Monday, May 30, 2011

တရုတ် စီးပွားကျွန် ဖြစ်လာမယ့် မြန်မာနိုင်ငံ

ဗမာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့  ရေရှည်ပေါ်လစီရဲ့  အရေးပါတဲ့နေရာမှာ ပါပါတယ်။ ဆိုတော့ ဒါကို သူတို့အကောင်အထည်ဖော်တာပဲ။ အဲဒါ ကျနော် ဘာကိုဆိုလိုတာလည်းဆိုရင် အမေရိကန် စူပါ ပါဝါအနေနဲ့ အာဏာရှိလာချိန်မှာ အမေရိကန်အလယ်ပိုင်းနဲ့ တောင်အမေရိကဟာ ငါရဲ့  ရပ်ကွက်ပဲလို့ ကြေညာပြီးတော့ ဒီဟာကို သူတို့ မောင်ပိုင်စီးတယ်။ သဘောက သူတို့ရဲ့  အာဏာကို သူတို့ထုတ်ပြတာပေါ့။ တရုတ်ကလည်း အခုအခါမှာ ကြည့်လို့ရှိရင် စီးပွားရေးအရ ဒုတိယဖြစ်လာပြီ။ စစ်ရေးအရလည်း ဒုတိယဖြစ်လာပြီ။ အဲဒီလို ရှိလာတဲ့အခြေအနေတွေကို တိုးချဲ့ တာပေါ့။ သူတို့ရဲ့  အာဏာကိုပြတာပေါ့။ အဲဒီလို့ ပြတဲ့အချိန်မှာ တရုတ်က ဘာရူးလာလည်းဆိုတော့ အမေရိကန်က သူတို့ကို ဝိုင်းမှာကြောက်တော့ တရုတ်က ဘာလုပ်လာလည်းဆိုတော့ သူ့ကိုယ်သူ ဝိုင်းလိုက်ပြီး ဒီဟာက ငါရဲ့  ပိုင်နက်ပဲဆိုပြီး ကြေညာလာတယ်။
more++news +click+++