Saturday, September 26, 2009

Trand ( dazik ra sha dik ai kun?)

မိတ်အင်ချိုင်းနား
အမေရိကန်ရဲ့ အထင်ရှားဆုံးဖြစ်တဲ့ အရင်းရှင်စီးပွားရေးသမား နဲ့ တရုတ်ပြည်ရဲ့ ကွန်မြူနစ်ခေါင်းဆောင် တို့အကြား တူညီမှုတွေဟာ မရှိသလောက်ပဲ ဖြစ်မှာပါ။

ဒါပေမဲ့ အမေရိကန်သူဌေးကြီး ၀ါရင်ဘာဖက်(Warren Buffett) နဲ့ တရုတ်သမ္မတ ဟူကျင်းတောင်(Hu Jintao) နှစ်ဦးကြားမှာ တူညီချက်တခုတော့ရှိနေပါတယ်။ အဲဒါကတော့ အ၀တ်အစားပါပဲ။

အချမ်းသာဆုံးနဲ့ ပါဝါအရှိဆုံး သူတို့နှစ်ဦးဟာ Trands လို့အမည်ရတဲ့ အင်္ကျီဝတ်စုံကို ၀တ်ကြပါတယ်။
လူသိနည်းတဲ့ အဲဒီ Trands ၀တ်စုံကို ဒါရန်ကုမ္ပဏီ(Dayang) က ထုတ်လုပ်ပြီး တရုတ်ပြည်က အသက် ၆၃ နှစ် ရှိပြီဖြစ်တဲ့ လီကွေ့လျှံ(Li Guilian) အမျိုးသမီးက တည်ထောင်ခဲ့ပါတယ်။ မကြာခင်က Berkshire Hathaway ကုမ္ပဏီပိုင်ရှင် သူဌေး ၀ါရန်ဘာဖက် က ဒါရန်ရဲ့ဝက်ဆိုက်မှာ Trands ၀က်စုံကို ကြော်ငြာပေးလိုက်တာ လီရဲ့ ကုမ္ပဏီစတော့ဟာ ရ၀% အထိ ခုန်တက်သွားခဲ့ပါတယ်။
စက်တင်ဘာလမှာ လီရဲ့ကုမ္ပဏီ သက်တမ်း နှစ်၃၀ ပြည့် အထိမ်းအမှတ်အတွက် ဘာဖက် ကို ဖိတ်ခေါ်ခွင့်တောင်းခဲ့လို့ အဲဒီကြော်ငြာလေးကို လုပ်ပေးခဲ့တာပါ။ “Trands အင်္ကျီက ၀တ်ရတာ သက်တောင့်သက်သာရှိတယ်၊ ကျနော်ခရီးထွက်ရင် အဲဒီအင်္ကျီကို နေ့တိုင်းဝတ်နေတာ အင်္ကျီလဲ မတွန့်တတ်ဘူး” လို့ သူကပြောပါတယ်။ ဘာဖက် က သူကုမ္ပဏီရဲ့ အရာရှိတွေနဲ့ မိတ်ဆွေ သူဌေးကြီး ဘီဂိတ်စ် (Bill Gates) တို့ကိုလည်း Trands ၀တ်စုံကို ၀တ်ဖို့တိုက်တွန်းလိုက်ပါသေးတယ်။

တရုတ်သမ္မတ ဟူကျင်းတောင် လည်းပဲ ၂၀၀၅ ခုနှစ်မှာ လီရဲ့ဆိုင်ခွဲတခုကို ပီကင်းမြို့မှာတွေ့ပြီး Trands ၀တ်စုံကို စတင်ဝတ်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့မတူပဲ တရုတ်သမ္မတရဲ့ အ၀တ်အစားသတင်းဟာ တရုတ်ပြည်ရဲ့တင်းကျပ်တဲ့ သတင်းမီဒီယာမှာတော့ ဖော်ပြခွင့် မရှိပါဘူး။

လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ဘာဖက်ဟာ သူရဲ့စက်ရုံဖွင့်ပွဲတခုအတွက် တရုတ်ပြည်ကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ ဒါရန်ရဲ့ နိုင်ငံခြားဈေးကွက်ဒါရိုက်တာ ဒေးဗစ်က ဘာဖက်ကို Trands ၀တ်စုံ ၀တ်ကြည့်ဖို့ တိုက်တွန်းခဲ့ပါတယ်။ “ကျနော်က ရင်းနှီးမြုပ်နှံမှုအကြောင်းပဲသိတယ်၊ အ၀တ်အစား အကြောင်းဘာမှ မသိဘူး စိတ်လည်းမ၀င်စားဘူး၊ ဒါပေမဲ့ သူတို့ ကျနော်ကိုယ်လုံးအတိုင်းနဲ့ ချုပ်ပေးလိုက်တဲ့ ၀တ်စုံဟာ ၀တ်လို့သိပ်ကောင်းတယ်၊ ပြန်ပြင်ရတယ်ဆိုတာ လုံးဝ မရှိဘူး” ဟု ဘာဖက်က ပြောပြပါတယ်။

အဲဒီခရီးစဉ်မှာပဲ ဘာဖက် က ဒါရန်ကိုတည်ထောင်သူ လီ နဲ့ တွေ့ဆုံခဲ့ပါတယ်။ လီရဲ့ နောက်ခံအကြောင်းကလည်း ဘာဖက်ကို စိတ်ဝင်စားစေခဲ့ပါတယ်။ လီဟာ ငယ်စဉ်က လယ်သူမလေးဘ၀ကနေ ယနေ့မှာ ဖက်ရှင်လောကရဲ့ အောင်မြင်ကျော်ကြားတဲ့ အမျိုးသမီးတဦး ဖြစ်ခဲ့ပါတယ်။ ဒါရန်ကုမ္ပဏီကို ၁၉၇၉ နှစ်မှာ အကြွေး ဒေါ်လာ ၃၀၀၀ လောက်နဲ့ စတင်ခဲ့ပါတယ်။ ယနေ့မှာ ၀န်ထမ်းပေါင်း ၁၅၀၀၀ နဲ့ လည်ပတ်နေပြီး နှစ်စဉ် အ၀တ်အထည်ပေါင်း ၅ သန်းခန့် ထုတ်လုပ်နေပါတယ်။

ဘာဖက်ရဲ့ကြော်ငြာ မထွက်လာခင် အရင်တုန်းက တရုတ်ပြည်မှာ Trands ၀တ်စုံကို လူသိနည်းကြပါသေးတယ်။ သာမန်တရုတ်ပြည်သူအနေနဲ့ Trands ဟာ ဈေးလည်းကြီးနေပါတယ်။

အသက်သာဆုံး Trands ၀တ်စုံတစုံဟာ ဒေါ်လာ ၈၈၀ ဈေးရှိပြီး ဈေးအကြီးဆုံး ဒေါ်လာ ၃၀၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။

ယခုအချိန်မှာ ဘာဖက်ရဲ့ Berkshire ကုမ္ပဏီက ဒါရိုက်တာလေးဦးနဲ့ Microsoft ဘီဂိတ်စ် တို့ပါ Trands ၀တ်စုံကို ၀တ်ဆင်နေကြပါတယ်။ “အခုဆို ကျနော့်ဆီမှာ Trands ၀တ်စုံ ၉ စုံ ရှိတယ်၊ အရင်က အင်္ကျီအားလုံးကို ပစ်လိုက်ပြီ” လို့ ဘာဖက် က ပြောပါတယ်။

(စက်တင်ဘာ ၂၄ ရက် ထုတ် ဝေါ်စထရစ်ဂျာနယ် မှ ကောက်နုတ်ထားပါတယ်။)Myitkyina blog kaw na re