Wednesday, October 26, 2016
ကျုပ်တို့က အကြွေးရှင်တွေပါဗျ
U Ravika
တိုင်းရင်းသားတွေဟာ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေကို ချိုးဖောက်ခဲ့ကြတာ မဟုတ်ဘူး။
ဒါကြောင့် ပင်လုံစာချုပ်ကတိကဝတ်ကို ချိုးဖောက်ခဲ့သူများအား ဝေဖန်တဲ့နေရာမှာ ဘာမှ အားနာစရာမလိုဘူး။
"ရည်းစားအချင်းချင်း ဖြစ်လို့"
"လင်မယားအချင်းချင်း ဖြစ်လို့"
"ပါတီဝင်အချင်းချင်း ဖြစ်လို့"
"လုပ်ဖော်ကိုင်ဖက်အချင်းချင်း ဖြစ်လို့"
" ဒေသခံအချင်းချင်းဖြစ်လို့"
အာနားပြီး...
စိုးရွံ့ပြီး....
သိမ်ငယ်စိတ်ဝင်ပြီး....
မိမိတို့ရရှိသင့်၊ ရရှိထိုက်တဲ့အခွင့်အရေးကို တောင်းဆိုဖို့ လုံးဝမတွန့်ဆုတ်ရဘူး။ ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ အားမာန်ပါပါ ဝင့်ဝင့်ကြွားကြွား တောင်းဆိုသွားရမှာ ဖြစ်တယ်။
ကိုယ်တို့က အကြွေးရှင်တွေပါ။
သူတို့က အကြွေးဆပ်ရသူတွေပါ။
ဘယ်ဥစ္စာရှင်ကမှ သူခိုးကို ရိုးကျိုးလေ့မရှိ။
Read more »
RSO ကို AA နဲ့ KIA တို့ လေ့ကျင့်ပေးခဲ့သလား
စစ်ခွေးတွေနဲ့ ဒီမိုအချို့ ပူးပေါင်းပြီး ဝါဒဖြန့်နေတဲ့ ကိစ္စတစ်ခု ရှိတယ်။ အဲဒါကတော့ အခြားမဟုတ်ဘူး။ မကြာခင်က နယ်ခြားဂိတ်(၃)ခုကို တိုက်ခိုက်သွားခဲ့တဲ့ RSO ကို AA နဲ့ KIA တို့က လေ့ကျင့်ပေးခဲ့ကြောင်း သူတို့အသိုင်းအဝိုင်းမှာ ပုံမှားရိုက်နေကြခြင်း ဖြစ်တယ်။
ဘင်္ဂလီအရေးနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော်နဲ့ သိန်းစိန်အစိုးရက လွဲပြီး ဘယ်စစ်တပ်၊ ဘယ်အစိုးရကမှ RSO တွေကို လေ့ကျင့်ပေးခဲ့၊ ကူညီပေးခဲ့တာ မရှိဘူး။ အဆိုပါဘင်္ဂလီတွေကို တရားဝင်နိုင်ငံသားတွေအဖြစ် လက်ခံပေးဖို့ ဗြိတိန်ဆီက ပေါင်စတာလင် သန်းပေါင်းများစွာ ရယူဖူးတဲ့ ပုဂ္ဂိုလ်များဆိုတာ မြန်မာစစ်တပ်နဲ့ မြန်မာအစိုးရတို့ပဲ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာ ဘင်္ဂလီတွေကို လေ့ကျင့်ပေးဖူးတဲ့ အဖွဲ့အစည်းကို ပြပါဆိုခဲ့ရင် KNU ကို လက်ညှိုးထိုးပြရမှာ ဖြစ်တယ်။ 1980 ပြည့်နှစ်များမှာ ဒေသခံမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအကြီးအကဲတွေ၊ ရဲဌာနတွေနဲ့ ရတခကို လာဘ်ထိုးပြီး ဘင်္ဂလီတွေက မော်လမြိုင်ကို တံခါးမရှိ ဓားမရှိ ဝင်ထွက်သွားလာနိုင်ခဲ့ကြတယ်။
မော်လမြိုင်ရှိ ဗလီအချို့က အဆိုပါဘင်္ဂလီတွေကို ခိုလှုံရာ ခဏတဖြုတ်ပေးပြီး မြဝတီဘက်ကို ပို့ပေးပါတယ်။ ကျိုက်ဒုံဘက်ကိုလည်း ပို့ပေးပါတယ်။ အဲ့တုန်းက ဘင်္ဂလီတွေဟာ ကရင်တို့ဘက်မှာ အင်မတန်မှ အရေးပါလာခဲ့ကြပါတယ်။ ၁၉၈၈ ခုနှစ်မှာ မွန်နဲ့ကရင်ကြား ၂၇ ရက်ကြာ တိုက်ပွဲဖြစ်ပွားတော့ ဒီ RSO တွေက KNU တို့ဘက်က ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီနောက်ပိုင်းမှာ ဒီဘင်္ဂလီတွေက ဒေသခံကရင်အမျိုးသမီးတွေနဲ့ ညားကြလို့ ကရင်မွတ်စလင်အသိုင်းအဝိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။
ဒါပေမဲ့ အခုအချိန်မှာ စစ်ခွေးတွေရော NLD ရှိ စစ်ထွက်တွေပါ KIA နဲ့ AA တို့ကို အပြုတ်တိုက်လိုကြပါတယ်။ အရင်က ကချင်နဲ့ အေအေတွေကို နှစ်ပေါင်းများစွာ တိုက်ခဲ့ပေမဲ့ အကြောင်းပြချက်ကောင်းကောင်း မရှိခဲ့ပါ။ မကြာခင်က RSO တွေက အစိုးရစခန်း(၃)ခုကို တိုက်ခိုက်လိုက်တော့ မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်တို့က ဂျီဟဒ်စစ်ပွဲ ဖြစ်ကြောင်း၊ နိုင်ငံတကာက မွတ်စလင်တွေ ပါဝင်ပတ်သက်မှုရှိကြောင်း အတိအလင်း ဝေဖန်နေတဲ့ကြားက စစ်ခွေးတွေနဲ့ ဒီမိုခွေးတွေက ဒီ RSO တွေကို KIA နဲ့ AA တို့က လေ့ကျင့်ပေးခဲ့ကြောင်း စွတ်စွတ်စွဲစွဲ လုပ်လာပါတယ်။
AA အနေနဲ့ အစမှာ ဒီကိစ္စထဲ ဝင်ပါဖို့ပဲ။ ရခိုင်ပြည်သူများကို မထိဖို့ သတိပေးပြောဆိုခဲ့ပါသေးတယ်။ ရခိုင်ပြည်သူများကို ကာကွယ်ဖို့ AA မှာ တာဝန်ရှိပါတယ်။ ရခိုင်ပြည်သူတို့ကလည်း ဒီတိုက်ခိုက်မှုဖြစ်ပွားတဲ့နောက်မှာ AA ကို ပိုမိုအားကိုးလာကြတယ်။ AA နဲ့ ရခိုင်ပြည်သူတို့က ဒီတိုက်ခိုက်မှုမှာ သွေးရိုးသားရိုးမဟုတ်ဘဲ နိုင်ငံရေးလုပ်ကြံမှုတွေ ရှိနေကြောင်း သတိထားမိလာတယ်။ အထူးသဖြင့် ဒီတိုက်ခိုက်မှုဖြစ်ပွားလာအောင် နောက်ကွယ်ကနေ လှုံ့ဆော်ပေးတဲ့ အဖွဲ့အစည်းထဲမှာ မြန်မာ့တပ်မတော်နဲ့ မြန်မာအစိုးတို့ကိုယ်တိုင် ပါဝင်နေတယ်လို့ အချို့က သံသယ ဝင်နေကြပါတယ်။
လောလောဆယ်မှာ NLD အစိုးရက ရခိုင်အရေးမှာ မြန်မာ့တပ်မတော်ဘက်က လုံးလုံးလျားလျား ရပ်တည်ပေးခဲ့ပြီး မြန်မာ့တပ်မတော်က ညင်ညင်သာသာနဲ့ ကိုင်တွယ်ခဲ့ကြောင်း ပြန်ကြားခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့တပ်မတော်က ရခိုင်ပြည်သူတို့ကို လိုအပ်တဲ့အကူအညီတွေနဲ့ လုံခြုံမှုတွေကို မပေးသလို RSO လို့ စွတ်စွဲပြီး အပြစ်မဲ့ ဘင်္ဂလီတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်မှုတွေ ရှိနေကြောင်း ကြားသိရပါတယ်။ ဒါကို စုံစမ်းဖို့ ကုလသမဂ္ဂက ညွှန်ကြားထားပါပြီ။ ဒီအချက်ကို မြန်မာ့တပ်မတော်နဲ့ မြန်မာအစိုးရတို့ သိရှိပြီသား ဖြစ်မှာပါ။
ဒီနေရာမှာ ပြောချင်တာက မြန်မာလူမျိုးအတော်များများဟာ စကားကို မဆင်မခြင် ပြောတတ်ကြပါတယ်။ လိမ်လည်လှည့်ဖြားတဲ့နေရာမှာ အရှက်မရှိကြပါဘူး။ ရှုပ်အောင် လုပ်တဲ့နေရာမှာလည်းပဲ ဘယ်သူကမှ မယှဉ်နိုင်ပါဘူ့။ မွေးကတည်းက သူတို့မိဘတွေက ဒီလိုပဲ လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါလိမ့်မယ်။ သာမန်ပြည်သူတွေကိုလည်း ဒီလိုပြုမူကြဖို့ အစိုးရကိုယ်တိုင် သွန်သင်ပေးလိုက်သလို ဖြစ်နေတယ်။ ဗမာတွေက ဒီအကျင့်ကို ပြင်နိုင်မှပဲ လူရိုသေ ရှင်ရိုသေ ဖြစ်လာမှာပါ။
Read more »
" နဂါးပွက်အိုင်နဲ့ ဒေါင်းအို "
 Seng Jaw's post — with La Raw Raw 
25/10/2016
Credit- မှုရင်းရေးသားသူ
တလောတုန်းက ဒေါင်းအိုမယ်တော်ကြီးဟာ 
အရှေ့တိုင်း နဂါးပြည်ကိုခစား ဝင်တယ် 
နဂါးမင်းကြီးက ကောဇောနီခင်းကြို ဝိုင်ခွက်မြောက်ကာ 
ဒေါင်းအကဟာ လောကမှာအလှပဆှုံးဖြစ်ကြောင်း 
တင့်တယ်ပါကြောင်း ချီးမွမ်းခန်းဖွင့်တယ်
သို့သော် နဂါးပြည်မှာ ဒေါင်းအက ကခွင့်ပိတ်ပင်ထားကြောင်း
နဂါးအကသာလျှ င် မကြာခင်ကမ္ဘာကြီးကို လွှမ်းသွားမှာ 
ဖြစ်ကြောင်း Dragon Roadmap ချ ပြတယ်
နဂါမင်းနဲ့ ခြင်္သေဟာ ထာဝရမိတ်ဖက် မဟာမိတ်ကတိ 
စာချု ပ် စာချွ န်လွှာရှိထားပါကြောင်း
ခြင်္သေအိုများကို လေးစား ရန်လိုအပ်မှာဖြစ်ကြောင်း
နဂါးအိုင် စီမံကိန်းကို ပြန်လည်ဖေါ်ဆောင်ရမှာဖြစ်ကြောင်း 
အပေးအယူ အရော်အစားရှိမှာဖြစ်ကြောင်း
နဂါးမင်းရဲ့ ဂုဏ်သိက္ခာကို ထည့်စဉ်းစားဘို့လိုကြောင်း 
ခြိမ်းချောက် ချောသပ် အကြပ်ရိုက် ပြောဆိုလာတယ်
ဒေါင်းအိုမယ်တော်က
နောင်တော်ခြင်္သေနန်းကျ မင်းကြီးရဲ့ ခြေရာ ခြစ်ရာ ခုတ်ရာ 
ကိုက္ရာမ် ားကို မပ် က်စီးအောင် ထိန်းသိမ်းထားပါကြောင်း 
နောင်တော်ရဲ့လက်ငုတ် လုပ်ငန်းမပျ က်ပြယ်ကြောင်း 
နဂါးမင်းနဲ့ဆွေမျိုးပေါက်ဖေါ် ထာဝရမဟာမိတ်ကို ပိုမိုခိုင်မာ 
အောင်ဆောင်ရွက်မှာဖြစ်ကြောင်း
ခြင်္သေမျိုးနွယ် နောက်လိုက် ခွေးအ မြေခွေး ဖွတ်ပုတ်သင်ညို 
sha lawm တို့ကိုလည်း လွတ်လပ်ခွင့်ပေးထားပါကြောင်း 
သံတော်ဦးတင်တယ်
နဂါးအိုင်စီမံကိန်း ကိုဆန့်ကျ င်သူဟာ ဒူဝါးမျိုးနွယ်သာလျှ င် 
အဓိကဖြစ်နေပါကြောင်း 
ကျ န်တာအားလုံး မီးငြိမ်း OK ပါကြောင်း နဂါးမင်းကို message ပေးတယ်
ဒီတော့ နဂါးမင်းဟာ ရှူးရှူး ရှဲရှဲ နဲ့ မခုတ်ဓါးကိုင်ဒူဝါများကို 
မီးခိုးမှုတ်ထုတ်ပြီးဖိအားပေးလာတယ်
ဒေါင်းအိုရဲ့ ကတိစကားရပြီးနောက်ပိုင်း နဂါးအုပ်ဟာ 
ဒေါင်းနေပြည်တော်ကို ခေါက်တုန့်ခေါက်ပြန် ကူးတယ် 
ခြင်္သေမင်းဖေါက်ထားတဲ့ လမ်းဟောင်းအတိုင်း 
တခါးမရှိ ဓါးမရှိ ဝင်ခွင့်ရလာတယ်
နဂါးအိုင် ကိစ္စရဲ့အဓိက အဟန်အတားဟာ ဒူဝါ များသာဖြစ် 
ကြောင်း ထပ်လောင်း လက်တို့တယ်
မကြာပါဘူး
မခုတ်ဓါးကိုင် ဒူဝါနယ်မှာ စစ်မီးထတောက်တယ်
ခါတိုင်းလျှာသွက်တဲ့ နဂါးမင်းဟာ ငြိမ်ချ က်ကောင်းဖြစ်နေပြီး
နှုတ်ခမ်းမွှေး သပ်နေတယ် 
ပြည်ကျော် Jet fighter နဲ့ အမြောက်ကျ ည်ကို 
ရေဒါမှတ်တမ်းကဖျောက်လိုက်တယ်
ကုန်းချောကျွ မ်းကျ င်တဲ့ ခြင်္သေ ဒေါင်းမျိုးအုပ်စုဟာ 
နဂါးအိုင် သုံးသပ်ရေးကော်မရှင်မှာ ဒူဝါ တယောက်ကို 
ဦးဆောင်စေခြင်းဖြင့် နဂါးမင်းကို ချော့သိပ်တယ် 
အဲဒီကချ င်စကားပြော ဒူဝါဟာ ခြင်္သေမျိုးနွယ်ဖြစ်နေတယ်
ဒူဝါနဲ့ နဂါး အချ င်းချ င်း မျ က်စောင်းထိုး အကဲခတ်နေအောင် 
ကုန်းတိုက်ရာမှာ ဒေါင်းအိုမယ်တော်က ခြင်္သေအိုထက် 
ပိုပါးနပ်တယ်
ဒီနေ့ နဂါးနယ်စားငယ်တွေဟာ BGF ကန်ပိုင်တီတောင်ကြား
လျှို ကတဆင့် မြစ်ဆုံနယ်ကိုရောက်သွားတယ် 
ဒေါင်းနယ်စား ခြင်္သေအုပ်များအတွက် အရောင်လက်တဲ့ 
လက်ဆောင်တွေ ကားနဲ့သယ်ချ လာတယ် 
နဂါးပွက်အိုင် အကောင်အထည်အမြန်ဖေါ်ရေးကို 
အဓိက ညှိနှိုင်း ဆွေးနွေးတယ်
မြစ်ဆုံရဲ့ ပိုင်ရှင်ဟာ ဒူဝါတွေဖြစ်တယ် 
မြစ်ဧရာနဲ့ ဆိုး ကောင်း ပါတ်သက်သူများကတော့ 
နိုင်ငံသား အားလုံးဖြစ်မယ်
မြစ်ဖြားမှာ နဂါးပွက်အိုင်တည်ခြင်းရဲ့ ကောင်း/ဆိုးကို 
သိရှိသူ တိုင်းဟာဒူဝါမျိုးနွယ်နဲ့ အတူဝန်းရံနေကြတယ်
လောလောဆယ်တော့ 
ဒေါင်းအကနဲ့ နဂါးခုန်ပျံအက လေအဝှေ့ 
ဒူဝါနယ်က စစ်မီးလျှံဟာ ပိုတောက်လောင်လာခဲ့ပြီ ။
Read more »
Tuesday, October 25, 2016
56 ninghpring KIO Masat N htoi
Masat 3 Dap Ba Daju Wun Gau Bum Gawdin pa hta 7:00AM ten 56 ninghpring KIO Masat N htoi galaw la lu sai lam chye lu ai.
25/10/2016
Read more »
တိုင်းရင်းသားများ နားလည်ထားသင့်သော ဗမာဝါဒီများ
မဖတ်ရသေးသောသူများအတွက် ပြန်တင်ပေးလိုက်ပါတယ်ကျော်မသွားပါနဲ့  မဖြစ်မနေဖတ်ပါ
ဗမာရဲဘော်အားလုံးတို့ သည် တို့ ဗမာလူမျိုးတို့  အဘို့  အကျိုးအမြတ် ရနိုင်စေရန် ပညာရေး ။လူမှုရေး ။ အနုပညာ ။ စာပေယဉ်ကျေးမှု ရေးရာများကို တိုက်စစ်ဆင်နည်းများဖြင့် ဗမာနိုင်ငံအနံ့ အပြား ပြန့် ပွားလွမ်းမိုးရေးအတွက် တရားနည်းလမ်းကျသော အသွင်သဏ္ဍာန်ဖြင့် မြူဆွယ်၍ ကြိုးပန်းလုပ်ဆောင်ကြရမည်
ငါတို့ ဗမာလူမျိုး တမျိုးထဲသော ရေရှည် တည်တန့် ရေးဟူသည့် အဓိကရည်မှန်းချက်ကြီး ထမြောက်အောင်မြင်စေရန် ဗမာပြည်သားတို့  တိုးတက်စည်ပင်စေရန်အတွက် အလွယ်ကူဆုံးနည်းလမ်းမှာ
(၁) လူမျိုးရေး သွေးနှောစနစ် တိုက်စစ်ဆင်နည်းဖြင့် ဗမာမဟုတ်သော လူမျိုးခြား အမျိုးသမီးများကို သိမ်းပိုက်ရန်ပင်ဖြစ်သည် ။။
(၂) ငါတို့ ဗမာရဲဘော်များသည် အဓိကဗမာပြည်တွင် အလုပ်အကိုင် အဆင်မပြေပါက တိုင်းရင်းသားဒေသများသို့  အသက်မွေးဝမ်းကြောင်းပြုပြီးလျှင် အခြေအနေပေး၍ အခွင့်အလမ်းကြုံသည်နှင့် တိုင်းရင်းသားအမျိုးသမီးများအား ငါတို့ ဗမာဘက်သို့  ယိုင်နစ်လာစေရန် အစွမ်းကုန်အားထုတ် သိမ်းသွင်း ကြရမည်။။
(၃) တိုင်းရင်းသူများသည် အများအားဖြင့် ကိုယ်ကျင့်တရားစောင့်စည်းမှုတွင် လစ်ဟာပျက်ယွင်းလျှက်ရှိခြင်း ပြည်မကြီးသား ဗမာယောင်္ကျားများအား အထင်ကြီးကြိုက်နှစ်သက် အားကိုးလိုခြင်းဖြစ်သောကြောင့် ငါတို့  ဗမာ့နည်း ဗမာ့ဟန်အတိုင်း ကျင့်ကြံအသုံးပြုခြင်းဖြင့် သေချာလွယ်ကူစွာ သိမ်းသွင်နိုင်မည်ဖြစ်သည် ။။
(၄) ဗမာရဲဘော်အပေါင်းတို့  ယခုအချိန်အခါ၌ ထိုသို့ မပြုလုပ်နိုင်ပါက တိုင်းရင်းသား (သို့ )တိုင်းရင်းသူများ ဗမာလူမျိုးများအတွက် အဆိပ်အတောက်ဖြစ်နေတော့မည် ထို့ ကြောင့် ငါတို့ ဗမာလူမျိုးများအားလုံး တစည်းတလုံးထဲဖြစ်ကြရမည် တတ်နိုင်သည့်ဘက်မှ တတ်နိုင်သမျှ ခြေကုတ်ယူထားရမည် ငါတို့ သည် တိုင်းရင်းသား ဒေသမှ တကိုယ်တည်း အပြီးအပိုင် စွန့် ခွါသွားရသည့်တိုင် ငါတို့ ၏သွေးသားများ ငါတို့ ၏ရင်နှစ်သည်းခြားများ အမျိုးနွယ်များ ထိုဒေသတွင် ကျန်ရစ်ခဲ့ကြရမည် ။။
(၅) ဗမာလူမျိုးမဟုတ်သည့် လူမျိုးခြားအမျိုးသမီးများသည် နောက်ဆုံးဗမာယောင်္ကျား ဗမာလူမျိုးများက အချိန်မရွေးငွေေးလျှင်(သို့ ) ကလူကြည်စယ်မြူဆွယ်လျှင် လွယ်လွယ်နဲ့ ရနိုင်သော ပြည်တန်ဆာနီးပါးကဲ့သို့ ဖြစ်နေစေရမည် ။။
(၆) အို...ဗမာရဲဘော်အပေါင်းတို့ ....
ယခုအချိန်ကာလ ခေတ်သည်ကား ဆောင်ရွက်လှုပ်ရှားဖို့  အကောင်းဆုံးအချိန်ဖြစ်သည့်အားလျှော်စွာ ငါတို့ ရှိသမျှ ကာလပတ်လုံး တချားတိုင်းရင်းသူများကို ငွေးကြေးဖြင့်သော်၎င်း ။ သွေးသားရောနှောယှက်တင်စေရန် သွေးဆောင်သိမ်းသွင်းကြရမည် ။။
(၇) အခြားသောတိုင်းရင်းသူများအား ရယူသိမ်းပိုက်နိုင်သူ ဗမာရဲဘော်များအား အောက်ပါအတိုင်း လက်ဖွဲ့ ပနာအဖြစ် နိုင်ငံတော်က လစဉ်ကူညီထောက်ပံ့ ပေးသွားမည်ဖြစ်သည်
(က)ရိုးရိုးသာမန်အရပ်သူဖြစ်ပါက ငွေသား(၅၀၀)ကျပ် ။။။
(ခ) တိုက်နယ်မြို့ ပြမျက်နှာဖုံးကြီး၏ သမီး တူမဖြစ်ပါက (၁၀၀၀)ကျပ် ။။
(ဂ) ဘွဲ့ ရပြီး ပညာတတ်ဖြစ်ပါက (၁၅၀၀)ကျပ် ။။
(ဃ)ခေတ်ပညာတတ် စော်ဘွားမျိုး ဘွဲ့ ရ လူချမ်းသာသမီး တူမဖြစ်ပါက (၂၇၀၀)ကျပ် ။။
မွန်မြတ်များပြားသော အမျိုးမြင့်အနွယ်ဖြစ်သည့် ငါတို့ ဗမာရဲ့ဘော်အားလုံး အထူးသတိပြု လိုက်နာကျင့်သုံး ဆောင်ရွက်ရန်မှာ လူကိုလူဖြင့် သိမ်းသွင်းအနိုင်ယူရန်သာဖြစ်သည် ဗမာမဟုတ်သည့် လူမျိုးခြားကို သိမ်းသွင်းနိုင်မှ ငါတို့ ဗမာရဲဘော်များ၏ အောင်မြင်မှုသည် အဓွန့် ရှည်တည်တန့့် နိုင်မည်ဖြစ်သည်
ငွေရေးကြေးရေးကိစ္စ ဗမာရဲဘော်များ စိုးရိမ်စရာလုံးဝမလိုပါ ဗမာရဲဘော်များအတွက် နိုင်င့တော်ကသီးသန့် ရန်ပုံငွေအဖြစ် တနှစ်လျှင် စတာလင်ပေါင် (၅) သန်းနှင့်ညီမျှသော ကျပ်ငွေများကို အရန်သင့်ထားရှိနေပါသည်
အထက်ပါလမ်းညွန်မှုအတိုင်း ဗမာရဘော်တို့  အောင်မြင်မှုရသည်နှင့် ထောက်ပံ့ငွေအတွက် ဤလက်ကမ်းစာစောင်မြစ်ဖျား၏ လာရာအတိုင်းဆက်သွယ်ပါ ဗမာရဲဘော်တို့ အား အရေးတယူ ယူညီနိုင်ရန်အလို့ ငှါ အထက်မှအဆင်သင့် စောင့်မျှော်လျှက်ရှိပါသည် ဤလျှို့ ဝှက်ညွန်ကြားလွှာများ လက်ကမ်းစာစောင်များကို အထူးသက်ဆိုင်သူများထံမှ တဆင့် လုံးဝ မပေါက်ကြားစေဟု ကတိဝန်ခံသောဗမာရဲဘော်များနှင့် ဗမာလူမျိုးများကိုသာဖြန့် ဝေပေးရမည် အမျိုးသားဘာသာ သာသနာကို အသက်နှင့်ရင်း၍ ဦးထိပ်ပန်ဆင်ချစ်မြတ်နိုးသော ဗမာအနွယ်ဝင်မျိုးဆက်အတွက် စတ္တုထအကြိမ်အဖြစ် အထူးနိုးဆော်တိုက်တွန်းနိုးဆော်လိုက်ပါသည်
Read more »
ဘယ်သူက သူပုန်တွေပါလဲ
ဒီမိုတွေ နားမလည်ကြသေးတာက တိုင်းရင်းသားတို့ရဲ့ တော်လှန်ရေးဆိုတာ ပင်လုံစာချုပ် ချုပ်ဆိုကတည်းက စတင်ခဲ့တယ်ဆိုတာပါပဲ။
ပင်လုံမှာ ပါဝင်ခွင့်မရခဲ့တဲ့ မွန်နဲ့ကရင်ခေါင်းဆောင်တွေက အောက်မြန်မာပြည်ကို ခွဲထုတ်ပြီး "မွန်ကရင်နိုင်ငံတော်"ထူထောင်ဖို့ ကြိုးစားခဲ့ဖူးတယ်။
ပင်လုံစာချုပ်ကို ဗမာခေါင်းဆောင်တွေက လက်တလုံးခြား လှည့်စားပြီး စစ်မှန်တဲ့ ပြည်ထောင်စုကို ထူထောင်မဲ့အစား တမတ်သားဖက်ဒရယ်ကိုပဲ ပေးခဲ့လို့ ပြည်တွင်းစစ်ဟာ အားကောင်းလာခဲ့တယ်။
၁၉၆၂ ခုနှစ်မတိုင်မီကတည်းက ပြည်တွင်းစစ်ဆိုတာ ရှိနေခဲ့တာပါ။ ဒါတောင် ကွန်မြူနစ်တော်လှန်ရေးကို ထည့်မပြောရသေးပါ။
အခု ဒီမိုအချို့က -
၁။ ပြည်သူ့အစိုးရစကားကို မနာခံတဲ့ စစ်တပ်တိုင်းကို "သူပုန်"လို့ သတ်မှတ်မှာ ဖြစ်ကြောင်း ရေးလာကြတာကို တွေ့မြင်ရပါတယ်။
၂။ ဒါပေမဲ့ ပြည်သူ့အစိုးရ၊ အရပ်သားအစိုးရ၊ ဒီမိုကရေစီအစိုးရ ဟုတ်မဟုတ် အရင်စိစစ်ရမှာ ဖြစ်တယ်။
၃။ ပြည်သူတို့တင်မြှောက်တဲ့အစိုးရကို အဲ့အစိုးရ ပေးတဲ့လစာကို စားပြီး အဲ့အစိုးရကို မနာခံခဲ့ရင် ဒါဟာ သူပုန်တပ်မတော်ပါ။ အခု မြန်မာ့တပ်မတော်ဟာ လက်ရှိဖွဲ့စည်းပုံအရ အစိုးရထက် အာဏာပိုရှိပါတယ်။ သူပုန်အကြီးစားပါ။
၎။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ဖက်ဒရယ်ရရှိရေးဟာ အရေးပါပါတယ်။ ဒီမိုကရေစီအစိုးရ စစ်ခဲ့ရင်တောင် ပြည်ထောင်စုစစ်စစ် မဟုတ်ခဲ့ရင် အဲ့အစိုးရဟာ တိုင်းရင်းသားလူမျိုးများကို ကိုယ်စားမပြုပါဘူး။ မပြုတဲ့အခါကျတော့ ဒီအစိုးရဟာ ဗမာလူမျိုးတစ်မျိုးကိုပဲ ကိုယ်စားပြုမှာ ဖြစ်တယ်။ ဒါကြောင့် တိုင်းရင်းသားတွေဟာ ဒီအစိုးရကို လေးစားစရာမလိုဘူး။
၅။ တကယ်လို့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးခဲ့ပြီ၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီဆိုကြပါစို့ ဒီအချိန်မှာ လက်နက်ကိုင်တပ်မတော်တိုင်းဟာ အစိုးရရဲ့ အုပ်ချုပ်မှုအောက်ကို ဝင်ရောက်ကြရမှာ ဖြစ်တယ်။ မဝင်တဲ့တပ်ဟာ သူပုန်ပါပဲ။
၆။ လောလောဆယ်အခြေအနေအရ မြန်မာ့တပ်မတော်ဟာ သူပုန်တပ်မတော်ပါ။ ဒီမိုကရေစီကို လက်မခံသေးလို့ပါ။ မြန်မာအစိုးရဟာ ပြည်ထောင်စုစစ်စစ်ကို မထူထောင်သေးလို့ ပင်လုံစာချုပ်အရ သူပုန်အစိုးရသာ ဖြစ်တယ်။ ဒီသူပုန်အစိုးရနဲ့ သူပုန်တပ်မတော်ကို တော်လှန်ခြင်းမှာ မွန်မြတ်ပါတယ်။
ဒါကို သိကြဖို့ပါပဲ။
U Ravika
Read more »
56-Ning Hpring,KIO Masat Nhtoi
Wunpawng Myusha ni e,daini gaw " 56-Ning Hpring,KIO Masat Nhtoi " rai nga mali ai.
Wunpawng sha ni a Rawt Malan Hkrunlam gaw Awng Padang Ninglaw Dip Lu Uga;tut nawng akyu hpyi myit dum nga let,ninggun dating sa wa ga law.
Read more »
ဗုဒ္ဓဘာသာဝင်​ မြန်​မာ့တပ်​မ​တော်​သားများသို့...
###########################
အကယ်​၍ သင်​တို့သာ စစ်​မှန်​တဲ့ဘာသာတရားကိုင်းရှိုင်းသူ ၊ သိမ်​​မွေ့ဆုံး​သောဘာသာတရားလို့ဆိုတဲ့ ဗုဒ္ဓဘာသာကို ယုံကြည်​သက်​ဝင်​သူမှန်​လျှင်​ အခြား​သောဘာသာဝင်​တို့၏ ဘာသာ​ရေးနှင့်​ ယုံကြည်​သက်​ဝင်​မှုကိုလည်း ​လေးစားသင့်​တယ်​ အ​လေးထားသင့်​တယ်​မဟုတ်​လား ?
အားလုံးနီးပါး ဗုဒ္ဓဘာသာဝင်များဖြစ်​ကြတဲ့ မြန်​မာ့တပ်​မ​တော်​က ကချင်​ပြည်​နှင့်​ အခြား​သောတိုင်းရင်းသား​ဒေသများမှ ဗုဒ္ဓဘာသာမဟုတ်​​သော အခြားဘာသာဝင်​တို့၏ ဘာသာ​ရေးနှင့်​သက်​ဆိုင်​​သောအ​ဆောက်​အအုံများကို ရည်​ရွယ်​ချက်​ရှိရှိဖြင့်​ တိုက်​ခိုက်​ ဖျက်​ဆီး​​နေကြသည်​မှာ မ​ရေတွက်​နိုင်​​အောင်​များပြားခဲ့ပြီ။ ကချင်​ပြည်​မှ ခရစ်​ယာန်​ဘုရား​ကျောင်းများ၊ ဝတ်​ပြု​ကျောင်း​ဆောင်​များအတွင်းတွင်​ မြန်​မာ့တပ်​မ​တော်​စစ်​​ကြောင်းများမှ စစ်​ခန်းများအဖြစ်​အသုံးပြုကာ ခိုလှုံနား​နေကြသည်​ကို နားလည်​ခွင့်​လွှတ်​နိုင်​​သော်​လည်း ဘုရား​ကျောင်းအတွင်းမှ ထိုင်​ခုံပရိ​ဘောဂများ၊ သစ်​သားလက်​ဝါးကားတိုင်​များကို ရိုက်​ဖဲ့ချိုးဖျက်​၍ ထင်းအဖြစ်​အသုံးပြုကြသည်​များကို​တော့ ခွင့်​လွှတ်​ နားလည်​နိုင်​ဖွယ်​ရာမရှိပါ။ ထိုထက်​မက ၎င်းဘုရား​ကျောင်းဝင်းအတွင်း၌ပင်​ ကျင်​ကြီး ကျင်​ငယ်​စွန့်​ခြင်း၊ ​သောက်​စားမူးယစ်​ကာ မဖွယ်​မရာပြုခြင်းများပင်​ ပြုလုပ်​ကြသည်​။
ဥပမာအ​နေဖြင့်​ - လူမှု့ကွန်​ယက်​​ပေါ်တွင်​ပျံနှံ​နေ​သော ကမ္ဘာ​ကျော်​​ဘောလုံးသမား ခရစ်​တီယာနို ​ရော်​နယ်​ဒို၏ ဗုဒ္ဓဆင်းတု​တော်​​​ခြေရင်း၌ ​ခြေ​ထောက်​ထား​သောဓာတ်​ပုံအ​ပေါ် ဗုဒ္ဓဘာသာဝင်​များမှ ​ဒေါသတကြီးဖြင့်​ တုန့်​ပြန်​မှုများ၊ ၎င်းလုပ်​ရပ်​နှင့်​ပါတ်​သက်​၍ အြန်​လည်​​တောင်းပန်​ရန်​​တောင်းဆိုမှုများကို ကြား​နေမြင်​​နေရပါသည်​။
မိမိတို့ယုံကြည်​ကိုးကွယ်​ရာ၊ အထွတ်​အမြတ်​ထားရာဘာသာ​ရေးနှင့်​ ၎င်းနှင့်​သက်​ဆိုင်​​သောအရာများကို မဖွယ်​မရာပြုခြင်းကို မည်​သူမှကြိုက်​မည်​မဟုတ်​ပါ။
ထို့​ကြောင့်​ ဗုဒ္ဓဘာဝင်​များနှင့်​ မြန်​မာ့တပ်​မ​တော်​သားများအ​နေဖြင့်​လည်း ကျနုပ်​တို့၏ဘာသာ​ရေးနှင့်​ ၎င်းနှင့်​သက်​ဆိုင်​​သောအရာများကို ​လေးစား ရို​သေသင့်​​ပေသည်​။
ထို့အပြင်​ ဗုဒ္ဓဘာသာမဟုတ်​​သော အခြား​သောဘာသာဝင်​တို့၏ ကိုးကွယ်​ယုံကြည်​မှုကို ကာယကံရှင်​၏စိတ်​ဆန္ဒမပါပဲ အတင်းအကြပ်​ အသွင်​​ပြောင်းရန်​ဖိအား​ပေးမှုများလုပ်​​ဆောင်​​နေသည်​ကိုလည်း မြင်​​နေ ကြား​နေရသည်​။
ဘာသာ​ရေးသက်​ဝင်​ယုံကြည်​မှုသည်​ အတွင်းစိတ်​နှလုံးနှင့်​ဆိုင်​သည်​။ ကာယကံရှင်​၏ ဆန္ဒမပါပဲ အတင်းအကြပ်​​ပြောင်း​စေခြင်းသည်​ ရုပ်​လက္ခဏာအရ ​ပြောင်းလဲနိုင်​​သော်​လည်း အချည်းနှီးပင်​ဖြစ်​လိမ့်​မည်​။
နိုင်​​ငံ​ရေးနှင့်​စပ်​လျှင်းပြီးဖြစ်​​ပေါ်လာ​သောကိစ္စကို ဘာသာ​ရေး လူမျိုး​ရေးနှင့်​ဒွန်​တွဲကာ ပိုမိုကြီးထွားလာ​အောင်​ မလုပ်​​ဆောင်​ကြပါနဲ့ ၊ မပြုမူကြပါနဲ့ အမျိုး​ကောင်းသား အို ဗုဒ္ဓဝင်​တို့...!!!
Read more »
Internally Displaced People in the Kachin State of Burma.
Read more »
KIO,ဥက္ကဌ ကြီး ဦးလယော်ဇောင်းဟရား ၏(၅၆) ကြိမ်မြောက် KIO, အထိမ်းအမှတ်နေ့ မိန့် ခွန်း
Lachid Kachin
25/10/2016
KIO,ခေါ် ကချင် လွတ်လပ်ရေး အဖွဲ့ အစည်း အား (၁၉၆၀)ခု နှစ်
အောက်တိုဘာလ၊၂၅) ရက်နေ့ တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊
လားရှိုးမြို့ ၊ ရပ်ကွက် (၇) ၌၊GOC Lahtaw Zau Seng ,နှင့် ရှမ်း
ပြည်နယ်မြောက်ပိုင်းရှိ ဒေသခံ မျိုးချစ် ကချင်လူကြီးများ၊ခေတ်ပညာ
သတ် ကချင် လူငယ်များ မှ စုစည်းကာ စတင်တည်ထောင်ခဲ့သည်။
ထို့နောက် (၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၅) ရက်နေ့ တွင် KIA,
ခေါ် ကချင် လွတ်လပ်ရေးတပ်မတော် အား ရှမ်းပြည်နယ်မြောက်ပိုင်း၊
လားရှိုးမြို့ ၊ ရပ်ကွက် (၇) ၌ ပင် GOC, Lahtaw Zau Seng , မှ
ဦးဆောင်ပြီးဖွဲ့စည်းတည်ထောင်ခဲ့ သည်။
(56),Ning Hpring KIO,Masat Ninghtoi hta KIO,Ginjaw
Komiti Tingnyang Up Salang Kaba Layaw Zawng Hra,
Kaw Nna Numhtet Shatsam ai Mungga.
25/10/2016
Read more »
Monday, October 24, 2016
Singpho Development Society India kawn UN de tang shawn ai laika
 Shapawng Yawng Jinghpaw Amyu sharawt Hpung kawn ay ten KIO/KIA Kachinland de
Myen ni adip arip di ai lam hpe UN mungkan wunpawng hpung de tang shawn ai lai ka.
Read more »
UWSA, နှင့် မြန်မာစစ်တပ် တို့ စစ်ရေးတင်းမာ နေ ဂျက်တိုက်လေယာဉ်(၄)စီးဖြင့် သွားရောက်ပျံဝဲ
(Lachid Kachin) 
24/10/2016
မြန်မာ အစိုးရ စစ်တပ် နှင့် UWSA,ခေါ် "o" ပြည်သွေးစည်းညီညွှတ်
ရေးတပ်မတော် တို့ အကြား စစ်ရေးတင်းမာ မှု များ ဖြစ်ပွားနေ ကြောင်း 
သတင်းရရှိပါသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း အခြေစိုက်၊ ဦးစိုင်းလင်း ဦးဆောင်သော အထူး
ဒေသ(၄)မိုင်းလား တပ်ဖွဲ့ များထိန်းချုပ်ရာ နယ်မြေထဲ သို့ ရောက်ရှိတပ်
စခန်းချနေသော UWSA, တောင်ပိုင်း "o" တပ်ဖွဲ့ များအားလုံးကို ၂၀၁၆၊
အောက်တိုဘာ၊၂၄ ရက်နေ့ နောက်ဆုံးထားကာ တပ်ဆုတ်ပေးရန် မြန်မာ
အစိုးရ စစ်တပ် တြိဂံတိုင်းစစ်ဌာနချုပ်မှ UWSA,"o"တပ်ဖွဲ့ အား ညွှန်ကြား 
ထားကြောင်းသိရှိရပါသည်။
မြန်မာ စစ်တပ်ဘက်မှ UWSA,"o"တပ် အား မိုင်းလားဒေသအတွင်းမှ 
တပ်ဆုတ်ရန် ဤသို့ အမိန့်ထုတ် အကြောင်းကြားပြီး ချက်ချင်းဆိုသလို
မိုင်းလားနယ်မြေအတွင်းရှိ UWSA,"o" တပ်ဖွဲ့ များ တပ်စခန်းချထားသော
တပ်စခန်းများပေါ် သို့ (၂၂၊၁၀၊၂၀၁၆) ရက်နေ့တွင် မြန်မာ စစ်တပ်မှ ဂျက်
တိုင်လေယာဉ် (၂)စီးလာရောက်ပျံဝဲပြီး ယနေ့ (၂၃၊၁၀၊၂၀၁၆) ရက်နေ့ 
တွင်လည်း မြန်မာ စစ်တပ်၏ဂျက်တိုက်လေယာဉ် နောက်(၄)စီး လာ
ရောက်ပျံဝဲ ကြောင်း၊ ၄င်းဒေသရှိ "o" အရာရှိများ နှင့် နီးစပ်သူများထံ မှ 
သတင်ရရှိပါသည်။
"o"တပ် များအား မိုင်းလားနယ်မြေအတွင်းမှ တပ်ဆုတ်ပေးရန် မြန်မာစစ်
တပ်၏ UWSA, အနေနှင့် မိမိတို့ ၏နယ်မြေလုံခြုံရေး နှင့် ၄င်းတို့၏ မဟာ
မိတ် (မိုင်းလား)အတွက်ကော နယ်မြေလုံခြုံရေးအရ ရောက်လာတာဖြစ်
ကြောင်း၊ဤဒေသ သို့ ယခု မှ ရောက်လာခြင်းမဟုတ်ဘဲ ၂၀၀၉ ခု နှစ် က
စပြီးရောက်ရှိနေခြင်းဖြစ်ကြောင်း။ မြန်မာ စစ်တပ် က ယခုလို အမိန့်ပေး
သော်လည်း "o"တပ်ဖွဲ့ အနေ နှင့်အထက်အမိန့်မရရင် ပြန်လို့ မရကြောင်း၊
ယနေ့ (၂၃၊၁၀၊၂၀၁၆) ရက်နေ့အထိတော့ UWSA,"o"တပ်ဖွဲ့ အထက်က 
တစုံတရာ အကြောင်းပြန်ခြင်း မျိုး မရရှိသေး ကြောင်း မိုင်းလားနယ်မြေအ
တွင်းေ ရာက်ရှိသည့် "ဝ"တပ်မှူး များထံ မှ သိရှိရပါသည်။
၂၀၁၆၊၁၀၊၂၃)ရက်နေ့ ယနေ့ မွန်းလွဲ(၂)နာရီ အချိန်မှ စပြီးမိုင်းလား နယ် နှင့် 
ကျိုင်းတုံနယ်ကြား အကြီးဆုံး နယ်ခြားဂိတ် တာ့ပင်းတံတားစခန်းမှ အစိုးရ
တပ်မတော်မှ သွားလာခွင့်ကိုအားလုံးပိတ်လိုက်ကြောင်း၊ အဆိုပါ တာ့ပင်း
ဂိတ်တွင် တပ်မတော် မှ သံချပ်ကာကား၊ တင့်ကားများ၊လက်နက်ကြီးများ
လည်း နေရာချ ထားကြောင်း ဒေသခံ များထံ မှ သိရှိရပါသည်။
UWSA,"o"တပ်ဖွဲ့များ သည် ၂၈၊၉၊၂၀၁၆၊ ရက်နေ့ မှ စတင်ပြီး ဤ မိုင်းလား
တပ်၏ လွယ်ဆမ်ဆုံစခန်း၊ လွယ်ကျူဆိုင်း စခန်း၊ ဝမ့်နောင်ဟုတ်စခန်းများသို့
လာရောက် တပ်စချထားသည် ဖြစ်ကြောင်း လည်း ထပ်မံ သိရှိရပါသည်။
Read more »
Sunday, October 23, 2016
ခါင်လန်ဖူးဒေသအခြေစိုက်ပြည်သူ့စစ်သည်ဖွံ့ ဖြိုးရေးအမည်ခံကာ ၂၀၁၀ ကစတင်ပြီးအခြေချကာသစ်များခိုးထုပ်ခဲ့သည်
·
ခေါင်လန်ဖူးအခြေစိုက်ပြည်သူ့ စစ်အဖွဲ့ ဒေသခံများအပေါ်အမြတ်ဒေါးသထွက်နေကြောင်းသိရ။
ခေါင်လန်ဖူးဒေသအခြေစိုက်ပြည်သူ့စစ်သည်ဖွံ့ ဖြိုးရေးအမည်ခံကာ ၂၀၁၀ ကစတင်ပြီးအခြေချကာသစ်များခိုးထုပ်ခဲ့သည်ကိုလေ့လာတွေ့ ရှိ့ရသည်။ ထို့ ကြောင့် သဘာဝပတ်ဝန်းကျင့်ပျက်ဆီးမှာကိုမလိုလာသေားဒေသခံတစ်စု့ သည် စစ်အစိုးရ( USDP ) အစိုးရကို တိုင်တန်းခဲ့ကြသည်။ သို့ သော်အရာ
မရောက်ခဲ့ပေ။ ၂၀၁၀ ခုနှစ်တွင်ထို သို့ သစ်ခိုးထုပ်မှု့ များကိုကန့် ကွက့်
သေားဒေသခံ၎ဦးကို ပြည်သူ့ စစ်များဖမ်းဆီးရိုက်နှက်၊နှိပ့်စက်ကာမတရား
ထောင်ချခဲ့သည်။ထို့ နောက် တခြားသေားဒေသခံများကိုလည်းခြိမ်းခြောက်မှု့ 
များပြုလုပ်ခဲ့သည်။ ထို့ ကြောင့်ဒေသခံတချို့ သည်ကြောက်ရွံ့ ပြီးငြိမ်နေခဲ့ကြ
သည်။
သို့ သော်တချို့ ဒေသခံများသည် အစိုးရအဆက်ဆက်ကိုဆက်လက်တိုင်တန်းခဲ့
သည်။ ၂၀၁၅ ခု့ နှစ်ရွေးကောက်ပွဲတွင် အနိုင်ရလာသေား NLD အစိုးရသစ်လ
က်ထက်တွင်သစ်ခိုးထုပ်မှု့ များကိုအရေးယူဖမ်းဆီးလာခဲ့သည်။ထိုသို့ ဖမ်းဆီးလာသေားကြောင့် ပြည်သူ့ စစ်အဖွဲ့ သည် ဒေသခံများကို စိတ်ဆိုးဒေါးသထွက်
နေကြောင်းသိရသည်။ ထို့ ကြောင့် ယခု့ အခြေအနေသည် ဒေသခံများ၏လုံခြုံ
ရေးအခြေအနေစိုးရိမ်ရဖွယ်ရှိ့နေသည်။
ယခင်က ဒေသခံများသည် ပြည်သူ့ သစ်ထုပ်လုပ်မှု့ မှ့ အနည်းငယ်ခံစားခွင့်ပေးရန် အကြီမ်ကြိမ်တောင်းခံခဲ့သော်လည်း ပြည်သူ့ စစ်အဖွဲ့ မှ့လုံးဝလက်မခံခဲ့ပေ။
မြေပုံစံ ၁၀၅ ရှိ့သေားဒေသခံများကလည်း ခံစားခွင့်အနည်းငယ်ပေးရန်တောင်း
ဆိုခြင်းများရှိ့ခဲ့သည်။ တချို့ မှာ ၁၀/ ၁ ပုံ ခံစားခွင့်တောင်းခဲ့သည်။ သို့ သော်
ပြည်သူ့ စစ်အဖွဲ့ သည် လမ်း၊ တံတား၊ ကျောင်း၊ ကျောင်းဆရာမများထောက်
ပံ့ရေး များလုပ်ရမည်ဟု့ အကြောင်းပြကာလုံးဝခံစားခွင့်မပေးခဲ့ကြပေ။သို့ သော်
လမ်း၊တံတားနှင့်အခြား.... လုပ်ခြင်းသည် ထိ၂ရောက်၂လုပ်ဆောင်ခြင်းမရှိ့ဟု့
ဒေသခံများကဆိုသည်။
ဒေသခံများကို ၂၀၁၀ တုန်းကလို မတရားမလုပ်ဖို့ ဝိုင်းဝန်းတားဆီးကြဖို့ မျော်
လင့်ရင်း၊ သက်ဆိုင်ရာတွေကို အကြံပေးဖို့ ကြိုးစားကြပါစို့ ။
အားလုံးအပေါ်ဘုရားသခင်ခေါင်းကြီးပေးပါစေ။
(((ဒါက ဒေသခံတွေရဲ့ အသံ
((((Shøng nvng sengdø day bøa kvt nø vzuyaqri di nø, màtóshaq vlrì, tvrà rvgaq dvbúmòri shvngbe, shøng dvbé bøà rvgaq shvngbe shøngrì taq nø Dvzøk duk dvng shvngbe vkoq mvdaq wa nø caqwa làngapmà. Wekvt we mvdo Vpweqvzi Pvndu pela nø mongceri svngle shvmná shvrishi nø gvza dvrøqapmi, Iwe yadø bøn rai we nø angmaq yvng dii nø rvgaq bongzan 105 vdá vsvngri kaq dvbvng shøng wedvngte ngamaq rvgaq ngamaq Eriya keni etò bøsha we nø tiqni tiqwal dvbvng natvngasha, ezisha wa angkvt angkvt røtshi nø inigø, mvnvn garshi, shøng dvpø nø tvra wa ie, wa ka wa vtvnshi we chvk wao we nø møike wedø iyvngkeni nø yadø bøn rai we mvtu ie))))
Read more »
KIA
Matthew Zau Bawk with HKawn Din and 8 others. 17 hrs · KIAကပဲ သူပုန်လား သောင်းကျန်းသူ လား ဗမာစစ်တပ်မတော်ကပဲ သူပုန်လား သောင်းကျန်သူလားဆိုတာ ကမ္ဘာသိကုန်ပြီ
Read more »
စစ်ပွဲများရပ်တန့်ရန် ပုသိမ်မြို့မှ လူငယ်များနှင့် တက်ကြွလှုပ်ရှား
စစ်ပွဲများရပ်တန့်ရန် ပုသိမ်မြို့မှ လူငယ်များနှင့် တက်ကြွလှုပ်ရှားသူများတောင်းဆို
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရေးအတွက် ပုသိမ်မြို့မှ လူငယ်များနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၃၀ ခန့်က ပုသိမ်မြို့တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ပြည်တွင်းစစ်ရပ်တန့်ရေး တောင်းဆိုသူများမှာ နံနက် ၉ နာရီတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမအနီး စုရုံး၍ ငြိမ်းချမ်းရေး သီချင်းများ သီဆိုခြင်း၊ ပြည်တွင်းစစ်များ ရပ်တန့်ရေး၊ တပ်မတော်အနေဖြင့် ထိုးစစ်များ ရပ်တန့်ရေး၊ အစိုးရ အနေဖြင့် စစ်ဘေးရှောင် ဒုက္ခသည်များကို တာဝန်ယူပေးရေးစသည့် တောင်းဆိုချက် ပိုစတာများ ကိုင်ဆောင်ကာ ပုသိမ်မြို့ရှိ လူစည်ကားရာနေရာများသို့ စီတန်းလှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
Read more »
တိုင်းရင်းသားညီအစ်ကိုများမှ အင်အား ၃ သောင်းခန် ကချင်ဒေသနှင့်မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ထိုးစစ်များချက်ခြင်းရပ်တန့်ရန်ငြိမ်းချမ်းစွာ စီတန်းလှည့်နေလမ်းလျှောက်ဆန္ဒဖော်ထုတ်နေ
အင်အား ၃ သောင်းခန့်သော မြစ်ကြီးနားမြို့နေ တိုင်းရင်းသားညီအစ်ကိုများမှ ယနေ့ မနက် ၉း၀၀ နာရီမှ စတင်ကာ မြစ်ကြီးနားမြို့ တွင်၊ တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံမှ ပြည်သူလူထုများ ကချင်ဒေသနှင့်မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ထိုးစစ်များချက်ခြင်းရပ်တန့်ရန်ငြိမ်းချမ်းစွာ စီတန်းလှည့်နေလမ်းလျှောက်ဆန္ဒဖော်ထုတ်နေကြပါသည်။
Read more »
General Sumlut Gun Maw playing Drums
KIO Vice Chairman and KIA General Gun Maw is playing drums for fund raising at Laiza. 
Read more »
Saturday, October 22, 2016
Public Demonstration on Offensive War
ယနေ့ မနက် ၉း၀၀ နာရီမှ စတင်ကာ မြစ်ကြီးနားမြို့ တွင်၊ တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံမှ ပြည်သူလူထုများ ကချင်ဒေသနှင့်မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ထိုးစစ်များချက်ခြင်းရပ်တန့်ရန်ငြိမ်းချမ်းစွာ စီတန်းလှည့်နေလမ်းလျှောက်ဆန္ဒဖော်ထုတ်နေကြပါသည်။
By Hkun Awng Nlam
Read more »