Sunday, January 28, 2024

လီဆူ မျိုးနွယ်တို့သည် မွန်ဂိုလ်လီးယားမှ ဂျိမ်းဖော့စကားပြောသော ဘိုး ဘေးများနှင့်အတူတကွ ပြောဆိုနေထိုင် ဆင်းသက်ခဲ့ကြရာ ဂန်ဆူ၊ ချင်ဟိုင်း၊ လန်ဂျူး၊ ကျင်တူး၊ တန်ရှန်း၊ တိဗက် ဇန်လ် တိုင်းပြည်အထိပင်ဖြစ်သည်။

လီဆူမျိုးနွယ် နှင့် ယော်ရင်စကား မူလဇစ်မြစ် ဘယ်က? ဘယ်လို? ဆင်းသက် ပေါ်ပေါက်လာကြောင်း အကျဉ်း

လီဆူ မျိုးနွယ်တို့သည် မွန်ဂိုလ်လီးယားမှ ဂျိမ်းဖော့စကားပြောသော ဘိုး ဘေးများနှင့်အတူတကွ ပြောဆိုနေထိုင် ဆင်းသက်ခဲ့ကြရာ ဂန်ဆူ၊ ချင်ဟိုင်း၊ လန်ဂျူး၊ ကျင်တူး၊ တန်ရှန်း၊ တိဗက် ဇန်လ် တိုင်းပြည်အထိပင်ဖြစ်သည်။ လီဆူရိုးရာ ထုံးတမ်းဓလေ့တွင် ဂျိမ်းဖော့လူမျိုးများကဲ့သို့ ခမည်ခမက်ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု၊ ညီကိုတော်စပ်မှု စသော ကချင်ရိုးရာ၏ အဓိက မဏ္ဍိုင် သုံးရပ်အားဖြင့် နောက်ခံသမိုင်းကြောင်းမှာ တောင့်တင်းခိုင်မာလာခဲ့ကြသည်။

လီဆူလူမျိုးတို့သည် ကချင်လူမျိုးများအားလုံး၏ ဘိုးဘေး စွမ်ပေါင်ယောင် @ ရှပေါင်ယောင်ဒိန်မာလ်န် ၏ လေးဦးမြောက်သော သားဖြစ်သူ လမွန်တူး မျိုးဆက် အနွယ်ဖြစ်သည်။ လမွန်တူး၏ မျိုးဆက်မှ ဆင်းသက်လာသော လရှူ လထော်၏ မျိုးရိုးစဉ်ဆက်များသည် တိဗက်ပြည် " ဇန်လ်”လူမျိုး အမျိုးသမီးများကို လက်ထပ်ပေါင်းသင်းယူကြရင်း တိဗက်ပြည်၌ နှစ်ပေါင်း ၁၀၀ အထက် နေရစ်ကြလေသည်။

(တချို့သော လီဆူမျိုးးနွယ်များသည် ညီကို မျိုးနွယ်ဖြစ် သော ဂျိမ်းဖော့လူမျိုးများနှင့်အတူ ခရန်ခူးမဂျွယ် မှစ ကြိုင်ခူးမဂျွယ် ယနေ့ ကချင်ပြည်နယ် မြောက်ပိုင်းအထိ ဆင်းသက် နေထိုင်လျက်ရှိသည်။ ဤဒေသရှိ လီဆူများကို ဂျိမ်းဖော့-ကချင်လူမျိုး၏ အနွယ်ဝင်  မျိုးနွယ်စု တစ်ရပ်အဖြစ် အသိအမှတ်ပြုထားသည်။)

လီဆူမျိုးနွယ်တို့၏ ကနဦး ဘိုးဘေး၏ အမည်မှာ မိတုန် လဆန် ဂမ် ဆိုသည်ဖြစ်သည်။ လီဆူ ယော်ရင် အနွယ်များအားလုံးသည် ဤမှ ဆင်းသက် ပြန့်ပွားလာသော မျိုးဆက်များပင် ဖြစ်ပါသည်။

လီဆူမျိုးနွယ်တို့မှာ မူကူးဒီ (ခေါ်) မွန်ဂိုလီးယားကုန်းမြင့်ဒေသ တွင် နေထိုင်ခဲ့သူများဖြစ်ကြသည်။

နှစ် ပေါင်း ၁၀၀ အထက် ကြာညောင်းလေသော နှစ်ကာလများတွင် ၁၉ ရာစု ခေတ်နှောင်းတွင် ကချင်အမည်ဖြင့် ကမ္ဘာ့လူမျိုးစုများအနက် တည်လတံ့သော ဘီစီခေတ် အခေါ် ဂျိမ်းဖော့ လူမျိုးစဉ်ဆက်များမှာ တိဗက်မြေကို လွန်၍ ယနေ့ ဟိမဝန္တာ တောင်တန်း ကချင်စကားအခေါ် မဂျွယ်ရှိန်ရာ မှ ခရန်ခူ မဂျွယ် ဒေသသို့ ဆင်းသက်မှီ တင်းနေ ထိုင်ကြနင့် ပြီဖြစ်သည်။

 (မဂျွယ်= ဗဟိုချပ်ချာကျသော၊ ရှိန်ရာ= ဒေသ၊ ထိုသို့ညွှန်းဆိုရသည့်အကြောင်းမှာ တိဗက်ပြည်၊ တရုတ်ပြည်၊ အန္ဒိယပြည် တို့၏ နယ်နိမိတ်ဆုံရာဒေသ ဖြစ်သောကြောင့် သုံးနိုင်ငံ၏ ဗဟိုချက်ချာတောင်တန်းဒေသ ဖြစ်သောကြောင့်ပင်ဖြစ်သည်။ )

လီဆူယော်ရင် ဘာသာစကားသည် တိဗက်အနွယ် ဇန်လ်ဆူ လူမျိုးတို့၏ ဘာသာစကားကို နှောသောစကားဖြစ်ပြီး လီဆူယဉ်ကျေးမှုသည်လည်း ဇန်လ်ဆူ လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် နှီးနှောသွားရပြန်လေသည်။

လီဆူဘာသာစကားသည် မွန်ဂိုလ် စကား၊ တိဗက်စကား၊ ဂျိမ်းဖော့စကား စသော ဤဘာသာစကား သုံးမျိုးစလုံးကို ရောနှောပြောဆိုကြသော ဘာသာစကားပင်ဖြစ်လေသည်။ ဤဘာသာစကားသုံးမျိုး၏ မူလရင်းဖြစ်စကားမှာ မွန်ဂိုလ် စကားပင်ဖြစ်ပါသည်။

တိဗက် ဇာန်လ်ဆူ လူမျိုးများသည် လီဆူများကို " ကျော်ဖာ့" Chyaw Hpa" ဟုခေါ်ဝေါ်ကြသည်။ " ကျော်ဖာ့" ၏အဓိပ္ပါယ်မှာ ဂျိမ်းဖော့ ဟု ရည်ညွှန်း၍ ခေါ်သောအမည်ဖြစ်သည်။ တိဗက်လေယူလေသိမ်းဖြင့် Jinghpo ဟုခေါ်ရာ လေသံဝဲသဖြင့် Chyaw Hpa ဟုအသံထွက်ရာမှ ထိုကဲ့သို့အမည်တွင်လာရခြင်းဖြစ်သည်။ ထို့ကြောင့် ယခုခေတ် လီဆူဟုခေါ်သော မျိုးနွယ်တို့သည် ကနဦး၌ ဂျိမ်းဖော့စင်စစ်ဖြစ်လင့်ကစား နောင်တွင် တိဗက် ဇာန်လ်ဆူ အမျိုးသမီးများကို လက်ထပပေါင်းသင်းကြရာ ဇာန်လ်ဆူစကားကို အသားပေး ရောနှောပြောဆိုရင်း လီဆူ အနွယ်ဘာသာစကားတစ်ရပ် ကွဲပြား ခွဲထွက်လာသော လီဆူမျိုးနွယ် ဘာသာစကား ဖြစ်လာတော့သည်။

လီဆူ ယော်ရင် တို့၏ အမျိုးသမီး ဝတ်စားဆင်ယင်မှုသည် မွန်ဂိုလ်နန်းတွင်း တော်ဝင်အမျိုးသမီးတို့၏ အဆင်အယင်ဖြစ်၍ ယနေ့တိုင် ဝတ်ဆင်နေကြဆဲပင် ဖြစ်ကြောင်း သိမြင်နိုင်ပါသည်။ တိဗက် ဝတ်စားဆင်ယင်မှု နှင့် မွန်ဂိုလ် ဝတ်စားဆင်ယင်မှု သည်လည်း ယနေ့တိုင်း တူညီနေဆဲဖြစ်သည် မဟုတ်လော?

လီဆူမျိုးနွယ်တို့သည် တိဗက် ဇန်လ်တိုင်းပြည်၌ နှစ်ပေါင်း ၁၀၀ အထက် ကျန်နေရစ်သော သကာလ အတူတကွဆင်းသက်လာသော မျိုးနွယ်တူ ညီကို များနှင့် ခွဲခွာကျန်ရစ်နေသည် သာမက ဇန်လ် အမျိုးသမီးများကို လက်ထပ်ပေါင်းသင်းယူကြသော်လည်း တိဗက်တိုင်းပြည်တွင် လီဆူမျိုးနွယ်တို့အား နယ်မြေ ခွဲဝေ သတ်မှတ်ပေးခြင်း မရှိသဖြင့် မျိုးနွယ်တူ ညီကိုများရှိရာ ခရန်ခူးမဂျွယ်၊ ကြိုင်ခူးမဂျွယ် ဒေသဘက်သို့ မဟုတ်ဘဲ  နောင်တွေင် ယနေ့အခေါ် သံလွင်မြစ်ကျောတလျှောက်ရှိ ကျောက်တန်း ကျောက်ဂူများဆီသို့သာ ပြောင်းရွှေ့ဆင်းသက်နေထိုင်လာကြပြန်လေသည်။

နောင်တွင် ကိုလိုနီခေတ် နှင့် တရုတ်ပြည် လွပ်လပ်ရေးရပြီး မော်စီတုန်း ခေတ်များတွင် ထိုတချိန်က တချို့လူမျိုးနွယ်များကို တရုတ်ပြည်ရှိ ဌာနေ လူမျိုးစုများအဖြစ် အသိအမှတ်မပြုနိုင်သေးသော လူမျိုးအများအပြားကို နိုင်ငံမှ နှင်ထုတ်လေရာ တိဗက် ဇန်လ် ဒေသမှ တရုတ်ပြည်သို့ ခြေဆန့်သွားသော လီဆူမျိုးနွယ်တို့မှာ သံလွင်မြစ်ကို ဖြတ်၍ ရှမ်းပြည်နယ်မြောက်ပိုင်း မှ ယနေ့ မိုးကုတ်ဒေသအထိ သော်လည်းကောင်း ပြောင်းရွှေ့ခဲ့ကြသည်။

သံလွင်မြစ်ကို ဖြတ်၍ ရှမ်းပြည်နယ်မြောက်ပိုင်း မှ ဝင်ရောက်လာသော လီဆူမျိုးနွယ်များကို တရားမဝင် နယ်ကျွံ (ရန်ကုန် မန္တလေး အခေါ် ကျူးကျော်) ခဲ့ကြသူများအဖြစ်သာ ထိုတချိန်က ပြည်ထောင်စု အစိုးရမှ သတ်မှတ်ခဲ့သဖြင့် မြန်မာနိုင်ငံ အမျိုးသား မှတ်ပုံတင် မပေးသေး။ န်ိုင်ငံသား အဖြစ် အသိအမှတ်မပြု သေးပေ။

အချို့သော လီဆူမျိုးနွယ်များသည် ယနေ့ လိုင်ဇာ ဆမား တောင်တန်း၊ လွယ်ဂျယ် ဂေါ်ရီတောင်တန်းများကို ကျော်လွန်ကာ ရောက်ရှိလာကြတော့သည်။ ထိုကာလသည် ကချင်ပြည်နယ်ကောင်စီ ဥက္ကဌ ဆမားဒူဝါ ဆင်ဝါးနောင် နှင့် ကချင်အမျိုးသား ခေါင်းဆောင် ဒူဝါ ဇန်းထားဇင်တို့ခေတ်ဖြစ်သည်။ တရုတ်ပြည်မှ နယ်ကျွံလာသော လီဆူမျိုးနွယ်များကို ကချင်ပြည်နယ်တွင် ပြန်လည်နေရာချထားရေးအတွက် စီမံကိန်းကို ကချင်ပြည်နယ်ကောင်စီ အစိုးရ၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စု လွတ်တော်၌ တင်သွင်းရာတွင် ပြည်ထောင်စု ဌာနေ တိုင်းရင်းသားလူမျိုး အဖြစ် အသိအမှတ်မပြုနိုင်သော တရုတ်ပြည်တွင်းမှ နယ်ကျွံ လီဆူမျိုးနွယ် စစ်ရှောင် ဒုက္ခသည်များကို လက်မခံနိုင်ကြောင်း ဆွေးနွေးကြလေတော့သည်။

ထိုအခါ ဆမားဒူဝါ ဆင်ဝါးနောင် နှင့် ကချင်အမျိုးသား ခေါင်းဆောင် ဒူဝါ ဇန်းထားဇင် တို့နှစ်ဦး၏ တင်သွင်းချေပ ချက်မှာ လီဆူ နှင့် ကချင်တို့၏ ဘိုးဘေးများသည် ညီအစ်ကိုဖြစ်ကြပြီး ဆင်းသက်ရာ ပထဝီဝင် လမ်းကြောင်းအရ ယနေ့ တရုတ်ပြည်ဘက်သို့ ခြေလွန်သွားသူများသာ ဖြစ်ကြောင်း၊ ကချင် လူမျိုး၊ မျိုးနွယ်စုအတွင်း လီဆူမျိုးနွယ်သည်လည်း မျိုးနွယ်တစ်ရပ် အဖြစ် အပါအဝင်ဖြစ်ကြောင်း၊ ကချင်ပြည်နယ် မြောက်ဖျားတွင် တရုတ်ပြည်ဘက်သို့ ခြေမကျွံသော လီဆူမျိုးနွယ်များ ကချင်လူမျိုး များနှင့် ယနေ့တိုင် နှစ်ပေါင်းကာလ များစွာကပင် အတူတကွ နေထိုင်လျက်ရှိကြောင်း တင်ပြ စည်းရုံးနိုင်ခဲ့သဖြင့် တရုတ်ပြည် မှ ထွက်ပြေးလာသော လီဆူများကို ၁၉၅၄ အောက်တိုဘာလ ၁၇ တွင် အသိအမှတ်ပြု၍ ယနေ့ ဆဒုံး၊ ဝါးရှောင်၊ ဝိုင်းမော်၊ မန်ခိန်း စသော ဧရာဝတီမြစ်နဘေးတစ်လျှောက် ပြည်ထောင်စု ဘတ်ဂျက်ဖြင့် ပြန်လည်နေရာချထား စီမံပေးခဲ့ကြလေတော့သည်။

ဤဖြစ်စဉ်၏  နောက်ပိုင်းမှသာ လီဆူမျိုးနွယ်တို့ကို မြန်မာနိုင်ငံသား မှတ်ပုံတင်၌ လူမျိုးနေရာတွင် ကချင် ဟုအသိအမှတ်ပြုကာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခဲ့ရခြင်းပင်ဖြစ်သည်။

ဤသို့သော ကချင်ပြည်နယ် အမျိုးသား ခေါင်းဆောင် နှစ်ဦး၏ လိမ္မာပါးနပ်သော အဆိုကြောင့်သာလျှင် ယနေ့ ကချင်ပြည်နယ် အဝန်း လီဆူမျိုးနွယ်များ ပြန်လည် တိုးပွားလာကြသည်သာ အမှန်ဖြစ်ပေသည်။ ဤသို့မဟုတ်ရာ လီဆူမျိုးနွယ် များ ကချင်ပြည်နယ်တွင် အိမ်ထောင်စု လူဦးရေ ၁သာင်း မှ ၃သာင်း အဝန်းထက်ပို မရှိနိုင်ကြောင်း စာရေးသူမှ တွက်ဆ ခန့်မှန်းမိပါသည်။

ဂျိမ်းဖော့ အမည်နာမသည် ဘီစီ ၂၀၀၀-၁၅၀၀ဘီစီ ဝန်းကျင်ကြားကာလမှ တွင်လေခဲ့ပြီဖြစ်၍ ကချင် အမည်နာမသည် အေဒီ ၁၉ ရာစု ခေတ်နှောင်းတွင် အင်္ဂလိပ်တို့၏ ဂျာနယ်လ်လစ် စာမျက်နှာမှ ကမ္ဘ့ာသမိုင်းစာမျက်နှာအထိ တဖြေးဖြေး ထင်ရှားလာသော အမည်ဖြစ်သည်။

အဘယ်ကြောင့် လီဆူမျိုးနွယ်တို့အား ယော်ရင် ဟု ခေါ်ဝေါ်ကြလေသနည်း? ✍

တိဗက် ဇန်လ်ဆူလူမျိုးမှ ဇန်လ်ဆူ အမျိုးသမီး များကို လက်ထပ်ယူကြရာ ညီကိုမျိုးနွယ်များ ခရန်ခူးမဂျွယ် ဆီသို့ရွေ့ပြောင်းသက်ဆင်းကြလေရာတွင် အတူတကွ လိုက်ပါလိုခြင်း မရှိတော့သော (လီဆူ အမည်ရမျိုးနွယ်) တို့သည် တိဗက်ပြည် တွင်ရေရစ်ကြလေသည်။ ထို၌ ကချင်လူမျိုးများ၏ ယဉ်ကျေးမှု မဏ္ဍိုလ်တရပ်ဖြစ်သော( Kahpu Kanau jahkurm. mayu dama jahkrum ai) တစ်နှစ်လျှင် တကြိမ် ညီအစ်ကိုအိမ်သားများ၊ ခမည်းခမက် တော်စပ်ကြသူများ မှ အငယ်များသည် အကြီးများဆီသို့ shat makun lit ရှဒ်မကွန်းလစ် (ယဉ်ကျေးမှု အစဉ်အလာရှိသည်အတိုင်စ တွေ့ဆုံသည်။ ကောင်းကြီးခံယူရန် ရိုသေလေးစား အမှတ်ရလျက်ရှိကြောင်းဖော်ပြသည်၊ အနေဝေးသော်လည်း သွေးမအေးသွားစေရန်ဖြစ်သည်။) ဖြင့် သွားရောက် တွေ့ဆုံကြသည်။

ညီကိုသွေးချင်း မျိုးနွယ်များနှင့်အတူ ခရန်ခူးမဂျွယ် သို့ အတူဆင်းသက်သွားကြသော ဇာန်လ်ဆူ သွေးနှော ဂျိမ်းဖော့ မိသားစု များသည် တိဗက်ပြည်၌ နေရစ်သော အကိုကြီး လရှူ လထော် အား အစဉ်အလာ ရှိသည်တိုင်း တစ်နှစ် တကြိမ် နှစ်တိုင်းနှစ်တိုင်း သွားရောက် တွေ့ဆုံကြလေရာ အကိုကြီး ဖြစ်သူ လရှူလထော် မှ ညီငယ်အား Ma Yaw - Yaw Yin Wa ဟုခေါ်ရာမှ နောင်တွင် လီဆူများကို ယော်ရင် ဟု အမည်တွင်ခဲ့ရခြင်းဖြစ်ပေသည်။) ယော်ရင် ၏ အနက်မှာ ယော်သည် အငယ်ဆုံးသောညီအား ခေါ်ဝေါ်သော ကင်ပွန်းဖြစ်သည်။ ရင် ၏အဓိပ္ပါယ်မှာ ပြန်လည်သည် (သို့) ပြန်လှည့်သည် (or) သမင်လည်ပြန် အမှတ်တရရှိသည်ကို ( ဂရင်ဝါအိုင် gayin wa ai) ပြန်လှည့်လာသည် ဟုပြောဆိုသည်။ 

 အစ်ကို လရှူ လထော် နှင့် ဒေသခွဲသွားသော်လည်း အကိုဆီသို့ ပြန်လည် နှုတ်ဆက်တတ်သော (ဗမာအခေါ် ကန်တော့သည်) ညီငယ် ဟုခေါ်သော် ယော်ရင် ဟုခေါ်ကာ သူ၏ညီငယ်အား ခေါ်သော နာမည်ဖြစ်သည်။

(နောင်တွင် ဤမျိုးနွယ်ကို ဇာန်လ်အမျိုးသမီးများကို လက်ထပ်ယူကြသူများကို အစွဲပြု၍ လီဆူ ဟုခေါ်လာကြခြင်းဖြစ်သည်။ လီဆူ နာမသည် ဇန်လ်ဆူ မှ သန္ဓေတည် ဆင်းသက်လာသော အမည်ဖြစ်သည်။ ဤ လီဆူမျိုးနွယ် တို့ကို အကိုကြီးဆီသို့ သွားရောက်တတ်သော အစဉ်အလာရှိသည်အတိုင်း လိမ္မာယဉ်ကျေးသော သိတတ်သော ညီငယ် အဖြစ် ဂရုဏာသက်သော (ချစ်စနိုးအမည် nickname ဖြစ်သည်) အမည်ဖြစ်သည်။

 ယော်ရင် 👉 ကဖူဝါ ဖန်လ်ဒဲ့ ရှဒ်မကွန်းလစ် ထဲ့ရောင် ကျေဂရင် ခုံးဂါးကျေအိုင် မာယော်

Kahpu wa hpang de shat makun lit hte rau chye gayin hkungga chye ai Ma Yaw Wa....Yaw Yi Wa ngu shaga shamying hkrat wa ai shakawn mying re.

လီဆူများ ယော်ရင် နာမည် မကြိုက်ကြတဲ့ တခြား အကြာင်းအရင်း ရှိရင် တိုက်ရိုက်ပြောခဲ့နိုင်ပါသည်။
ဤမျှ ကြင်နာသက်ရောက်သော ကင်ပွန်းကို မကြိုက်ရမည့် အကြောက်းအရင်း တခြားရှိလေလျှင် ထိုအကြောင်းမှာ အမှန် မဟုတ်ဘဲ ကျေးလက်ဓလေ့ ကြီးနိုင်ငယ်ညှင်း နှိမ်ချ ချင်၍ ကြံဖန် ပြောဆိုသော စကားသာလျှင် ဖြစ်ပေလိမ့်မည်။

အထက်ဖော်ပြပါ အကြောင်းအရာများသည် မှန်ကန် ညီညွတ်သော သမိုင်းဝင် ဖြစ်စဉ်ကို ဖော်ညွန်းရခြင်းဖြင့် ညီကိုသွေးရင်း အချင်းချင်း အပြန်အလှန် သဘေထား ညီညွတ်စွာ ဥမကွဲ သိုက်မပျက် ရလေအောင် လူမျိုးတစ်ရပ်၏ စောင့်ထိန်း ကာကွယ် စောင့်ရှောက်အပ်သော အမွေအနှစ်ဂုဏ်သိက္ခာကို မြတ်နိုး တန်ဖိုးထားကြစေရန် ရည်သန်ပါသည်။

အမျိုးသားခေါင်းဆောင်ပင် ဖြစ်ပေသော်ငြားလည်း ပုဂ္ဂုလ်ရေးနောက် တဇွတ်ကန်း မလျှောက်ဘဲ အမျိုးဂုဏ်သိက္ခာအလို့ဌါ စောင့်ထိန်းကာကွယ်အပ်သော တာဝန်သည် မျိုးနွယ်တိုင်းတွင် တာဝန်ရှိပေသည် မဟုတ်လော။ ဤသည်မှာ ဝတ္တရားသာလျှင် မဟုတ်၊ သမိုင်းပေး တာဝန်စင်စစ်ပင်ဖြစ်နေတော့ကြောင်းကို ရေးသား  ဖော်ပါအပ်ပါသည်။

Ref. 
#Root History of China
#Root History of Jinghpo
#Encyclopedia of China History 
#အများကြီးမဖော်ပြချင်😊 စိတ်ဝင်စားသူများ အမှန်တရားသိနိင်ရန် ဆက်လက်ကြိုးစား ရှာဖွေစေချင်ပါသည်။

#Photos - Google
Copy ယူပါက post ကိုပါ တစ်ပါတည်း ထည့်ပေးကြပါ။ 

Grau nna gaw Anhte Jinghpaw Wunpawng amyusha ni Copy post la nna, #Credit ni... #Link ni gaw n kam shalawm rai galaw law rai ma ai😥

#KRL hpe jawm pawn pa madi shadaw ya ai hku na share tik tik galaw ya marit 🙏
 
#KachinResearchLibrary 🏢
#Kachin Research Library

ပုံတွေမှာတော့ တိဗက်ပြည်က ဝတ်စားဆင်ယင်မှု အများဆုံးဖော်ညွှန်းလိုက်သည်။ လီဆူ ဝတ်စားဆင်ယင်မှု နှင့် တစ်ထပ်တည်း ဖြစ်တာကြောင့် လီဆူ ဝတ်စုံ ဆိုတာ သပ်သပ်မရှိပါဘူး။ ဆိုတော့အားဖြင့် နောက်ဆုံးပုံကိုပဲ လီဆူဝတ်စုံအမှန်ဖြစ်ကြောင်း အချေအတင် မတင်မကျ မငြင်းချင်ကြလေနှင့်။ 
📌
နိုင်ငံတော် အစိုးရ ကျောင်းမှာ သင်ပေးတဲ့ နိုင်ငံသုံး ဘာသာစကား မြန်မာလို ရေးသားဖော်ပြထားသည်ကိုပင် စကားလုံး ဝေါဟာရ အနက် နားလည်အောင် ဖတ်ပြီးမှ ကွဲလွှဲတဲ့ ခံယူချက်များ comments ရေးကြပါ။ စာကြောင်းကို ကျေအောင်အရင် မဖတ်ပဲ ရေးချင်တာဘဲ လျှောက်မရေးစေချင်ဘူး။ reply ပြန်ရှင်ပေးနေရတာ အချိန်ပန်းပါသည်။
📌
အချို့သော comments များအရ ပြန်လည်ဖြည့်စွပ်သည်။

ကမ္ဘာ့ မဟာ လွှမ်းမိုးမှု ကြီးမားသော စာအုပ်တစ်အုပ်ကို လက်ဆောင်အနေနဲ့ Ref. ထည့်ညွှန်းပေးလိုက်တာကိုတောင် အရင် မဖတ်ပဲ လိုလိုမယ်မယ် မရှိမဖြစ် ထုတ်ဝေထားရတဲ့ စာအုပ်တွေကို အားပြုပြီး ထုချေ ငြင်းဆိုကြလေသည်။ 
ထုချေ ငြင်းဆိုပိုင်ခွင့်ရှိပါသည်။ သို့သော်လည်း အချက်အလက် နှင့် အချေအတင်လုပ်ကာမှ တော်ရာကျပေမည်။ 
သို့သော် စာအုပ် စာပေ တိုင်းကို KRL မှ အင်မတန် တန်ဖိုးထားလျက် မြတ်နိုးဦးပန်ပါသည်။

တော်တန်ရုံ Ref. ညွှန်းရမည်ကို ဘဝင်မခိုက်။ အကြောင်းမှာ Facebook page သည် www.webpage များကဲ့သို့ မူပိုင် ရေးသားချက်များကို ကြပ်မတ် စစ်စ်ိပေးခြင်းမှ မရှိသေး။ webpage များတွင်ဆိုလျင် မူပိုင် အချက်အလက် ရေးသားဖော်ပြချက်များကို ကြပ်မတ်ပေးသောကြောင့် စေတနာ အကြောင်းအကျိုး မယုတ်လျော့။ fb.Page တွင်မူ မွန်မြန်လှသော Ref. များက်ို Copy ယူလို့ယူ။ စာမူများကို စုဆောင်းပြီး ထုတ်ဝေ ရောင်းစားလို့ ရောင်းစား။ စီးပွားရေး သမား၊ လက်သည်များကို ပံ့ပိုးရာပင် ဖြစ်ပေမည် မဟုတ်နည်း?

ထို့ကြောင့် စာရှုမိတ်ဆွေများကို သမိုင်းကြောင်းဆိုင်ရာ အရေးအသားများကို ဝေမျှ ဖော်ညွှန်း ရေးသားရလေခြင်းသာ အဓိက လုပ်ဆောင်ချက် ဖြစ်၍ ။ လက်ခံမည်။ ငြင်းဆိုမည် စသည်များသည် လူတိုင်း လူတိုင်း၏ အကျိုးဆက်သာလျှင် ဖြစ်ပေဖြစ်ကြောင်း ထပ်မံ ဖြည့်စွပ်ရေးသားလိုက်ပါသည်။

အများအားဖြင့် ၂၁ ရာစု ခေတ်သစ် လူငယ်များ Brainwash ကြောင့် အမှန်တရားကို လိုက်စားကြရန် တုံ့နှေးမနေစေချင်ကြောင်း ရှာဖွေ လေ့လာ မှု၌ အားသွန် ခွန်စိုက် ကြရန်လိုအပ်ချိန် ကျသင့်ပြီဖြစ်ကြောင်း နှိုးဆော်လိုက်ပါသည်။ 

စာများများ ဖတ်တာထက် စာအုပ်များများ ဖတ်တာက သင့်အား ပို၍ ထက်မြတ် (အမှန်တရားကို သိမြင်) စေနိုင်ပါမည်။
https://drive.google.com/uc?export=view&id=1mj_8woTJhRf7jo-SatLPGZ3upvmCTRtshttps://drive.google.com/uc?export=view&id=1855oXyogyQ8yA4ysnUaltRRXENO-qsXAhttps://drive.google.com/uc?export=view&id=17lhOfJXyOdpiNqB26qNDO3t9SrgNDdQ9
#KachinResearchLibrary 🏢
#Like #Share #Follow
Crd.
Copy.
Jidwi Tangbau.