Monday, July 18, 2011

ကြံ့ဖွတ် စစ် သား ၇ ယောက် ကချင်ထံမှာ လက်နက်ချ ပြီး ၀န်ချတောင်းပန်


by ယမုန်
(၀ိုင်းမော်မြို့နယ် ရှေ့တန်းတနေရာတွင် ရောက်ရှိသော ကေအိုင်အေ တော်လှန်ရေး ရဲဘော်များ)

KIO ထိန်းချုပ်ရာဒေသဖြစ်တဲ့ လိုင်ဇာမှာ ၁၇ ရက်နေ့ ညအချိန်မှာ ကြံ့ဖွတ်တပ်မတော်က တပ်သား ၇ ယောက် KIO ထံမှာ လာရောက် လက်နက်ချ အလင်းဝင်ရောက်လာကြောင်း သိရှိရတယ်။ လက်နက်ချရတဲ့အကြောင်းကတော့ မိမိတို့ အမှားတွေကို သိရှိလာမှု၊ စားဝတ်နေရေးမပြေလည်မှု၊ စစ်ဗိုလ်များကလူတန်းစားတရပ်ဖြစ်လာပြီး ရဲဘော်များကို ကျွန်များသဖွယ်နိင်ထက်စီးနင်းဆက်ဆံမှု များကို ဆက်လက်မခံနိင်ကြတော့ဘူးလို့ ဆိုတယ်။ ဒါအပြင် ကချင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်များက သူတို့ ဗိုလ်ချုပ်များဝါဒဖြန့် ထားသလို့  သူတို့ ကိုသတ်ဖြတ်မှုနိပ်စက်ညင်းပန်းမှုမရှိပဲ လူအခွင့်အရေးကိုလေးစားလက်နာတာကိုမြင်လာရလို့ လို့ ဆိုပါတယ်။
လက်နက်ချလာသူထဲကတဦးမှ ခေါင်းဆောင် ဒုတပ်ကြပ်ကတင်ကိုကိုက ခင်ဗျားတို့ တိုင်းရင်းသားတွေက ကျနော်တို့ ကို ကောင်းကောင်းမွန်မွန်ဆက် လေ ကျနော်စိတ်မကောင်းဖြစ်မိလေပဲဗျာ ဟုဆိုပြီ ငိုကြွေးသည်ဟုသိရပါသည်။
(ယမုံ)