Saturday, February 18, 2017

နေရာမှားနေတယ်။

Khon Ja

Nationwide Ceasefire Agreement ဆိုတာက တော့ ၂၀၁၃ ခုနှစ် လိုင်ဇာညီလာခံ ကတဲက စတင်ခဲ့တဲ့ စကားလုံးပါဘဲ။
ဒီသဘောတူညီချက် ကို ညှိနှိုင်းဆောင်ရွက်ဖို့ Nationwide Ceasefire Coordination Team -NCCT ကို ဖွဲ့စည်းရာခြင်းနဲ့
အဲဒီ သဘောတူညီချက်ကို ပြုစု တဲ့နေရာမှာ KIO ဟာ အဓိက အင်အားစိုက်ထုတ်သူ ဖြစ်တယ် ဆိုတာကို သူများ မေ့ရင်တောင် ကချင်တွေက သတိရရမှာပါ။
ဒီ သဘောတူညီချက်စာသားကနေ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ရေးဆွဲရာမှာလည်း KIO က ထိပ်ဆုံးက တက်တက်ကြွကြွ ပါဝင် ထားတယ် ဆိုတာလေး သိပြီးရင်တော့ အလုပ်ဆက်လုပ်လို့ ရပြီ။
21 ရာစုပင်လုံ ဆိုတာ ဘာလဲ ဆိုတာကို စတင်ပြီး ဖွင့်ဆိုပြတာ ကတော့၂၀၁၆ ခုနှစ် မေလ ၂၇ ရက်နေ့ UPDJC အစည်းအဝေး ကတဲက ဖြစ်တယ်။
NCA, NCCT, Framework for Political Dialogue, 21st Century Panglong ဆိုတာကို Facilitation Team က ယူလာတယ် လို့ ထင်နေသရွေ့ကတော့... ခင်ဗျားတို့ဟာ နေရာမှားပြီး လာထိုင်နေတယ် ဆိုတာပါဘဲ။