Saturday, February 18, 2017

နူ့ ညံ့တဲ့အမိန့် တော်အတိုင်း




"Pat Jasan နဲ့ ကချင်အမျိုးသား ညီလာခံ"
မနေ့က အတွေ့အကြုံကို ပြန်ပြီး Reflection လုပ်ရရင်
ဒေါသ၊ မခံမရပ်နိုင်မှုများနဲ့အတူ ချစ်စရာ ကြည်နူးစရာ နဲ့ တခြားဘယ်မှာမှ မရနိုင်တဲ့ အတွေ့အကြုံသစ်တွေရပါတယ်။
The Art of Negotiation ဆိုတဲ့ နေရာမှာ အားလုံးက ကွက်တိ ပါဝင် သွားကြတာကို တွေ့ရတယ်။
အထူးသဖြင့် လုံခြုံရေး ယူထားတဲ့ Pat Jasan တွေရဲ့ စည်းစနစ်ကျမှု၊ အမိန့်နာခံမှု၊ အဆင့်မြင့်မှုတွေဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရအောင် Professional ကျနေပါတယ်။
ပထမဦးဆုံး ရဲတပ်ဖွဲ့ဝင်များ မနောကွင်းထဲကို ကားနဲ့ ၀င်လာပြီး ခန်းမ တခါးဝမှာ နေရာယူလိုက်တဲ့အခါ ရှေ့မှာလုံခြုံရေး ယူထားတဲ့ အဖွဲ့ကို ကျော်သွားရတာဖြစ်တယ်။ ပြီးတော့ ရဲအင်အားက ခန်းမ အပေါက်ဝ နဲ့ ကားနား မှာသာရှိပြီး Pat Jasan နဲ့မျက်နှာချင်းဆိုင် ဖြစ်သွားပါတယ်။ ရဲနဲ့ ဘေးကပ်လျက်မှာတော့ ဧည့်ကြို အမျိုးသမီးများ ရှိပါတယ်။ သူတို့က ၀င်ပေါက်ဝမှ တခါးပေါက်ဝအထိ ကြိုဆိုဖို့ တာဝန်ယူထားကြတာကိုး။
ခန်းမရှေ့ အနေအထားကို မြေပုံထုတ်ရရင်ဖြင့် ရဲကို Pat Jasan က ၀ိုင်းထားသလို ဖြစ်သွားပါတယ်။ ၀င်းထဲမှာ Pat Jasan တွေရဲ့ Command Room ရှိတာကိုလည်း မြင်ထားတဲ့ ကျမအတွက်တော့ ဘာဆက်လုပ်ကြမလဲ လို့ စိတ်ဝင်စားစရာ အများကြီး ထွက်လာပါတယ်။
အားလုံး Standby အနေအထားမျိုးမှာ ရှိနေပေမဲ့ တယောက်မှ နေရာက မရွှေ့ပါဘူး။ ပါးစပ်ကလည်း ညီးငြူခြင်းတောင် မပြုကြပါဘူး။ မျက်လုံးများကတော့.... မျက်လုံးများကတော့....
ခဏနေတော့ Command Room ကို စနစ်တကျ ထွက်ခွာသွားကြပြီး ခန်းမရှေ့ကနေ ထွက်ခွာသွားကြတာကို တွေ့ရတယ်။
ကျမတော့ ၀င်းထဲ နဲ့ ၀င်းပေါက်ဝက ရဲတပ်သားတွေကို မြင်လေ.... ဒေါသကထွက်လေမို့
"မြစ်ကြီးနားက ကချင်တွေ မနောကွင်းကို ထွက်လာပါ" လို့ ဖွဘုတ်ပေါ် လှမ်းတင်လိုက်တယ်။
သိပ်မကြာခင်မှာတော့ တူတော်မောင် Pat Jasan တယောက်က ဖုန်းဆက်လာပါတယ်။
"Moi Shawng, တမြို့လုံးက Pat Jasan တွေဟာ ကိုယ့်နေရာမှာ ကိုယ် အဆင်သင့်ဖြစ်နေပါတယ်။ တာဝန်ရှိသူများ ခေါ်ရင်လာဖို့ အဆင်သင့်ပါ။ မခေါ်သေးလို့ မလာတာပါ။ စိတ်အေး လက်အေးနေပါ။ လူငယ်များလည်း အသင့်ပါဘဲ" တဲ့။
တူတော်မောင်ကို သိပ်မယုံလို့ ခေါင်းဆောင်ပိုင်းကို လှမ်းမေးလိုက်ပါတယ်။
"ဟုတ်ပါတယ်။ ကျနော်တို့ အဆင်သင့်ပါ။ ဒါပေမဲ့ အခု ညီလာခံမှာ ကျနော်တို့ ကြိုးစားနေတာက နိုင်ငံရေး တိုက်ပွဲပါ။ ညှိနှိုင်းနေတဲ့ လူကြီးတွေကို ယုံကြည်တယ်။ လိုအပ်ရင် မိနစ်ပိုင်းအတွင်း ချက်ချင်းရောက်မယ်" တဲ့။
ဒီနေရာမှာ Pat Jasan နဲ့ လူငယ်တွေကို အလွန်ချီးကျူးမိတယ်။
သူတို့ရဲ့ ဟာ လူငယ်တွေ ဖြစ်တယ်။ သူတို့ရဲ့ ရင်ထဲက ဒေါသတွေကို ဖတ်ကြည့်ရင် ခန်းမ တခါးဝရှေ့က ရဲတွေကို အမှုန့်ကြိတ်ချင်မှာဘဲ။
တယောက်ယောက်က ရဲတွေနား ကပ်သွားရင်ကို ရုန်းရင်းဆန်ခတ် ဖြစ်သွားနိုင်တဲ့ အနေအထားနဲ့ လူအင်အား ပမာဏ ရှိတယ်။ ဒါပေမဲ့ တယောက်မှ စိတ်လိုလက်ရ မလုပ်ဘဲ စနစ်တကျ သာ လုပ်သွားပါတယ်။
အစီအစဉ် စတင်ခွင့် ရတဲ့ အချိန်ကစပြီး ၀င်းထဲမှာ မဆိုင်သူများ မ၀င်နိုင်အောင် လည်ဆွဲ မပါသူများကို တားဆီးထားပုံများ ဂျီးဒေါ်တောင် ပါသေး။
ခန်းမအတွင်းမှာ အစီအစဉ် စတင်ပေမဲ့ အပြင်ကသာ ကြည့်ရင် ခန်းမထဲမှာ လူထောင်ချီ ဆွေးနွေးနေတယ် ဆိုတာကို သိနိုင်ဖို့တောင် မရှိဘူး။
အားလုံး စည်းကမ်းတကျ အမိန့်နာခံ ပြီး ဂုဏ်သိက္ခာရှိရှိနဲ့ အကွက်ကျကျ လှုပ်ရှားသွားပုံကို ဂုဏ်ယူတယ်။
အကယ်၍.... အကယ်၍.... တခုခုသာ...... ဖြစ်ခဲ့မယ် ဆိုရင်...
ဖြစ်ပြီဆိုရင် ကချင်လူမျိုးတွေ၊ ကချင်ပြည်နယ် အစိုးရ၊ NLD အစိုးရနဲ့ အားလုံးရဲ့ ဂုဏ်သိက္ခာ ကျဆင်းမယ်။ လူနာမယ်။ ရွာနာမယ်။

ဒီလို မဖြစ်ဖို့ မြစ်ကြီးနားမြို့နဲ့ အနီးတ၀ိုက်မှာ မှာ အင်အားထောင်ကြီးချီ ရှိနေတဲ့ Pat Jasan တွေ အနေနဲ့ မိမိတို့ ကျရာ ကဏ္ဍကို လှပစွာ ပါဝင်သွားပုံကို ဂုဏ်ယူပါတယ်။