Wednesday, April 22, 2020

Kachin Manau ( မနောတိုင်) ၏အဓိပ္ပာယ် Jinghpo Manau a lam


မနောတိုင်မြင်တွေ့သူတိုင်း ကချင်လူမျိုးများ၏အမှတ်လက္ခာဏအဖြစ်မြင်တွေ့သလို ကချင်လူမျိုးများဟုသိမြင်ကြသည်။ သို့သော် မနောတိုင်၌အသုံးပြုထားသော " အရောင်အဆင်း ( colour) နှင့် မနောတိုင်၌ပါရှိသော “ Maka” ရုပ်ပုံများ၏အဓိပ္ပာယ်ကိုမှု သိရှိသူ အင်မတန်နည်းကြောင်း ယနေ့အချိန်၌တွေ့မြင်နေရသည်။ ရှေးယခင်က မနောတိုင်တွင် အရောင်အဆင်း(colour) ၄ မျိုးသားအသုံးပြုခဲ့ကြောင်းလေ့လာတွေ့မြင်နေရသော်လည်း ၊ ယနေ့အချိန်တွင် မိမိစိတ်တိုင်းကျ မနောတိုင်များတွင် အရောင်အဆင်း( colour) မျိုးစုံအသုံးပြုနေကြောင်း လေ့လာတွေ့မြင်နေရပါသည်။
ထိုသို့ဖြစ်ပေါ်လာခြင်းမှာ မိမိတို့၏ရိုးရာမနောတိုင်မှ အရောင်အဆင်း ( colour) ၏အနက်အဓိပ္ပာယ်ကို မသိရှိနားမလည်ကာ ပပျောက်လာသောအမှတ်လက္ခာဏာတစ်ရပ်အဖြစ်တွေ့မြင်လာရသည်။ တန်ဖိုးထားမှု့သည်လည်း လျော့နည်းလာကြောင်းဖော်ပြနေသည်။
မနောတိုင်တွင်ရှေးယခင်ကအသုံးပြုသော " အရောင်အဆင်း( colour) များမှာ အနက် ( black) , အနီ( Red) , အဖြူ ( White) , အဝါ ( Yellow) , ၄မျိုးသာ အသုံးပြုခဲ့ကြကြောင်းတွေ့မြင်ရသည် ။
အနက် (Black) ၏ အဓိပ္ပာယ်မှာ ဦးခေါင်းနှင့်ဆံပင်ကိုကိုယ်စားပြုသည်၊ အနီ( Red ) သည် သွေးကိုကိုယ်စားပြုသည်၊ အဖြူ ( White) သည် အရိုးကိုကိုယ်စားပြုသည် ၊ အဝါ ( Yellow) သည် ကြွက်သားနှင့်သန်မာမှု့ကိုကိုယ်စားပြုသည်။ မနောတိုင်သည်လူ၏ခန္တာကိုကိုယ်စားပြုသလို၊မိမိတို့ကချင်လူမျိုစုများကိုလည်းကိုယ်စားပြုသည်။
မနောတိုင်တွင်ပါရှိသော ရုပ်ပုံများ( Maka ) သည် မိမိတို့ဘိုးဘွားများဆင်းသက်လာသော နေရာဒေသနဲ့ရောက်ရှိကျင်လည်ခဲ့သောနေရာများကို ကိုယ်စာပြုရေးဆွဲထားခြင်းဖြစ်သလို ၊စည်းလုံးခြင်း၊ရဲရင့်ခြင်း၊နက္ခဂန္တဝင် နက္ခဗေဒ၊သမိုင်းနှင့် ဒဏာရီများအပါအဝင် ၊ပိုမိုရှုပ်ထွေးသောထုံးတမ်းစဉ်လာအချက်အလက်နှင့် ရုပ်ကြွများ၏ စာအုပ်မှတ်တမ်းအသွင်အပြင်အဖြစ် မှတ်တမ်းတင်ထားခဲ့သည်။
မနောအကသည် ဌက်များ၏ကပြသောကကွက်မှဖြစ်ပေါ်လာခြင်းလုံးဝမဟုတ်ပါ၊ ပါးစပ်ပုံပြင်သက်သက်သာဖြစ်သည်။ မနောကကွက်သည် မိမိတို့ဘိုးဘွားများရေးဆွဲခဲ့သော (Maka) မှဖြစ်ကြောင်းသက်သေနှင့်ပုံနှင့်တကွဖော်ပြလိုက်သည်။
မနောကချိန်၌ “ Ora Ora Ora Ora “ ဟု ဟစ်အော်ကြွေးကြော်ခြင်းသည် ကျွနုပ်တို့လူမျိုးများအပေါ် " အောင်မြင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ကျန်မာခြင်း၊ ချမ်သာခြင်း၊ ကံကောင်းခြင်း၊ ပျော်ရွင်၍ကြီးပွားတိုးတက်ခြင်းနှင့်ပြည့်ဝပါစေဟူသော ရည်ရွယ်ချက်ဖြင့် “” Ora Ora Ora Ora “ ဟု မနောကချိန်၌ဟစ်အော်ခြင်းဖြစ်ကြောင်း မနောကရခြင်းအဓိပ္ပာယ်ကို ဖော်ပြပေးလိုက်ပါသည်။

By C B Aung Facebook