
by KNG news
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ် မေခ-မလိခပေါ်တည်ဆောက်နေသော မြစ်ဆုံရေကာတာစီမံကိန်းကို ဆက်လက်တည်ဆောက်နိုင်ရန် တရုတ်အစိုး၏ လျှပ်စစ်စွမ်းအင်ရင်းနှီးမြုပ်န
တရုတ်အစိုးရကုမ္ပဏီ CPI ၏ ဒုဥက္ကဌ ကိုယ်တိုင် လာရောက်ကာ စီမံကိန်းကြောင့်ပြောင်းရွှေ့ခံရ
“ရွာသားတွေကတော့ ခင်ဗျားတို့ အခုထိ ရေကာတာစီမံကိန်းဆောက်လုပ်ဖို့ မျှော်လင့်နေသေးလား ဆိုပြီးမေးတယ်။ CPI ဖက်က မျှော်လင့်နေတယ်လို့ဖြေတယ်။ အဲဒါနဲ့ ခင်ဗျားတို့ ဒီစီမံကိန်းကို လုပ်နိုင်ဦးမယ်လို့ယုံကြည်လား လို့ထပ်မေးတော့၊ CPI က ပြန်လုပ်နိုင်မယ် မလုပ်နိုင်ဘူးဆိုတာ ဒေသခံတွေ သဘောတူမှသာ ရေကာတာကို ပြန်စနိုင်မယ်လို့ ယုံကြည်ကြောင်းပြောတယ်။ လုံးဝသဘောမတူတဲ့အကြောင်း မူရင်းနေရပ်တို့ သာ ပြန်လိုတယ်လို့ အပြန်အလှန်မေးမြန်းပြောဆိုကြတယ်
ပြီးခဲ့သည့်မေလတွင်လည်း CPI အဖွဲ့များသည် အောင်မြင်သာသို့လာရောက်ကာ ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ခက်ခဲများကိုမေးမြန်းကာ ရေကာတာစီမံကိန်းပြန်စမည့်ကိစ္စနှ
ထိုသို့ မြစ်ဆုံရေကာတာတည်ဆောက်ရေးကို အမြန်ဆုံး အကောင်အထည်ဖော် တည်ဆောက်သွားနိုင်ရန် တရုတ်အစိုးရကုမ္ပဏီ CPI သည် ဒေသခံများကို စည်းရုံးမှုအမျိုးမျိုးပြုလုပ်ကာ
“သမ္မတကာလ ပြီးတဲ့အထိသူတို့စောင့်မယ်။ သမ္မတကာလပြီးတဲ့နောက်မှာ စီမံကိန်းတွေပြန်စနိုင်ဖို့ နိုင်ငံတကာ standard တွေနဲ့ စံချိန်စံနှုန်းတွေ လုပ်ထုံးလုပ်နည်းတွေအရ ပြန်လုပ်သွားမယ်လို့ ပြောတယ်။ သူတို့အကြိမ်ကြိမ်ကြိုးစားပြီး ဒီလိုလုပ်ခြင်း ဟာ ဒေသခံတွေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ဂရုမစိုက်တာ သမ္မတသိန်းစိန်မြစ်ဆုံရေတာကာ ဆိုင်းငံ့ထားတဲ့အပေါ် ဂရုမစိုက်အလေးမပြုတာ၊ ဒေသခံတွေ တောင်ယာနယ်မြေတွေမှာ ပြန်လည်လုပ်ကိုင် စားသောက် နေထိုင်ခွင့်မပြုတာတွေ ဒီအရာ တွေကြည့်ခြင်းအားဖြင့် သမ္မတသိန်းစိန်ရဲ့ ရေကာတာ ရပ်တန့်ထားခြင်းဟာ အတုအယောင် ဆိုင်းငံ့ထား တာဖြစ်တယ်” ဟု ဒေါ်ဆိုင်းမိုင်က KNG ကချင်သတင်းဌာနသို့ပြောသည်။
၎င်းက မြစ်ဆုံရေကာတာစီမံကိန်း ပြန်လည်တည်ဆောက်ရေးအတွက် တရုတ်အစိုးရကုမ္ပဏီ CPI သည် မြန်မာ အစိုးရများနှင့်လည်း ညှိနှိုင်းနေသည်ဟုသိရှိရပြီး ထိုသို့ကြိုးပမ်းနေခြင်းပေါ် မြန်မာ တနိုင်ငံလုံးမှပြည်သူလူထု အားလုံးပါဝင်ကာ လုံးဝရပ်ဆိုင်းရန် ဆက်လက်ကန့်ကွက်သင့်ကြောင်း KDNG အဖွဲ့ကပြောဆိုခဲ့သည်။
အဆိုပါမြစ်ဆုံရေကာတာစီမံကိန်းကိ