Saturday, July 9, 2016

21st Century Panglong (2)

21st Century Panglong (2)
ငါ့ ကချင်တွေ... ၂၁ ရာစုပင်လုံ ဖြစ်မြောက်ရေး ကို ဘယ်သူတွေက ဘယ်လို ဦးဆောင် နေတယ် ဆိုတာ သိပြီလား။။
Sub Committee (၁) ရဲ့ အောက်က အလုပ်အဖွဲ့ (၂) အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ် ဖြစ်မြောက်ရေး အလုပ်အဖွဲ့..
(၁) ၀န်ကြီး ဦးနိုင်ငံလင်း (အစိုးရကိုယ်စား) (အဖွဲ့ခေါင်းဆောင်)
(၂) ဒေါ်ဒွဲဘူ (အစိုးရမှ တာဝန်ပေးအပ်ထားသူ)
(၃) ဦးမျိုးဝင်း (ABSDF) (လက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား)
(၄) ဒေါ် Nang Raw Zahkung (အရပ်ဘက် အဖွဲ့အစည်းများ ကိုယ်စား) တို့ဟာ
ဦးဆောင် တာဝန်ယူသွားရမဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။
TOR အချော ကို နေပြည်တော်က အတည်ပြုမှာ မို့ မထွက်သေးပါဘူး။
အရပ်ဘက် အဖွဲ့အစည်းများကတော့ မိမိတို့ မည်သို့ မည်ပုံ ဆွေးနွေးကြပါမယ် ဆိုတဲ့ TOR အကြမ်းကို ဇူလိုင်လ ၃ ရက်နေ့မှာ အဲဒီ အလုပ်အဖွဲ့ လက်ထဲကို သွားအပ်ပြီးဖြစ်ပါတ်။
မုန့်ဆီကြော် ဘယ်နေမှန်းမသိဘဲ နပန်းလုံးဖို့ ခါးတောင်းကြိုက်မပြင်ကြပါနဲ့။
မသိသူတွေကို ကိုယ်စားလှယ် အဖြစ် မရွေးပါနဲ့။
သိအောင် လေ့လာပြီးမှ ကိုယ်စားလှယ်ရွေးပါ။
၂၁ ရာစု ပင်လုံမှာ ၀တ်စုံ ဟာ အရေးမကြီးပါဘူး။
ဆွေးနွေးမဲ့ ကဏ္ဍ တွေ နဲ့ ပတ်သက်ပြီး ပြည်သူ့အသံကို သယ်ဆာင်သွားနိုင်မှုက အဓိကပါ။
LikeShow more reactions
Comment