Saturday, July 9, 2016

21st Century Panglong (3)


21st Century Panglong (3)
ငါ့ ကချင်တွေ... 27th May 2016 နေ့မှာ နေပြည်တော်မှာ ကျင်းပတဲ့ UPDJC အစည်းအဝေး ဆုံးဖြတ်ချက် နဲ့ အရပ်ဘက် အဖွဲ့အစည်းများရဲ့ တုန့်ပြန်ချက်ကို သိပါပြီလား။
နေပြည်တော်မှ အကြောင်းကြားချက်ကတော့...
၁။ ၂၁ ရာစု ပင်လုံညီလာခံမှာ ကဏ္ဍကြီး နှစ်မျိုး ဖြစ်တဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး ကိုသာ ဆွေးနွေးမယ်။
၂။ အရပ်ဘက် အဖွဲ့အစည်းများသည် ညီလာခံ "ပြင်ပ" တွင် parallel forums များ ကျင်းပ၍ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ဆွေးနွေးခွင့်ရှိသည်။
၃။ ထို CSO Parallel Forum များမှ ရလာဒ်များကို ၂၁ ရာစုပင်လုံညီလာခံ တွင် မည်သို့ ချိတ်ဆက် ဆုံးဖြတ်မည်ကို မသိရသေးပါ။
၎။ အနိုင်မရသော ပါတီများကို အရပ်ဘက် အဖွဲ့အစည်းများနှင့် အတူတကွ ဆွေးနွေးစေမည်.
အရပ်ဘက် အဖွဲ့အစည်း ၄၀ ကျော် နဲ့ ကွန်ရက် ၂၀ ကျော်တို့က အောက်ပါ အတိုင်း တုန့်ပြန်ထားခဲ့ပါတယ်။
(က) နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သယံဇာတ အားလုံးကို CSO များက parallel forum တွင် ဆွေးနွေးကြပါမည်။
(ခ) CSO Forum ကို မည်သို့ မည်ပုံ ကျင်းပမည်ကို ဖော်ပြသည့် Terms Of Reference (TOR) ကို မိမိတို့မှဘက်ကသာ ပြုစု ပါမည်။
(ဂ) Forum တွင် မည်သူပါဝင်မည်၊ မည်သို့ ပါဝင်မည်၊ မည်သည့် ရလာဒ်ကို မျှော်မှန်းထားသည်၊ ညီလာခံနှင့် မည်သို့ ချိတ်ဆက်မည် ကို TOR တွင် ဖော်ပြပါမည်။
(ဃ) အဓိပ္ပါယ်ဖွင့်ဆိုချက် နှင့် ကိုက်ညီသော CSOs အားလုံး သဘောတူထားသော ရပ်တည်ချက် နှင့်အညီ ပါဝင်နိုင်ရန် ဆောင်ရွက်မည်။ (ကြီး၊ ငယ်၊ တော၊ မြို့) ဆိုပြီး ပြန်လည် တုန့်ပြန်ထားပါတယ်။
TOR မူကြမ်းကို ၂၀၁၆ ခု ဇူလိုင်လ ၃ ရက်နေ့မှာ သွားရောက် ပေးအပ် တင်သွင်းခဲ့ပြီး ဖြစ်ပါတယ်။
မုန့်ဆီကြော် ဘယ်နေမှန်းမသိဘဲ နပန်းလုံးဖို့ ခါးတောင်းကြိုက်မပြင်ကြပါနဲ့။
မသိသူတွေကို ကိုယ်စားလှယ် အဖြစ် မရွေးပါနဲ့။
သိအောင် လေ့လာပြီးမှ ကိုယ်စားလှယ်ရွေးပါ။
၂၁ ရာစု ပင်လုံမှာ ၀တ်စုံ ဟာ အရေးမကြီးပါဘူး။
ဆွေးနွေးမဲ့ ကဏ္ဍ တွေ နဲ့ ပတ်သက်ပြီး ပြည်သူ့အသံကို သယ်ဆာင်သွားနိုင်မှုက အဓိကပါ။