်။ အဲ့တော့မှ ပုလိပ်လဲ မလို၊ စစ်တပ်လဲ မလိုပဲ အေးချမ်းသွားတယ်။
ကချင်တွေကို united in no common government ဆိုပြီး သမုတ်ထားတာ တွေ့ရပါတယ်။ ဘုံအစိုးရ မရှိပဲ စည်းလုံးတဲ့ လူမျိုး တဲ့။
LikeShow more reactions
Comment