Tuesday, July 26, 2011

မြို့ပေါ်ရှိ ကချင်ခေါင်းဆောင်နှင့် ကေအိုင်အိုခေါင်းဆောင်များအကြား အချင်းချင်းသတ်ဖြတ်ရန် ဗမာအစိုးရက ရန်တိုက်ပေးနေခြင်း

၂၄-၇-၂၀၁၁၊ ည ၈း၀၀ နာရီတွင် ဦးခက်ထိန်နန်၊ မျိုးဂင်ဒိုင်ကုမဏီဥက္ကဌ၊ အမျိုးသားလွတ်တော်၊ ကချင်ပြည်နယ် နှင့် ဦးခမိုင်တန်၊ ဆီး၊ဆန်း၊စတားကုမဏီဥက္ကဌ၊ ဆွမ်ပရာဘွမ် လွတ်တော်အနိုင်ရ ကြံ့ခိုင်ရေးပါတီ ကို ဦးမြင့်ဇော်မှ အရေးပေါ်ခေါ်ယူ၍ ကေအိုင်အိုကို အပစ်ခတ်ရပ်ဆိုင်းရန် ကချင်ရိုးရာ ကောက်ညှင်းပလိုင်းနှင့် သွားပြောရန် အမိန့် ပေးလိုက်သည်။

ထို့ကြောင့် ဦးခက်ထိန်နန်နှင့် ဦးခမိုင်တန် မှ တဆင့် ကချင်ရိုးရာစာပေယာဉ်ကျေးမှုအဖွဲ့ နှင့် မနောအကယာဉ်ကျေးမှုအဖွဲ့များကို ကေအိုင်အိုထံသို့ မသွားမနေရ သွားပြောရမည် ဖြစ်ကြောင်း လာရောက်ပြောဆိုခဲ့သည်။

ဦးခက်ထိန်နန်၊ ဦးခမိုင်တန် နှင့် ကချင်ရိုးရာယာဉ်ကျေးမှုအဖွဲ့များသည် အပစ်ရပ်ဆိုင်းရနန် ကိစ္စဆွေးနွေးဖို့ မနက်ဖြန် ၂၆-၇-၂၀၁၁ တွင် KIO လိုင်ဇာဌာနချုပ်ထံသို့ သွားမည် ဖြစ်သည်။

ဦးသိန်းဇော်ဆက်လျက်ပြောကြားသည်မှာ။

၁။ ကချင်ရိုးရာအရ အပစ်ခတ်ရပ်ဆိုင်းရန် KIO ကိုအမြန်ဆုံးတိုက်တွန်းဖို့

၂။ အပစ်ခတ်ရပ်ဆိုင်းရေးကို ကေအိုင်အိုဘက် လက်မခံပါက ကာကွယ်ရေးဦးစီးချုပ် ဂမ်ချောင် နှင့် ဒုကာကွယ်ရေးဦးစီးချုပ် ဂွမ်မော်အား ပစ်သတ်ရန် အမိန့်ပေးခြင်း

၃။ ကချင်ပြည်နယ်ရှိ မြို့ပေါ်များက လူထုများကို လမ်းပေါ်ထွက်၍ စစ်ကို မလိုလားကြောင်း ချီတက်ပြသသွားရန် အိမ်ထောင်စုမှာ တစ်ယောက် မသွားမနေရ ဖိအားပေးသွားမည်ဖြစ်သည်။

အခုလိုပြုလုပ်ခြင်း၏ ရည်ရွယ်ချက်ဟာ

ပထမ အချက်။ ။ ကချင်ခေါင်းဆောင်အချင်းချင်း ပဋ္ဋိပက္ခပိုမိုများပြားလာပြီး အချင်းချင်းသတ်ဖြတ်မှု ဖြစ်ပေါ်လာရေး

ဒုတိယ အချက်။ ။ ကချင်လူထုများ ကေအိုင်အိုနှင့် ဗမာအစိုးရ စစ်တိုက်ခြင်းကို မလိုလားကြောင်း TV ဖန်သားပေါ်တွင် ပြသ၍ ကမ္ဘာကို လိမ်လေပြောကြားရန်

တတိယအချက်။ ။ ကေအိုင်အိုခေါင်းဆောင်နှင့် မြို့ပေါ်ရှိ ကချင်ခေါင်းဆောင်များ အချင်ချင်း ရန်တိုက်၍ အချင်းချင်းသတ်ဖြတ်ခြင်း ဖြစ်ပေါ်လာရန်

နောက်ဆုံးမှာ ဗမာစစ်တပ်မှ စစ်အင်အားသောင်းနှင့်ချီ ခေါ်ယူကာ ကေအိုင်အိုကို အမြှစ်ပြတ်ချေမုန်းသွားဖို့ရန် ရည်ရွယ်ခြင်းဖြစ်သည်။

Source: ဦးခက်ထိန်နန် နှင့်နီးစပ်သူ ဆွေမျိုးတစ်ဦး၏ ပြောပြချက်ဖြစ်သည်။