skip to main  |
      skip to sidebar
          
        
          
        
ယမ်းငွေ့ကြားက ငိုညည်းသံ
နိုင်ငံတော်အစိုးရ၏ မဟာစစ်ဆင်ရေးကြောင့် အပြစ်မဲ့ကချင်ပြည်သူတွေက မြန်မာအစိုးရစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခါးသည်းစွာ ခံနေကြရသလို အမျိုးမျိုးသော အန္တရယ်ကြားက မိမိအိုးအိမ် ကို စွန့်ပြီး လွတ်ရာ၊ ကျွတ်ရာ မိတကွဲ၊ ဖတကွဲ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။ တချို့က ကေအိုင်အို/ ကေအိုအေ ထိန်းချုပ်ရာ ဒေသရှိ ကေအိုင်အိုမှ ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိလာနိုင်ကြပေမယ့် တချို့တွေကြတော့ ဝေးလံခေါင်သီတဲ့ တောတောင်တွေမှာ အစာရေစာ ပြတ်လပ်၊ အကူအညီ ကင်းမဲ့နေဆဲဖြစ်ပါတယ်။ KIO/KIA မှ ဖွင့်လှစ်ထားသော လှိုင်ဇာနဲ့ မိုင်ဂျာယန်မြို့မှ စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေးစခန်းများနှင့် မြစ်ကြီးနား၊ ဗန်းမော်မြို့မှ ခရစ်ယာန်အသင်းတော်များ ကူညီစောင့်ရှောက်ပေးနေသော စစ်ပြေးဒုက္ခသည်များဆီကို UNHCR နှင့် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့မှ အကူအညီများ မရောက်နိုင်ကြပါလျင် ရာသီဥတု ဆိုးဝါး ကြမ်းတန်းတဲ့ တောတောင်တွေမှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ အပြစ်မဲ့ ပြည်သူတွေက သူတို့အတွက်တော့ အနာဂတ်ဆိုတာထက် မနက်ဖြန်မှာ အသက်ဆက်ရှင်ဖို့အတွက် မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ အမှောင်ထု ကြီးစိုးနေမှာ ဧကန်မုချမလွှဲပါ။ by wpshiga@gmail.com