Friday, January 29, 2016

KIO ဗဟိုကော်မတီ ခေါင်းဆောင်ပိုင်းအပြောင်းအလဲလုပ်

RFA Burmese TV Channel KIO ဗဟိုကော်မတီ ခေါင်းဆောင်ပိုင်းအပြောင်းအလဲလုပ် ~~~~~~~~~~ ဇန်နဝါရီလ ၂၁ ရက်ကနေ ၂၃ ရက်နေ့အထိ လိုင်ဇာမြို့မှာ ပြုလုပ်တဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဗဟိုကော်မတီ အစည်းအဝေးကနေ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ KIA ကချင်တပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို KIO ဒု-ဥက္ကဋ္ဌ-၂ အဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်တာ ဖြစ်ပါတယ်။ KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားက ဥက္ကဋ္ဌနေရာမှာ ဆက်ရှိနေပြီး၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက KIO ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကချင်လွတ်မြောက်ရေး ကောင်စီ KIC ရဲ့ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ပြောင်းရွှေ့ တာဝန်ယူမယ်လို့ သိရပါတယ်။ ဒီအစည်းအဝေးမှာ အစိုးရနဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရေးကိစ္စတွေကို ဆက်လက်ဆွေးနွေးဖို့ အကြံပေးအဖွဲ့ ဖွဲ့စည်းဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ KIO အဖွဲ့ဟာ အစိုးရနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ဖြစ်ပြီး၊ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှာ ဦးဆောင် ပါဝင်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။