Saturday, March 29, 2025

Earthquakes Historically in Hukawng valley

တနိုင်း​ဒေသ(ဟူး​ကောင်းချိုင့်ဝှမ်း)အတွက်သတိ​​ပေးစာပါ။

၂၈.၃.၂၀၂၅
ဒီ​နေ့ ကျ​နော်တို့ နိုင်ငံတဝှမ်းလုံး ငလျင်ဒဏ်ခံစား​နေရပါတယ်။  ပြင်းအား အနည်းနဲ့အများပဲ ကွာခြားသွားတာပါ။
ကျ​နော်တို့ တနိုင်းမှာလည်း ငလျင်ဒဏ်ကို အနည်းငယ်ခံစားလိုက်ရပါတယ်။

တခု သတိ​ပေးလိုတာက 
ကျ​နော်တို့ တနိုင်း(ဟူး​ကောင်းချိုင့်ဝှမ်း​ဒေသ)က ငလျင်ဇုန်အရ​ပြောရမယ်ဆိုရင် Zone V (အပြင်းထန်ဆုံးဇုံ)ထဲမှာတည်ရှိ​နေတာပါ။ (ပုံ-၂ ထဲက ​မြေပုံထိပ်ဆုံးက အနီ​ရောင်​​လေးထဲက (Zone V ထဲမှာ တနိုင်းမြို့တည်ရှိ​နေတာပါ))

ပုံ-၁အရ 
ငလျင်ပြတ်​ရွေ့​တွေအ​နေနဲ့​ပြောရမယ်ဆိုရင် Kaming S. (ကာမိုင်းပြတ်​ရွေ့)နဲ့ Shaduzup S.(ရှဒူးဇွတ့်ပြတ်ရွေ့)ကြားထဲမှာတည်ရှိတာပါ။ (​မြေပုံမှာဆိုရင် အ​ပေါ်ပိုင်းမှာရှိတာပါ။

ဟူး​ကောင်း​ဒေသမှာလှုပ်ခဲ့တဲ့ ငလျင်ကြီးများ
၁။ ၁၉၀၆ ကူမွန်ငလျင်(ပူတာအိုငလျင်) ပြင်းအား (7.6) 
၂။ ၁၉၃၁ ကာမိုင်းငလျင်
ပြင်းအား(7.58) ပုံ-၃
၃။၂၀၂၄ တဗျည်​ချောင်းဖျား
ပြင်းအား(5.8) ပုံ-၄
ဒီငလျင်ကြီး၃ခုက  အင်အားပြင်းထန်တဲ့ ငလျင်ကြီး​တွေပါ။

အခု စစ်ကိုင်း​ဒေသကို ဗဟိုပြုပြီး လှုပ်ခဲ့ ငလျင်က Saging S.(စစ်ကိုင်းပြတ်​ရွေ့)မှာ ဖြစ်ခဲ့တာပါ။ ပြင်းအား(7.7)။
အကျိုးသက်​ရောက်မှု မြန်မာနိုင်ငံမှာ မကပဲ အိမ်နီးချင်းနိုင်ငံ​တွေအထိပါ သက်​ရောက်မှုရှိခဲ့ပါတယ်။ 
အဲဒီငလျင်ကြီးရဲ့ ​နောက်ဆက်တွဲ ငလျင်​တွေ ဆက်တိုက်လာနိုင်ပါတယ်။ 

အဲဒါဆို ငလျင်​ကြောအရ ကျ​နော်တို့ရဲ့ တနိုင်းနဲ့ စစ်ကိုင်းဆိုတာ Sagaing Fault (စစ်ကိုင်းပြတ်​ရွေ့​ကြော)​ပေါ်မှာတည်ရှိ​နေပြီး ဆက်စပ်မှုရှိ​နေတဲ့အတွက် ကျ​​နော်တို့ရဲ့ တနိုင်း​ဒေသလည်း ငလျင်ဒဏ်သတိထားဖို့လို​နေပြီဖြစ်ပါ​ကြောင်း အသိ​ပေး​ပြောကြားပါရ​စေ။
By တနိုင်းဟူကောင်း သားမျှား ဆုံဆီးရာ