Sai Thein Win
 တိုင်းပြည်တပြည်မှာ စစ်တပ်တတပ်တည်း ရှိကို ရှိရမယ်လို့ ဘယ်သူပြောလည်း။ 
ပြောသူရှိရင်လည်း အဲဒီလူက ဗဟိုဦးစီးမှုကို ခုံမင်တဲ့ စစ်အာဏာရှင်ပဲ 
ဖြစ်မှာပါ။
 
 စစ်မှန်တဲ့ ပြည်ထောင်စုတရပ်မှာ ပြည်ထောင်စုတပ်မတော် 
United States Army/Navy/Air Force ဆိုတာ ရှိသလို ပြည်နယ်တခုချင်းစီက 
ပြည်နယ်အုပ်ချုပ်ရေးမှူး Governor တွေကို တိုက်ရိုက်အမိန့်နာခံရတဲ့ 
ပြည်နယ်စောင့်တပ် State Guards ဆိုတာလည်း ရှိပါတယ်။
 
 စိတ်ကူးယဉ်ကြည့်တာပါ။ ပြည်နယ်အသီးသီးက လက်ရှိ သူပုန်တပ်တွေ 
ပြည်နယ်စောင့်တပ် ဖြစ်လာပြီး မြန်မာ့တပ်မတော်ကိုလည်း ပြည်ထောင်စုတပ် အသွင် 
ပီပီပြင်ပြင် ပြောင်းလဲနိုင်ခဲ့ရင် ကျနော်တို့ စစ်အင်အားက 
အရှေ့တောင်အာရှရဲ့ ကျားကြီး တကောင် ဖြစ်လာမယ်လို့ မထင်ဖူးလား။
 
 
တကယ်တော့ တိုင်းပြည်ကို ကာကွယ်တဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ 
အုပ်ချုပ်တဲ့နေရာမှာပဲ ဖြစ်ဖြစ် ဗဟိုအချုပ်အခြာအာဏာပိုင်က 
မျက်လုံးတစုံတည်းနဲ့ စောင့်ကြည့်ထိန်းသိမ်းလို့ မအောင်မြင်နိုင်ပါဘူး။ 
လစ်ကွက်ဟာကွက်တွေ အများကြီး ဖြစ်နိုင်ပါတယ်။
 
 
ပြည်နယ်တခုချင်းစီရဲ့ လုံခြုံရေးကို နယ်မြေကျွမ်းကျင်တဲ့ ဒေသခံ 
ပြည်နယ်စောင့်တပ်တွေက အနီးကပ်ကာကွယ်ရင် ပြည်ထောင်စုထဲကို 
ယင်ကောင်တကောင်တောင် ဗီဇာမပါပဲ ဖြတ်ပျံနိုင်မှာ မဟုတ်ပါဘူး။ 
ပြည်နယ်တပ်တွေနဲ့တင် ကိုယ့်မြေကိုယ် လုံအောင် ကာကွယ်နိုင်ပြီဆိုရင်တော့ 
လေယာဉ်တင်သင်္ဘောကြီးတွေ တပ်ဆင်ထားတဲ့ ပြည်ထောင်စုတပ်က ကိုယ့်တိုင်းပြည်အပေါ် 
ရန်ပြုလာနိုင်ဖို့ အလားအလာရှိတဲ့ ပြည်ပနိုင်ငံတွေကို 
တင်ကြိုကျူးကျော်တိုက်ခိုက်ဖို့  ပြင်ဆင်ထားရုံပဲပေါ့။ တိုက်စစ်မပါတဲ့ ခုခံစစ်ဟာ ပြီးပြည့်စုံတယ်လို့ မဆိုနိုင်ဘူး မဟုတ်လား။
တိုင်းပြည်တပြည်မှာ စစ်တပ်တတပ်တည်း ရှိကို ရှိရမယ်လို့ ဘယ်သူပြောလည်း။ ပြောသူရှိရင်လည်း အဲဒီလူက ဗဟိုဦးစီးမှုကို ခုံမင်တဲ့ စစ်အာဏာရှင်ပဲ ဖြစ်မှာပါ။
စစ်မှန်တဲ့ ပြည်ထောင်စုတရပ်မှာ ပြည်ထောင်စုတပ်မတော် United States Army/Navy/Air Force ဆိုတာ ရှိသလို ပြည်နယ်တခုချင်းစီက ပြည်နယ်အုပ်ချုပ်ရေးမှူး Governor တွေကို တိုက်ရိုက်အမိန့်နာခံရတဲ့ ပြည်နယ်စောင့်တပ် State Guards ဆိုတာလည်း ရှိပါတယ်။
စိတ်ကူးယဉ်ကြည့်တာပါ။ ပြည်နယ်အသီးသီးက လက်ရှိ သူပုန်တပ်တွေ ပြည်နယ်စောင့်တပ် ဖြစ်လာပြီး မြန်မာ့တပ်မတော်ကိုလည်း ပြည်ထောင်စုတပ် အသွင် ပီပီပြင်ပြင် ပြောင်းလဲနိုင်ခဲ့ရင် ကျနော်တို့ စစ်အင်အားက အရှေ့တောင်အာရှရဲ့ ကျားကြီး တကောင် ဖြစ်လာမယ်လို့ မထင်ဖူးလား။
တကယ်တော့ တိုင်းပြည်ကို ကာကွယ်တဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ အုပ်ချုပ်တဲ့နေရာမှာပဲ ဖြစ်ဖြစ် ဗဟိုအချုပ်အခြာအာဏာပိုင်က မျက်လုံးတစုံတည်းနဲ့ စောင့်ကြည့်ထိန်းသိမ်းလို့ မအောင်မြင်နိုင်ပါဘူး။ လစ်ကွက်ဟာကွက်တွေ အများကြီး ဖြစ်နိုင်ပါတယ်။
ပြည်နယ်တခုချင်းစီရဲ့ လုံခြုံရေးကို နယ်မြေကျွမ်းကျင်တဲ့ ဒေသခံ ပြည်နယ်စောင့်တပ်တွေက အနီးကပ်ကာကွယ်ရင် ပြည်ထောင်စုထဲကို ယင်ကောင်တကောင်တောင် ဗီဇာမပါပဲ ဖြတ်ပျံနိုင်မှာ မဟုတ်ပါဘူး။ ပြည်နယ်တပ်တွေနဲ့တင် ကိုယ့်မြေကိုယ် လုံအောင် ကာကွယ်နိုင်ပြီဆိုရင်တော့ လေယာဉ်တင်သင်္ဘောကြီးတွေ တပ်ဆင်ထားတဲ့ ပြည်ထောင်စုတပ်က ကိုယ့်တိုင်းပြည်အပေါ် ရန်ပြုလာနိုင်ဖို့ အလားအလာရှိတဲ့ ပြည်ပနိုင်ငံတွေကို တင်ကြိုကျူးကျော်တိုက်ခိုက်ဖို့
