skip to main  |
      skip to sidebar
          
        
          
        
ငြိမ်းချမ်းရေးအတွက် တစ်ကမ္ဘာလုံးရှိ ကချင်လှုပ်ရှားမှု(ဂျပန်)
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အပြီး 
သမ္မတ ဦးသိန်းစိန်အစိုးရ အာဏာရ တက်လာပြီးနောက်ပိုင်း ပြည်တွင်းစစ်မီးဟာ 
ကချင်ဒေသအပြင် တခြားတိုင်းရင်းသား ဒေသများဆီသို့ ကူးစက် တောက်လောင်လာခဲ့တာ ၂
 နှစ်ရှိလာခဲ့ပြီဖြစ်သည်။  ပြည်တွင်းငြိမ်းချမ်းရေး တနိုင်ငံလုံး 
အတိုင်းအတာ ချက်ခြင်း အပစ်အခတ် ရပ်စဲရေး ဖက်ဒရယ်ဒီမိုကရေစီ အခြေခံမူများကို
 နိုင်ငံရေးအရ အဖြေရှာမှု နည်းလမ်းဖြင့် ချမှတ်နိုင်ရန် တောင်းဆိုသည့် 
Global Campaign လှုပ်ရှားမှုကို နိုင်ငံတကာရောက် 
ကချင်တိုင်းရင်းသားများနှင့်အတူ
 ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှလည်း ပူပေါင်းပါဝင်သည့် 
တောင်းဆိုဆန္ဒပြပွဲကို တိုကျို Shibuyaရှိ UN အဆောက်အဦးရှေ့တွင် ယနေ့ ညနေ 
၃း၀၀ နာရီမှ ၅း၀၀ နာရီ အထိ ကျင်းပခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသည့် ကချင်ဒေသ 
အခြေအနေနှင့် တိုက်တွန်းတောင်းဆိုသည့် ထုတ်ပြန်ချက်တစောင် 
ပေးပို့ခဲ့ကြကြောင်း သိရှိရပါသည်။