Monday, November 21, 2016

တို့တွေ KIA ဟာ ဗမာကို မမုန်းဘူး


မူဆလင် ဟိန္ဒ ဗုဓ္ဒ ခရစ်ယာန် ဆိုပြီး ဘာသာကွဲ
အမုန်းစိတ်မရှိဘူး လူမျိုးရေးအမျက်မရှိကြဘူး
KIA က နေပြည်တော်မပြောနဲ့ မန္တလေးတောင်မတိုက်ဘူးပါဘူး
ကျွန်တော်တို့ကချင် တပ်မတော်ကို အမြစ်ပျက်ချေမုန်းနိုင်မယ်ထင်လို့လား ကချင်တယောက်ကျန်ရင် KIA ဆိုတာရှိအုံးမှာပဲ ငြိမ်းချမ်းရေး နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်သာ တိုင်းရင်းသားတိုင်းလိုအပ်ချက်ပါ တစ်ချို့ မီဒီယာတွေ က KIA ကို ကချင်ပြည်သူတွေ မထောက်ခံဘူးတဲ့
ခုပုံလေးတွေကသက်သေပါ ADMINူ....

Read more »

ဖိတိုက်နေတဲ့ ဗမာတပ်တွေကို .စစ်ကစားမယ်၊

ဂိဒွန်စခန်းကို ဖိတိုက်နေတဲ့ ဗမာတပ်တွေကို ...
၁။ ကချင်းတပ်ရင်းတစ်ရင်းလောက် သုံးပြီး ရွှေ့လျားတပ်အဖြစ်နဲ့ သူတို့နောက်တန်းကို ပြောက်ကြားစနစ်နဲ့ စစ်ကစားမယ်၊
၂။ လက်ဖြောင့်တပ်သားတပ်စုတစ်စုလောက် မွေးပြီး တောတောင်တွေမှာ ချန်ထားခဲ့ပြီး တကယ့်အရေးပါသူတွေကို အမှည့်ချွေ ချွေပစ်မယ်၊၊
၃။ မြစ်ကြီးနား၊ ဗန်းမော် စတဲ့ မြို့တွေမှာ ရိက္ခာနဲ့ လက်နက်သိုလှောင်ရုံတွေအပါအဝင် စစ်တပ်နဲ့ သက်ဆိုင်တဲ့ အခြေခံအဆောက်အအုံတွေကို ဖြိုချနိုင်ခဲ့မယ်၊
ဆိုရင် မအလဖင်မှာ မီးစွဲပါလိမ့်မယ်။ ဂိဒွန်စခန်းမှာ ခြေကျွံနေတဲ့ ဗမာတပ်သားတွေအတွက်လည်း ကျောလုံနိုင်မှာ မဟုတ်တော့ပါ။
(မှတ်ချက်-လူ့အသက်နဲ့ ပိုင်ဆိုင်မှုများကို ပျက်စီးစေလိုစိတ်မရှိ၊ သဘောကို ရေးခြင်းမျှသာ)
U Ravika
LikeShow more reactions
Comment

Read more »

ပူတာအိုမြို့၌ လမ်း​လျှောက်​ဆန္ဒ​ဖော်​ထုတ်​မူတစ်​ရပ်​ကျင်းပပြုလုပ်​၊

Kagabu Rvwangce added 8 new photos.
ပူတာအိုမြို့၌ ရဝမ်​တိုင်းရင်းသားများနှင့်​ ဂျိန်း​ဖော
တိုင်းရင်းသားများလူထု ၈၀၀၀ ခန့်​သည်​ လီဆူ
ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​​တောင်းဆိုမူ​ပေါ် လမ်း​လျှောက်​ဆန္ဒ​ဖော်​ထုတ်​မူတစ်​ရပ်​ကျင်းပပြုလုပ်​၊
ပြည်​သူ့အားကွင်းမှ ၉း၃၀ ချိန်​ထွက်​ခွာခဲ့ရာ ​လေယာဉ်​ကွင်း အထက်​တန်း​ကျောင်းထိ
လမ်း​လျှောက်​ဆန္ဒ​ဖော်​ထုတ်​ ၁၀း၅၀ ချိန်
ပြီး​မြောက်​သွားပါ​ကြောင်း၊

Read more »

Sunday, November 13, 2016

Karai Masa Hku Wupoang mung dan shang lawt lu na lam


karai a ahkaw ahkang hte shanglawt lu la na matu ahkyak dik ai lam gaw
‘gingdan ai’ ngu ai lam rai nga ra ai.
Gingdan ai ngu gaw, karai kasang kaw nna shanglawt lam jaw ya ai hpe hkam la na matu gingdan ra ai hpe ngu mayu ai re.
Ga shadawn kaja hpu reng ai namman hpe hkrup mara nsan seng ai gawm hte hkap ja la yang jaw na wa, kam jaw sana nrai nga ai. (Njaw mat sana re.)
Karai kasang kaw na shanglawt lam hpe hkam la lu na Gingdan ai lam byin na matu….
(1) Kam ra ai (kam sham myit hpring ra ai)
Karai kasang gaw kaja wa nga yawng dang hta ma hkra hpe hpan da ai karai, asak hkrung ai karai, yawng mayawng hpe dangdi lu ai karai, kaja wa shabyin lu ai karai, karai kasang ndang di lu ai hpa nnga ai Karai hpe hkrak kam sham ra ai.
Bai anhte hte karai kasang rau rai nga ai, anhte hpe karai kasang garum nga ai, shi anhte hpe makawp maga nga ai ngu hpe hkrak kam sham ra ai.
Ndai kaw chyum mungga hta adan aleng tsun nga ai, shaning law law sai hkaw ai num wa kam sham myit hte yesu a palawng sa ahtawk yang kaja wa shi a sai hkaw ana mai mat ai, yesu tsun ai ga gaw na a kam sham myit gaw nang hpe shalawt sai ngu re.
Kaja wa kam sham lam nga ra ai.
Karai kasang hpe kam ai hte akyu hpyi ra ai.
Anhte a lam karai kasang kaw ap da ra ai.
Dai hku ap da ai hpe karai kasang gaw karum na kun ngu myit nmai ung ang ai, Karai kasang dangdi na kun ngu nmai myit ung ang ai.
Karai kasang galaw jang gaw shinggyim masha ndang chyena hkawn hkrang lu ai, mau hpa amu galaw ai hpe chyena ra ai.

(2) Madat mara ra ai, kaja wa ta tut hkan nang hkan sa ai.
Kam ai ngu hte sha nngut shi ai, madat mara hkan nang hkan sa ra ai. Hkrang shala ra ai.
Gaida jan gaw hka nlu wa ai majaw shi a kasha hpe hka madu ni hka sawn la kau na ngu tsun ai majaw grai myit ru jamjau hkrum nna myihtoi Eleshia hpe sa tsun dan ai. Myihtoi wa gaida jan hpe san ai nang kaw hpa baw nga ai rai nga. Gaida jan tsun ai namman tau mi lu ai nga. Myihtoi wa gaw gaida jan hpe wa nna nga manga yambu ni lajang da, htingbu ni hkan na mung lu ai daram shap la u, ngut jang dai namman tau hpe ru bang u ngu matsun dat ai. Gaidan jan mung htet ai hte maren wa galaw ai. Shi lu ai namman tau mi yambu ni kaw ru bang tim n hpe yambu kaw rung bang yang dai yambu hpring mat nna langai hpang langai kaw bang yang mung yambu mahkra kaw hpring mat rai nna kasha hpe yambu naw la war it ngu tsun yang kasha gaw yambu ma sai nu nga tsun ai hte bang taw ai namman mung hkring mat sai.
Ndai kaw tsun mayu ai gaw gaida jan wa gaw myihtoi wa a ga hpe kam ai hte ta tut mung madat mara hkan nang hkan sa galaw ai hpe tsun mayu ai re. Karai kasang anhte hpe galaw shangun ai lam hpe kam ai myit hte madat mara ta tut galaw sa ra ai.
Dawi ma wa karai kasang shi hpang maga lawm na hpe kam ai, nlung kabai ai gaw ta tut hkrang shala ai sha re, dai kaw karai kasang bungli galaw ai re.
(3) San seng ra ai.
Anhte a hkum hkrang ni, anhte a wuhpung wuhpawng ni gaw san seng ra nga ai. Mai kaja ai magam bungli ni hpring ra ai, tsawra myit nga ra ai, tengman tara rapra ra ai.
Awu asin lam ni, karai kasang nra ai lam ni, matsat shabat lam ni, yu bak lam ni nmai nga na re.
(4) Karai kasang a nsen hpe chye madat ra ai.
Karai kasang anhte hpe hpa tsun nga ai ngu hpe galoi mung madat taw ra ai. dai nsen hpe chyena ra ai. Dai hpe kam ai hpe hkan nang hkan sa ra ai. Dai nsen hte na lu na matu akyu hpyi ra ai.
Ga hpungdim
------------------------
Karai kasang a ahkaw ahkang hte shanglawt ai lam hpe hkam la lu na matu anhte shanglawt ai mungdan lu na matu GINGDAN RA GA AI.
GINGDAN NA MATU kaja wa kam myit rawng ra ai, shi a nsen matsun hpe hkan nang hkan sa ra ai, san seng ra ai.
Karai masa hku nna shanglawt lam hpe myit ai shaloi gaw anhte a masha n gun, laknak atsam ni, hpaji machye machyang ni gaw madung nrai nga ai.
Karai kasang anhte hpe ahkaw ahkang jaw ai njaw ai ngu ai gaw madung rai nga ai.Dai gaw ahkyak dik ai lam rai sai.
Karai kasang gaw anhte kaw na mauhpa magam bungli kaba ni galaw na re. Anhte gaw hkrang shala ai lam sha rai wa na re. Maw she gaw hkrang shala ai, Karai kasang gaw mauhpa magam bungli galaw ai, dai hte maren Da wi ma gaw kam ai hte ta tut bungli galaw ai karai kasang gaw mauhpa amu galaw ai.
Isreal amyu masha ni Hkanan mung de shang na gingdan ai shani she Hkanan de shang lu nga ai re. Gingdan ai shani gaw kadai wa kaning re masha amyu mung Hkanan shang na lam hpe nlu shingdang lu nga ai.
Dai majaw Anhte Shanglawt ai mungdan lu na matu “GINGDAN NGA SAGA AI KUN?”
Chyeju kaba sai,
Tara Kasa.
Ndai gaw Tara Kasa a shawng nnan lang na Post re.
October 7, 2016. 10:00 PM.

Read more »

Saturday, November 12, 2016

Karen in America held demonstration in front of the White House


Karen in America held demonstration in front of the White House to ask the US government to-
“1. Put pressure on the Burmese government and military to withdraw their troops from Karen state
2. Refrain from military cooperation with Burma’s armed forces
3.continue to support ethnic civil society as agents of democratic change in Burma’s
4. Maintain key sanctions targeting the Burma Army and military crony companies 
5. Exercise extreme caution in guiding international investment and economic development activities in Burma.”

karen-bkaren-kachinkaren-withkaren1
Read more...

Read more »

အဲနိုင်ငံအတွက် အင်မတန်မှ အန္တရာယ်များလှပါတယ်

စစ်တပ်နဲ့ ဒီမိုကရေစီ
နိုင်ငံရေးသမားတွေက စစ်တပ်ကို အသုံးချပြီး စစ်ရေးအရ အမြတ်ထုတ်ဖို့ ရှိနေခဲ့ရင်၊
စစ်တပ်ကလည်း နိုင်ငံရေးသမားတွေကို အသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ အမြဲတမ်း လုံးပမ်းနေခဲ့ရင်....
အဲနိုင်ငံအတွက် အင်မတန်မှ အန္တရာယ်များလှပါတယ်

Read more »

ခေါင်းက လုံပေမဲ့ ဖင်တော့ ပေါ်နေတယ် မအလ

By U Ravika
ရဟန်းတစ်ပါး ရှိတယ်။ လူအများလေးစားတဲ့ ကုန်းဘောင်ခေတ်ဆရာတော်ကြီးပါ။ ဆွမ်းခံကြွချိန်မှာ ဝမ်းရစ်လို့ လူများတဲ့နေရာမှာ ကိစ္စကို ပြီး ရတယ်။ သူက ဘာတွေးသလဲဆိုတော့ မျက်နှာပဲ ရှက်တတ်တာ ဖြစ်တယ်၊ ဖင်က မရှက်တတ်။ မျက်နှာကို လုံအောင် ကာခဲ့ရင် လမ်းဘေးမှာ ကျင်ကြီးစွန့်လို့ ရပြီဆိုပဲ။
ဒီတော့ သူက မျက်နှာကို သပိတ်နဲ့ ဖုံးပြီး အတုံးကို ချလိုက်ရတယ်။ လူတွေက မှတ်မိကြပါတယ်။ မျက်နှာကို ဖုံးထားပေမဲ့လည်း လူတွေ ဥဒဟို လူးလာခေါက်ပြန် သွားနေတဲ့နေရာမှာ ချီးပါတဲ့ ဘုန်းကြီးကို လူတွေ သိကြပါတယ်။ ဟိုလေးတကျော်ကို ဖြစ်လို့ပေါ့လေ။
အခုလည်း ဥရောပသမဂ္ဂစစ်ကော်မတီမှာ မိန့်ခွန်းပြောကြားရာမှာ မအလက-
" မြန်မာနိုင်ငံမှာ ဗမာကွန်မြူနစ်လို့ ခေါ်ကြတဲ့ ဗကပဟာ ထင်ရှားပါတယ်၊ သူတို့ဟာ အစိုးရကို လက်နက်ကိုင်တိုက်ခိုက်ခဲ့တယ်၊ တပ်မတော်ဆိုတာ တိုင်းပြည်ကို ကာကွယ်ဖို့၊ ပြည်သူကို ကာကွယ်ဖို့အတွက် တည်ဆဲအစိုးရအုပ်ချုပ်မှုကို ကာကွယ်ပေးရပါတယ်။ ဒါကြောင့် ပြည်သူနဲ့အစိုးရအုပ်ချုပ်မှုကို ထိပါးခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို တပ်မတော်က တိုက်ခဲ့ရတယ်။ သူတို့ဟာ ဗမာတွေ ဖြစ်ပါတယ်။ ဒီလိုပဲ ဒီမိုကရေစီဆိုပြီး အခွင့်အရေးတစ်ခု ရရှိဖို့ အစိုးရအုပ်ချုပ်မှုကို လက်နက်ကိုင်ဆန့်ကျင်ခဲ့တဲ့ မည်သူမဆို တပ်မတော်က ကာကွယ်ရပါတယ်။ တိုင်းရင်းသားကို တိုက်တာ မဟုတ်ပါဘူး။ လက်နက်ကိုင်တိုက်ခိုက်သူများကိုသာ ပြန်လည်တိုက်ခိုက်တာ ဖြစ်ပါတယ်"
ဆိုပြီး မိန့်ခွန်းပြောသွားတယ်။ ဒီမိန့်ခွန်းဟာ ခေါင်းတော့ လုံအောင် ခြုံထားတယ်။ ဒါပေမဲ့ မအလနဲ့ ဗမာ့တပ်မတော်ဟာ ဖင်ပေါ်လျက်နဲ့ နိုင်ငံတကာမှာ ချီးသွားပါနေခြင်းသာ ဖြစ်တယ်။
၁။ တော်လှန်ရေးခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အထွေထွေအတွင်းရေးမှူးဖြစ်တယ်။
၂။ ပါလီမာန်အစိုးရလက်ထက်မှာ ဗမာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကျော်ဇောဟာ ကွန်မြူနစ်တစ်ဦး ဖြစ်တယ်။ တရုတ်ဖြူကို တိုက်တဲ့နေရာမှာ တိုက်ရည်ခိုက်ရည် ကောင်းခဲ့သူ ဖြစ်တယ်။ အခုထိ သူ့လို တိုက်ရည်ခိုက်ရည် ကောင်းတဲ့ ဗမာ့ကာချုပ်တွေ မပေါ်လာသေးပါ။
၃။ နောက် တော်လှန်ရေးကောင်စီခေတ်နဲ့ မဆလခေတ်မှာ-ဗမာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း အခု NLD နာယက သူရဦးတင်ဦးဟာ ဒီမိုကရေစီဘက်တော်သား ဖြစ်တယ်။ သူလည်း တိုက်ရည်ခိုက်ရည် ကောင်းပြီး တပ်မတော်ကို မြေတောင်မြှောက်ပေးလိုသူများ ဖြစ်ပါတယ်။
၎။ နောက်ဆုံး နဝတ၊ နအဖခေတ်မှာ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနဲ့ သူရစစ်မောင်တို့ဟာ စစ်ဗျူဟာနဲ့ စစ်ဆင်တဲ့နေရာမှာ တိုင်းရင်းသားခေါင်းဆောင်တွေ ချီးကျူးခဲ့ရတဲ့ စစ်ဗိုလ်ချုပ်ကြီးများ ဖြစ်ပါတယ်။ သူတို့ဟာ ကွန်မြူနစ်တွေ မဟုတ်ကြသလို ဒီမိုကရေစီကိုလည်း လိုလားကြသူတွေ မဟုတ်ပါဘူး။ ဖားပြုပ်ကြီး သန်းရွှေကိုပဲ သစ္စာစောင့်သိခဲ့ကြတာ ဖြစ်တယ်။
ဒီတော့ -
၁။ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူတွေ သတ်ခဲ့ကြသလဲ။ တိုင်းရင်းသားတွေ မဟုတ်ကြပါ။ လွတ်လပ်ရေးဖခင်ကြီးပါ။ အာဏာလုကြတဲ့ ဗမာတွေအချင်းချင်းပဲ သတ်ပါတယ်။
၂။ ဗိုလ်ချုပ်ကျော်ဇောတို့က ဘာကြောင့် တောခိုခဲ့ရသလဲ။ မြေပေါ်မှာ နိုင်ငံရေးလုပ်လို့ မရတော့လို့ပါ။
၃။ ဦးတင်ဦးကို ဘာကြောင့် ထောင်ချပစ်သလဲ။ ဦးနေဝင်းဆိုတဲ့ အာဏာရှင်ကို ဆန့်ကျင်ခဲ့လို့ပါ။
၎။ ဒုဗိုလ်ချုပ်ကြီးတင်ဦးနဲ့ သူရစစ်မောင်ကို ဘာကြောင့် လုပ်ကြံခဲ့သလဲ။ တပ်မတော်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထက် တပ်သားတွေက လေးစားခဲ့လို့ပါ။
ဒီတော့
(၁) ဗိုလ်ချုပ်အောင်ဆန်းက နယ်ချဲ့အင်္ဂလိပ်ကို တိုက်တယ်။ သေရတယ်။
(၂) ဗိုလ်ချုပ်ကျော်ဇော်က ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ လုပ်ခဲ့တယ်။ ဦးနုအစိုးရရဲ့ မညီမျှတဲ့ ပေါ်လစီကြောင့် တောခိုခဲ့ရတယ်။ တောမခိုရင် သူလည်း ခံရဖို့ပဲ။
(၃) ဦးတင်ဦးဟာ တပါတီအာဏာရှင်ဦးနေဝင်းကို ဖြုတ်ဖို့ ကြံခဲ့တယ်။ သူတော့ တောမခိုလို့ ထောင်နန်းအခါခါ စံခဲ့ရတယ်။
(၄) ဗိုလ်ချုပ်ကြီး တင်ဦးနဲ့ သူရစစ်မောင်တို့ဟာ အာဏာရှင်ကို သစ္စာစောင့်သိရင်းနဲ့ လုပ်ကြံခံလိုက်ရပါတယ်။
ဒီတော့ အုတ်ကြားမြက်ပေါက် မအလ ဘာပြောချင်လဲ။ စစ်တပ်သတ်လို့ သေရတဲ့ လူတွေထဲမှာ လက်နက်ကိုင်တွေတင် ဘယ်ဟုတ်မလဲ။ အရွယ်မရောက်သေးတဲ့ကလေးတွေ၊ အမျိုးသမီးတွေ၊ အပြစ်မဲ့အရပ်သားတွေက ပိုများပါတယ်။ လက်နက်ကိုင်သူချင်း သတ်လို့ သေတဲ့မသာက နည်းတယ်။ ဗမာ့တပ်မတော် သတ်လို့ သေရတဲ့ မသာတွေက ပိုများပါတယ် မအလ။
မအလကော ကိုယ့်အရည်အချင်းကို ဆန်းစစ်ကြည့်ဖူးလား။ ဒီနေရာ ဒီရာထူး ဒီအဆင့်အတန်းကို တန်လို့ ရလာတာလား၊ အာဏာရှင်ကို အဖားတော်လို့ ရလာသလားဆိုတာကိုပဲပေါ့။ မအလရဲ့ ပြောစမှတ်အောင်မြင်မှုဆိုရင် ၂၀၀၉ ခုနှစ်မှာ ကိုးကန့်အချင်းချင်း သွေးကွဲအောင် မြှောက်ပေးပြီး တိုက်ခဲ့တဲ့ အစဉ်အလာတစ်ခုပဲ ရှိတယ်။ ဘိန်းကူးမှုမှာ နအဖအစိုးရကို ကူပေးခဲ့ဖူးတဲ့ မှတ်တမ်းပဲ ရှိတယ်။ ကျန်တာ ဘာမှ မရှိ။ အခု စစ်တိုက်တာတောင် အလဲလဲအကွဲကွဲနဲ့။ အင်အားရှိလို့သာ ရှေ့ကို တိုးနိုင်တာ ဖြစ်တယ်။ အင်အားချင်းသာ ညီကြရင် မအလကိုယ်တိုင် မျက်နှာသစ်ဖို့ ခေါင်းကျန်မှာ မဟုတ်တော့ပါ။
ကောင်းပါပြီ။ ဒီမှာ မေးစရာ ရှိပြီ။
၁။ ကွန်မြူနစ်စနစ် မကောင်းဘူးဆိုခဲ့ရင် တရုတ်ပြည်ကို ဘာကြောင့် တက်တဲ့ ဗမာခေါင်းဆောင်တိုင်းက သွားရှိခိုးနေရသတုန်း။ (မိမိက အနီမဟုတ်ဘူးနော်) တရုတ်ကွန်မြူနစ်ကို ချစ်နိုင်ကြပါရဲ့။ ဗမာကွန်မြူနစ်ကို ဘာကြောင့် မုန်းတီးနေရသတုန်း။ ကွန်မြူနစ်တွေကို လက်မခံရင် ဦးနုအစိုးရဟာ မြန်မာတပြည်လုံးကို ကိုယ်စားပြုနိုင်မှာမဟုတ်ဘူး။ ဒီတော့ ကွန်မြူနစ်တွေကလည်း ဦးနုရဲ့ ပါလီမာန်အစိုးရကို လေးစားစရာမလိုတော့ဘူး။
၂။ အဲ့လိုပဲ NLD နာယကဦးတင်ဦးကလည်း တပါတီအာဏာရှင် အလုပ်မဖြစ်ကြောင်း၊ ဆိုရှယ်လစ်စီးပွားရေးစနစ် အောင်မြင်မှာမဟုတ်ကြောင်း၊ အာဏာရှင်ဦးနေဝင်းဟာ ကိုယ်ကျင့်တရားကောင်းမွန်သူ မဟုတ်ကြောင်း၊ ပြည်သူတို့တိုက်ရိုက်ရွေးချယ်လိုက်တဲ့ အစိုးရမဟုတ်ကြောင်း သိရတဲ့အခါမှာ ဆန့်ကျင်ရမှာပဲ။ မဆလအစိုးရဟာ တပ်မတော်အစိုးရသာ ဖြစ်ပါတယ်။ ဒီတပ်မတော်အစိုးရဟာ (က) အိမ်စောင့်အစိုးရ၊ (ခ) တော်လှန်ရေးကောင်စီ၊ (ဂ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (ဃ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ (င) နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (စ) အခု နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဆိုပြီး ပုံစံအမျိုးမျိုးနဲ့ ပြည်သူ့အာဏာကို သိမ်း၊ စစ်တပ်က နိုင်ငံရေးမှာ ဝင်ပါ၊ လက်နက်နဲ့ ပြည်သူတို့ဘဝကို နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်ခဲ့သေးတာပဲမဟုတ်လား။ ဒီတော့ စစ်တပ်က အစိုးရကို အကာအကွယ်ပေးနေတာ မဟုတ်ဘဲ စစ်ခေါင်းဆောင်တွေ အာဏာမပျောက်ရေးအတွက် အကာအကွယ်ပေးနေခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ ဒီတော့ ဒီခါးပိုက်ဆောင်တပ်ကို ဆန့်ကျင်သူတိုင်းဟာ အစိုးရကို ပုန်ကုန်သူလို့ ဆိုနိုင်ပါသလား။
၃။ လက်ရှိဖွဲ့စည်းပုံအရ ဖွဲ့စည်းလိုက်တဲ့ အစိုးရမှာ အုပ်ချုပ်ရေးအာဏာ မရှိပါဘူး။ စစ်တပ်က ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း တတိုင်းပြည်လုံးကို စစ်ကျွန်ဘဝရောက်အောင် "အမျိုးသားနိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်ပါဝင်ရေး"ဆိုတဲ့အချက်နဲ့ ကာလုံ၊ သမ္မတ၊ ဝန်ကြီး၊ လွှတ်တော်၊ တရားသူကြီး စသည်တို့မှာ အရေးပါတဲ့နေရာတိုင်းမှာ ဝင်အုပ်ထားပါတယ်။ ဒီတော့ အစိုးရဆိုတာ ဗမာ့တပ်မတော်ပဲ ဖြစ်တယ်။ ပြည်သူတို့ရွေးကောက်တင်မြှောက်လိုက်တဲ့အစိုးရဟာ စစ်တပ်ရဲ့ လက်ကိုင်တုတ်အဆင့်ပဲ ရှိပါတယ်။ အခု NLD အစိုးရဆိုတာ စစ်တပ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ရှင်းပေးတယ်။ ခရိုနီတွေ ခိုးခဲ့တဲ့ ငွေမည်းတွေကို လျှော်ဖွပ်ပေးတယ်။ ပြီးတော့ ပုဒ်မ ၆၆ (ဃ)လိုမျိုးကို သုံးပြီး ဝေဖန်သူများကို ဆွဲစိချင်ကြတယ်။ ဒီလိုဆိုရင် ပြည်သူတို့က ရွေးကောက်တင်မြှောက်လိုက်တာ ဟုတ်ပါရဲ့။ ဒါပေမဲ့ စစ်တပ်ကိုပဲ အလုပ်အကျွေးပြုနေပြီး စစ်တပ်နည်းအတိုင်း ပြည်သူတို့ကို ပြန်ဒုက္ခပေးနေတဲ့အချိန်ပါ။ ဒီတော့ မအလက နိုင်ငံတကာမှာ ဒီအစိုးရကို အကာအကွယ် ပေးနေသလား၊ ပြန်ပေးဆွဲထားသလားဆိုတာ မေးစရာတောင် မလိုဘူး။ ဝတ္ထုဇာတ်လမ်းအတိုင်း ပြောရရင် သန်းရွှေက ဒေါ်စုကို အာရုံလွှဲသိုင်းနဲ့ ထိန်းချုပ်ထားပြီး ခိုင်းချင်သလို ခိုင်းနေတဲ့ အခြေအနေပါ။ ဒီလိုအစိုးရမျိုးရဲ့ အုပ်ချုပ်မှုအောက်ကို ဝင်ရောက်သင့်သလား။
ဒါတောင် ခင်ဗျားတို့ ဗမာ+ဗမာချင်း ဖြစ်တဲ့ ပြဿနာတွေနော်။ ကျုပ်တို့တိုင်းရင်းသားတွေကို ဆွဲမထည့်နဲ့အုံး။ ကျုပ်တို့က ပင်လုံစာချုပ်အရ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုပဲ ပြန်တောင်းနေတာပါ။ ခွဲထွက်ဖို့ ဘာစိတ်ကူးမှ မရှိသေးဘူး။ ရှိလာတဲ့အခါမှာ ခင်ဗျားတို့နဲ့ လေအကုန်ခံမှာမဟုတ်ဘူး။ ဒါနဲ့ ပြောရအုံးမယ်။ ကျုပ်တို့လည်း ဗမာတွေကို တိုက်နေတာ မဟုတ်ဘူး။ မဟာဗမာ့ဝါဒီတွေ၊ အစွန်းရောက်ဗမာတွေ၊ ဗမာ ISIS တွေ၊ ဗမာအကြမ်းဖက်သမားတွေ၊ ဗမာ့စစ်ခွေးတွေ၊ စစ်တပ်အလိုတော်ရိတွေကို တိုက်နေရတာ ဖြစ်တယ်။ ကောင်းတဲ့ ဗမာတွေကို စိတ်ကူးနဲ့တောင် မပြစ်မှားပါဘူး မင်းအောင်လှိုင်ရယ်။

Read more »

Thursday, November 10, 2016

Trump: No Salary for Me as President.

လစာ မယူဘူးတဲ့http://nevo.news/index.php/2016/08/25/trump-no-salary-for-me-as-president/
Billionaire U.S. presidential candidate Donald Trump said on Thursday he does not want the $400,000 annual salary that comes with the White House job and would turn it down if elected.
Trump, the front-runner for the Republican nomination in the 2016 race despite having no political experience, was asked at a town hall-style meeting in Rochester, New Hampshire, if, as president, he would roll back generous pension and healthcare benefits given to members of Congress.

http://nevo.news/index.php/2016/08/25/trump-no-salary-for-me-as-president/
Billionaire U.S. presidential candidate Donald Trump said on Thursday he does not want the $400,000 annual salary that comes with the White House job and would turn it down if elected. Trump, the f…
NEVO.NEWS

Read more »

Saturday, November 5, 2016

စိတ္တဇရောဂါ စွဲကပ်နေတဲ့ မြန်မာ့ခေါင်းဆောင်များ



By- U Ravika 
4/11/2016

"ဝ"က သူ့ဟာသူ နေနေတာ။
စစ်တပ်နဲ့ နွှယ်တဲ့ ပုဂ္ဂိုလ်တွေက နေမထိထိုင်မသာ ဖြစ်နေကြရှာတယ်။
အရင်တုန်းက ရှင်စောပုဆိုတဲ့ မွန်ဘုရင်မက ရာမညတိုင်း ဟံသာဝတီနေပြည်တော်ကနေ ဒဂုံဆံတော်ရှင်ကို အစောင့်အရှောက်အနည်းငယ်နဲ့ ဘုရားဖူးသွားလေ့ရှိသတဲ့။
အင်းဝဘုရင်က "အစောင့်အရှောက်နည်းနည်းနဲ့ ဘုရားဖူးသွားခြင်းမှာ ငါ့ကိုယ်တော်မြတ်ကို မထီမဲ့မြင် ပြုရာရောက်တယ်မလား မောင်မင်းတို့"ဆိုတော့ ငပေါတွေက "မှန်ကြောင်းပါဘုရား"သံတော်ဦးတင်လိုက်ကြတယ်။ ဒီတော့ ဗဂိုးရိုးမကို မှောင်ရိပ်ခိုပြီး ရှင်စောပုကို အင်းဝဖမ်းခေါ်သွားခဲ့သတဲ့။
ဒီမှာ ပြောလိုတာက မြန်မာခေါင်းဆောင်တွေဟာ စိတ္တဇတစ်မျိုးများ စွဲကပ်နေသလားလို့ပါ။ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စမှာ ကိုယ်နဲ့ဆိုင်သလိုလို၊ ကိုယ့်ပစ္စည်းမဟုတ်တာကို ကိုယ်နဲ့ဆိုင်သလိုလို၊ ဓားပြတိုက်လို့ ရတဲ့ နယ်မြေတွေကို မရှက်မကြောက် မြန်မာပိုင်လိုလို လုပ်ပစ်တတ်ကြပါတယ်။
အခုလည်း "ဝ" တွေက သူ့နယ်မြေနဲ့သူ နေနေတာပါ။ တရုတ်နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတော့ တရုတ်တွေနဲ့ သင့်တင့်အောင် ပေါင်းရမှာပဲ။ တရုတ်ငွေကို မကိုင်ရင်လည်း ဖြစ်နိုင်တဲ့ဒေသမှ မဟုတ်တာပဲ။ တရုတ်လုပ်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲရတာကလည်း ဓမ္မတာပါပဲ။ တရုတ်ဘာသာကို ကျွမ်းကျင်မှလည်း ကုန်သွယ်ရေးမှာ ပိုအဆင်ပြေတော့မပေါ့။ ပြည်မက ဗမာတွေတောင်မှ တရုတ်စာနဲ့စကားကို ပိုက်ဆံပေးသင်ယူနေကြရတဲ့အချိန်မလား။
ဒီတော့ "ဝ " တွေကို ပြည်မက စစ်တပ်၊ စစ်ခွေး၊ စစ်တပ်ဘက်ပါတဲ့ ဒီမိုအချို့ဟာ မနာလိုဝန်တိုနေကြပါတယ်။ တရုတ်ကို ကပ်ပြီး အသက်ဆက်ဖူးတဲ့ သူတို့အဖြစ်ကို မေ့ကုန်ကြတယ်။ အရင်က စစ်တပ်ဟာ တရုတ်နဲ့ကိုးကန့်တွေကို အထူးအခွင့်အရေး ပေးခဲ့ကြတယ်။ မှတ်ပုံတင်တွေကိုလည်း ထုတ်ပေးခဲ့ကြတယ်။ မန္တလေးမြို့ရဲ့ အချက်အချာနေရာတွေကို တရုတ်လက်ထဲ ထိုးအပ်ခဲ့ကြတယ်။ သယံဇာတတွေနဲ့ ပတ်သက်ပြီးတော့လည်း တရုတ်ကို ဈေးချိုချိုနဲ့ ရောင်းခဲ့ကြတယ်။ တရုတ်စီမံကိန်းမှာဆိုရင် တိုင်းရင်းသားတွေအပေါ် ဆရာကြီးလုပ်နေတဲ့ ဗမာတွေက ကျေးကျွန်သဖွယ် အောက်ကျို့ခဲ့ရပါတယ်။
ဝတွေက ဒီလိုမျိုး မဟုတ်ဘူး။
သူတို့က တရုတ်အစိုးရနဲ့ တည်တည်ငြိမ်ငြိမ် ဆက်ဆံနိုင်ကြတယ်။
ကုန်ဖလှယ်တဲ့နေရာမှာလည်းပဲ ပစ္စည်းမှန်ဈေးမှန်ပဲ။
စိတ်ရင်းစေတနာမှန်နဲ့မို့ ဝနဲ့တရုတ်တွေဟာ အင်မတန်မှ အဆင်ပြေကြပါတယ်။
ဒါကို ပြည်မအစိုးရက မနာလိုမရှုစိမ့်ပါ။
ဗမာတွေရဲ့ လက်အောက်ကို မရောက်ရှိသေးလို့ နေမထိထိုင်မသာ ဖြစ်နေကြတာကို တွေ့မြင်နေရတယ်။
ဗမာအစိုးရနဲ့ ဗမာ့တပ်မတော်တို့ဟာ ဒီစိတ်ထားကို မပြင်နိုင်ခဲ့ရင် အနှေးနဲ့အမြန် လူမျိုးပေါင်းစုံရဲ့ တိုက်ခိုက်ခြင်းကို ခံရနိုင်ပါတယ်။

Read more »

ဘယ်သူက သူပုန်တွေပါလဲ


ဒီမိုတွေ နားမလည်ကြသေးတာက တိုင်းရင်းသားတို့ရဲ့ တော်လှန်ရေးဆိုတာ ပင်လုံစာချုပ် ချုပ်ဆိုကတည်းက စတင်ခဲ့တယ်ဆိုတာပါပဲ။
ပင်လုံမှာ ပါဝင်ခွင့်မရခဲ့တဲ့ မွန်နဲ့ကရင်ခေါင်းဆောင်တွေက အောက်မြန်မာပြည်ကို ခွဲထုတ်ပြီး "မွန်ကရင်နိုင်ငံတော်"ထူထောင်ဖို့ ကြိုးစားခဲ့ဖူးတယ်။
ပင်လုံစာချုပ်ကို ဗမာခေါင်းဆောင်တွေက လက်တလုံးခြား လှည့်စားပြီး စစ်မှန်တဲ့ ပြည်ထောင်စုကို ထူထောင်မဲ့အစား တမတ်သားဖက်ဒရယ်ကိုပဲ ပေးခဲ့လို့ ပြည်တွင်းစစ်ဟာ အားကောင်းလာခဲ့တယ်။
၁၉၆၂ ခုနှစ်မတိုင်မီကတည်းက ပြည်တွင်းစစ်ဆိုတာ ရှိနေခဲ့တာပါ။ ဒါတောင် ကွန်မြူနစ်တော်လှန်ရေးကို ထည့်မပြောရသေးပါ။
အခု ဒီမိုအချို့က -
၁။ ပြည်သူ့အစိုးရစကားကို မနာခံတဲ့ စစ်တပ်တိုင်းကို "သူပုန်"လို့ သတ်မှတ်မှာ ဖြစ်ကြောင်း ရေးလာကြတာကို တွေ့မြင်ရပါတယ်။
၂။ ဒါပေမဲ့ ပြည်သူ့အစိုးရ၊ အရပ်သားအစိုးရ၊ ဒီမိုကရေစီအစိုးရ ဟုတ်မဟုတ် အရင်စိစစ်ရမှာ ဖြစ်တယ်။
၃။ ပြည်သူတို့တင်မြှောက်တဲ့အစိုးရကို အဲ့အစိုးရ ပေးတဲ့လစာကို စားပြီး အဲ့အစိုးရကို မနာခံခဲ့ရင် ဒါဟာ သူပုန်တပ်မတော်ပါ။ အခု မြန်မာ့တပ်မတော်ဟာ လက်ရှိဖွဲ့စည်းပုံအရ အစိုးရထက် အာဏာပိုရှိပါတယ်။ သူပုန်အကြီးစားပါ။
၎။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ဖက်ဒရယ်ရရှိရေးဟာ အရေးပါပါတယ်။ ဒီမိုကရေစီအစိုးရ စစ်ခဲ့ရင်တောင် ပြည်ထောင်စုစစ်စစ် မဟုတ်ခဲ့ရင် အဲ့အစိုးရဟာ တိုင်းရင်းသားလူမျိုးများကို ကိုယ်စားမပြုပါဘူး။ မပြုတဲ့အခါကျတော့ ဒီအစိုးရဟာ ဗမာလူမျိုးတစ်မျိုးကိုပဲ ကိုယ်စားပြုမှာ ဖြစ်တယ်။ ဒါကြောင့် တိုင်းရင်းသားတွေဟာ ဒီအစိုးရကို လေးစားစရာမလိုဘူး။
၅။ တကယ်လို့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးခဲ့ပြီ၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီဆိုကြပါစို့ ဒီအချိန်မှာ လက်နက်ကိုင်တပ်မတော်တိုင်းဟာ အစိုးရရဲ့ အုပ်ချုပ်မှုအောက်ကို ဝင်ရောက်ကြရမှာ ဖြစ်တယ်။ မဝင်တဲ့တပ်ဟာ သူပုန်ပါပဲ။
၆။ လောလောဆယ်အခြေအနေအရ မြန်မာ့တပ်မတော်ဟာ သူပုန်တပ်မတော်ပါ။ ဒီမိုကရေစီကို လက်မခံသေးလို့ပါ။ မြန်မာအစိုးရဟာ ပြည်ထောင်စုစစ်စစ်ကို မထူထောင်သေးလို့ ပင်လုံစာချုပ်အရ သူပုန်အစိုးရသာ ဖြစ်တယ်။ ဒီသူပုန်အစိုးရနဲ့ သူပုန်တပ်မတော်ကို တော်လှန်ခြင်းမှာ မွန်မြတ်ပါတယ်။
ဒါကို သိကြဖို့ပါပဲ။
U Ravika

Read more »

President of the United States

အမေရိကန်သမ္မတ အဆက်ဆက်၏ ရုပ်ပုံလွှာများ
အမေရိကန်သမ္မတ ၄၄ ဦးတို့ရဲ့ ရုပ်ပုံလွှာတွေကို စုစည်း တင်ပြထားပါတယ်။

Read more »

Burma claims to be a democracy but lacks freedom of speech

GSN
This is what we get for subscription to tutelary democracy of 2008, the greatest enigma of Burmese politic. I could be in jail for majority of my posts on my Facebook if I were in Burma, but I shall indulge as my liberty permits.
Burma claims to be a democracy but lacks freedom of speech. It brags for its freedom of press yet murdered journalist like Ko Par Ji and now fired Myanmar Times' Ms. Fiona MacGregor by using executive power. It requests the global community for funds to effectuate Nationwide peace efforts, but barred some groups from entering. Ceasefire Agreements were signed but shortly accompanied by military onslaught. It holds Nationally televised events in the moniker of Federalism but ignores the very founding document of Burmese Union, Pang Long Agreement. It showcases its diversity yet inter-marriage and inter-faith laws were passed to protect the purity of 88% of population's race and religion.
Demands Ethnic Armed organizations to abandon arms during democratic era, yet its Tatmadaw cannot abandon its trigger-happy habit of using violence and state-sponsor terror to acclimate into new political paradigm. Unlike some of my friends, I see threat against Mr. Myo Yan Naung Thein as a threat to the future of the country. Like many NLD supporters, I grew up aspiring DASSK, I remember the very day she came into our quarter in Myitkyina. As a seven year-old, I ran close to half a mile behind her white Toyota Corolla SE on April 27th, 1989 and listened intently from star-apple tree to campaign speech at Duwa Zau Awng's residence. I attended nearly all of her Saturday rallies at 54 University Ave in 1996. The only difference between them and us is that their struggle ends on 54 University Ave, but our destination carries onto full realization of Pang Long, genuine Federalism. When once asked after her release, DASSK too couldn't denounce the armed struggle of her comrades at ABSDF; likewise, we are impossible to denounce our own right to defend against any occupation forces. When British forces came to Kachin Hills in 1892, I do not recall any Burmese forces defending Kachin Hills like Sadung and Sumprabum.
Some discredit me for writing these while I live thousands miles away, but I could also say how could a person from the wealthiest hamlet of Rangoon understands nearly 70 years of misery we face in ethnic states? I can attest to the fact that many of my friends still can't deal with the fact that their army still torches civilian homes, uses rape as weapon of war, recruits child soldiers for the frontlines, and uses narco trade for state-building apparatus. One has to wonder how could the army with ethnic composition of Officer corps over 60% in the 50s are down to nearly 0% in 2016?
There are over 140,000 Kachins and Shans in makeshift camps with close to 0 aid from the govt, and the army uses all its power to stop international aids from crossing over to border area IDP camps.
Before emancipation, colored people were considered 3/5th of a person; today, Burmese civilians aren't too different either: our vote still counts as 3/4th in a parliament which the army controls 25% of all the Union's and States' seats.
I thank activists who helped to change our world, people who faced censure of their colleagues to advanced the lives of many. Without them, our mothers and sisters would still not be able to vote, and we would still be denied of basic rights. Now, if NLD insider like Mr. Myo Yan Naung Thein could be arrested, just can't fathom how our life could be for criticizing Burma army for its crimes.

Read more »

ပင်လုံပြီးနောက် ကချင်တွင် တိုက်ပွဲပေါင်း ၁၅၀ ကြိမ်ခန့်ပြန်လည် ဖြစ်ပွား

၂၁ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပထမအကြိမ် အစည်းအဝေး ပြီး နောက်ပိုင်း ကချင်ပြည်တွင် ယခုချိန်ထိ တပ်မတော် နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲပေါင်း ၁၅၀ ကြိမ်ခန့် ပြန်လည် ဖြစ်ပွားခဲ့ကြောင်း ကေအိုင်အေ ဒုဗိုလ်မှူးကြီး နော်ဘူကဆိုသည်။
“ပင်လုံပြီးကတည်းက တိုက်ပွဲဖြစ်တာကတော့ ၁၅၀ ကြိမ်လောက်ရှိပြီ။အများဆုံးတော့ အင်ခရမ်နှင့်ဂီဒွန် (Gidon) မှာပဲ။”ဟု ဒုဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုများပါအောင် တိုက်ပွဲများပြင်းထန်ခဲ့သည့်  Gidon တွင် ယခုရက်ပိုင်း ထိပ်တိုက် တိုက်ပွဲမဖြစ်သည်မှာ  ၁၀ ခန့်ရှိပြီဖြစ်ပြီး ဖြစ်သော်လည်း တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများနေ့တိုင်းရှိနေဆဲဖြစ်ကြောင်းလည်း ဆိုသည်။
“တိုက်ပွဲဖြစ်နေရတဲ့အကြောင်းအရင်းက တပ်မတော် ကျွန်တော်တို့ နယ်စပ်တစ်လျှောက်မှာ ရှိတဲ့စခန်းတွေကို ဖြတ်တောက်ချင်တာလည်းပါမယ်၊ပြီးတော့ NCA လက်မှတ်ထိုးဖို့ ဖိအားပေးတာလည်းဖြစ်နိုင်တယ်။” ဟု ဒုဗိုလ်မှူးကြီး နော်ဘူကသုံးသပ် ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာ ၄ ရက်နေ့အထိ ကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံ ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပထမအကြိမ် အစည်းအဝေး တွင် ကေအိုင်အိုသည်လည်း UNFC အဖွဲ့ ၏မူအတိုင်းတက်ရောက် ပါဝင်ခဲ့သည်။
မြန်မာတပ်မတော်တို့ ၂၀၁၅ ဇွန်လ (၉)ရက်နေ့မှ ၂၀၁၆ ဇွန်လ (၉) ရက်နေ့ထိ တစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၂၇၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်းလည်း ကေအိုင်အေ ဗိုလ်မှူးချုပ်တစ်ဦးကဆိုသည်။
http://kachinwaves.com/?p=296

Read more »

Gum San NSang feeling annoyed.

Masha hpan nkau hpe n-kaja ai ngu tsun ai hpe pawt ai ninghkap ai, teng sha kaja ai ngu mu yang gaw Maigan n-pru wa ra sana n-hten? Kaja nan "maigan pru-shang laika buk" ni zing na matu daram tang shawn/kam hpa mai ai Asuya rai taw nga yang gaw Yangon de bai n-htang wa nna nga mat ai gaw htuk manu dik ai ngu mu ai.
Tinnang UN hpe jaw da ai sumrai ni hpe bai n-htang yu myit dum ga ngu nna sha lajin mayu ai. Masha ni tinnang hpe laknak hku nna jai lang n-hkrum na matu sadi ga.
Hta n-ga, ngai mung German kaja ai ngu tsun ai Jew n-mu ga zawn Japan kaja ai ngu tsun ai Miwa masha dai ni du hkra n-mu yu shi ai. NPT Rapdaw kawn NLD+USDP+Tatmadaw yawng daram madi shadaw ai majaw Mungdan a Tara Kanu rai mat sai "Myo Saung Upadi" ngu gaw 'Racist law' nan re hpe n-malap ga.

Read more »

U.W.S.P/ U.W.S.A ပြောက် ကျား training ပါ ။


Photo - L Zau Htoi Awng

ပြောက် ကျားရဲ့ သ ဘောတရားမှာ တဖက် ရန် သူ ရဲ့ ထိုးစစ် ကို 
တန် ပြန် ထိုးစစ် နဲ့ ချေမှုန်းတဲ့ သ ဘောပါ။ 
နယ် မြေကျွမ်းကျင် မှု အပင် ပန်းခံနိုင် မှု သီးခံနိုင် မှု ...
အ မေရိကန် ဗီယက် ကောင်းစစ် ပွဲမှာ ခေတ် မှီ တိုက် ခိုက် ရေး
ရဟတ် ယာဉ် တွေကို ပထမဆုံး အသုံးပြုခဲ့တဲ့ အ မေရိကန် တပ် ဟာ
ဗီယက် ကောင်း တွေရဲ့ ပျောက် ကြားတပ် ကို အရှုံး ပေးခဲ့ရ သေးတာပဲ
Russian HN -5 ဒုံးကျည် ကို တုပီးထုတ် ထားတဲ့ 
တတိယ မျိုးဆက် သစ် FN - 6 မီတာ ၃၅၀၀ အထိ ပစ် ခွင်းနိုင် တဲ့
လေယာဉ် ပစ် လက် နက် မျိုး တွေ U.W.S.A မှာ မရှိ သေးပါဘူး
ဒါ ပေမဲ့ လေ ကြောင်းကာကွယ် ရေး စနစ် ကို အခြားလက် နက် တွေနဲံ့
U.W.S.A က တိုးမြင့် ထားပါတယ် ။
ဒါက လဲ တိုင်းရင်းသားလက် နက် ကိုင် တပ် တွေကို 
တပ် မ တော် လက် အောက် ခံ နယ် ခြား စောင့် တပ် အသွင် ပြောင်း ရေးနဲ့
အင်းအားရှိ တိုင်းရင်းသားလက် နက် ကိုင် တပ် တွေကို စစ် ရေးနဲ့
ဖြေရှင်းချင် နေတဲ့ တပ် မ တော် ရဲ့ တင်းမာတဲ့ မူဝါဒ ကြောင့် ပဲ
နှစ် ပေါ်င်း ၆၀ ကြာ မြန် မာနိုင် ငံရဲ့ နိုင် ငံ ရေး ဖြစ် စဉ် ကို 
ကြည့် လိုက် ရင် တပ် မ တော် က ချမှတ် ထားတဲ့ မူဝါဒ လမ်းစဉ် ကို
အတိုက် အခံ လုပ် ခဲ့တဲ့ တိုင်းရင်းသား လက် နက် ကိုင် မှန် သမျှ
တပ် မ တော် က စစ် ရေးနည်းနဲ့ပဲ ဖြေရှင်းခဲ့တယ် ။
တိုင်းရင်းသား ကျေးရွာ တွေမှာ ဖြတ် လေးဖြတ် ဗျူဟာနဲ့
အရပ် သား တွေကို ပြောင်း ရွှေ စေခဲ့တယ် ။
U.W.S.A နဲ့ တပ် မ တော်ဲ့ အပစ် အခတ် ယူပြီး
နောက် ပိုင်း တင်းမာမှု ဆိုတာ မရှိခဲ့ဘူး ....
ဒါကလဲ U.W.S.P / U.W.S.A အုပ် စု တွေဟာ 
ဒီနိုင် ငံရဲ့ နိုင် ငံ ရေးဖြစ် စဉ် တွေမှာ မပါဘဲနဲ့ ပို နေမြဲ ကျား နေမြဲ
ဆိုသလိုပဲ နေခဲ့တယ်
အခု နောက် ပိုင်း U.W.S.A အုပ် စု တွေဟာ 
နိုင် ငံ ရဲ့နိုင် ငံ ရေးဖြစ် စဉ် တွေမှာ ၀င် ပါလာတာ 
အခြားတိုင်းရင်းသားလက် နက် ကိုင် အုပ် စု တွေနဲ့ နိုင် ငံ ရေးအရ
ဆက် ဆံတာ တွေကို တပ် မ တော် က သ ဘောမကျလာဘူး
တဖက် မှာ ကချင် စစ် ပွဲ ရှိ သေး တော့ 
U.W.S.A ကို စစ် ရေးအရ ခြိမ်း ခြောက် ဖို့ မဖြစ် နိုင် သလို 
စစ် ပွဲစတင် ဖို့လဲ မဖြစ် နိုင် သေးဘူး ။
ကျ နော် အမြင် ပြောရရင် ...
U.W.S.A နဲ့ တပ် မ တော် စစ် ပွဲမဖြစ် လာနိုင် သေးဘူး ။
အရင် လို ပေါ့ KIA နဲ့ U.W.S.A အခြားလက် နက် ကိုင် 
အုပ် စု တွေနဲ့ အပစ် အခတ် ယူထားပီး KNU ကို 
အကြီးအကျယ် ထိုးစစ် ဆင် တာတို့ ...
KNU RCSS UWSA တို့နဲ့ အပစ် အခတ် ယူထားပီး 
KIA ကို အကြီးအကျယ် ထိုးစစ် ဆင် တာတို့
KIA နဲ့ အ ပေါ်င်းအပါ အခြားလက် နက် ကိုင် အုပ် စု တွေနဲ့ 
အပစ် အခတ် ယူထားပီး U.W.S.A ကို ဘယ် တော့လာမှာလဲ ?
နိုင် ငံမှာ ဘတ် ဂျက် မရှိ သေးလို့ ... အ ကောင် အထည် မ ဖော် နိုင် သေးတဲ့
စစ် မှုမထမ်းမ နေ စနစ် ဆိုတာ လေသံက ပစ် နေပြီ ။
ပြည် တွင်းစစ် ရဲ့ ဆိုးကျိုးဆိုတာ တိုင်းပြည် ဘဏ္ဏဖြုန်းတီးတဲ့ 
အပြင် တနိုင် ငံလုံး အတိုင်းအတာပြည်သူ တွေပါ မွဲတာပဲ။
နိုင် ငံကဆင်းရဲရတဲ့ အထဲ သမိုင်းမလှဘူး ဗိုလ် ချုပ် ကြီး တွေ
နိုင် ငံရဲ့ သမိုင်းကို ငြိမ်းချမ်းတဲ့နည်းနဲ့ ပဲ ဖြေရှင်းနိုင် ကြပါ စေ ။
စစ် ရေး ပြိုင် ဆိုင် မှု အာဏခွဲ ဝေမှု မာန တွေကြားမှာ
တကယ် တန်း ထဲထဲဝင် ၀င် ကြည့် လိုက် ရင် 
ဘာမှ နားမလည် တဲ့ ပြည် သူ တွေက မြေဇာပင် ပါ....
နောက် မှပဲ နိုင် ငံတကာက Special Forces အ ကြောင်း
Mission Impossible ရုပ် ရှင် ထဲ ချာလီ ဇာတ် ကောင် 
တွေဟာ အပြင် မှာ တကယ် ရှိတဲ့ MI - 6 အေးဂျင့်  တွေ 
အ ကြောင်း ရေး ပေးမယ် 

KIA လက် ဖြောင့်  တွေ အ ကြောင်းပါ ထည့် လိုက် မယ် 

Read more »

Friday, November 4, 2016

ငါတို့သားအဖလည်းရှည်ရှည်ဝေးဝေးစဉ်းစားမနေပဲ Donald Trumpကိုပဲ မဲပေးခဲ့ပါတယ်။ ဘာကြောင့်လည်း


ဒီနေ့တော့သားအငယ်ကောင်ကိုတင်ပြီး သကာလ ကားမောင်းထွက်လာရင်း စဉ်းစားတယ်ဘယ်များသွားရပါ့မလဲလို့။ အဲဒါနဲ့တစ်ချက်သွားသတိရတာက အမေရိကန်သမ္မတရွေးကောက်ပွဲကလည်း ၅ ရက်ပဲလိုတော့တယ်။ သတင်းတွေမှာလည်းတချိန်လုံးဒီအကြောင်းတွေကြီးပဲဆိုတော့ အခြေမနေဘယ်လိုလဲသိရအောင် မဲရုံနားတစ်ချက်လောက်သွားစနည်းနာကြည့်ရင်ကောင်းမှာပဲလို့တွေးမိတာနဲ့နီးစပ်ရာမဲရုံတစ်ရုံကိုရောက်သွားခဲ့တယ်။
မဲပေးဖို့အစီအစဉ်တော့မရှိခဲ့ပါဘူး။ voter registration card ကလည်းပျောက်နေတာနဲ့တူတယ်၊ရှာမတွေ့တော့မဲပေးလို့ရမလားလည်းသေချာမသိခဲ့ဘူး။ ပိုဆိုးတာကဘယ်သူ့ကိုမဲပေးရမလည်းမဆုံးဖြတ်နိုင်ဖြစ်နေလို့ပဲ။
ဒါပေမယ့် မဲရုံရောက်သွားတော့ရွေးကောက်ပွဲက ၅ ရက်လိုသေးတယ်ဆိုပေမယ့် ကြိုတင်မဲပေးကြတဲ့လူတွေအတောက်များတာတွေ့ရတယ်။ လူတွေကဝင်လိုက်ထွက်လိုက်နဲ့အတောက်စည်ကားနေတော့မထူးပါဘူး၊ မဲပေးလို့ရရင်တစ်ခါထဲပေးခဲ့လိုက်မယ်လို့စိတ်ကူးမိတာနဲ့သားအငယ်ကောင်ကိုချီ၊အများသူငှာလိုတန်းစီပြီး စောင့်နေခဲ့တယ်။ ကိုယ့်အလှည့်ရောက်တော့ ID လေးထုတ်ပေးလိုက်တာနဲ့ဘာမှမမေးဒေါ့ပါ။ သူတို့လုပ်စရာရှိတာလုပ်ပြီး၊ Pass လုပ်ပေးလိုက်ပါတယ်။

အဲဒါနဲ့ငါတို့သားအဖလည်းရှည်ရှည်ဝေးဝေးစဉ်းစားမနေပဲ Donald Trumpကိုပဲ မဲပေးခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ငါတို့သားအဖကလည်း Donald Trump ကိုချစ်လွန်းလို့တော့မဟုတ်။ ရှင်းရှင်းပြောရရင် အမေရိကန်မှာ နေထိုင်တဲ့အမေရိကန်နိုင်ငံသားတစ်ယောက်အနေနဲ့ Hillary Clinton ကို Donald Trump ထက်အများကြီးပိုပြီးထောက်ခံပေမယ့်၊ Clinton အာဏာရလာရင် စုကြည်နဲ့ဆက်ပြီး ၂ပါးသွားကနေအုံးမှာကိုမကြည့်ချင်လို့ ဗမာပြည်အတွက် မျှောက်လင့်ချက်ရောင်ခြည်နဲ့ Donald Trump ကိုမဲပေးရင်းအိမ်ပြန်ခဲ့ကြပါတယ်ခင်ဗျာ။

Read more »

Wednesday, November 2, 2016

WE LOVE KIO,KIA

Ahjung Slt shared Ahshin Pgpl's post.

Ahshin Pgpl
6 hrs
WE LOVE KIO,KIA
ခုတစ်လော ရဝမ်ဝတ်စုံနဲ့ မဆလ
နအဖ တစည ကြံ့ဖွတ်လက်ကျန်
တွေ kia အလိုမရှိကြောင်းဆန္ဒပြ
နေကြတာဖေ့ဘုတ်ပေါ်မှာတွေ့လိုက်
ရတော့ အတော်လေးရင်နာမိတယ်
ဒါကြောင့်မို့လို့ ကျနော်ရဝမ်စစ်စစ်
တစ်ယောက်အနေနဲ့ တိုင်းပြည်နဲ့
လူမျိုးအတွက်ကာကွယ်ပေးနေတဲ့
KIA တပ်မတော်ကြီးကို လုံးဝဧကန်
အမှန် 100% အလိုရှိကြောင်း ဆန္ဒ
ထုတ်ဖော်လိုက်ပါရစေ

Read more »