Friday, June 3, 2016

ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ရဲ့ ခေါင်းဆောင်များ

ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ရဲ့ ခေါင်းဆောင်များ အဆင့်ဆင့်ပုံတွေပါ။
ဗမာပြည် ကွန်မြူနစ်ပါတီဟာ ဗမာလူမျိုးများရဲ့ ပထမ ဆုံးသော နိုင်ငံရေး ပါတီ တခု ဖြစ်ပါတယ်။ ဗမာ အမျိုးသားရေး လှုပ်ရှားမှု သမိုင်းကြောင်း လေ့လာရင် ကွန်မြူနစ် ပါတီရဲ့ အခန်းကဏ္ဍကို မေ့ထားလို့ မရပါ။
သို့သော်... ဗိုလ်ချုပ်အောင်ဆန်းကို အမျိုး ဘာသာ သာသနာ ဆိုတဲ့ အမျိုးသားရေး အစွန်းရောက်အဖွဲ့ များ လုပ်ကြံခဲ့အပြီးမှာတော့ ကွန်မြူနစ် ပါတီ ဆိုတာ အမျိုးသားရေး သစ္စာ ဖေါက်လို ဖြစ်လာတာ ဒီနေ့ ထိပါ။
ဗိုလ်ချုပ်အောင်ဆန်း ဟာ ကွန်မြူနစ်ပါတီ ခေါင်းဆောင် မို့လို့ ဘာသာရေး နဲ့ မဆက်နွယ်တဲ့ နိုင်ငံကို ထူထောင်ချင်တယ်။
အမျိုးဘာသာ သာသနာ ဆိုတဲ့ အမျိုးသားရေး အစွန်းရောက်တွေက ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ အနေနဲ့ Theocracy နိုင်ငံ လုပ်ချင်တယ်။
ဒီလို ပေါ်လစီ ဆွဲလိုက်ရင် ကချင်၊ ကရင် နဲ့ ချင်းတွေက အစောကတည်းက လက်တွဲတော့မှာ မဟုတ်၊ ဒါဆို ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးသမား ပီပီ သဘောပေါက်ထားတယ်။ ဒါကြောင့် တတ်နိုင်သလောက် အချိုတပ် အကြိုက်ဆောင်ခဲ့တယ်။ နိုင်ငံတော်ဘာသာ ကိစ္စ လုံးဝ စကား မဟ ခဲ့ပါ။
မီဒီယာ ခေတ် မဟုတ်သေးတော့ ဗမာပြည်မှာ ဘာပြဿနာ ဖြစ်နေတယ် ဆိုတာ ကချင်တွေ မသိခဲ့ဘူး။ ဗမာပြည်ရဲ့သတင်းစာတွေလဲ မရောက်ဘူးကိုး။ သီးခြား အုပ်ချုပ်ရေး နယ်တွေ ဆိုတော့ အဲဒီတုန်းက ရန်ကုန် သတင်းစာတွေ ကချင်ပြည်၊ ရှမ်းပြည်၊ ချင်းပြည်တွေမှာ မခေတ်စားဘူး။
ပင်လုံစာချုပ်ဟာ ဥရောပ နိုင်ငံတွေလို သီးခြား လူမျိုးခြား နိုင်ငံငယ်လေးတွေ အတူပေါင်းစည်းဖို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါ။
ဗမာစစ်တပ် အခု တိုက်ခိုက်သိမ်းပိုက်နေတဲ့ နေရာတွေဟာ ဗမာဘုရင်လက်ထက်မှ အစ၊ အခုထိ ဗမာတွေ ခြေဦးချခဲ့တဲ့ နေရာတွေ မဟုတ်ပါ။ ဒါကြောင့် ရောက်တဲ့ နေရာတိုင်းမှာ ရွှေဒဂုံစေတီ ပုံတူ တည်ခဲ့တယ်။ ဒါဟာ အင်ပါရာအသစ် ကို ထူထောင်ခြင်း ဖြစ်ပါတယ်။ ၁၇ ရာစု တုန်းက ကိုလိုနီခေတ် အစပျိုးခဲ့စဉ်က လုပ်ခဲ့သော သဘောသဘာဝ အတိုင်း အခု ဗမာစစ်တပ် လုပ်နေတာ ဖြစ်ပါတယ်။