Thursday, 27 June 2013 14:34 စွမ်မိဏ်း
 
 
 အမှတ် ၇၀၁ စစ်ဒေသမှူး ဒု-ဗိုလ်မှူးကြီး စွမ်မိဏ်း
 ၂၇ ဂျွန်လ ၂၀၁၃
 
 (ဤပြောကြားချက်သည် သျှမ်းသံတော်ဆင့်၏ အာဘော်မဟုတ်။ သက်ဆိုင်ရာပုဂ္ဂိုလ်၏ သဘောထားသာဖြစ်ပါ သည်။ (အယ်ဒီတာ))
 ဒီကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ အမှတ် ၇၀၁ စစ်ဒေသမှူးက  တိုင်းရင်းသားလူမျိုးများအပေါ် မြန်မာစစ်တပ်က ရေရှည်စီမံကိန်းဖြင့် ဖျက်ဆီးနေမှုကို တင်ပြချင်ပါ သည်။
 
 ၁- ကချင်တိုင်းရင်းသားတို့နေထိုင်သော ကချင်ပြည်နယ် မြစ်ကြီးနားမှ လိုင်ဇာအထိ၊ ဗန်းမော် မှ သျှမ်းပြည်မြောက်ပိုင်းနယ်စပ်အထိ ဒေသတို့တွင် ဒေသခံ ကချင်လူထု အေးချမ်းစွာ မနေနိုင်အောင် မြန်မာစစ်တပ်က စီမံကိန်းကျကျ ဖျက်ဆီးနှောင့်ယှက်နေပါသည်။
 
 ၂- သျှမ်းပြည်တွင်လည်းအလားတူ သျှမ်းပြည်မြောက်ပိုင်း သီပေါ-ကျောက်မဲ- 
လားရှိုး-သိန္နီ-ကွတ်ခိုင်- မူစယ်-နမ့်ခမ်း-မုံးဝီး တွင်ဘိုးစဉ်ဘောင်ဆက် 
အေးအေးချမ်းချမ်းနေထိုင်လာကြသော ဒေသခံများ ကို  တရုတ်နယ်စပ်မှ မန္တလေးမြို့အထိ ဟိုင်းဝေးကားလမ်းနှင့် ရထားလမ်းဖောက်လုပ်မည့်စီမံကိန်းကြောင့် နှင်ထုတ်ရွှေ့ပြောင်းခိုင်းနေပါသည်။ မရွှေ့ပြောင်းပါက အကြောင်းတခုခုရှာကြံ၍ မနေ နိုင်အောင် စားဝတ်နေရေးအခက်အခဲဖြစ်အောင်အနှောင့်ယှက်ပေးနေမည်မှာဖြစ်ပါသည်။နယ်မြေမတည်မငြိမ်ဖြစ်
 လာပါက မြန်မာ့တပ်မတော်မှ နေရာယူရန် ပို၍ အဆင်ပြေလာသဖြင့် ၎င်းတို့ 
ဝင်ရောက်နေရာယူလို သည့် ဒေသအတွင်း  လူထုအား အနှောင့်အယှက်ပေးရန်ဝန်မလေးပေ။
 
 ၃- ဒေသခံလူထု မနေတော့ရင် တခြားကိုပြောင်းရွှေ့ပြီဆိုရင် ဒေသတွင်းမှာ ရှိတဲ့
 လက်နက်ကိုင်တပ်ဖွဲ့ လဲ နေ နိုင်တော့မည်မဟုတ်။ ထို့အချက်ကိုအဓိကထား၍ 
ကချင်ပြည်နယ်က ကချင်တပ်မတော်အား မြန်မာ့တပ်မတော်သည် ၂၀၁၁ ကစ၍ 
တိုက်ခိုက်လာခဲ့သည်မှာယနေ့တိုင်ဖြစ်သည်။
 ဒေသတွင်းလူထု ပြောင်းရွှေ့သွားပြီဆိုပါက အောက်ပြည်အောက်ရွာမှ 
ဗမာများအားခေါ်ယူကာ နေရာပေးသဖြင့်အိမ်ရှင် ၏လယ်ယာမြေများလည်းဆုံးရှုံးခဲ့ရသည်။ အလားတူ ပြီးခဲ့သည့်လကလည်း ရပ်တကာဈေးလှည့်ရောင်း နေသော ၎င်းတို့၏ ထောက်လှမ်းရေးများပျောက်ဆုံးမှုမှာ နမ့်ခမ်းမြို့နယ် နောင်မတာအုပ်စု အခြေစိုက် မိမိတို့ သျှမ်းပြည်တပ်မတော် အမှတ် ၇၀၁ စစ်ဒေသ၏လက်ချက်ဖြစ်သည်ဟုစွပ်စွဲကာ အင်အားသုံး၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
 
 အမှန်မှာ နောင်မတာရှိစခန်းမှာ သျှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ၏ ဌာနချုပ်မဟုတ် တပ် သားများနေထိုင်သည့် တပ်စခန်းလည်းမဟုတ်။ ဧည့်သည်ကြိုဆိုရေးစခန်းတခုသာဖြစ်သည်။ ထို့ပြင် ကျေးလက်ဒေသခံလူငယ်များ၏ ပျက်စီးနေသော  အကျင့်စာရိတ္တများကိုပြန်လည်ပြုပြင်ပေးမည့်
 စခန်းဖွင့်ရန်နှင့် ဒေသခံများအတွက် ဆေးပေးခန်း 
ဖွင့်လှစ်ပေးရန်နေရာဖြစ်သည်။ အဆိုပါ စခန်းကို မေလ ၁၂ ရက်တွင် 
ဖွင့်လှစ်ရန်အတွက် ကျွန်ုပ် စစ်ဒေသမှူး ဒု-ဗိုလ်မှူးကြီးစွမ်မိဏ်း 
နှင့်လုံခြုံရေးတပ် အဆိုပါစခန်းသို့ ကြိုတင်ရောက်ရှိ နေခြင်း ဖြစ်သည်။ 
ဤသည်ကို စခန်းဖွင့်ရန် ၃ ရက်အလို မေလ ၉ ရက်နေ့တွင် မြန်မာစစ်တပ်က အင်အား 
သုံး၍ ထိုးစစ်ဆင်ခဲ့သည်။ ကျွန်ုပ်တွင် လုံခြုံရေးတပ်ပါလို့သာ 
တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပါသည်။
 
 ၄- တကယ်တော့ မြန်မာ့တပ်မတော်တွင် စီမံကိန်းရှိပြီးသားပါ။ မိုးမလင်းခင် 
ကျနော်တို့ စခန်းထဲဝင်ပြီး သက်ရှိဆိုသမျှ ပစ်သတ်လိုက်ပါ။ 
ပြီးရင်မိုးမလင်းခင် စခန်းမှ တပ်ပြန်ဆုတ်လိုက်ပါ-  ဟု သူတို့ အချင်း ချင်း 
သတင်းပို့ထားပြီးသားဖြစ်သည်။ ထို့ကြောင့် ၉ ရက်နေ့ မနက် ၁ နာရီလောက်မှာ 
ရွှေလီမြစ် ကူးတို့ဆိပ်ကို မြန်မာ့တပ်မတော်က ရောက်ရှိလာပါသည်။ ကျွန်ုပ်၏ 
လုံခြုံရေးတပ်များလည်း ကူးတို့ ဆိပ်တွင်သွား၍ ခုခံပါသည်။ မနက် ၃ နာရီ ၎င်းတို့
 စစ်ကြောင်းမှူးနေလင်းအောင်ကိုယ်တိုင်
 ရောက်လာ ၍ ကူးတို့ဆိပ်ကူးကာ ကျွန်ုပ်တို့ဘက်ကူးလာကာ တိုက်ခိုက်ခဲ့ပါသည်။ 
လက်နက်ကြီးဖြင့်ပစ်ခတ်ရာ လူထု အတွက်စိုးရိမ်သဖြင့် ကျွန်ုပ်တို့ 
စခန်းကခွါပေးလိုက်ရသည်။ သူတို့အကြံမအောင်မြင်တဲ့အတွက် နောက် ဆုံးတော့ 
ကျနော်တို့ကို မူးယစ်ဆေးဝါးထုတ်လုပ်၊ ရောင်းဝယ်သည်ဟု မြန်မာအစိုးရ၏ 
မီဒီယာမှ ထုတ် ပြန်ခဲ့ပြန်သည်။ ကျနော် စစ်ဒေသမှူးကိုယ်တိုင် 
ဖိတ်ခေါ်လိုက်ပါသည်။ ပြည်တွင်းပြည်ပ မီဒီယာ တွေ ပညာရှင်တွေ အာဏာရှင်တွေ 
မည်သူမဆို ဝင်ရောက်လေ့လာကြည့်နိုင်ပါသည်။ ဒါမှ မြန်မာ့ တပ် မတော်သည် 
တိုင်းပြည်လူထု အပေါ် မည်သို့ အနိုင်ကျင့် နှိပ်စက်နေသည် ဆိုတာ ဒိဌ မြင်တွေ့
 ရမှာဖြစ်ပါသည်။
 
 ၅- မြန်မာအစိုးရနှင့် တပ်မတော်သည် 
အပြောနှင့်အလုပ် လုံးဝ မညီပါ။  ငြိမ်းချမ်းရေး လိုလား တယ် ဆိုပြီး 
လက်ကမ်းလာသည့်မြန်မာအစိုးရကို ငြိမ်းချမ်းရေး အမှန် တကယ် လိုလားသည့် 
တိုင်းရင်းသား တိုင်းက သဘောတူခဲ့ကြသည်။ ထို့ကြောင့် အဖွဲ့တိုင်း 
အဖွဲ့တိုင်း အပစ် ရပ်ပြီး ငြိမ်းချမ်းရေးတည် ဆောက်လိုကြသည်။ သို့သော် 
မြန်မာ့တပ်မတော်ကမူ အဆိုပါ အပစ်ရပ်ပြီးသောအဖွဲ့များအား ပြဿနာ ပြန်ရှာ၍ 
ပြန်တိုက်ခိုက်နေ သည်မှာယနေ့တိုင်ဖြစ်ပေသည်။ ဥပမာ KIA ကချင်တပ်မတော်သည် 
မြန်မာတပ်မတော်နှင့် အပစ်ရပ်သဘော တူထား သည်မှာလွန်ခဲ့သည့် ၁၀ နှစ်ကတည်းက 
ပင်ဖြစ်သော်လည်။ နှစ်ဦးနှစ်ဘက်ကြား ယနေ့တိုင် တိုက်ပွဲများ ဆက် 
လက်ဖြစ်ပွါးနေဆဲဖြစ်သည်။ ယခု ၂ နှစ် ၃ နှစ်အတွင်း ဖြစ်ပွါးခဲ့သော 
တိုက်ပွဲကြား အပစ်ရပ်ရေးကို တပြိုင်နက် ဆွေးနွေးခဲ့သည်မှာ ၈ 
ကြိမ်ရှိပြီဖြစ်သော်လည်း ယနေ့တိုင် အပစ်ရပ်ခြင်း သဘောမတူနိုင်သေးပေ။ 
ကချင်တပ်မတော်ဌာနချုပ်လိုင်ဇာနှင့်
 ၃- ၄ ကီလို အကွာရှိ ၎င်းတို့၏ ရှေ့တန်းတပ်စခန်းများကို လုံးဝ 
ဆုတ်ခွါပေးခြင်းမရှိဘဲနှင့်   မြန်မာ့တပ် မတော်ကို ကချင် တပ်မတော်က 
အဘယ်သို့ ယုံကြည်စိတ်ချနိုင်မည်နည်း မဟုတ်ပါလား။ တခြားသော နေရာဒေသ များ 
ကိုလည်း ကြည့်လိုက်ပါ။ မြန်မာ့တပ်မတော်၏ ခေါင်းပုံဖြတ် 
အနိုင်ကျင့်ခြင်းမခံရသည့်ဒေသ ဟူ၍ မရှိပါ။ မြန်မာ့တပ်မတော်နဲ့အပစ်မရပ်တဲ့ 
တိုင်းရင်းသားအဖွဲ့တွေကိုလည်း ပြည်ထောင်စုမှခွဲထွက်လိုတဲ့တပ်ဖွဲ့လို့ ပြောပြန်တယ်။ မြန်မာအစိုးရနဲ့တပ်မတော်ကိုသတိပေးလိုက်ချင်တယ်။
 ပြည်ထောင် စုကြီးကို ဘယ်သူကစတင်တည်ထောင်တာလဲ။ မေ့နေကြပြီလား။ ကျနော်တို့ 
တိုင်းရင်းသားတွေ က ဘဲစတင်တည်ထောင်တာဘဲလေ။ သျှမ်းစော်ဘွား စဝ်ရွှေသိုက် 
ဘဲလေ။ ပြည်ထောင်စုကို အာဏာ သိမ်းလိုက်တာ ကကော် ဘယ်သူလဲ။ 
မြန်မာ့တပ်မတော်ဘဲလေ။ သျှမ်းစော်ဘွားတွေကို ဘယ်သူက ဖမ်းဆီးသတ်ဖြတ်လိုက် 
တာလဲ။ မြန်မာတပ်မတော်ဘဲလေ။ ဒါကြောင့် ပြည်ထောင်စုတိုင်းရင်းသားများ 
စဉ်းစားကြည့်ကြပါ။ မြန်မာ့တပ်မတော်ပြောသလို ပြည်ထောင်စုကိုဖြိုခွဲချင်နေတာ 
တိုင်းရင်းသား တွေ ဘဲ- ဆိုတာ ဟုတ်ပါသလား။
 
 
 စွမ်မိဏ်း
 အမှတ် ၇၀၁ စစ်ဒေသမှူး
 သျှမ်းပြည်မြောက်ပိုင်း