KK Kachin Sub-State Area ကို ကချင်လို Sinli ga ၊(သိန်နီနယ်)လို့ အဓိပယ်ရတယ်။အကြောင်းက သိန်နီကို ကချင်လိုSinli(စင်လီ)လို့ခေါလို့ အဓိပယ်ဆင်တူနေတယ်။ဒါမဲ့ Kutkai kachin Sub-State နယ်ကို အဲလိုခေါရခြင်းက သိန်နီမြို့အမည်ကိုပြောခြင်းမဟုတ် ၊သိန်နီမြို့ရဲ အနောက်မြောက် နမ့်ဖက်ကာနဲ့နမ့်ခမ်းကြားရှိ ထူထပ်လှတဲတောင်ကို ကချင်လို
စင်လီတောင်/Sinli bum လို့ရှေးပဝေသဏီကတည်းကခေါတဲ တောင်အမည်ကိုအစွဲပြုပြီး
Sinli ga /စင်လီနယ်လို့ ခေါခဲ့ကြခြင်းဖစ်တယ်။ ရှမ်းမြောက် ဒီစင်လီနယ်/Sinli ga ဘက်ကို ကချင်တွေ AD 1350-1450ကြားကနေစရောက်လာတာလို့ လေ့လာတွေ့ရှိရတယ်။ရောက်လာချိန်မှာ La(လာ)လို့ခေါတဲ့လူမျိုးမှအပ ကျန်လူမျိုးမရှိခဲ့ဘူး။ ရှမ်းတွေဟာ ရွှေလီမြစ်ရဲ အရှေ့ဘက်နဲ့အရှေ့မြောက်ဘက်မှာ အခြေတည်နေကြတယ်လို့တွေ့ရတယ်။တချို့က ယခုလက်ရှိရှမ်းတောင်ပိုင်းကို ရောက်နှင့်နေကြပြီ။ လာ လူမျိုးရှိကြောင်းကို သိန်နီ သမိုင်းမှာတွေ့ရှိနိုင်တေးတယ်၊ သို့မယ့်
ကဘာ့ သမိုင်းမှာမတွေ့ရတော့ဘူး။၁၉၈၁-၂နဲ၁၉၈၆မှာတူးဖော်ရရှိခဲ့တဲ လာ လူမျိုးများတည်ထားခဲ့တဲ စေတီမှာ သကရာစ်-၁၁၃လို့ ရေးထားတာတွေ့ရတော့ လာ လူမျိုးတွေဟာ ကချင်တွေထက်နှစ်ပေါင်း ၁၀၀၀ ကျော်ကတည်းကရောက်နှင့်နေပြီး ဗုဒဘာသာကိုကိုးကွယ်ကြကြောင်း ကြမ်ကား(Chyamka)ရွာဟောင်းမှာ တူးဖော်ရရှိခဲ့တဲစေတီက သက်သေပင်ဖစ်တယ်။ ကချင်ေတွဝင်လာချိန်မှာ တချို့က ဆန့်ကျင်တိုက်ခိုက်ကြ တချို့က ကချင်တွေကိုကြိုဆိုပြီး နှစ်ပေါင်းအတော်ကြာအတူနေခဲ့ရာ သူတို့က ရှမ်းအရှေ့ပိုင်းနဲ ရှမ်းတောင်ပိုင်းသို့ အကြောင်းအမျိုးမျိုးကြောင့် သူတို့နယ်ကနေစွန့်ခွာသွားခဲ့ကြတယ်။အထူးသဖြင့် ကချင်တွေကို စစ်ရှုံးပြီး တိမ်းရှောင်သွားခဲ့ကြတာများတယ်။ဒီလိုနဲ ကချင်တွေလည်း ဒီနယ်၊ဒီမြေမှာ အခြေတည်နေထိုင်ခဲ့ကြပြီး တခါတလည် ဒူဝါအချင်းချင်းတိုက်ခဲ့ကြ ၊တခါတလည်ရှမ်းစော်ဘွားတွေ သူတို့အချင်းချင်းထီးနန်းလုကြပြီး ကချင်နဲရင်းနှီးသူတွေကချင်ဒူဝါများကို စစ်ကူတောင်းလို့သွားတိုက်ပေးခဲ့ရတဲ့ချိန်လည်းရှိ၏။
ဗမာနဲတရုတ်မန်ချုးတို့ရဲ ၁၇ကြာတိုက်ပွဲတွေမှာလည်း ရှမ်းစော်ဘွားအတော်များများကိုကယ်ခဲ့တယ်။ရှမ်းစော်ဘွားကြောင့် ကချင်ဒူဝါများ ဒူဝါအရိုက်အရာဆုံးရှုံးခဲ့ရတာလည်းရှိတယ်။အထူးသဖြင့် နယ်ချဲ့Engတွေဝင်လာချိန် သိန်နီစော်ဘွား ခွန်းစန်တွန်းဟန်(Hkun Sang Tung Hang)ကြောင့် မန်းဟန်ဒူဝါ(MangHang Duwa)အသက်ပါဆုံးရှုံးခဲ့ရတဲအပြင် မျိုးရိုးစဉ်ဆက် ဒူဝါအရိုက်အရာဆက်ခံနိုင်ခွင့်ပါဆုံးရှုံးခဲ့ရသည်။သိန်နီစော်ဘွား ခွန်းစန်တွန်းဟန်အကြောင်းနဲနဲရေးပါမယ်။သိန်နီစော်ဘွားကြီး ခွန်စန်ဟိုင်(Hkun Sang Hai)ခေတ်။စော်ဘွားကြီးမှာ သားတျောက်နဲသမီး၂ယောက်ထွန်းကားခဲ့တယ်။ ခွန်စန်တွန်းဟန်က တန်ယန်(Tang-yun)ခေါ ဝ ရွာက ဝလူမျိုးတျောက်ဖစ်တယ်။ငယ်စဉ်ရှမ်းဘုန်းကြီးကျောင်းမှာစာသင်ခဲ့လို့ 'Sang'ဆိုတဲနာမည်ရခဲ့တယ်။ကျောင်းကထွက်ပြီးနွားပြန်ကျောင်းခဲ့တယ်။နွားကိုကျွေးဖို့ ဆားတွေလိုက်တောင်းစု၊ နွားကိုဆားကျွေးလို့ သူကျောင်းတဲ့နွားတွေက လူနဲအရမ်းနှီးခဲ့လို ရှမ်းလို 'Sawng Yawn Gi/စောင်ယောင်ဂီ' (ဆားတောင်းတဲ့ကိုရင်လေး) ဆိုတဲ့နာမည်နဲကြီးပြင်းခဲ့တယ်။ဒါမဲ့ သူ့ ဝ နာမည်အရင်းကို ခုထိဘယ်သူမှမသိကြတေးဘူး။အဲချိန်တုန်းကအရမ်းအရေးပါတဲ သိုင်းပညာတက်တဲအပြင် ခြေမြန်လက်မြန်သွတ်လတ်ပြီး လူတွေနဲဆက်ဆံရေးကောင်းတဲတွက် စော်ဘွားကြီးက သူ့ရဲလက်ရုံးတော်အဖစ်အသုံးပြုရာ စော်ဘွားကြီးရဲ သမီးနဲချစ်ကြိုက်လို့ စော်ဘွားကသမီးကိုပါ လက်ထပ်ထိမ်းမြားပေးခဲ့သည်။ စော်ဘွားကြီး ဆုံးသွားတော့ သားတော် Soa Sa Daw(စောစာဒေါ)က အဖအရာ ထီးနန်းဆက်ခံခဲ့တယ်။နယ်ချဲ့Engတွေဝင်လာတော့ တခြားစော်ဘွားတွေလို စစ်မတိုက်ဘဲ ကြိုဖို့ စီပေါနယ်ကိုဆင်းသွားခဲ့ပြီး မေမြို့အထက် Wak-Wang/ (Wet-Wun)မှာEngကိုယ်စားလှယ်တွေနဲသွားဆုံေတွ့ခဲ့သည်။Engတွေက ဝမ်းသာကြိုဆိုပြီး အလံတခုနဲမောင်းတခု လက်ဆောင်ပါးလိုက်တဲ့အပြင် သူတို့ဝင်လာရင် လားရှိုးမှာလာကြို့ဖို့ စော်ဘွားကို မှာကြားလိုက်ကြတယ်။စော်ဘွားက သိန်နီဘက်တိုက်ရိုက်မပြန်ဘဲ စီပေါရဲအနောက်ဘက်ကနေ နယ်လှည့်ရင်း ကချင်နဲပလောင်လူကြီးတချို့ကိုလည်းခေါပြီး ကာလိုင်မှာလာနားနေတယ်။စော်ဘွားက သူသိန်နီသို့အဆင်းမှာလာကြိုကြဖို့ သိန်နီဘက်လူတချို့လွတ်ပြီး မှာကြားခဲ့တယ်။သူ့ယောက်ဖ ခွန်စန်တွန်းဟန်က ထီးနန်းလိုချင်လို့ Engစီသွားပြီး ခဗျားတို့ရှာနေတဲ မင်းတုန်းရဲသား မင်းသား(Mangsa)ဟာ သိန်နီဘက်ဆင်းလာတော့မယ်ဆိုပြီး သွေး သွားထိုးခဲ့တယ်။အဲချိန် Engတွေက သိန်နီအဆင်းလမ်းမှာအသင့်လာစောင့် နေခဲ့ကြတယ်။ စော်ဘွားကြီးနဲသူ့အဖွဲ့ သိန်နီဆင်းလာခဲ့ပြီး သိန်နီအထက် စိုင်ခေါ(Sai Hkaw)ရွာမှာလာနားနေချိန် engေတွက မင်းသား/(Mangsa)အဖွဲ့ထင်၍ပစ်ခတ်လိုက်ရာ စော်ဘွားနဲ့တကွ အပေါင်းအပါတော်တော်များများကျဆုံးခဲ့ကြတယ်။ဒီလိုနဲ ၁၈၇၉မှာခွန်စန်တွန်းဟန်က သူလိုချင်ခဲ့တဲ့စော်ဘွားအရိုက်အရာကိုရယူနိုင်ခဲ့တယ်။ကချင်Manlun ဒူဝါခွန်ဂွိုင်(Hkun Goi) နဲပြသနာတချို့တက်ခဲ့ကြပြီး ဒူဝါက နားတီးဒူဝါဇခုန်ဂွမ်ဂျား(Gumja) ကိုစစ်ကူတောင်းပြီး ၁၈၉၂.၁၂.၁၂ရက်မှာ သိန်နီမြို့ကိုတိုက်ခိုက်သိမ်းပိုက်လိုက်ခဲ့ကြတာလည်းရှိခဲ့တယ်။ ၎င်းရဲသား စော်ဘွားSoa Hman Hpa ဟာ ကချင်တွေကိုသိန်နီနယ်ပေးအပ်ကြောင်းလက်မှတ်ရေးထိုးခဲ့သူမို့ ဤသိန်နီသမိုင်းအချို့ကိုရေးခြင်းဖစ်၏။
နောက် Kodawng(ကိုးတောင်) Kachin Sub-sate နယ်ဘက် ကိုကချင်တွေ AD-၁၅၀၀ကျော် ကနေ စတင်ရောက်ရှိခဲ့တယ်။ရောက်ရှိချိန်မှာ ရှမ်းနဲပလောင်လူမျိုးတွေ အနည်းငယ်ရှိနှင့်နေခဲ့ပြီ။ရှမ်းတွေဟာ မြေပြန့်ဘက်အနေများကြပြီး လယ်ယာထွန်ယက်စိုက်ပျိုးတက်တဲ့လူမျိုးဖစ်ကြတယ်။ဒါကြောင့် တောင်ထူထပ်လှတဲ ဒီကိုးတောင်နယ်မှာ ရှမ်းတွေ ထပ် ေတာင်မြင့်မှာ နေတက်ကျတဲ့ ကချင်နဲပလောင်လူမျိုးပိုများကြောင့် Gazetteer of Upper Burma မှာဖတ်ရှု့ရတယ်။ရှမ်းဟာ ၂၀%လောက်သာရှိပြီး ပလောင်နဲကချင်ပေါင်း၈၀%ကျော်လောက်ရှိကာ ကချင်ပင်အနည်းငယ်ပိုများကြောင့်ဖတ်ရှုရတယ်။ထိုနယ်ကို နောက်ပိုင်းမှ ရောက်လာဖူးတော မြန်မာလူမျိုးတွေက တောင်တွေကိုရည်တွက်ပြီး ကိုးတောင်၊ခြောက်တောင်၊ငါးတောင် ဆိုပြီးရည်တွက်အမည်မှည့်သွားခဲ့ကြရာကနေ ထိုသို့အမည်တွင်သွားခြင်းဖစ်တယ်။ကိုးတောင်၊Tawngpeng(လွိုင်လုံး)၊ငါးတောင်၊ခြောက်တောင်၊ မုံးလုံ၊ တောင်ပိန်း၊ကျိုင်းတုံ စသဖြင့် စတဲ့ဒေသကိုကချင်တွေများလာရခြင်းက မကြေစစ်များဆင်းတိုက်ရင်း စစ်နိုင်ပြီး နေကျန်ရစ်ခဲ့သူတွေ များသည်။ထိုထဲက ကချင်ပြည် ဗန်းမော်နယ်ဘက်မှ စီးပွားရှာဆင်းလာတဲ့ ဒူဝါ၃ဦးကို ပလောင်လူမျိုးများကခြောင်းမြောင်းသတ်ဖြတ်ပေးမိသဖြင့် ဒူဝါလခွမ်လဖိုင်ကျင်းလ(Chyen La) ရဲ့ဇနီး မဂျီဂွန်နန်(Gung Nang)ကဦးဆောင်ပြီး ဒူဝါ၂၆ဦးနဲ ရပ်ရွာလူကြီး/ဝါကြီး(၂၈)တို့ဖြင့် စစ်ချီကာ တိုက်ခဲ့တဲ့စစ်ပွဲဟာ အထင်ရှားဆုံးဖစ်တယ်။
ပလောင်လူကြီးတွေသူတို့မှားခဲ့ကြောင်းဝန်ခံပြီး အသင်တို့၏စစ်ချီတိုက်ပွဲဟာ ခိုမုံးကနေမကျော်ပါနဲတော ၊ထိုဆုံးပါးသွားခဲ့တဲ့ ဒူဝါ၃ဦး၏လျှော်ကြေးအဖစ် ဒီ လွိုင်လုံးနယ်က ကြိုက်တဲ့နေရာမှာ သို့မဟုတ် ဒီ ခိုမုံးရွာမှာဖစ်ဖစ် မင်းတို့ ရွာထိပ်မှာနေရင် ငါတို့ရွာအောက်ပိုင်းမှာ၊မင်းတို့ရွာအောက်ပိုင်းမှာနေရင် ငါတို့ရွာထိပ်မှာ အတူပေါင်းနေထိုင်ကြရအောင်ဆိုပြီး လက်ဆောင်တွေနဲ လာရောက်တောင်းပန် တောင်းဆိုလို့ ခိုမုံးရွာအောက်ပိုင်းမှာ ကချင်ရွာတည်ခဲ့ကြတာက စစ်အောင်နိုင်မှုရဲ သက်သေတခုနဲ အထင်ရှားဆုံးစစ်ပွဲမှတခုလည်းဖစ်ခဲ့သည်။နောက်ပိုင်း ဆွေမျိုးများ အတူနေဖို့လိုက်ဆင်းလာကြရာမှ များပြားလာခဲ့သည်။ဒူဝါ၏ဇနီးဟာ မိန်းမသားဖစ်သော်လည်း ယောကျာ်းများလို နှလုံးစွမ်းရည်၊လက်ရုံးရည် တို့နဲ့ပြည့်စုံမှုကြောင့် ရှမ်းစကားမှ ရိုသေစွာဖြင့် သူမကို ဖာနန်(Hpa Nang) /ဒူဝါဇနီး(Du Jan)ဟု အမည်မှည့်ခဲ့ကြလို့ သမိုင်းမှာ လောခွမ်ဖာနန်(Lawhkum Hpa Nang)ဆိုပြီး အမည်တွင်ကျန်ရစ်ခဲ့တဲ့ တဦးတည်းသော အမျိုးသမီးစစ်အောင်နိုင်သူဖစ်ခဲ့တယ်။တခြား အကြောင်းအရာတွေကြောင့် စစ်ပွဲ တွေမြောက်များစွာရှိခဲ့ပြီး ကချင်များကို နယ်မြေအပိုင်ပေးခဲ့သည်အထိရှိခဲ့တယ်။ထို့တူ ထိုနယ်ကို ရောက်ရှိလာတဲ တရုတ်မန်ချူး၊ဗမာ၊အိဂလိပ်၊ဂျပန် စသဖြင့် ဝင်လာသမျှရန်ကိုလည်း ဒူဝါများစုပေါင်းတိုက်ထုတ်၊တိုက်ခဲ့ကြသည့်သမိုင်းတွေ များပြားလှတယ်။ ထိုမြေ ထိုနယ်အတွက် အသက်၊သွေး၊ချွေး တွေမြောက်များစွာပေးခဲ့ကြတယ်။ နယ်ချဲ့Eng တွေ ဝင်လာချိန် အများပိုင်း ဘယ်ရှမ်း၊ပလောက်မှ ခုခံမတိုက်ခဲ့ကြတာကို G.J.Scott ရေးတဲ Scott of Shanhills မှာဖတ်ရှု့ရသည်။သို့မဲ့ ကချင်တွေဟာ ကိုယ့်အုပ်ချုပ်နယ်မြေထဲဝင်လာတာနဲ တိုက်ခိုက်ခဲ့ကြတယ်။အရင်ဦးဆုံး Kodawng(ကိုးတောင်နယ်မှာစတိုက်ခဲ့ကြသည်။ Eng တွေက မန်းလေးကို သိမ်းပိုက်အပြီးမှာတောင်တန်းဒေသစီ စစ်ဆက်ချီဖို့ပြင်နေကြတယ်။မဝင်ခင် Engေတွက စော်ဘွားအားလုံးကို ငါတို့ရဲအုပ်ချုပ်မှုအောက်မှာနေရင် မင်းတို့ရဲ စော်ဘွားအရိုက်အရာကိုမထိပေးတဲ့အပြင် လက်ဆောင်ပါပေးပါမည်ဆိုပြီး အရင်အကြောင်းကြားခဲ့တယ်။၁၈၈၇ဇန်နဝါရီမှာ ညောင်ရွှေဘက်ရောက်လာခဲ့ကြတယ်။ညောင်ရွှစော်ဘွား စောအုံ(Saw Ung)က ရွှေထီးဆောင်း၊ဆင်ဆီးပြီး ဗောရတစ်စေတီ(Bawritit)မှာ အညံခံ လက်မြောက်အရှုံးပေးခဲ့တယ်။၎င်းက ရှမ်းစော်အားလုံးမှာ ပထမဦးဆုံး အညံ့ခံခဲတဲ့ စော်ဘွားကြီးဖစ်တယ်။နောက်ပိုင်းမှ စီပေါ၊မုံးနိုင်(Mongnai)စော်ဘွားတွေ ဖစ်သည်။အဲ့နောက်မှ အထက်ပိုင်းကိုတဖြည်းဖြည်း တိုးလာလာခဲ့ကြတယ်။ကျယ်ဝန်းလှတဲ ရှမ်းတောင်ကို အလွယ်တကူရရှိခဲ့သော်လည်း ရှမ်းမြောက်အထက်ပိုင်းကိုရောက်လာတဲ့အခါ သူတို့ရဲ လက်တဆုတ်စာသာရှိတဲ့ ကချင်တွေ ခုခံတိုက်ခဲ့တာက ဖျောက်မပြစ်နိုင်တဲ သမိုင်းတွေဖစ်တယ် ။ရှုံးခဲ့ပယ်မယ့် တက်နိုင်သမျှအနိုင်မခံ၊အရှုံးမပေး၊မတရားမှုကို ခေါင်းငုံ့မခံတဲ့ လူမျိုးဖစ်တာကို သက်သေထူနိုင်ခဲ့တဲ တိုက်ပွဲလည်းဖစ်တယ်။မန်ဟန်ဒူဝါနော်ဆိုင်း နဲတိုက်ခဲ့တဲ့တိုက်ပွဲက Engတွေ အထိအနာဆုံးနဲ ကချင်တွေရဲ လက်ရုံးရည်ကို ကောင်းစွာ မျှည်းခဲ့ရတဲတိုက်ပွဲကြီးပါဘဲ။ ကိုလိုနီခေတ်ရောက်တော့ ပထမ ကဘာစစ် မက်ဆိုပိုတေးနီးယားမှာ ကချင်စစ်သူရဲတွေရဲအစွမ်းကြောင့် အောင်ပွဲရခဲ့တဲEngတွေက ကိုးတောင်နယ်ဘက်မှာ ကချင်တွေစာသင်နိုင်ေအာင်ကျောင်းတွေပါ ဆောက်ပေးလာခဲ့ကြတယ်။ကချင်ပြည်ဗန်းမော်ခရိုင် စိန်လုံကဘားမှာက စစ်နိုင်မနောပွဲပါကျင်းပခဲ့ကြတယ်။ဒုကဘာစစ်1941၊ဒီဇင်ဘာမှာ ဖွဲခဲ့တဲ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ BIA တပ်နဲ ဂျပန်စစ်ဗိုလ် Col.suzukiတို့ဟာ မြန်မာပြည်ထဲစစ်ကြောင်း၂ကြောင်းဖွင့်ပြီးဝင်လာခဲ့ကြပြန်တယ်။Engတွေ ဥရောပဘက်မှာ စစ်အင်အားဖြည့်နေရတော့ အရှေ့တောင်အာရှဘက် အကုန်နီးပါး လောက်လတ်လွတ်ခဲ့ရတယ်၊အဲ့ထဲမှာ မြန်မာအပါအဝင်တခုဖစ်တယ်။ဖိလိပိုင်က ဗိုလ်ချုပ် မက်အာသာတို့ ဩစတီးလျဘက်ပြေးခဲ့ရသလို မြန်မာက Joseph Stilwell(တရုတ်ကိုစစ်လက်နက်ထောက်ပံ့ဖို့ လီဒိုလမ်းဖောက်လုပ်ခဲ့သူ)တို့ Wingate(Wundawk)များတို့ စသဖြင့် စသူတို့လည်း အိဒိယ ဘက်နောက်ဆုတ်သွားခဲ့ကြရတယ်။ဂျပန်တွေမြန်မာကို သိမ်းပိုက်ရခြင်းက အရှေ့ဘက်ကနေသူတို့စစ်မျက်နှာဖွင့်ထားတဲ့တရုတ်ကို Engတွေက ယခုပြည်ထောင်စုလမ်းမ(Burma Road)ကနေ စစ်လက်နက်ထောက်ပံ့ပေးနေတာကို ရပ်တန့်နိုင်အောင်ဘဲ။ နယ်ခံဖစ်တဲ BIAတွေ ဦးဆောင်ခဲ့ကြ တော့မြန်မာကိုသိမ်းရာမှာ ပိုလို့တောင်မြန်ဆန်ခဲ့ပြီး ၆လအတွင်း တနိုင်ငံလုံးကိုသိမ်းနိုင်ခဲ့ကြတယ်။ရှင်တိုဗုဒ ကို ကိုးကွယ်ကြတဲ့ဂျပန်တွေဟာ ဗုဒဘာဘာဝင်ဖစ်တဲ ရှမ်း၊ပလောင်တို့ထက် ဘာသာမတူ,ပိုခြားနားတဲ့ကချင်တွေကို Engေတွရဲ့လူအဖစ်စွတ်စွဲ ၊ခရစ်ယာန်ပြောင်းစ ကချင်တွေကိုရက်ဆက်ကြမ်းကြုတ်စွာနှိမ်နှင်းခဲ့ကြတယ်။ဒါကြောင့် ကချင်တွေက သွေးမကြေ ပြန်တိုက်ချင်တဲ့ စိတ်အပြည့်ရှိနေခဲ့ကြတယ်။မကြာခင်ဘဲ Eng တွေကဂျပန်ကိုပြန်တိုက်ထုတ်ဖို့ ၁၉၄၃,Nov ကနေစပြီး နာဂတောင်ဘက်ကနေပြန်လည်လုပ်ရှားလာကြတယ်။၁၉၄၃နှောင်းပိုင်း ကချင်ရိန်းဂျား ၁၀၁တပ်မ တွေလည်း စစ်တိုက်ဖို့ စစ်စခန်းကိုကချင်ပြည်နယ်မှာ ၆ခုနေရာယူလာကြတယ်။မလိခမြစ်ရဲ အရှေ့ဘက်၃ခု၊အနောက်ဘက်၃ခုစီ နေရာယူပြင်ဆင်ခဲ့ကြတယ်။မြစ်ကြီးနားကို ၁၉၄၄ ဇွန်၊ဇွန်လိုင်လ မှာ ထိုးစစ်ပွဲကြီးဆင်နွဲပြီး ၇၈ရက်အတွင်းမှာ အောင်နိုင်ခဲ့တယ်။အဲ့ချိန်မှာ ကချင် သီးသန့်စစ်သည်အင်အား ၁၂၀၀၀ကျော်ရှိခဲ့ပြီ။၁၉၄၄ စိန်လုံ မှာ ကချင်ရိန်းဂျား တပ်ရင်း၅ခုပြန်ဖွင့်ခဲ့ကြပြန်တယ်။အဲတာက ၁-G.Battalion,Gauri ,
2-S.Bn,Sinlum ,
3-L.Bn,Loije,
4-N.Bn,Nbapa,
5-S.Bn,Shawa စတာတွေ ဖစ်သည်။ထိုထဲကမှ ရှမ်းပြည်ဘက်စစ်လာကူတိုက်တဲထဲမှာ 3-Loije Bn ပဲ မပါခဲ့။ကျန်တပ်ရင်း၄ခုနဲအတူ ရှမ်းမြောက်က ကချင်တပ်သားတွေနဲပေါင်းပြီး ဂျပန်ကို အပြတ်တိုက်ထုတ်ခဲ့ကြသည်။ရှမ်းမြောက်ကချင်တွေ ဂျပန်ကိုတိုက်ချိန်မှာ Engစစ်တပ်မှာပါသူကဝင်ပါ၊ကချင်ရိန်းဂျားမှာပါသူကပါ၊သီးသန့်စစ်တပ်အဖစ်ဖွဲပြီး တိုက်သူကတိုက် စသဖြင့် အင်တိုက်၊အားတိုက်ပါဝင်ခဲ့ကြတယ်။ သွေးဆူနေတဲ့ ကချင်တွေကို လက်နက်သာတပ်ဆင်ပေးလိုက်သလိုဖစ်ပြီး Engစစ်သားအနည်းအကျဉ်းပဲ ဝင်တိုက်ခဲ့ရတယ်။သို့နဲ ၁၉၄၅.၃.၂၃ရက်နေ့ ကွတ်ခိုင်မှာ ဂျပန်စစ်အောင်နိုင်မနောပွဲကြီးကို ၃ရက်ဆက်တိုက် ကျင်းပတဲ့အပြင်၊ မန်တုံမှာလည်း ၁၉၄၅.၃.၂၃ မှ ထိုနည်းတူ စစ်အောင်နိုင်မနောပွဲကြီးကျင်းပနိုင်ခဲ့ကြတယ်။အဲတာေတွကြောင့် ဒီမြေ ဒီနယ် မှာ ဝင်လာသမျှရန်ကို ကချင်တွေခေတ်အဆက်ဆက် အသက်၊ သွေး ၊ချွေး တွေပေးဆပ်ခဲ့ကြတဲအတွက် ဒီနယ်မြေကို တရားဝင်ရရှိခွင့်ရရမယ်ဆိုပြီး ကချင်ခေါင်းဆောင်တွေ ဆုံးဖြတ်လာခဲ့ကြတယ်။
အဲ့ကြောင့် အိဒိယ ကိုပြန်တော့မယ့် ဗိုလ်ကွမ်ဂျေတောင်(Du Kumje Tawng)၊ဒူဝါအင်ခွမ်ဇော်ဆိုင်း(Nhkum Zauseng)၊ဒူဝါရှန်းလွမ်(Shan Lum) တို့ ကို ကချင်တွေရဲ ပေးဆပ်မှုအတွက် အခွင့်အရေး ရရှိလိုပြီဖစ်ကြောင်း Engေတွစီသွားတင်ပြပေးဖို့ မှာကြားခဲ့ကြတယ်။ဒါ့ပြင် (Mungmyit Sinli Du,Salang Komiti) မိုးမိတ်ဆင်လီ ဒူဝါ လူကြီး ကော်မတီ တခုဖွဲ့ပြီး အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြကာ ကချင်လူမျိုးတွေ အနေများတဲ့ (Mungmyit Sinli, Kodawng,Loilung hte Tawngpeng) မိုးမိတ်ဆင်လီနယ်၊လွိုင်လုံးနဲတောင်ပိန်း နယ်တွေကို စုပြီး ကချင်ပြည် (State)လုပ်ပေးဖို့ CASB(Civil Affair Service Burma)ထံ တင်ပြတောင်းဆိုခဲ့ကြတယ်။ထိုထဲမှာတင်ပြသူ အဖစ် ဒူဝါ၂၅ ဦးလက်မှတ်ရေးထိုးခဲ့ကြတယ်။အဲ့နောက်တဖန် ၁၉၄၅.၆.၁ရက်မှာ ဒူဝါ၄၉ဦးနဲအတူ ရဲဌာနအုပ် (Balik Du Galau La)ဂလောင်လ စုစုပေါင်း ၅၀ဦးရဲ လတ်မှတ်ပါ တောင်းဆိုစာကို တခါထပ်မံပို့ခဲ့ကြတယ်။ရှမ်းမြောက်ကချင်တွေရဲ ကချင်ပြည်ဖစ်ရေး ကြိုးပမ်းမှုကို အစိုးရဝန်ထမ်းနဲအများပြည်သူတို့လည်းအင်တိုက်အားတိုက်ဝိုင်းဝန်းကူညီခဲ့ကြတယ်။ထိုထဲမှာ မြို့အုပ်လရှီတူလွမ်၊တောင်အုပ်မရန်ဇော်လ၊တောင်အုပ်ဇော်ဆိုင်း၊စာရေးဂွမ်ဂျာလ၊မြို့အုပ်လရှီတန်ဂွမ်တို့လည်းအထူးကြိုးပမ်းကူခဲ့ကြသူတွေ ဖစ်သည်။၁၉၄၆.၁.၁၆၊မြစ်ကြီးနားမှာကျင်းပတဲဂျပန်စစ်အောင်နိုင်မနောပွဲကြီးကိုဝင်ဆင်နွဲဖို့လာခဲ့တဲGovernor Sir Dorman Smith ထံကိုလည်း ထိုနည်းတူ ကချင်ပြည်သတ်မှတ်ပေးဖို့ တင်ပြကြတယ်။ဒါမဲ့ အံချိန်က တောင်တန်းဒေသအုပ်ချုပ်ရေးမှူး ဗိုလ်Mr.Stevenson က ကွတ်ခိုင်ရောက်လာပြီးပြောတာက "ရှမ်းပြည်ကကချင်တွေ ပြည်နယ်တောင်းရင် ကချင်ပြည်နယ်က မြစ်ကြီးနားနဲဗန်းမော်မြေပြန့်ဒေသဟာ ကချင်ပြည်မှာမပါဘဲဖစ်သွားမှာစိုးရိမ်တယ်" ဆိုပြီး အငြင်းပွားနေတဲ့ အကြောင်းခြင်းရာကို ရှင်းပြခဲ့တယ်။အဲ့ချိန်ဟာ
မြစ်ကြီးနဲဗန်းမော် ကို ဗမာပြည်ထဲထည့်ရမယ်ဆိုတဲ အငြင်းပွားမှုရှိခဲ့တယ်။အကြောင်းရင်းကမြစ်ကြီးနားနဲဗန်းမော်ဟာ " ၁၉၃၅မြန်မာနိုင်ငံအစိုးရအက်ဥပဒေပေအောက်က အစီအစဉ်ပါရှိသောဧရိယာများ " ဖစ်နေတဲ့တွက်ဖစ်တယ်။ ဒါကြောင့်ရှမ်းပြည်က ကချင်တွေ ကချင်ပြည်ဖစ်ဖို့အရေး ကြိုးပမ်းမှုဟာ ရင်နာစွာရပ်ဆိုင်းခဲ့ရတယ်။ပြောရမယ်ဆိုရင် မြစ်ကြီးနားနဲဗန်းမော် ကို ရှမ်းပြည်က ကချင်ပြည်နယ်အဖစ်သတ်မှတ်ပေးဖို့ တောင်းဆိုထားတဲနယ်မြေနဲ လဲလှယ်လိုက်တဲ သဘောဆောင်သွားတယ်။ဒါတောင် ဖဆပလ တွေက မြစ်ကြီးနားနဲဗန်းမော်ကို ဗမာထဲထည့်ဖို့ကြိုးပမ်းလာတေးလို့ မြစ်ကြီးနားမှာ ကချင်စစ်သည်တော်တွေ ဆန်ဒပြလိုက်မှ အတော်ငြိမ်သွားခဲ့တယ်။ပြည်နယ်အဖစ်မရခဲ့ပယ်မယ့် ကချင်ခေါင်းဆောင်တွေဟာ ရနိုင်သမျှအခွင့်အရေးရအောင်ကြိုးပမ်းကြတယ်။
ဒါကြောင့် ၁၉၄၅.၇.၄ရက်နေ့မှာ အစည်းအဝေးတကြိမ်ပြန်လုပ်ပြီး ကချင်တွေ ရှမ်းစော်ဘွားတွေရဲ အုပ်ချုက်မှုေအာက်မှာမရှိဖို့ ထပ်မံဆွေးနွေးခဲ့ကြပြီး ၁၉၄၅.၇.၁၃မှာတော သိန်နီစော်ဘွား Soa Hman Hpa ထံစာသွားတင်ပြခဲ့ကြတယ်။သွားတင်ပြဆွေးနွေးခဲ့သူများကသော
၁-ဒူဝါခွန်ဖုန်း(ဒူဝါအားလုံးကိုယ်စား)၊
၂-ဒူဝါဇော်လီ(ပြည်သူအားလုံးကိုယ်စား)၊
၃-ဆရာကြီး Ebyu(ကျောင်းအားလုံးကိုယ်စား)၊
၄-တောင်အုပ်ဇော်လ(တောင်အုပ်အားလုံးကိုယ်စား)၊
၅-မြို့အုပ်တူလွမ်(မြို့အုပ်အားလုံးကိုယ်စား)၊
၆-ဆူဗေဒါ ခန်းဒါနော်(ကချင်စစ်သားအားလုံးကိုယ်စား) တို့ဖစ်တယ်။ သိန်နီဘက်ဆင်းပြီး စော်ဘွားကြီးစီမှာ ကချင်တွေ စော်ဘွားရဲအုပ်ချုပ်မှုနဲမသက်ဆိုင်စေဖို့ ၊အုပ်ချုပ်မှုကနေ ခွဲထွက်ဖို့ဆွေးနွေးခဲ့ကြရာမှာ စော်ဘွားကြီးလည်း လက်ခံပြီး စာချုပ်ချုပ်ခဲ့ကြသည်။ ထို့ကြောင့်ကချင်ဘက်က စာချုပ်မှာ ကချင်ကိုယ်စားလှယ်အဖစ်လက်မှတ်တက်ထိုးသူတွေကသော
၁-ဒူဝါလဖိုင်ခွန်ဆိုင်း၊
၂-ဒူဝါမရန်ခွန်ဆိုင်း၊
၃-ဆရာဇိန်ဟန်လခန်၊
၄-ဒူဝါမရန်နော်ဆိုင်းနဲ ရှမ်းဘက်က
၁-စော်ဘွားကြီး စောဟမ်ဖ(Soa Hman Hpa)၊
၂-Sao Man Hpa(အိမ်ရှေ့စံ)စော်ဘွားကြီး၏ညီနှင့်
၃- အမတ်ချုပ် ခွန်ဥမ်းကြာ(Hkun Ohn Kya)
တို့နဲ့ သမိုင်းဝင် နယ်မြေလွဲပြောင်းစာချုပ်ချုပ်ဆိုနိုင်ခဲ့ကြတည်။အောက်ပါပုံပါ စာချုပ်ဖစ်သည်(၁)။စာချုပ်ချုပ်ပြီးနောက် ၁၉၄၇.၁၂.၉ရက်နေ့မှာ KutKai Kachin Sub-State ကိုသတ်မှတ်ဖွင့်လစ်နိုင်ခဲ့ကြတယ်။သို့မယ့် ရှမ်းနဲ နယ်မြေခွဲဝေသတ်မှတ်ရာမှာ စာချုပ်သီးသန့် မချုပ်တော့ဘဲ အရင်ရှမ်းစော်ဘွားနဲကချင်ဒူဝါတွေ အစဉ်သတ်မှတ်ကျင့်သုံးလာခဲ့တဲ့ //-"တောမီးလောင်ရာဒေကဟာကချင်တွေရဲမြေ၊ရေတိမ်သောမြေပြန့်ဟာရှမ်းရဲမြေ" ၊(Sharaw wan hkru ai bum pa yawng gaw Jinghpaw ni a rai nna ,Hka ing ai pa layang yawng gaw Sam ni a rai na ), “ Hpai lam dilau diyu Hkang - Nam ying dilau diyu Tai”// ဆိုပြီး Sub-State ကိုခိုင်မာစွာတည်ဆောက်ထားခဲ့ကြတယ်။ကချင်ဒူဝါအုပ်ချုပ်နယ်မြေ တိုက်နယ်/Nebyeng Du Ginwang ၆၆နယ်ရှိခဲ့တယ်။ဤသို့နဲ့ KutKai Kachin Sub-State နယ်ကို ကချင်ဒူဝါတွေ အစွမ်းကုန် ကာကွယ်ကြိုးစားတည်ဆောက် ခဲ့ကြတယ်။လွတ်လပ်ရေးရပြီးတဲ့နောက်မှာလည်း လွတ်တော်အမတ်အဖစ် (၁၉၄၇-၅၂) မှာ ဝန်ကြီးလရှီးဂမ်/
(Lashi Gam)၊(၁၉၅၂-၅၈)မှာ ဝန်ကြီးဖုန်းချွေဇော်လ(Pungshwi ZauLa) တို့ လွတ်တော်အမတ်အဖစ်အသီးသီးထမ်းဆောင်ခဲ့ကြတယ်။၁၉၆၀မှာ အမတ်အဖစ် ဝန်ကြီး လုဒ်ဇိန်(Wunji Duwa LukZing)ထမ်းရွက်နေစဉ် ၁၉၆၂.၃.၂ရက် သောကြာနေ့ (၀၃:၀၀Am)ချိန် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီး တော်လှန်ရေးကောင်စီက ဦးနုနဲအတူနိုင်ငံ့ခေါင်းဆောင်တွေကိုဖမ်းဆီးရာမှာပါသွားခဲ့တယ်။
နောက်တခု Kodawng Kachin Sub-Stateက KutKai Kachin Sub-Stateဖွဲ့စည်းတာထက်အနည်းငယ်နောက်ကျခဲ့တယ်။ထူးခြားတာတခုက သူက Kodawng Kachin Hill Tracts ကနေ Kodawng Kachin Sub-Stateဖစ်လာ တာပါဘဲ။၁၈၉၀ ဇန်နဝါရီနှောင်းပိုင်းမှာ ကိုးတောင်ကိုသိမ်းနိုင်ခဲ့ကြတယ်။၁၉၁၆-၁၉ ပထမ ကဘာစစ်မှာ ကိုးတောင်နယ်ကကချင်တွေ မတ်ဆိုပိုတေးနီးယားမှာ ရဲရင့်စွာတိုက်လို့ အောင်ပွဲရရှိကြောင်းသိရတဲ့ Wundawk Camerion က မောလို(Molu)ရွာမှာ ကချင်တွေကိုခေါစုပြီး စစ်အောင်နိုင်မနောပွဲ ကချိန်မှာ Kodawng Kachin Hill Tractsဆိုပြီး သတ်မှတ်ပေးခဲ့ပယ်မယ့် ကိုယ်ပိုင်အုပ်ချုပ်နိုင်ဖို့ မကြိုးပမ်းနိုင်ခဲ့ဘူး။အဲချိန်မကစပြီး အဲ့နယ်ကိုအုပ်ချုပ်ဖို့ သီးသန့်Wundawk တျောက်ထားခဲ့ကြသည်။သီးသန့်ပြည်နည်တခုအဖစ်ထားတဲသဘောဖစ်တယ်။ဒုစစ်မှာ Eng တွေကို ဂျပန်ေတွမောင်းထုတ်ချိန် BIAနဲဂျပန်တွေ အဲနယ်ရှိကချင်တွေကိုလည်း ကြမ်းကြုတ်စွာနှိက်ဆက်ခဲ့ကြတယ်။ဂျပန်ကိုပြန်မောင်းထုတ်ဖို့ Engတွေ လွတ်လိုက်တဲ
ကချင်စစ်ဗိုလ်၄ဦးဟာ ကိုးတောင်နယ်မှာ စစ်လာစုဆောင်းချိန်မှာ ၂ပတ်အတွင်း စစ်သား၁၆၀၀ကျော်စုဆောင်းနိုင်ခဲ့ကြတယ်။ကချင်ပြည်ကရောက်ရှိလာတဲ ကချင်ရိန်းဂျားနဲပေါင်းပြီး ဂျပန်ကို စီပေါ့၊ဆွမ်ဆိုင်(Sumsai)ထိ လိုက်တိုက်ထုတ်ခဲ့ကြတယ်။အဲ့ချိန်မှာ ကချင်ေခါင်းေဆာင်ေတွ အစည်းဝေးလုပ်ပြီး ဆုံးဖြတ်ချက်၃ခုချခဲ့ကြသည်။
၁-ဂျပန်ကိုတိုက်ထုတ်ပြီးလျင် စစ်နိုင်မနောပွဲကမည်။
၂-ကိုးတောင်ကိုကချင်အစိုးရဖွဲပြီးအုပ်ချုပ်မည်။၃-ကိုးတောင်အစိုးရကောင်စီဖွင့်မည်။ ထိုနည်းတူ ၁၉၄၅.၃.၂၃မှာ စစ်အောင်နိုင်မနောပွဲကခဲ့ကြတယ်။1945.10.18မှာ Kodawng Kachin Hill Tractsကနေ Kodawng Kachin Sub-Stateလို့ ပြောင်းခဲ့ကြတယ်။၁၉၄၆.၁.၁၆မှာပြန်ကျင်းပတဲ ဒုကြိမ်စစ်အောင်နိုင်မနောပွှဲမှာ လူထုကနေ ခေါင်းဆောင်တွေ Sub-Stateအဖစ်ပြောင်းထားတာကို အစိုးရဖွဲပြီး စအုပ်ချုပ်သွားဖို့ ခေါင်းဆောင်ကိုရွေးချယ်တင်မြောက်ခဲ့ကြသည်။ထိုမှတရားဝင် ကိုးတောင်ကချင်အစိုးရဖွဲ့စည်းပြီးအုပ်ချုပ်လာခဲ့ရာမှာ ၁၉၅၇မှာ
တခါပိုပြီးခိုင်မှာတိကျအောင် ပြန်ဖွဲစည်းပြီး
မန်တုန်မှာမနောပွဲပါကျင်းပခဲ့ကြသည်။ကိုးတောင်နယ်မှာ ရွာပေါင်း-၁၇၉ရွာ၊တိုက်နယ်/Dek-up Ginwang ၁၆ခုခွဲပြီး Circle Head Man/
(တိုက်သူကြီး/မြို့စား)တွေကို ရွေးပြီး ၁၉၆၂အာဏာသိမ်းချိန်ထိ အုပ်ချုပ်ခဲ့ကြသည်။ အာဏာသိမ်းချိန်ကနေ Sub-Stateအစိုးရပြုတ်သွားတာ ခုထိပြန်မဖွဲ့စည်းနိုင်တေးတာတွေ့ရတယ် ။
ဤ KutKai Kachin Sub-StateနဲKodawng Kachin Sub-Stateသမိုင်းေတွကို ကချင်လူမျိုးသာမက ရှမ်းမြောက်ကလူတွေအားလုံးသိထားဖို့လိုတယ်။ဒေါက်တာ သန်းထွန်း၏အဆိုအရ" သမိုင်းဆိုတာ မအ အောင်သင်ရတာ "ဆိုသောစကားက အလွန်ပင်မှန်လှပါတယ်။ကချင်ဘိုးဘွားစဉ်ဆက်တွေ အုပ်ချုပ်လာခဲ့တဲ့ နယ်မြေကို ယခုအခါ တခြားလူမျိုးတွေဟာ ၎င်းတို့၏နယ်မြေ၊၎င်းတို့၏အုပ်ချုပ်နယ် အဖစ်သတ်မှတ်ပြီး တိုင်း/နိုင်ငံသဖွယ် ထူထောင်လာတာကို ကချင်တွေ အားလုံးတွေ့ရှိကြမှာပါ။ခုလည်း သမိုင်းကိုမဖော်၊ဒီလိုဘဲဆက်ငြိမ်နေရင် မိမိတို့ရဲနယ်မြေေတွဟာ တခြားသူတွေရဲ လက်ထဲမှာပါသွားပါလိမ့်တယ်။နောင်တချိန် နယ်မြေခွဲဝေ သတ်မှတ်လာချိန်မှာ ဒီသမိုင်းေတွကိုမသိထားရင် ဘယ်လိုလုပ် မိမိနယ်မြေလို့ပြောနိုင်/သက်သေပြနိုင်မှာလဲ။ဒါတွေကြောင်း ကြောင့် အားလုံးသိရှိနိုင်အောင် ဤသမိုင်းအကျဉ်းကိုဖော်ပြလိုက်လိုခြင်းဖစ်ပါတယ်။
စကားပြောဖြင့်ရေးသားထား/လူအမည်သီးခံပါ# ဗမာစကားလုံးနဲရေးရမလွယ်##