Wednesday, April 22, 2020

North East India – the Singpho Tribe, the State of Assam, Incredible India!


https://jungleideas.wordpress.com/category/tribes-of-assam-and-north-east-india/page/2/

Read more »

Jingpho Traditional Attire & (Kachin )Traditional Costumes

 The ornaments of a Jinghpaw or Kachin Woman.
 Kachin tribe : depicition from 1900s.
 Kachin Warrior's sword
 Kachin warrior's hat
 Kachin Rida Maka details
 A Kachin Maiden.
 A Kachin Married Woman with a traditional basket.
The Kachin sword has a silver covered grip and scabbard, 19th century. The sword is 95.7 cm long.

Read more »

Rida Maka Jingpho Interview

Read more »

Jingpho (Kachin ) Traditional Attire









Read more »

Kachin Manau ( မနောတိုင်) ၏အဓိပ္ပာယ် Jinghpo Manau a lam


မနောတိုင်မြင်တွေ့သူတိုင်း ကချင်လူမျိုးများ၏အမှတ်လက္ခာဏအဖြစ်မြင်တွေ့သလို ကချင်လူမျိုးများဟုသိမြင်ကြသည်။ သို့သော် မနောတိုင်၌အသုံးပြုထားသော " အရောင်အဆင်း ( colour) နှင့် မနောတိုင်၌ပါရှိသော “ Maka” ရုပ်ပုံများ၏အဓိပ္ပာယ်ကိုမှု သိရှိသူ အင်မတန်နည်းကြောင်း ယနေ့အချိန်၌တွေ့မြင်နေရသည်။ ရှေးယခင်က မနောတိုင်တွင် အရောင်အဆင်း(colour) ၄ မျိုးသားအသုံးပြုခဲ့ကြောင်းလေ့လာတွေ့မြင်နေရသော်လည်း ၊ ယနေ့အချိန်တွင် မိမိစိတ်တိုင်းကျ မနောတိုင်များတွင် အရောင်အဆင်း( colour) မျိုးစုံအသုံးပြုနေကြောင်း လေ့လာတွေ့မြင်နေရပါသည်။
ထိုသို့ဖြစ်ပေါ်လာခြင်းမှာ မိမိတို့၏ရိုးရာမနောတိုင်မှ အရောင်အဆင်း ( colour) ၏အနက်အဓိပ္ပာယ်ကို မသိရှိနားမလည်ကာ ပပျောက်လာသောအမှတ်လက္ခာဏာတစ်ရပ်အဖြစ်တွေ့မြင်လာရသည်။ တန်ဖိုးထားမှု့သည်လည်း လျော့နည်းလာကြောင်းဖော်ပြနေသည်။
မနောတိုင်တွင်ရှေးယခင်ကအသုံးပြုသော " အရောင်အဆင်း( colour) များမှာ အနက် ( black) , အနီ( Red) , အဖြူ ( White) , အဝါ ( Yellow) , ၄မျိုးသာ အသုံးပြုခဲ့ကြကြောင်းတွေ့မြင်ရသည် ။
အနက် (Black) ၏ အဓိပ္ပာယ်မှာ ဦးခေါင်းနှင့်ဆံပင်ကိုကိုယ်စားပြုသည်၊ အနီ( Red ) သည် သွေးကိုကိုယ်စားပြုသည်၊ အဖြူ ( White) သည် အရိုးကိုကိုယ်စားပြုသည် ၊ အဝါ ( Yellow) သည် ကြွက်သားနှင့်သန်မာမှု့ကိုကိုယ်စားပြုသည်။ မနောတိုင်သည်လူ၏ခန္တာကိုကိုယ်စားပြုသလို၊မိမိတို့ကချင်လူမျိုစုများကိုလည်းကိုယ်စားပြုသည်။
မနောတိုင်တွင်ပါရှိသော ရုပ်ပုံများ( Maka ) သည် မိမိတို့ဘိုးဘွားများဆင်းသက်လာသော နေရာဒေသနဲ့ရောက်ရှိကျင်လည်ခဲ့သောနေရာများကို ကိုယ်စာပြုရေးဆွဲထားခြင်းဖြစ်သလို ၊စည်းလုံးခြင်း၊ရဲရင့်ခြင်း၊နက္ခဂန္တဝင် နက္ခဗေဒ၊သမိုင်းနှင့် ဒဏာရီများအပါအဝင် ၊ပိုမိုရှုပ်ထွေးသောထုံးတမ်းစဉ်လာအချက်အလက်နှင့် ရုပ်ကြွများ၏ စာအုပ်မှတ်တမ်းအသွင်အပြင်အဖြစ် မှတ်တမ်းတင်ထားခဲ့သည်။
မနောအကသည် ဌက်များ၏ကပြသောကကွက်မှဖြစ်ပေါ်လာခြင်းလုံးဝမဟုတ်ပါ၊ ပါးစပ်ပုံပြင်သက်သက်သာဖြစ်သည်။ မနောကကွက်သည် မိမိတို့ဘိုးဘွားများရေးဆွဲခဲ့သော (Maka) မှဖြစ်ကြောင်းသက်သေနှင့်ပုံနှင့်တကွဖော်ပြလိုက်သည်။
မနောကချိန်၌ “ Ora Ora Ora Ora “ ဟု ဟစ်အော်ကြွေးကြော်ခြင်းသည် ကျွနုပ်တို့လူမျိုးများအပေါ် " အောင်မြင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ကျန်မာခြင်း၊ ချမ်သာခြင်း၊ ကံကောင်းခြင်း၊ ပျော်ရွင်၍ကြီးပွားတိုးတက်ခြင်းနှင့်ပြည့်ဝပါစေဟူသော ရည်ရွယ်ချက်ဖြင့် “” Ora Ora Ora Ora “ ဟု မနောကချိန်၌ဟစ်အော်ခြင်းဖြစ်ကြောင်း မနောကရခြင်းအဓိပ္ပာယ်ကို ဖော်ပြပေးလိုက်ပါသည်။

By C B Aung Facebook







Read more »

Friday, March 6, 2020

Map of Upper Burma( showing )Distribution of Principal race ( Non Burman )



Read more »

Friday, February 14, 2020

Map: Peoples of South Asia Kachin ( Singpho,Jinghpaw)

https://joshuaproject.net/people_groups/12401/BM

Read more »

Wednesday, February 12, 2020

Shanglawt tai ra ai,Mungdan lu ra ai ngu gaw jaw teng ai lam re.

Shanglawt Dau hka a shanglawt masa Part (1) Shanglawt Dau hka a shanglawt masa Part (2)

Read more »

Tuesday, January 28, 2020


Read more »

KNO Ting nyang up Duwa Howa Jala a hkum tsawm moi mang makoi mayang ai lamang hta dusa ai dat kasa ni shakram mung ga hti tsun dan nga yang.

 Jan-11-2020,San franciso California

 KNO-USA Lit hkam ningbaw Slg nda yu Sut nau kawn hkung ga jaw mung ga tsun ai lam
https://www.facebook.com/312394235585950/videos/610301576394503/?t=14https://www.facebook.com/312394235585950/videos/610301576394503/?t=14
 
Slg Bawm wang Jadan li kaw nna Jacksonville JKBC,KABA a gawng malai shakram mung ga htintsun dan ai lam
https://www.facebook.com/312394235585950/videos/469936637051711/?t=13
https://www.facebook.com/312394235585950/videos/1004789243239095/?t=40

Slg Nsang Gumsan kawn Kachin Alliance,Wunpawng mungdan shang lawt asuya a gawng malai shakram mung ga hti tsun dan sai,
https://www.facebook.com/312394235585950/videos/586311928823368/ 
 Dusa ai ni hkung ga jaw
link 1
https://www.facebook.com/312394235585950/videos/2911545822228921/
https://www.facebook.com/312394235585950/videos/2535737310020038/
https://www.facebook.com/312394235585950/videos/481662562735188/

Read more »

Thursday, July 18, 2019

Building a relationship for networking at Ministerial Conference at Department of State

July 16-17-2019 Washigton DC
By-Ning Gawn Mungmasa page
https://www.facebook.com/ninggawn/posts/1232504493576486
Myu sha yawng a gawng malai tai ya ai Ning baw ning la sara /sara num ni yawng hpe hkung ga mai nga ai.
Makam nbung, masa nbung, u hpung u hpawng nbung tim
Ahkyak ai ten ya na zawn rai hkrum lu ai gaw Kabu hpa kumla kaja re.
Nbung ai hpe bung hkra mung shakut yu ga law.
Nkau mi gaw bung taw sai hpe n bung hkra,ga garan hkra shakut ma ai re.
Yawng rau ngu hpe galoi mung jawm shakut yang awng dang lam de rai wa sai.

Religion Freedom zahpawng 
US state department kaw sadu lawm ai 
Kachin Allince(KA)
Kachin National Organisation(KNO ),Kachin Baptist Convention (KBC)na 
Ningbaw hpa awn ni yawng hpe an hte Mung shawa hku na yu n gun lu ai.
Kabu Madi shadaw nga ga ai law..


 Right to Left- : Dr.Layang seng Ja, Sara Langjaw Gam Seng, Slg Nsang Gumsan, Rev .Dr. Hka Lam Sam Sun, Slg Ndayu Sut Nau,yuYu Sut Nau


Read more »

သမ္မတ Trump နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ဘာသာရေးနှိပ်ကွပ်ခံရသူတွေထဲ မြန်မာနိုင်ငံက ၄ဦး ပါဝင်

https://burmese.voanews.com/a/president-trump-met-27-survivors-of-religius-persecution-in-17-different-countries/5005158.html?fbclid=IwAR2NNjWjAEkLg1eJ84rXuq0kJrXYWPO9n6Pi1peqjR2NJPko35EOOP4ezt8

နိုင်ငံပေါင်း ၁၇ နိုင်ငံက ဘာသာရေးနှိပ်ကွပ်မှုကနေ ထွက်ပြေးလွတ်မြောက်လာ ကြသူပေါင်း ၂၇ ဦးကို အမေရိကန်သမ္မတ Donald Trump က အိမ်ဖြူတော်မှာ ဗုဒ္ဓဟူးနေ့က ဖိတ်ခေါ် တွေ့ဆုံခဲ့ပါတယ်။
အဲဒီထဲမှာ မြန်မာနိုင်ငံက လေးဦးလည်း ပါဝင်ပြီး မြန်မာစစ်တပ်အနေနဲ့ ဘာသာရေးအရ ခွဲခြား ဖိနှိပ်မှုတွေကို ဆက်လက် ကျူးလွန်နေကြောင်း အမေရိကန်သမ္မတ Trump ကို တင်ပြခဲ့ကြပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး ပြောပြမှာပါ။
အမေရိကန်နိုင်ငံခြားရေးဌာနက ဦးစီးပြီး ၀ါရှင်တန်ဒီစီမှာ ဇူလိုင်လ ၁၆-၁၈ ရက်နေ့ ထိသုံးရက်ကြာ ကျင်းပနေတဲ့ ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေးဆိုင်ရာ ဒုတိယအကြိမ် နိုင်ငံတကာ ၀န်ကြီးများအဆင့် အစည်းအဝေးရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၇ နိုင်ငံက ဘာသာရေးဖိနှိပ်ခံရမှုမှာ ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရသူပေါင်း ၂၇ ဦးကို မနေ့ ဗုဒ္ဓဟူးနေ့က သမ္မတ Donald Trump က အိမ်ဖြူတော်ကို ဖိတ်ခေါ် တွေ့ဆုံခဲ့ပါတယ်။
အခုလို တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ သမ္မ Trump က- ကမ္ဘာတ၀ှမ်း လူ့အခွင့်အရေး အခြေခံအချက်ဖြစ်တဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အလေးပေးကြိုးပမ်းဆောင်ရွက်နေတာကို ပြသတဲ့အနေနဲ့ ဖြစ်တယ်လို့ အခုလို ပြောကြားခဲ့ပါတယ်။
“လူတွေအနေနဲ့ နိုင်ငံတွင်းမှာ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ခွင့်မရဘူးဆိုရင် ကျန်ရှိတဲ့ အခွင့်အရေးတွေ ဆုံးရှုံးရဖို့ အန္တရာယ်ရှိပြီး၊ လွတ်လပ်မှုဆိုတာလည်း အဓိပ္ပါယ် မရှိတော့ပါဘူး။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ထောက်ခံအားပေးဖို့ မနားမနေ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ဒီနေ့ လာရောက်ကြတဲ့ လူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒုက္ခတွေ အများကြီး ဖြတ်ကျော်ခံရသူတွေဖြစ်တဲ့အတွက် ချီးကျူးပါတယ်။ ဂုဏ်ယူပါတယ်။ ကျနော့်အနေနဲ့ အမြဲရပ်တည်ပေးသွားမှာ ဖြစ်ပါတယ်။”
ကမ္ဘာတ၀ှမ်းက ဘာသာရေးဖိနှိပ်ခံရသူတွေကို အိမ်ဖြူတော် ဖိတ်ခေါ်တွေ့ဆုံရာမှာလည်း သူတို့ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေ၊ ခံစားချက်တွေကို သမ္မတ Trump က မေးမြန်းခဲ့သလို သူတို့ဘက်ကလည်း ပြန်လည် ပြောကြားခွင့်ရခဲ့ပါတယ်။ အဲဒီထဲမှာ- သမ္မတနဲ့ အနီးဆုံးရှိနေပြီး ပထမဆုံးပြောခွင့်ရတဲ့ မြန်မာနိုင်ငံ ကချင်ပြည်နယ်က ဒုက္ခသည်တွေအရေး ဆောင်ရွက်နေတဲ့ KBC ကချင်နှစ်ချင်းအဖွဲ့ချုပ်ရဲ့  အထွေထွေအတွင်းရေးမှူး Dr. Samson Hkalam က ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေပြီး၊မြန်မာစစ်တပ်ကနေ ခရစ်ယာန်တွေကို နှိပ်ကွက်မှုတွေ ရှိနေတဲ့အကြောင်း အခုလိုပြောပါတယ်။
“ကျနော်က မြန်မာနိုင်ငံ မြောက်ပိုင်းက ကချင် Baptist ခရစ်ယာန်ကျောင်းကပါ။ မြန်မာနိုင်ငံမှာ ကျနော်တို့ ခရစ်ယာန်တွေကို မြန်မာစစ်တပ်က ရက်ရက်စက်စက် နှိပ်ကွပ်နေပါတယ်။ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ဖို့ အခွင့်အရေးလည်း သိပ်မရကြပါဘူး။ ဒါ့အပြင် တိုင်းရင်း လက်နက်ကိုင် တပ်တွေက မြန်မာအစိုးရကို ခုခံတိုက်ခိုက်နေရပါတယ်။ ဒါ့ကြောင့် အမေရိကန်အစိုးရအနေနဲ့ တိုင်းရင် လူနည်းစုတွေကို ဦးစားပေးပြီး တိုင်းရင်သားခေါင်းဆောင်တွေကိုဒီမိုကရေစီ၊ ဖက်ဒရယ်လစ်ဇင် အောင်မြင်ရေးအတွက် အကူအညီပေးဖို့ သိပ်ကို အရေးကြီးပါတယ်။ မနေ့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တဲ့အတွက်လည်း သိပ်ကို ကျေးဇူးတင်ပါတယ်။”
Dr. Samson Hkalam နဲ့အတူ သမ္မတ Trump ဖိတ်ကြားခဲ့သူတွေထဲ- ကချင်ပြည်နယ်မှာရှိတဲ့ Baptist ဘုရားရှစ်ခိုးကျောင်းတွေကို မြန်မာစစ်တပ်က ဗုံးခွဲဖျက်စီးခဲ့တာတွေကို သတင်းထောက်တွေကို လိုက်လံပြသခဲ့တဲ့အတွက် စစ်တပ်က ဖမ်းဆီး ထောင်ချခဲ့တဲ့ ကချင် Baptist သင်းအုပ်ဆရာ နှစ်ဦးထဲက တဦးဖြစ်သူ လန်ဂျော်ဂမ်ဆိုင်းလည်းပါဝင်ပါတယ်။
နောက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း အသက်မသေ လွတ်မြောက်လာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်နေသူလည်းဖြစ်၊ ဒုက္ခသည်တွေအရေးဆောင်ရွက်နေတဲ့ ARSPH ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအဖွဲ့အစည်းရဲ့ ဥက္ကဌ Mohib Ullah လည်း သမ္မတ Trump နဲ့ တွေ့ဆုံသူတွေထဲမှာ ပါဝင်ပါတယ်။ သူဟာ မတ်လ (၁၉)ရက်နေ့က ဂျီနီဗာ လူ့အခွင့်အရေးကောင်စီညီလာခံမှာ ရိုဟင်ဂျာဒုက္ခသည်တွေအရေး တင်ပြခဲ့သူလည်းဖြစ်ပါတယ်။ Mohib Ullah ဟာ ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ် ရုက္ခဗေဒ ဘွဲ့ရ၊ အထက်တန်းကျောင်းဆရာ အဖြစ် လုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။
Mohib Ullah က သမ္မတ Trump နဲ့တွေ့ဆုံစဉ်မှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အမေရိကန်အစိုးရရဲ့ ကူညီဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့လည်းအခုလို မေးခဲ့ပါတယ်။
“ကျနော်က Bangladesh ဒုက္ခသယ်စခန်းက Rohingya တဦးပါ။ Rohingya ဒုက္ခသည် အများစုဟာ ဌါနေကို အမြန်ဆုံးပြန်ချင်ကြပါတယ်။ ဒါ့ကြောင့်ကျနော်တို့ကို ကူညီဖို့အမေရိကန်ရဲ့ အစီအစဉ်ကို သိလိုပါတယ်။ ကျေးဇူးတင်ပါတယ်။”
သမ္မတ Trump နဲ့ တွေ့ဆုံခွင့်ရခဲ့သူတွေထဲမှာ ရိုဟင်ဂျာ မွတ်စလင် အသိုင်းအ၀ိုင်းအတွက် နိုင်ငံတကာက အာရုံစိုက်လာအောင် စည်းရုံးလှုပ်ရှားနေသူလည်းဖြစ် အင်းစိန်အကျဉ်းထောင်မှာ နှစ်ပေါင်းများစွာ အကျဉ်းကျခဲ့သူလည်းဖြစ်ပြီး Women’s Peace Arakan နဲ့ Justice for Women အဖွဲ့တွေကို တည်ထောင်ခဲ့သူလည်းဖြစ်တဲ့ မဝေေ၀နုလည်း ပါဝင်ပါတယ်။
မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ သိရီလင်္ကာ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ အီရန်၊ အီရတ်၊ ဆူဒန်၊ ရီမင်၊ အီရီထရီးယား၊ တူရကီ စသဖြင့် နိုင်ငံပေါင်း ၁၇ နိုင်ငံက ဘာသာရေးနှိပ်ကွပ်မှုကြောင့် အသက်မသေပဲ လွတ်မြောက်လာသူပေါင်း ၂၇ ဦးကို သမ္မတ ထရမ့် ဖိတ်ခေါ်တွေ့ဆုံသူတွေထဲ- အီရတ် နိုင်ငံက IS စစ်သွေးကြတွေရဲ့ နှိပ်ကွက်မှုကိုခံခဲ့ရပြီး အသက်မသေလွတ်မြောက်လာတဲ့ ၂၀၁၈ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Yezidi အမျိုးသမီး Nadia Murad လည်းပါဝင်ခဲ့ပြီး Yezidi တွေ နေရပ်ပြန်ရေး အမေရိကန်က အကူအညီပေးဖို့လည်း သမ္မတ Trump ကိုတောင်းဆိုခဲ့ပါတယ်။

Read more »

Israel to bar Myanmar military representatives from arms expos

http://www.mizzima.com/article/israel-bar-myanmar-military-representatives-arms-expos?fbclid=IwAR0m-V48n83c7u3a3pqruqaA2KCXgFYJQsyBurBYONB-7YrA6aUoa-tN9WQ

ISDEF Expo 2019. Photo: ISDEF Expo/Facebook
ISDEF Expo 2019. Photo: ISDEF Expo/Facebook
The Israeli government will bar military representatives from Myanmar from attending arms expositions held in Israel as long as Myanmar remains under an international arms embargo, Haaretz reported quoting the Israeli Foreign Ministry.
The decision followed a Haaretz report that army officers from Myanmar had attended the Israel Defence and Homeland Security expo in Tel Aviv last month. From now on, the ministry said, requests for visas to attend arms expositions coming from the nationals of countries to which Israel refuses to sell arms will be rejected.
Last month, Haaretz also reported that the official visitors to the ISDEF expo in Tel Aviv included military representatives from several countries that don’t have official relations with Israel.

Read more »

Wednesday, February 13, 2019

တရုတ်ပြည်၏ ဖခင်ကြီး (သို့မဟုတ်) ဒေါက်တာဆွန်ယက်ဆင်

တရုတ်ပြည်၏ ဖခင်ကြီး (သို့မဟုတ်) ဒေါက်တာဆွန်ယက်ဆင်

ဟန်တရုတ်လူမျိုး၊ တော်လှန်ရေးသမားနှင့် နိုင်ငံ့ခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်ကို ၁၈၆၆ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ယနေ့အချိန်အထိ တရုတ်ပြည်မကြီးကသာမက၊ တရုတ်တိုင်ပေနယ်ကပါ တိုင်းပြည်၏ ဖခင်ကြီးဟု သတ်မှတ်ခံထားရသူဖြစ်သည်။
တရုတ်ပြည်၏ သက်ဦးဆံပိုင် ဘုရင်စနစ်ကို ဖြုတ်ချပြီး တိုင်းသူပြည်သားအများကို ကိုယ်စားပြုသည့် သမ္မတနိုင်ငံတော်ကြီး (၁၉၁၂) ကို တည်ထောင်ရာတွင် ဦးဆောင်ပါဝင်ခဲ့ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ပထမဆုံးသော သမ္မတလည်းဖြစ်ပါသည်။
တိုင်းပြည်တစ်ပြည်တွင် အုပ်ချုပ်သူလူတန်းစားရှိ၏။ အုပ်ချုပ်ခံလူတန်းစားဟူသည်လည်း ရှိ၏။ ထိုအုပ်ချုပ်သူ လူတန်းစားသည် ကိုယ့်မင်းကိုယ့်ချင်းသက်ဦးဆံပိုင် ဘုရင်လည်းဖြစ်ချင်ဖြစ်မည်။ ကိုလိုနီနယ်ချဲ့လည်း ဖြစ်ချင်ဖြစ်မည်။ ထိုအုပ်ချုပ်သူ လူတန်းစားသည် အုပ်ချုပ်ခံသူများက ရွေးကောက်တင်မြှောက်ထားခြင်း မဟုတ်သည့်အတွက် တနည်းမဟုတ်တနည်း ဖိနှိပ်မည်သာဖြစ်သည်။ ထိုအခါမျိုးမှာ ဖိနှိပ်ခံနင်းပြားတို့ဘက်မှ လွတ်မြောက်ရေးကို တိုက်ယူပေးမည့် အာဇာနည်များပေါ်ထွက်
လာလေ့ရှိသည်။ ဒေါက်တာဆွန်ယက်ဆင်သည် ထိုကဲံသို့သော အာဇာနည်တစ်ဦးဖြစ်ပါသည်။ သူတော်လှန်ခဲ့သည့် ဖိနှိပ်သူလူတန်းစားမှာ ကိုလိုနီနယ်ချဲ့မဟုတ်ပါ။ တရုတ်ပြည်ကြီးကို အစဉ်အဆက် အုပ်စိုးလာခဲ့ကြသည့် သက်ဦးဆံပိုင် မန်ချူးဘုရင်မင်းဆက်ဖြစ်ပါသည်။
တရုတ်ပြည်မကြီး ဂေါင်ဒေါင်းပြည်နယ်မှာ မွေးဖွားခဲ့သည့် ဆွန်ယက်ဆင်မှာ လယ်သမားမျိုး ရိုးဖြစ်ပြီး အသက်၆နှစ်အရွယ်မှစ၍ မိဘကိုကူညီလျက် နွားကျောင်းသားအလုပ် လုပ်ခဲ့သူဖြစ်သည်။ အသက် ဆယ်နှစ်တွင် ပညာစသင်ခွင့်ရပြီး အသက် ၁၃နှစ်အရွယ်တွင် ဟိုနိုလူလူသို့ ပြောင်းရွှေ့လျက် အင်္ဂလိပ်စာ၊ယူကေနိုင်ငံသမိုင်း၊ သင်္ချာ၊သိပံ္ပနှင့် ခရစ်ယာန်ဘာသာရပ်များကို သင်ယူခဲ့သည်။ ထို့နောက် တရုတ်ပြည်သို့ ပြန်လာပြီး ခရစ်ယာန်သာသနာပြု ဂျွန်ကားဦးစီးဖွင့်လှစ်သည့် ဂေါင်ရှုဘိုဂျီဆေးရုံတွင် ဆေးပညာသင်ယူကာ ၁၈၉၂ ခုနှစ်တွင် ဟောင်ကောင်ဆေးတက္ကသိုလ်မှ ဆေးပညာဘွဲ့ရရှိသည်။ ထိုတက္ကသိုလ်မှ ပထမဆုံးဘွဲ့ရသည့် ဆရာဝန်နှစ်ဦးအနက်တစ်ဦးဖြစ်ပါသည်။
ဆွန်ယက်ဆင်သည့် သက်ဦးဆံပိုင်ဘုရင်စနစ်ကို မနှစ်မြို့။အနောက်တိုင်းပြည်များမှာကဲ့သို့ စည်းမျဉ်းခံဘုရင်စနစ်ကို ပြောင်းလဲကျင့်သုံးစေလိုသည်။ ထိုအတွက်ကြောင့် ဆရာဝန်အလုပ်ကို လုံးဝစွန့်လွှတ်ခဲ့ပြီး အုပ်ချုပ်သူဘုရင်၏ အငြိုငြင်ကိုခံလျက် အမှောင်လောကသားများဟု သတ်မှတ်ခံ ရသည့် တော်လှန်ရေးသမား၊ ပြုပြင်ပြောင်းလဲရေးသမားဖြစ်လာသည်။ဆွန်ယက်ဆင်၏ ထင်ရှားသောနိုင်ငံရေး ခံယူချက်မှာ အမျိုးသားရေး၊ ဒီမိုကရေစီရေးနှင့် နိုင်ငံသားအများ ပျော်ရွှ့င်ကျန်းမာရေး ဟူသည့် လူထုခံယူချက် သုံးရပ်ဖြစ်သည်။ ထိုသုံးချက်ပြည့်စုံမှသာလျှင် ငြိမ်းချမ်းရေး၊လွတ်လပ်ရေးနှင့် အခွင့်အရေးတူမျှရေးဟူသည့် အဆုံးစွန်သော ရည်မှန်းချက်သုံးရပ် ရရှိလိမ့်မည်ဟု ဆွန်ယက်ဆင်က ယုံကြည်သည်။
ဆွန်ယက်ဆင်၏ ထင်ပေါ်ကျော်ကြားမှုသည် တရုတ်ပြည်မကြီးကို ကျော်လွှားလျက် တရုတ်အမျိုးသားများရှိနေသည့် အိမ်နီးချင်းတိုင်းပြည်များအထိ ပျံ့နှံ့ခဲ့သည်။ဘယ်နေရာမှာနေနေ တရုတ်လူမျိုးသည် တရုတ်လူမျိုးသာလျှင်ဖြစ်သည်ဟူသော ယုံကြည်ချက်ဖြင့် ဆွန်ယက်ဆင်သည် စင်္ကာပူ၊မလေးရှားစသည့် တရုတ်လူမျိုးအများအပြားနေထိုင်သည့် နိုင်ငံများသို့ စည်းရုံးရေး အကြိမ်ကြိမ် သွားရောက်ခဲ့သည်။ သက်ဦးဆံပိုင်ဘုရင်ထံမှ တောင်းယူရသည့် လွတ်လပ်ရေးတိုက်ပွဲအတွက် နိုင်ငံရပ်ခြားရောက်နေကြသည့် တရုတ်အမျိုးသားများ၏ ထောက်ခံချက်ရရှိနိုင်ရေး အစွမ်းကုန်ကြိုးပမ်း ခဲ့သည်။ သူယုံကြည်သည့် လူထုခံယူချက် သုံးရပ်ကို လှည့်လည်ဝါဒဖြန့်ခဲ့သည်။ ၁၉၁၁တော်လှန်ရေးကြီးသည် အဝေးရောက်တရုတ်လူမျိုးများ အဓိကဆင်နွှဲခဲ့သည့် အောင်ပွဲဖြစ်သည်ဟု ဆွန်ယက်ဆင်ကခံယူခဲ့သည်။
နိုင်ငံရေးသမားတို့ ထုံးစံအတိုင်း ဆွန်ယက်ဆင်၏ဘ၀သည် အခက်အခဲအတိုက်အခံများ၊နယ်နှင်ဒဏ်များနှင့် ပြည့်နှက်နေသည့် ဘ၀ဖြစ်သည်။ ဘုရင်စနစ်ကျဆုံးသွားသည့်အခါ အသစ်ထွက်ပေါ် လာသည့် သမ္မတနိုင်ငံ၏ ခေါင်းဆောင်ဖြစ်လာသည်။ ထိုစဉ်က တရုတ်ပြည်ကြီးကို အပိုင်းပိုင်းခွဲလျက် တဗိုလ်တမင်း အုပ်စိုးနေကြသည့် စစ်ဘုရင်များ၏ ရန်သူတော်လည်းဖြစ်လာသည်။ ကွန်မြူနစ်များနှင့် အထိအရှ မခံသည့် ညီညွတ်ရေးဖြင့် မဟာမိတ်ဖွဲ့ထားသည့် သူ၏ကူမင်တန်ပါတီမှာ သူကွယ် လွန်ပြီးနောက် နှစ်ခြမ်းကွဲလေသည်။ သူကွယ်လွန်ပြီးမှ ကူမင်တန်နှင့် ကွန်မြူနစ်တို့ အကြားဖြစ်ရသည့် ပြည်တွင်းစစ်ကိုမူ ဆွန်ယက်ဆင် မြင်မသွားရှာပါ။ ဆွန်ယက်ဆင်သည် ၁၉၂၅ခုနှစ် မေလ ၁၂ရက်၊ အသက် ၅၈နှစ်အရွယ်တွင် အသည်းကင်ဆာရောဂါဖြင့် ဘေဂျင်းမြို့၌ကွယ်လွန်သည်။
နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီးများသည် အာဏာရအစိုးရများ၏ မူဝါဒများအပေါ်မူတည်ပြီး မှေးမှိန်ဖျောက်ဖျက်ခံရတာမျိုးရှိတတ်သည်။ မကြာသေးမီနှစ်များက တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် များသည် ဒေါက်တာဆွန်ယက်ဆင်အား တရုတ်ပြည်၏ စီးပွားရေးနှင့် အမျိုးသားရေးပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ခေါင်းဆောင်ကြီးအဖြစ် ပြန်လည်ဖော်ညွှန်းလာကြတာ ရှိပါသည်။ တချို့ကလည်း တိုင်ဝမ်ကျွန်းရှိ ကူမင်တန်ထောက်ခံသူများနှင့် ညီညွတ်ရေးအတွက် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထောက်ပြကြသည်။ မည်သို့ဆိုစေ နှစ်စဉ်အလုပ်သမားနေ့(မေဒေး)နှင့် အမျိုးသားနေ့ရောက်တိုင်း တီယန်မန်ရင်ပြင်တွင် ဒေါက်တာဆွန်ယက်ဆင်၏ ပုံတူပန်းချီကားများ လာရောက်ပြသဂုဏ်ပြုကြသည့် အလေ့အထမှာ ယခုအချိန်အထိ ရှိနေဆဲဖြစ်လေသည်။
copy
http://lwammoeayebooks.com/2018/08/26/တရုတ်ပြည်၏-ဖခင်ကြီး-သို/

Read more »

Tuesday, February 12, 2019

CONFUCICUS (551 B.C. – 479 B.C.)

ကွန်ဖြူးရှပ် (၅၅၁ – ၄၇၉ ဘီစီ)
Confucius a Sharin Achyin ai lam

  1. Galoi mung sharin hkaja tam mahkawng nga na.
  2. Machye machyang kung kyang zet nga na.
  3. Myit kaja rawng nga na.
  4. Myit ding hpring nga na.
  5. Atsam marai rawng hkra shakut na.
  6. Mungdan up hkang lu hkra shakut na.
  7. Ding hku ngwi pyaw hkra shakut na.
  8. Mungkan hpe mgwi pyaw simsa hkra galaw na.  Confucius a sharin achyin ai lam gaw masha a kyang lailen kaja wa nna myit masa madang tsaw wa na matu rai nga ai.

ကွန်ဖြူးရှပ် (K’ung Fu-tse ကုန်ဖုစီ) တရုတ်ဒဿနိကပညာရှိကြီးဟာ တရုတ်တို့ အခြေခံအယူအဆ အလေ့အထတွေကို ပထမဦးဆုံး အကြောင်းအကျိုးစဉ်ပြီး စုစည်းပေးခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူ့ဒဿနဟာ လူပုဂ္ဂိုလ်တစ်ဦးစီရဲ့ ကောင်းမွန်ရေးနဲ့ လူအများစုအကျိုးအတွက် အုပ်ချုပ်သူအစိုးရဆိုင်ရာ ထုံးနည်းများ စေ့စပ်သေချာရေးကို အခြေခံပြီး ပြောဆိုဆုံးမတဲ့အတွက် အနှစ် နှစ်ထောင်ကျော် တရုတ်ဘဝနဲ့ ဓလေ့ထဲမှာ ပျံ့နှံ့ပြီး ကမ္ဘာ့လူသားတော်တော်များများအပေါ်မှာ အများကြီး လွှမ်းမိုးနေပါတယ်။
တရုတ်နိုင်ငံအရှေ့မြောက် ရှန်တုန် (Shantung) ပြည်နယ်၊ လု (Lu) နိုင်ငံငယ်လေးမှာ ကွန်ဖြူးရှပ်ကို ၅၅၁ ဘီစီမှာ မွေးဖွားတယ်။ သူငယ်ငယ်ကပဲ သူ့ဖခင်သေဆုံးသွားလို့ မိခင်မုဆိုးမနဲ့ ကွန်ဖြူးရှပ်တို့ ဆင်းတောင့်ဆင်းရဲ နေခဲ့ရတယ်။ နောင် ဒဿဆရာဖြစ်လာမယ့် ကွန်ဖြူးရှပ်ဟာ လူငယ်လူရွယ်အချိန်ကပဲ အစိုးရအရာရှိငယ်အဖြစ်နဲ့ ဝန်ထမ်းဖူးတယ်။ ဝန်ထမ်းသက်အတော်ရပြီးမှ အစိုးရအလုပ်က နုတ်ထွက်ပြီး နောက်ပိုင်း တစ်ဆယ့်ခြောက်နှစ်အတွင်းမှာ သူ့ဒဿနကို ပြောဟောတဲ့အခါ သူ့ကို တပည့်များစွာ ဆည်းကပ်လာကြတာကို တွေ့ရပါတယ်။ အသက်ငါးဆယ်ရောက်တဲ့အခါ သူ့အစိုးရက သူ့ကို ရာထူးကြီးတစ်ခု ပေးအပ်ချီးမြှောက်ပေမယ့် လေးနှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ကုန်းချောသူတို့ဘက်က အောင်မြင်လို့ ရာထူးကနုတ်ပယ်ပြီး၊ ပြည်နှင်ဒဏ်ပေးခြင်း ခံရရှာပါတယ်။ နောက်တစ်ဆယ့်သုံးနှစ်မှာတော့ နယ်လှည့်တရားဟောလမ်းလျှောက်ဆရာဖြစ်ပြီး ဇာတိနယ်ကို ပြန်ရောက်တယ်။ ငါးနှစ်နေပြီး ၄၇၉ ဘီစီ(အသက် ၇၂ နှစ်) မှာ ကွယ်လွန်ပါတယ်။ ကွန်ဖြူးရှပ်ကို ကိုးကွယ်ယုံကြည်မှုဘာသာတစ်ရပ်ကို စတင်ခဲ့တဲ့ပုဂ္ဂိုလ်အဖြစ်နဲ့ ဖော်ပြခေါ်ဝေါ်လေ့ ရှိကြပေမယ့် ဒီလိုမခေါ်သင့်ပါ။ သူ့ဟောပြောတဲ့အထဲမှာ အထက်နတ်အကြောင်း၊ တမလွန်ဘဝအကြောင်း၊ ရှေ့ဖြစ်နောက်ဖြစ်ဖတ်တာတွေ အကြောင်း မပါဘူး။ အခြေခံကျကျ လူ့လောကဖြစ်တတ်သမျှ အကြောင်းတွေကို တွေးတောကြံဆ အဖြေရှာတယ်။ လူတိုင်းလူတိုင်း လူ့ကိုယ်ကျင့်တရားကို ထိန်းဖို့နဲ့ နိုင်ငံရေးစည်းစောင့်ဖို့အရေးကိုသာ စိတ်ပါဝင်စားတယ်။
အရေးပါတဲ့ အရည်အသွေးကောင်းနှစ်ခုက ‘ ရဲန်’ (jen) နဲ့ ‘လီ’ (li) လို့ ကွန်ဖြူးရှပ်က အမည်ပေးထားပါတယ်။ အဆင့်မြင့်တဲ့လူတိုင်း ဒီနှစ်မျိုးကို ဂရုစိုက်ပြီး လက်တွေ့လုပ်ငန်းနဲ့ ညှိပါတယ်။ ‘ရဲန်’ udk အချစ် လို့ အဓိပ္ပါယ်ဖွင့်တယ်။ ပိုရှင်းအောင် ‘လုပ်ဖော်ကိုင်ဖက် လူတစ်ဖက်သားကို ကောင်းစေလိုတဲ့စေတနာ’ လို့ ဘာသာပြန်ပါမယ်။ ‘လီ’ ကတော့ ဟန်အမူအရာ၊ ပူဇော်ပသခြင်း၊ ထုံးနည်း၊ ယဉ်ကျေးဖွယ်ရာရရှိခြင်း နဲ့ သင့်တင့်လျောက်ပတ်စွာ နေတတ်ခြင်း တွေကို စုပေါင်းရည်ညွှန်းပါတယ်။
ဘေး၊ ဘိုး၊ မိဘကို ပူဇော်ပသခြင်းဟာ တရုတ်ဘာသာအယူဝါဒရယ်လို့ ကွန်ဖြူးရှပ် မပေါ်ခင်ကပဲ ရှိခဲ့ပါတယ်။ အဲဒီအပေါ်မှာ သူကဆင့်ပြီး မိသားစုအပေါ်မှာ သစ္စာရှိပါ၊ မိဘကို ရိုသေပါလို့ သွန်သင်ပါတယ်။ အဲဒါအပြင် ရိုသေလေးမြတ်ခြင်း၊ စေခိုင်းသမျှ နာခံဆောင်ရွက်ခြင်းဆိုတာ လင်အပေါ်မှာ မယားက ထားရမယ့်တာဝန်၊ အစိုးရအပေါ်မှာ ပြည်သူကထားရမယ့်တာဝန်ပဲလို့ ပြောပြန်တယ်။ ဒါပေမယ့် ကြမ်းတမ်းရက်စက်တဲ့မင်းကိုတော့ မထောက်ခံပါ။ နိုင်ငံအစိုးရဆိုတာ လူအများအကျိုးကို ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်။ အဲဒီလိုပဲ လူအများကလည်း အစိုးရကောင်းကျိုးကို ရှေးရှုဆောင်ရွက်ပေးရမယ်။ အစိုးရက အုပ်ချုပ်တဲ့အခါ အာဏာသုံးခြင်းထက် စာရိတ္တ စံပြကောင်းခြင်းနဲ့ ရှေ့ဆောင်ရမယ်လို့လည်း ဆိုပါတယ်။ သူ့ဆုံးမချက်ထဲမှာ ရွှေဥပဒေ (Golden Rule) နဲ့ ခပ်ဆင်ဆင်တူတာ ပါတယ်။ ‘ကိုယ့်ကို လာမလုပ်စေချင်တဲ့ကိစ္စ၊ သူများကို သွားမလုပ်ပါနဲ့’ တဲ့…။
ကွန်ဖြူးရှပ်အခြေခံအမြင်က အများကြီးရှေးဆန်တယ်။ သူ့အလိုအရ ရွှေခေတ်က ရှေးကဖြစ်ပေါ်ခဲ့ပြီးပြီ။ ပြည်သူ၊ အစိုးရ နှစ်ဖက်စလုံး ရှေးထုံးကိုပြန်ကောက်ပါ။ ဒါပေမယ့် စာရိတ္တမဏ္ဍိုင်နဲ့ ရှေ့ဆောင်အုပ်ချုပ်တာမျိုး ရှေးကမရှိဘူးပါ။ အဲဒါကြောင့် ကွန်ဖြူးရှပ်ကို အသစ်ဘက်ကိုပို့တဲ့ ပြုပြင်ရေးသမားလို့ သူကိုယ်တိုင်က ဝန်မခံပေမယ့် ဒီအတိုင်းပဲ သူ့ကိုမြင်ပါတယ်။
ကွန်ဖြူးရှပ်ဟာ တရုတ်နိုင်ငံမှာ ဉာဏ်ပညာအများကြီး ပွင့်လင်းတဲ့ ကြို (Chou) မင်းဆက်ကာလက ပေါ်ပေါက်သူဖြစ်ပါတယ်။ ခေတ်ပြိုင်အစိုးရတွေ သူ့ပုံစံကို လက်မခံပါ။ သူ ကွယ်လွန်ပြီးခါမှ သူ့အတွေးအခေါ်အယူအဆတွေ တစ်နိုင်ငံလုံးမှာ ပျံ့နှံ့လာပါတယ်။ ဒါပေမယ့် ခရစ်မပေါ်မီ ၂၁၁ (211 B.C.) ဘီစီမှာ ချင် (Ch’in) မင်းဆက်လက်ထက်မှာ ကွန်ဖြူးရှပ်အယူဝါဒအတွက် ခေတ်ဆိုးနဲ့ကြုံရပါတယ်။ ချင် ပထမဧကရာဇ် ရှီဟွန်တိ( Shih Huang Ti) က ကွန်ဖြူးရှပ်သြဇာမှန်သမျှကို ပယ်ဖျက်ရမယ်လို့ ဆုံးဖြတ်တယ်။ နောက်ပိုင်းနဲ့လုံးဝအဆက်ဖြတ်တဲ့သဘောလို့ ဆိုနိုင်ပါတယ်။ ကွန်ဖြူးရှပ်အယူဝါဒကို သင်ကြားပို့ချခြင်းမပြုရ၊ ကွန်ဖြူးရှပ်ကျမ်းစာမှန်သမျှ အားလုံးမီးတိုက်ရမယ်လို့ အမိန့်တော်ပြန်ပါတယ်။ ဒီလိုနှိမ်နင်းပေမယ့် မအောင်မြင်ပါ။ နောက်နှစ်သိပ်မကြာဘူး။ ချင်မင်းဆက် ကျဆုံးသွားတဲ့အခါ ကွန်ဖြူးရှပ်ပညာရှင်တွေက ကွန်ဖြူးရှပ်ဝါဒကို သင်ကြားကြပြန်တယ်။ ဟန် (Han) မင်းဆက် (၂၀၆ ဘီစီ – အေဒီ ၂၂၀) မှာ ကွန်ဖြူးရှပ်ဝါဒဟာ တရုတ်နိုင်ငံတော်ရဲ့ ဒဿနလို့ အခိုင်အမြဲ ဖြစ်လာခဲ့ပါတယ်။
ဟန်မင်းဆက်ခေတ်ကစပြီး တရုတ်ဧကရာဇ်တွေက အစိုးရအရာရှိသစ်ရွေးဖို့ ပြည်သူ့ဝန်ထမ်းစာမေးပွဲ လုပ်စေတယ်။ စာမေးပွဲမှာ ကွန်ဖြူးရှပ်ကျမ်းရင်း အများကြီးကို သင်ကြားဖို့ပြဋ္ဌာန်းထားတယ်။ အစိုးရအုပ်ချုပ်ရေးယန္တရားကိုဝင်ပါမှ စီးပွားရေး၊ လူမှုရေး အစစတိုးတက်ကြီးပွားဖို့ လမ်းသာတဲ့အတွက် တရုတ်ဧကရာဇ်နိုင်ငံကြီးမှာ ဝန်ထမ်းရွေးစာမေးပွဲ (Civil Service Examination) ဟာ ခေတ်စားလာတယ်။ အပြိုင်အဆိုင်များလို့ အောင်မြင်ဖို့ အင်မတန်ကြိုးစားအားထုတ်ရတယ်။ နှစ်ပေါင်း ရာ ထောင်ချီပြီး သားစဉ်မြေးဆက် သိပ်စာတော်ပြီး သိပ်ကြီးပွားချင်တဲ့ လူငယ်တိုင်း ကွန်ဖြူးရှပ်ကျမ်းဟောင်းတွေကို နှစ်အကြာကြီးလေ့လာပြီး အုပ်ချုပ်တဲ့အရာရှိတွေ ဖြစ်ဖို့၊ ဒီဝန်ထမ်းရွေးစာမေးပွဲကို ဝင်ရောက်ဖြေဆို အောင်မြင်လာကြတာဖြစ်လို့၊ တရုတ်ပြည်ရွာ အုပ်ချုပ်အရာရှိတွေဟာ ကွန်ဖြူးရှပ်ဒဿနမှာ အမြင်သန်ပြီး၊ အခြေခံအတွေးအခေါ် အပြုအမူတွေမှာပါ ကွန်ဖြူးရှပ်အဆုံးအမကို အပြည့်အဝခံယူသူတွေ ဖြစ်လာခဲ့ပါတယ်။ ဒီစနစ်ဟာ တရုတ်နိုင်ငံမှာ (အနည်းအပါး အဆက်ပြတ်တောက်သွားသလို ရှိဖူးပေမယ့်) ၁၀၀ ဘီစီက အေဒီ ၁၉၀၀ အထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် တရုတ်အုပ်ချုပ်ရေးတစ်ခုတည်းမှာပဲ ကွန်ဖြူးရှပ်ဝါဒ သြဇာကြီးမားတာ မဟုတ်ပါ။ တရုတ်လူမျိုးအများစုက ကွန်ဖြူးရှပ်စကားကို အလေးဂရုပြုပြီး သူနေခိုင်းသလို လုပ်ခိုင်းသလို၊ တွေးခိုင်းသလို နေထိုင်လုပ်ကိုင်တွေးခေါ်ခဲ့ကြတာ အနှစ် နှစ်ထောင်ကျော်ခဲ့ပါတယ်။

တရုတ်တွေ ဘာကြောင့် ကွန်ဖြူးရှပ်ဝါဒကို နှစ်သက်ပါသလဲလို့ အကြောင်းရင်းကိုရှာရင်
(၁) သူက ရိုးသားတည့်မတ်တယ်။ သံသယဖြစ်ဖွယ်မရှိ။
(၂) သူက အလယ်အလတ်အနေအထားနဲ့ လက်တွေ့သမား။

ခက်တာကို ဖြစ်အောင်ဇွတ်လုပ်လို့ ခိုင်းတာမျိုးမပါဘူး။ မလုပ်နိုင်တာကို မခိုင်းပါ။ ‘မင်းတို့ လူလေးစားထိုက်အောင် နေပါ’ ဆိုတာမှာ ဆရာတော်သမားတော်တွေလို၊ ရဟန္တာကြီးတွေလို အကြည်ညိုခံထိုက်အောင်နေပါလို့ မပြော။ တရုတ်စိတ်ထားနဲ့ ကိုက်ညီတာတွေပဲ အရင်းထားပြီး ပြောခဲ့တာဖြစ်လို့ တရုတ်တွေက ကြိုက်တာဖြစ်တယ်။ အဲဒါ သူ့အောင်မြင်ခြင်းမှာ သော့ချက်ဖြစ်တယ်။ တရုတ်တွေ ဘာကိုအသစ်စမ်းကြည့်လို့ မခိုင်းဘဲ၊ ‘မင်းတို့ ရှေးထုံးထဲက ဒါတွေ မေ့ထားကြတာကိုး၊ ပြန်လုပ်ကြည့်စမ်း။ လက်တွေ့မှာ အောင်မြင်ရမယ်’ ဆိုတာမျိုးကို ရှင်းလင်းပြတ်သား သဘောပေါက်အောင် ပြောနိုင်လို့၊ သူ့ကို လူကြိုက်များတာဖြစ်ပါတယ်။ ဒဿနိကသမိုင်းမှာ ကွန်ဖြူးရှပ်လို လူအများနဲ့ဝင်ဆံ့အောင် ပြောဟောနိုင်သူ မပေါ်ဖူးသေးပါ။
ကွန်ဖြူးရှပ်ဝါဒမှာ “ဒါ မင်းရဲ့ရပိုင်ခွင့်ဆိုတာမျိုး ထောက်မပြဘဲ၊ ဒါ မင်းလုပ်သင့်တာပေါ့” ဆိုတာမျိုးကို ပြောလေ့ရှိတော့၊ အနောက်တိုင်းစံနှုန်းနဲ့ဆိုရင် အားမာန်နဲ့ လုပ်စရာမပါဘဲ ပျင်းစရာဖြစ်နေတယ်။ အုပ်ချုပ်ရေးပိုင်းမှာတော့ ထင်ထင်ရှားရှား လက်တွေ့အောင်မြင်တဲ့အချက်တွေ အများကြီးပါပဲ။ တရုတ်ပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို နှစ်နှစ်ထောင် ပေးစွမ်းနိုင်လို့ ကမ္ဘာမှာ တရုတ်ဟာ အကောင်းဆုံးအုပ်ချုပ်ရေးကို ခံစားရတဲ့နိုင်ငံ ဖြစ်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။
ကွန်ဖြူးရှပ်ရဲ့ စိတ်ကြိုက်အလေ့အလာ အတွေးအခေါ်တွေဟာ တရုတ်ဓလေ့ (culture)မှာ ခိုင်ခိုင်မြဲမြဲ အခြေခံထားတဲ့အတွက် အရှေ့အာရှကိုလွန်ပြီး သြဇာမသက်ရောက်နိုင်ပါ။ ကိုးရီးယား နဲ့ ဂျပန်မှာဆိုရင် တရုတ်ဓလေ့ ရောက်ပြီဖြစ်လို့ ကွန်ဖြူးရှပ်သြဇာ ညောင်းပါတယ်။
အခုအခါ တရုတ်ကွန်မြူနစ်တွေကြောင့် ကွန်ဖြူးရှပ်ဝါဒကို အရေးပေးပြောဆို လိုက်နာခြင်း မရှိကြတော့ပဲ၊ အနိမ့်ဆုံးအခြေကို ကျရောက်နေပါတယ်။ အနာဂတ်နဲ့ အပြတ်ဖြတ်မယ်ဆိုပြီး ကွန်မြူနစ်တွေက ကွန်ဖြူးရှပ်ရဲ့ဝါဒတွေကို ဦးတည်ပြီး တိုက်ခိုက်တဲ့အတွက် သမိုင်းမှာ ကွန်ဖြူးရှပ်လွှမ်းမိုးချိန် ကုန်လွန်ခဲ့ပြီလို့တောင် ပြောကြရပါပြီ။ ဒါပေမယ့် တစ်ခါက အကြာကြီးထွန်းကားခဲ့တဲ့ဝါဒဖြစ်လို့ နောက်ရာစုနှစ်အတွင်းမှာ ကွန်ဖြူးရှပ်ဝါဒ ပြန်လည်ရှင်သန်လာဦးမယ်ဆိုရင် မဆန်းပါ။
#ပြီး
ဒေါက်တာသန်းထွန်း၏ကျော်စွာ ၁၀၀ စာအုပ်မှ
#LMA
🌸🌸🌸 🌸🌸🌸 🌸🌸🌸 🌸🌸🌸 🌸🌸🌸
copy link
http://lwammoeayebooks.com/2019/01/30/ကွန်ဖြူးရှပ်-၅၅၁-၄၇၉-ဘီစ/

Read more »