Tuesday, July 11, 2017

📌2 years old boy got killed by Burmease army mortar shell... during combat fighting with Kachin Independent Army near Village

 Rvwang Voice's post.
Rvwang Voice 
ကျေးရွာ(ရ၀မ်ကုန်း)တွင် ၉.၇.၂၀၁၇ နံနက် ၂း၃၀နာရီ ခန့်တွင် မြန်မာ့တပ်မတော် နှင့် ကချင်လွတ်မြောက်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားရာ ယင်းကျေးရွာတွင်နေထိုင်သော ရ၀မ်တိုင်းရင်းသားများ သေဆုံး ဒဏ်ရာရသူများရှိကြောင်း ဒေသခံများမှ ဖုန်းဖြင့် ဆက်သွယ်ရရှိပါသည်။ သေဆုံးသွားသော သူမှာ အသက် (၂)နှစ်အရွယ်၊ ဦးဆန်နိုင်ဇိန်၏ ဒုတိယမြောက်သား ဖြစ်ကြောင်း လက်နက်ကြီးထိမှန်ကာ ဦးနှောက်ပွင့်၊ အူများထွက်ကာ သေဆုံးသွားကြောင်း၊ ဖခင်မှာလည်း ပေါင်နှင့် ၀မ်းဗိုက်တွင် ကျည်ဆံထိမှန်ကာ၊ မိခင် ဒေါ်ဝူဒွန်နင်မှာလည်း ခြေထောက်တွင် ကျည်ဆံထိမှန်ကာ တနိုင်းတပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းသိရပါသည်။ သည့်အပြင် ယင်းဒေသတွင် တာဝန်ထမ်းဆောင်နေသော ခရစ်ယာန်ဘာသာရေးဆရာဖြစ်သော ခရစ်တော်၏အသင်းတော်မှ သင်းအုပ်ဆရာ နှင့် မိသားစု ကိုလည်းကောင်း၊ အသင်းသူ/သားများကိုလည်း တပ်မတော်က ဖမ်းဆီးကာ၊ မျက်စီပိတ်ထားပြီး ရိုက်နက်စစ်ဆေးခဲ့ကြောင်း၊ သတ်ဖို့အထိလုပ်သော်လည်း တပ်ရင်းမှူးက မသတ်ရန်ပြောသောကြောင့် အသက်ချမ်းသာရာရကာ လွတ်မြောက်ခဲ့ကြောင်း၊ ညနေ ၆း၀၀နာရီတွင်သာ လွတ်ပေးခဲ့ကြောင်း၊ ဖုန်းနှင့် အိမ်အတွင်းရှိပစည်းများလည်း သိမ်းဆည်းခံရကြောင်း လွတ်မြောက်လာသူကပြောပြပါသည်။ ဦးအ၀ါလ်ဖုန်မှာ ရိုက်နက်စစ်ဆေးသော ဒဏ်ရာပြင်းထန်၍ တနိုင်းဆေးရုံပို့ဖို့ လုပ်ဆောင်နေကြောင်း သိရပါသည်။ ဖြစ်စဉ် အကျဉ်းကို ယင်းရွာနေတစ်ဦးက အခုလိုပြောပြပါသည်။ ”ကျနော်တို့က ညအိပ်မောကျနေတဲ့အချိန် မြန်မာ့တပ်မတော် စစ်ကြောင်းက ညမှာ လမ်းက ဖြတ်အသွား ဘယ်အချိန်ရောက်နေသလဲ မသိတဲ့ ကချင်လွတ်မြောက်ရေးတပ်က ကျနော်တို့ ဘုရားရှိခိုးကျောင်းနားကနေ စတိုက်တော့ တိုက်ပွဲ စဖြစ်တာဘဲ။ ကျနော်တို့ ဘုရားရှိခိုးကျောင်းဘက် က ပစ်တော့ အဲဒီဖက်ကိုမည်းပြီးတပ်မတော်က လက်နက်ကြီးလက်နက်ငယ်နဲ့ ပစ်တော့ ဒေသခံတွေ တော်တော် ထိခိုက် ဒဏ်ရာရကြတယ်။ ဆန်နိုင်မိသားစုက အဆိုးဆုံးဘဲ အခြားတော့ ဦးဆန်ဒေါင်းဒီးရှင်း၊ မောင်ဖုန်ရှင်း၊ ဦးခင်ရမ်၊ ဦးမာဂျာတန်ဒီးတို့လည်း ဒဏ်ရာအနည်းငယ်စီရကြတယ်၊ ကျနော်တို့လည်း ညတွင်းချင်း တိန်ကောက်ရွာကို အားလုံးပြောင်းရွေ့ရတယ်” ဟုပြောပြပါသည်။ အဆိုပါသေဆုံးသွားသော မောင်ဆန်နိုင်ဒီး အသက်(၂)နှစ်၏ ဈာပနာ အခမ်းအနားကို ယနေ့တွင် ကျင်းပပြီးစီးခဲ့ကြောင်းပါ ထပ်မံ သိရှိရပါသည်။ ယင်းဒေသတွင် နေထိုင်သော ရ၀မ်တိုင်းရင်းသားများမှာ ပူတာအိုမြို့နယ်၊ နောင်မွန်မြို့နယ်များ ပြောင်းရွှေ့နေထိုင်ကာ လိမ္မော်စိုက်ပျိုးသည့် လုပ်ငန်းများလုပ်ကိုင်သော သူများဖြစ်ကြောင်း လူဦးရေအားဖြင့် ၅၀ကျော်နေထိုင်လျက်ရှိကြောင်း သိရပါသည်။
Rvwang Voice Media Group