Tuesday, April 17, 2012
သခင်မျိုးဟေ့ ဒို့ ဗမာ(forverfriends.ning.com)
     ဒီစာကို ရေးရခြင်း ကတော့ ကျနော် တို့ မြန်မာတွေ ကျွန်မဟုတ်ဘူးဆိုတာ ပြော ခြင်တာပါ
စာမရေးတတ် အစီအစဉ် မတည့်ရင် ခွင့်လွတ်ကြပါဗျာ
        မောင်ချစ် ရေးခြင်တာ လက်ယားနေပေမယ့်  မောင်ချစ် စာရေးဘို့  ထောက် အထားတွေ
တင်ပြဘို့ ဆိုတာ အချိန်တခုပေးရမယ် သတင်းတွေ ကို စုံစမ်း တိကျမှ အထောက်အထားဆိုတာကောင်းတာလေ ၁၅ရက်နေ့ ကတော့တွေ့ လိုက်ပါတယ်
 အထောက်အထားခိုင်ခိုင်မာမာနှင့် တင်ပြသွားတာ။
        စကားဦိးသန်းနေတာနှင့် မောင်ချစ်ပြောချင်တာ မရောက်သေးဘူး။  မြန်မာအစိုး၇ က အားလုံး ကိုဖွင့်ပေးနေပီ  နိုင်ငံတကာက ကုမ္မဏီတွေ အလုအယက် မြန်မာပြည်သွားနေကြတယ်
မောင်ချစ်  တော် တော် တုန်လှုပ်ပြီး တော်တော်လေး  အံ့  ကို သြ သွားတယ်ဗျာ ဦးကြီးစိန်လုပ်ပုံ ဦးကြီးစိန် ကို မောင်ချစ် မြစ်ဆုံကိစ္စမှာ တော်တော် လေးကို လေးစားနေတာ
ခုတော့ ဦးကြီးစိန်ရယ်  မလေးရှားမှာ မိပြစ် ဖပြစ် ကူညီသူမရှိ ဘာသာခြားတွေ လက်အောက်တော့ ကျွန်မအဖြစ် မပို့ ပါနှင့် လို့ တောင်းပန်ပါရစေဗျာ
မလေးမှာ အိမ်ဖေါ်လုပ်မဲ့သူတွေဟာ အိမ်ရှင် ယောက်ျား ကခြေတော်တင် ရက်ရက်စက်စက် ခိုင်း လူမဆန်စွာ ဆက်ဆံ နေကြတာတွေ ဒါတွေ ကို တခုစီ တင်ပြရရင် ပြောမဆုံးပေါင် တောသုံးထောင် ငယ်ငယ် က ဘကြီးပြောပြတဲ့ တစ်ထောင့်တစ်ည ပုံပြင် ရှုံးဦးမယ် အများကြီး အများကြီးဗျ....
နောက်ပြီး မလေးမှာ ပြဿနာဖြစ်ရင် ဘယ်သူကူမလဲ အိမ်ဖေါ်ဆိုတာ အိမ်ထဲက အိမ်ပြင်ထွက်ခွင့် မရ ကလေးထိန်း အ၀တ်လျှော် ထမင်းချက် မီးပူထိုး အဲဒါအပြင် အိမ်ရှင် ဘဲ
ကရဲ့ကိုယ်လုပ်တော်က လုပ်ရသေး အဲဒါတွေ အကုန်ပေါင်းမှ ဘယ်လောက်ပေးမှာလဲ ကဲ.....
အင်ဒိုနီးရှားမတွေ ကို အဲလို လုပ် လို့  အင်ဒိုနီးရှားအစိုး ရ က အလုပ် တခုအတွက် အခြေခံ
လစာ ၅၀၀ ရင်းဂစ် ၂မျိုးခိုင်းပါက ၂လစာ ဆိုပြီး ပြောလို့ အင်ဒိုနီးရှား  နှင့် ခွာပြဲ လို့  မြန်မာ ကို
ခေါ်တာ။ ဦးကြီးစိန် ကို မောင်ချစ်တောင်းပန်ပါရစေ မောင်ချစ် တောသားပါ နိုင်ငံေ၇းလဲ နားမလည်  မသိနားမလည်ပေ မယ့် ကျနော်တို့ လူမျိုး မြန်မာ အမျိုးသမီး တွေ ကိုတော့ ကျွန်ဇာတ် ဖါဇာတ် ( စားကားရင့်သီးရင်ခွင့်လွတ်ပါခင်မျာ) မသွင်းပါနှင့် လို့   လေးလေး နက်နက်တောင်းပန်ပါရစေ  အွန်လိုင်းတက်လာမိတ်သဟာ တို့ ကလဲ ဒီနေရာကနေ ကန့် 
ကွက်ကြပါလို့ နိုးဆော်ပါရစေ အမျိုးဘာသာ ကို ချစ်တတ်သူများ ဒီနေရာကနေအော်ပေးကြပါ
အမျိုးကို ချစ် လို့ မရေးတတ် ရေးတတ် ရေးလိုက်ခြင်းပါ   စာရှည်ရင် စာဖတ်သူတွေ ငြီးငွေ့ 
မှာစို့ လို့   လိုရင်းတိုရှင်းရေးလိုက်ပါတယ်  အချိန်မရတာလဲပါပါတယ် အဖြစ်အပျက်တွေ ကတော့ တင်မပြတော့ပါဘူး မိန်းကလေးမပြောနှင့်ယောက်ျလေးတောင် လစာမပေးဘဲ ခိုင်းခံ  ရတာတွေ မောင်ချစ်တို့ ဒေသကပါ ခုထိသူရှိနေပါသေးတယ် ဘယ်သူမှ မကယ်ပါဘူးဗျ    အေးဂျင့် ကောလင်းနှင့်လာတဲ့ မောင်ချစ်တို့ အညာက ညီမငယ်လေး လစာ က စားစရိတ်လောက်ရတာ နှင့်တွေ့ လို့ ပြေးထွက်လာရတာ တွေ အများကြီး အများကြီး  မြန်မမာ အမျိုးသမီးတို့ ရေ အဖေ အမေ အကို အမတွေ နှင့် ဝေးနေတဲ့နေရာမှာဒုက္ခဖြစ်ရင် ဘယ်သူမှ မကယ်နိုင်ဘူးနော် အေးဂျင့်ကတော့ မစားရ၀ခမန်း ဂျပိုး လောက်ရတာ ကို လိပ်ရတယ် လို့ လိမ် မှာနော် ကျနော် တို့ က ဒီမှာနေ နေတဲ့သူမို့ ပြောပြတာပါ ဒီရောက်လာရင် မောင်ချစ်လဲ ဘာမှ မတတ်နိုင်ပါဘူး ကြိုတင်တားတာပါ ဖြစ်လာရင် တော့ ဖြစ်ရလေ မမရယ် ဖြစ်ရလေ ညီမရယ် ဆိုပြီး ၀မ်းနည်းဘဲပေးနိုင်ပါမယ်
အချုပ်ပြောရရင် မလေးရှား ဟာ အောက်ကျတဲ့နိုင်ငံပါ လူတန်းစား စိတ်ဓါတ်တော်တော်နိမ့်ကျပါတယ် မြန်မာ အမျိုးသမီးတွေ နှင့် မအပ်စပ်ပါဘူး    အိမ်ဖေါ်အနေနှင့်မလာကြပါနှင့်ဗျာ
By:http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A7008657&xgs=1&xg_source=msg_share_post