Sunday, September 20, 2015

ယနေ့ MPC တွင် မည်မျှပင် အာရွီးနေစေကာမူ

ယနေ့ MPC တွင် မည်မျှပင် အာရွီးနေစေကာမူ ယနေ့... မိုင်းခေါင်ကျေးရွာသို့ ဒုက္ခသည် အသစ်များ ခိုဝင်လာနေသည်။ အရပ်ဖက် လူထုများ ကယ်ဆယ်ရေး လုပ်နေရသည်။
ယခုအချိန်တွင် ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင် မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်မှုကြောင့် ကြားညှပ်နေသော ကျေးရွာသားများအား အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ကယ်ထုတ်နေပါသည်။ လူဉ်ီးရေ ၁၂၀ ခန့် ကယ်ထုတ်ပြီး မိုင်းခေါင် ကျေးရွာသို့ ခေါ်ဆောင် လာထားပြီ။နောက်ထပ် ၄၀၀ ခန့် ကျန်နေဆဲဖြစ်သည်။
အင်န်စီအေသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ဖြစ်သည့်အား လျော်စွာ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သောစာချုပ်ဖြစ်ရန် ပဓာနကျ သည်။ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးသည့် အင်န်စီအေသည်သာ နှစ်ပေါင်း ၆၀ ကျော်လက်နက်ကိုင် ပဋိပက္ခ (သို့မဟုတ်) ပြည် တွင်းစစ်၏ ချုပ်ရာငြိမ်းရာအမှန် လောကနိဗ္ဗာန်ဆီ ဦးတည်နိုင်မည်ဖြစ်သည်။ အား လုံးပါဝင်လက်မှတ်ရေးထိုးသည့် အင်န်စီအေသည်သာသမိုင်းမော်ကွန်းသစ်ရေးထိုးမည့် ပထမခြေလှမ်းဖြစ်နိုင်ပြီး အားလုံးပါဝင်လက်မှတ်ရေးထိုးမှုလျော့ရဲသောအင်န်စီအေသည်သမိုင်းကို အကျည်းတန်စေနိုင်ဖွယ်ရှိနေသည်။
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စား လှယ် အဖွဲ့အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ၂၀၁၅ စက်တင်ဘာ ၁၇ ရက်တွင်ကျင်းပ ခဲ့သည်။ အဆိုပါအစည်းအဝေး တွင် သမ္မတဦးသိန်းစိန်နှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ထိပ် သီးခေါင်းဆောင်များအကြား ရန်ကုန်မြို့တွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ခဲ့ ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အင်န်စီအေ)ကို အားလုံးပါဝင် လက်မှတ်ရေးထိုးနိုင်ရေးနှင့်ပတ် သက်၍ အကျယ်တဝင့် အမြင် ဖလှယ်ဆွေးနွေးခဲ့ကြပုံရသည်။
တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို ကရင်ပြည်နယ် လော်ခီးလာတွင် စက် တင်ဘာ ၂၄ ရက်မှ ၂၆ ရက် အထိ ကျင်းပမည်ဖြစ်သည်။ တိုင်းရင်းသားခေါင်းဆောင်များထိပ်သီးအစည်းအဝေး၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်ကို လာမည့် အောက်တိုဘာတွင် လက်မှတ်ရေးထိုးနိုင်ရေးနှင့် စပ်လျဉ်း၍ အလေးပေးဆွေးနွေးကြမည်ဖြစ်သည်။ ၂၀၁၅ သြဂုတ် ၁၁ ရက် နေ့ကတည်းက သမ္မတဦးသိန်းစိန်သည် အင်န်စီအေစာချုပ်လက်မှတ်ရေးထိုးချုပ် ဆိုနိုင်ရေးရည်ရွယ်သည့် တရားဝင်ဖိတ်ကြားစာများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ထံသို့ ပေးပို့ခဲ့ပြီးဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော် မတီနှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာအဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့တို့ သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အင်န်စီအေ)ကို မူချောအဖြစ် ဆွေးနွေး သဘောတူအတည်ပြု ပြီးဖြစ်သည်။ အင်န်စီအေစာချုပ် လက်မှတ်ရေးထိုးရာတွင် အစိုးရ ဘက်က တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၁၆ ဖွဲ့လက်မှတ်ရေး ထိုးရန် သဘောတူပြီး တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များအနေဖြင့် အားလုံးပါဝင်ရေး မူကိုကိုင်စွဲထားသည်။ သို့ဖြစ်၍ အားလုံးပါဝင်လက်မှတ်ရေးထိုး ခြင်းနှင့် အဖွဲ့ ၁၆ ဖွဲ့လက်မှတ် ရေးထိုးခြင်း အမြင်နှစ်ရပ်အကြား ဆွေးနွေးမှုများ၊ အားပြိုင်မှုများ အကြိတ်အနယ်ဖြစ်လာခဲ့သည်။ စက်တင်ဘာ ၉ ရက်တွင် သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်း ဆောင်များအကြား တွေ့ဆုံဆွေး နွေးပြီးသည့်တိုင် အင်န်စီအေစာ ချုပ်ကို အားလုံးပါဝင်လက်မှတ် ရေးထိုးသည့် ရှေ့မတိုးနောက် မဆုတ်ဖြစ်နေဆဲဟု သုံးသပ်နိုင် သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော် မတီ ဒုတိယဥက္ကဋ္ဌပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းသည် စက် တင်ဘာ ၁၄ ရက်နိုင်ငံရေးပါတီ များ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် အန်စီ အေစာချုပ်ကို အောင်တိုဘာ၌ လက်မှတ်ရေးထိုးရန် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ကိုးဖွဲ့ က အတည်ပြုပြီးဖြစ်ကြောင်း အန်စီအေစာချုပ်ကို လက်မှတ် ရေးထိုးပြီးပါက ၂၀၁၆ ဇန်နဝါရီ တွင် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
၂၀၁၆ ဇန်နဝါရီတွင် သမ္မတ ဦးသိန်းစိန်အစိုးရသက် တမ်းသည် ပုံမှန်အားဖြင့် ရက် ပေါင်း ၉၀ နီးပါးသာကျန်ရှိမည်ဖြစ်သည်။ သုံးလနီးပါး သက်တမ်းကျန်ရှိတော့မည့် အစိုးရအဖွဲ့ အနေဖြင့် အင်န်စီအေစာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းထက် ၂၀၁၅ ရွေးကောက်ပွဲအလွန် ဖွဲ့ စည်းဖြစ်ပေါ်လာမည့်အစိုးရသစ် လက်ထက်တွင် နိုင်ငံရေးဆွေးနွေး ပွဲများ ထိရောက်အကျိုးရှိစွာ ကျင်းပနိုင်ရေးပြင်ဆင်လမ်းခင်း ပေးခြင်းက ပိုမိုကြောင်းကျိုး လျော်ကန်မည်ဖြစ်သည်။
အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အား လုံးပါဝင်လက်မှတ်ရေးထိုးရေး တောင်းဆိုချက်ကို လိုက်လျော နိုင်ခြေနည်းပါးပြီး လက်မှတ်ရေးထိုးမည့်အဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်ဖော်ဆောင်မည့်သဘော တွေ့နေရသည်။ အကယ်စင်စစ်အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တိုင်းကိုအပစ်အခတ် ရပ်စဲရေးအဆင့်ဆင့် ဆွေးနွေးမှုများတွင် ပါဝင်ခဲ့ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အင်န်စီအေစာချုပ်ပါ သတ်မှတ်ချက်များ၊ ပြဋ္ဌာန်းချက်များအား သဘောတူ လက်ခံနိုင်လျှင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် လမ်းဖွင့်ထားသင့်သည်။ အပြီး သတ်စာချုပ်ကို သဘောတူသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တိုင်းအား တန်းတူရည်တူ လက်မှတ်ရေးထိုးခွင့်ပြုနိုင်မည်ဆိုလျှင် အင်န်စီအေအလွန် နိုင်ငံရေးဆွေးနွေးပွဲများသည် ပိုမိုရုပ်လုံးကြွလာနိုင်ဖွယ်ရှိသည်။ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအားလုံးပါဝင်လက် မှတ်ရေးထိုးခြင်းမရှိလျှင်၊ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ အချို့သာလက်မှတ်ရေးထိုးမည် ဆိုလျှင် အင်န်စီအေစာချုပ်သည် တစ်နိုင်ငံလုံးအသွင် အားလုံးပါ ဝင်သည့် သဘောတို့ကင်းလွတ် သွားမည်ဖြစ်ပြီး အင်န်စီအေ (သို့ မဟုတ်) တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်ဟု သတ်မှတ်နိုင်ဖွယ်ရှိ မည်မဟုတ်ပေ။ တိုင်းရင်းသား ဒေသများတွင် သေနတ်သံ၊ ဗုံးသံ၊အမြောက်သံ၊ အော်သံဟစ်သံ၊ ပြေးလွှားသံများ သိသိသာသာ ချုပ်ငြိမ်းသွားခြင်းထက် အပစ် အခတ်ရပ်စဲရေး သဘောတူစာ ချုပ်ကို လက်မှတ်ရေးထိုးနိုင်ပြီဆို သည့်သတင်းသာ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် သတင်းစာမျက်နှာများအကြား ပလူပျံသွားနိုင်ခြေရှိသည်။ အစိုးရနှင့် နိုင်ငံတကာအလှူရှင်နိုင်ငံများအနေဖြင့် အောင်စည်အောင်မောင်းထိုးနိုင်မည်ဖြစ်သော်လည်း အောက်ခြေတိုင်းရင်းသားပြည်သူ လူထုတွက်မူ ဒုံရင်းသာဖြစ် လိမ့်မည်။
အချုပ်အားဖြင့်ဆိုသော် သမ္မတဦးသိန်းစိန်အစိုးရသည် အားလုံးပါဝင်လက်မှတ်ရေးထိုး သည့်အင်န်စီအေစာချုပ်ကို အစိုးရ သက်တမ်း၏ နောက်ဆုံးရက်များ တွင် အသက်သွင်းနိုင်ခဲ့မည်ဆို လျှင် နိုင်ငံရေးအရ အတန်အသင့် မှတ်ကျောက်တင်နိုင်ခွင့်ရရှိမည် ဖြစ်သည်။ သက်တမ်းကုန်အံ့ ဆဲဆဲကာလ၌ အင်န်စီအေ သဘောတူစာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့တစ်ဝက်သာ ပါဝင်လက်မှတ်ရေးထိုးနိုင်မည်ဆိုလျှင် အစိုးရစွမ်းဆောင်ရည်သည် သုညနီးပါးထိုးကျသွားနိုင်ခြေရှိသည်။ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် သော့ချက်ကျသော ခြေလှမ်းတစ်ခုဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာ၌ အပစ်အခတ်ရပ်စဲရေး၊ရင်ကြားစေ့ရေး၊ ယုံကြည်မှု တည်ဆောက်ရေး၊အားလုံးပါဝင်ရေးတို့ကို ဟန်ချက်ညီညီပေါင်းစပ်နိုင်ရန် အစိုးရအနေဖြင့်မဖြစ်မနေရှေးရှုသင့်ပါကြောင်းမီးမောင်းထိုး တိုက်တွန်းဆော်သြ လိုက်ရပါသည်။။
အင်န်စီအေသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ဖြစ်သည့်အား လျော်စွာ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သောစာချုပ်ဖြစ်ရန် ပဓာနကျ သည်။ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးသည့် အင်န်စီအေသည်သာ နှစ်ပေါင်း ၆၀...
7DAYDAILY.COM

ယနေ့ MPC တွင် မည်မျှပင် အာရွီးနေစေကာမူ

Read more »

ကျုပ်တို့ ရှင်းရှင်းပဲ ပြောမယ် တိုင်းရင်းသားတို့ရဲ့ ရန်သူဟာ မဟာဗမာ့ဝါဒီ စစ်တပ်၊ ဖွတ်နဲ့ မဘသတို့ပါပဲ။

U Ravika

ကျုပ်တို့ ရှင်းရှင်းပဲ ပြောမယ်။ တိုင်းရင်းသားတို့ရဲ့ ရန်သူဟာ မွတ်တွေလည်း မဟုတ်ဘူး။ ခရစ်ယာန်တွေလည်း မဟုတ်ဘူး။ NLD လည်း မဟုတ်ဘူး။ ကျုပ်တို့ရဲ့ ရန်သူဟာ မဟာဗမာ့ဝါဒီ စစ်တပ်၊ ဖွတ်နဲ့ မဘသတို့ပါပဲ။
မရှင်းရင် နောက်တစ်ခေါက် ပြန်ဖတ်။
မဟာဗမာ့ဝါဒီ စစ်တပ်၊ ဖွတ်နဲ့ မဘသတို့ပါပဲ။

Read more »

မွန်ပြည်နယ်မှာ လူမျိုးတိုင်းက အဆင့်တူ

U Ravika

မွန်ပြည်နယ်ရှိ မွတ်စလင်တွေကို မွန်အစိုးရက မှတ်ပုံတင် ထုတ်ပေးခဲ့တာ မဟုတ်ဘူး။ မြန်မာအစိုးရကသာ ထုတ်ပေးခဲ့တာ ဖြစ်တယ်။ ကျိုက်မရောဘက်မှာ မွတ်စလင်ရွာတွေ တိုးလာတာဟာ မွန်တို့ရဲ့ တာဝန်မဟုတ်ဘူး။ စစ်အစိုးရနဲ့ အခု ဖွတ်တို့ရဲ့ တာဝန်ပဲ။ သူတို့လုပ်ပေးခဲ့တာ ဖြစ်တယ်။ တကယ်လို့ မွတ်စလင်တွေက မကောင်းဘူးဆိုခဲ့ရင် မြန်မာအစိုးရက ရှင်းလိုက်ဖို့ပါပဲ။ ပြီးရင် မိမိတို့လုပ်ရပ်မှားယွင်းကြောင်း ဝန်ခံကြပေါ့။
မိမိအနေနဲ့ ပြောရရင် နိုင်ငံသားဖြစ်နေသူများနဲ့ အငြင်းအခုံ မလုပ်ချင်ဘူး။ ဒုတိယနိုင်ငံသားလည်း မရှိစေချင်ဘူး။ မွန်ပြည်နယ်မှာ မွန်ပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်သူတိုင်းဟာ အဆင့်တူလို့ သတ်မှတ်ရမှာ ဖြစ်တယ်။ မိမိအမြဲတမ်း ပြောတယ်။ မွန်ပြည်နယ်မှာ မွန်အစိုးရက စီးပွားရေးကို အကြီးအကျယ်လုပ်မှာမဟုတ်ဘူး။ စီးပွားရေးအခွင့်အရေးတွေကိုပဲ ဖန်တီးပေးရမှာ ဖြစ်တယ်။ ဘယ်လူမျိုးမဆို၊ ဘယ်ဘာသာဝင်မဆို စီးပွားရေးကို ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်ရင် ဝမ်းသာတယ်။ အဲဒီစီ်းပွားရေးလုပ်ငန်းတွေကနေ အခွန်ရပြီး မွန်ပြည်နယ်တိုးတက်ရေးကို ဆောင်ရွက်နိုင်လို့ပါပဲ။ မွတ်စလင်တွေက မွန်တွေထက် လုပ်တတ်ရင် ပိတ်ပင်စရာအကြောင်းမရှိဘူး။
ဒီတော့ မွန်ပြည်နယ်သားအားလုံးဟာ မွန်ပြည်နယ်ဖွဲ့စည်းပုံအောက်မှာ နေထိုင်ခဲ့ရင် အားလုံးက ဘေးကင်းလုံခြုံပြီသား ဖြစ်တယ်။ အမျိုးသားရေးကို အကြောင်းပြပြီး ဘုန်းကြီးကျောင်းကို ဖျက်ရင် ဖျက်သူကို အရေးယူမှာပဲ။ ဗလီကို ဖျက်ရင်လည်း ဖျက်သူကို အရေးယူမှာပဲ။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ဖျက်ခဲ့ရင်လည်း အရေးယူမှာပဲ။ အစိုးရအဆောက်အအုံတွေကို ဖျက်ခဲ့ရင်လည်း အရေးယူမှာပဲ။ ပြည်သူတို့ချွေးနှဲစာ၊ ပြည်သူတို့အခွန်နဲ့ ဆောက်ထားသမျှဟာ ပြည်သူတို့အားလုံး ပိုင်ကြတယ်။ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးသူဟာ ဖွဲ့စည်းပုံကို ချိုးဖောက်သူ ဖြစ်လို့ ထောင်နန်းစံရမှာ ဖြစ်တယ်။
ဒီတော့ ဘယ်သူမဆို မွန်ပြည်နယ်မှာ နေတယ်၊ မွန်ပြည်နယ်အကျိုးကို ဆောင်ရွက်ချင်တယ်ဆိုရင် ကိုယ့်မှာ ရှိတဲ့ ပညာနဲ့ ကိုယ့်ကိုယ်ကို တိုးတက်အောင် ပြုစုပျိုးထောင်ပါလေ။ မွန်ပြည်နယ်သားတွေရဲ့ တစ်ဦးချင်းတိုးတက်မှုဟာ မွန်ပြည်နယ်အတွက် အင်အားဖြစ်စေမဲ့အကြောင်းပါပဲ။ မွန်ပြည်နယ်သားတိုင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေရမယ်။ မွန်လား၊ ဗမာလား၊ ထားဝယ်လား၊ ကရင်လား၊ ပအိုဝ်းလား၊ ကုလားလား၊ တရုတ်လား ဘယ်သူကမှ မျက်နှာမငယ်စေရဘူး။ မွန်ပြည်နယ်သားများအဖြစ် ဂုဏ်ယူလို့ ရတယ်။ ဒါဟာ မိမိသဘောထားပါပဲ။ တိုင်းပြည်မှာ ရန်ဖြစ်နေခဲ့တာ နှစ်ပေါင်းထောင်ချီရှိခဲ့ပြီ။ ညီညွတ်ဖို့အချိန်ရောက်ပြီ။ ဒီတော့ မွန်ပြည်နယ်အကျိုးကို လိုလားသူတိုင်း မွန်ပြည်နယ်ကို အဓိကရုဏ်းတွေ သယ်မလာပါနဲ့။ နည်းပညာတွေ၊ အသိပညာတွေ၊ ဘဏ္ဍာငွေတွေ၊ အခွင့်အလမ်းတွေကိုပဲ သယ်လာစေချင်ပါတယ်။

Read more »

မွန်တွေကို ကူညီပေးချင်တယ်ဆိုရင်

U Ravika
မွန်တွေကို ကူညီပေးချင်တယ်ဆိုရင်
ရာမညတိုင်းက သုနာပရန္တတိုင်း(မြန်မာပြည်)လက်အောက်ကို ကျရောက်သွားတော့ အင်္ဂလိပ်တို့က မွန်တွေဆီ ရောက်လာပြီး မြန်မာတို့ကို ကူတိုက်ပေးမဲ့အကြောင်း ပြောတယ်။ မွန်တို့က "မိမိတို့မှာ လူအင်အား ရှိတဲ့အကြောင်း၊ အမှန်တကယ် ကူညီချင်ရင် လက်နက်သာ တပ်ဆင်ပေးစေလိုကြောင်း"အကြောင်းပြန်လိုက်တယ်။ ဒီက စပြီး မွန်နဲ့ အင်္ဂလိပ်ဆက်ဆံရေး မကောင်းဘဲ မွန်နေရာမှာ ကရင်အစား ဝင်ခဲ့ဖူးတယ်။
အခုလည်း မဘသတို့က မွန်ပြည်နယ်သေးသေးလေးကို ရောက်လာပြီး အမျိုး၊ ဘာသာ၊ သာသနာအတွက် အောင်ပွဲခံလိုက်ကြတယ်။ မွန်ပြည်နယ်ကို ကုလားတွေလက်ထဲမရောက်အောင် ကူညီပေးပါမဲ့အကြောင်း ပြောတယ်။ မွန်တွေကို ကူညီချင်ရင် အညာက ဘုန်းကြီးတွေကိုပဲ မွန်ပြည်နယ်ထဲ လှိမ့်မပို့ပါနဲ့။ မွန်ဘုန်းကြီးတွေ များအောင် ဝိုင်းဝန်းပေးပါ။ မွန်တွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရအောင် တိုက်ပွဲဝင်ပေးပါ။ မွန်အမျိုးသားကျောင်းတွေမှာ ဘဏ္ဍာငွေ ပြတ်တောက်နေပါတယ်။ အလှူခံပြီး ထည့်ဝင်ပေးကြပါ။ မန္တလေးက ဘုန်းကြီးတွေ မလုပ်ပေးနိုင်ရင် မွန်စကားကိုတောင် မတတ်တဲ့ မဘသမွန်ဘုန်းကြီးတစ်ပါးစ နှစ်ပါးစက လုပ်ပေးကြပါ။
မွန်ပြည်နယ်က ကုလားလက်ထဲမပါစေချင်ရင် မွန်တွေမှာ အင်အားရှိနေဖို့ လိုတယ်ဆိုတာ ပြောနေစရာတောင် မလိုဘူးလေ။ စစ်အစိုးရအဆက်ဆက်က မွန်တွေကို ကုလားလောက်တောင် နေရာမပေးခဲ့ပါ။ မွန်ပြည်နယ်သားတွေက ကုလားတွေနဲ့ အမှုဖြစ်ရင် ရှုံးမြဲပါပဲ။ အခုလည်း နိုင်မယ်လို့ မထင်ပါ။ မွန်တွေက ကိုယ့်ပြည်နယ်မှာ နေရင်းနဲ့ မွန်မဟုတ်တဲ့လူမျိုးတိုင်းကို ကြောက်နေခဲ့ရတဲ့ဘဝပါ။ ဒါဟာ အစိုးရအဆက်ဆက်က မွန်တွေကို ချိုးနှိမ်ခဲ့ကြောင်း အထူးပြောစရာမလိုတော့ပါ။ အခု ဦးဝီရသူတို့က အဲဒီအစိုးရကို မဲပေးကြပါလို့ တိုက်တွန်းနေပါတယ်။ မွန်လူမျိုးအပေါင်းတို့က ဒီဘုန်းကြီးကို အားပေးသင့်သလား၊ သူ ညွန်တဲ့ ဖွတ်တွေကို မဲပေးသင့်သလားဆိုတာ ကိုယ့်ဟာကိုယ်ပဲ ဆုံးဖြတ်ကြပေါ့။

Read more »

Thursday, September 10, 2015

ဝ ကတော့ NCA မှာ လက်မှတ်ထိုးစရာ မလိုဘူး

Khon Ja
ဝ ကတော့ ဒီသမဒ သက်တမ်းမှာ တိုက်ပွဲမဖြစ်လို့ ငြိမ်းချမ်းနေလို့  NCA မှာ လက်မှတ်ထိုးစရာ မလိုဘူး၊ နိုင်ငံရေးဆွေးနွေးပွဲမှာတော့ ပါမယ် လို့ ပြောထားတယ်။ အိမ်နီးချင်း တရုတ်နဲ့လည်း တဲ့အောင် ပေါင်းရပါတယ် ဆိုတဲ့ နေရာမှာတော့ ဘကြီးအောင်နဲ့ တူပြီး "ငြိမ်းချမ်းအောင်လည်း အစဉ်တစိုက် လုပ်ပါတယ်" ဆိုတဲ့ အပိုင်းကျတော့ "ဘယ်လို လုပ်တာလဲ" လို့ မေးလည်း မေးချင်တယ်။ မေးလည်း မမေးရဲဘူး။
အစကတဲက မြန်မာ့တပ်မတော်က လက်နက်၊ လူ၊ ငွေ အင်အားတောင့်တင်းတဲ့ ၀ ကို ရန်မစဘူး။ ၂ ပတ်လောက်နဲ့ လက်နက်ချနိုင်တယ် လို့ ယူဆခဲ့တဲ့ အဖွဲ့တွေကိုဘဲ တိုက်ခိုက်တာမို့ အင်အားကြီးရင် ငြိမ်းချမ်းနိုင်တယ် ဆိုတဲ့ သီအိုရီလေး ထုတ်လို့ရမယ်။ အင်အားငယ်တဲ့ Minorities တွေကိုတော့ အသိအမှတ်ပြုမှုတောင်မရှိ။
ဝ က NCA မှာ မပါတော့ NCA မှာ ရေးသားထားတဲ့ အချက်တွေကို လိုက်နာစရာ မလိုဘဲ နေမြဲအတိုင်း နေလို့ ရတာပေါ့။
နိုင်ငံရေးဆွေးနွေးပွဲ မတိုင်ခင် ပြည်နယ်လေးပါ ကြိုတောင်းထားသေး။
အိုမြန်မာ။
NCA မှာ လက်မှတ်ထိုးစရာ မလိုဘူး

Read more »

Robert Sann Aung ဦးတူးဂျာ နှင့် အတူဖမ်းခံရပြီး ၂၈ သြဂုတ်လ ၂၀၁၅ နေ့ကပြန် လွတ်လာသော ကာမိုင်းမြို့ ဇီးကျွန်းရပ်ကွက်သား ကိုသန်းလွင် ၏ပြောပြချက် ။

ဦးတူးဂျာ နှင့် အတူဖမ်းခံရပြီး ၂၈ သြဂုတ်လ ၂၀၁၅ နေ့ကပြန်လွတ်လာသော ကာမိုင်းမြို့ ဇီးကျွန်းရပ်ကွက်သား ကိုသန်းလွင်၏ပြောပြချက် ။

Posted by Robert Sann Aung on Sunday, September 6, 2015

Read more »

NCA Hpe Ding Lik Yu Na Lam


**************************************
Hpa rai Myit hkrum ai
Ya Balawng hte Rakhine ni hpe shalawm ya sai. Kokang hpe gaw shanhte nan ading tawk matut mahkai nga ma ai da. Hpang jahtum gaw shalawm la na sha re. Theinsein wa hte Phonekyashinh na kahhri kasha ni hte Nta langai sha she re ai gaw, masha kaba ni yawng chye ai. (Mau hpa i).
NCA hte moi na Myit hkrum sen htu ni gara hku shai ai.
Moi 1994 ning hta Myen hte Jinghpaw sen htu ai kawq Mung kan n lawm ai, Uhpung 2 sha mayun htu hkat ai, Mung shawa pyi hpang e she chye ai. Sak se n lawm ai. Jahten kau tim Gara hku lawh nga san wa na gadai n nga n chye lawm ai. YA, n dai NCA gaw NCCT DKB Gun Maw ni a Zai ladat a majaw, Mung Kan a Sakse (Miwa, US, UN..hte kaga ni...) lawm ra na, Federal hte Self Determination deq du hkra sa na ngu ai GA LAMI ni (Myen ni mau tau tau nga ai laman) gan bang GAN sen htu kau lu ai majaw, Myen ni bai su dum wa ai shaloi gaw grai hpang hkrat mat sai hpe mu n na, Myit n gut Pawt gayut si bu ai kaw du ai re hpe law malawng n chye shi ai hpe mu ai. Dai majaw Myen hpyen du ni NCA hpe jahten kau na matu atsaii hku grai maw mawn wa masai (Gasat jahteq tam ai, KIA kasa ni hpe Yangon n mai yuhq hkra pat shing dang ai, Yaq hpang jahtum EAO Uhpung n kau mi hpe Mying n bang ai). Rai tim, Thein Sein du hhra Sa htu matsut bang kau nu ai re ai majaw, NCA document gaw grin taw sai rai nga ai.
NCA a hpang na lamang ni.
Mung masa lam bawng ai kaw kadai ni, marai kade lawm na, hpa baw ga baw madung dat na, aten gade la na ngu ai ni hpe matut bawng jasan mat wa na. Ya nan yawng Asan sha daw dan na matu ra sharawng ai law nga ga ai rai tim, masa hta hkan n na NCA a hpang e she bawng na hku rai sai. DAi kawq a hkaw a hkang n hkalut mat hkra sadi hte ja ja kat kat shakut na hku re.
NCA N-kam htu ai ni.
NCA hpe NCCT (madung gaw DKB Gum Maw) Zai ladat hte Myen baw kadung htik koit n na lu ka da ai re ai hpe Min Aung Hlaing gaw a tsawm sha chye ai rai n na, Wan hte nat kamawng kau mayu kyin nga ai re. Sen n lu htu hkra chyahkyawn ladat daw taw nga ai re. Daimajaw, NCA lek mat n kam htu ai ni gaw Min Aung Hlaing a Baw nu kaw Shang mat sai, Myen banau ka kaw kadawng bang marit si mat na kaw lawm wa ai hpe dum mu.
A taw Myen Hpyen hkrai hkrai, galoi hting nut na ma ta?
nga ai ni mung n taw nga ai. Mung kan a man e Sen htu ngut ai hte gaw, Joint Monitoring, Military Code of Conduct, Peace Keeping Force du hkra matut mat wa na LAM HPAW sai majaw, kade n ja la tim N gut la tim, Myen ni yu wa ra sai hpe chye na ga.
Lak nak dawm ra ai da aw?
nga san ai ni grai law nga ai.
SSR (Security System Reform) ngu ai shawng ngang ngang kang kang gaw sharawt lu ai hpang she (DDR Disarmament Demobilization Reintegration) ra wa yang matut na. DDR hpe galoi mung shawng kaw tawn na n re.
KIA gaw Kachin Sate Army (Asuya Hpyen dap langai mi) re ai majaw Disarmament Demobilization hte hpa n seng ai.
KIA gaw Mung masha hte galoi mung gayep magyep kap nga ai re ai mayaw, Re-integration ngu ai mung TSEP KAWP n ra ai. Ra ai gaw Mung masha hte Tsan gang N ju ndawng hkat taw nga ai Myen Hpyen dap ni she RE.
SSR a n pu kaw, Federal, Self Determination, Peace Keeping ga baw ni lawm ai. SSR n htiq n htang rai jang gaw, garang da ai n htu, katsut da ai sinat bai htim magra na sha re. DDR kaw Laknak dawm ai lawm na nre, Hpyen dap ni hpe Mungdaw Shimlam dap hku matut tawn da mat wa na ngu ai hpe JA JA tsun da matsing da chyalu re.
Shang Lawt Ai Wunpawng Gumrawng Gumtsa Mung Dan de lahkrip ra ra hte rawt sa wa ga.
NCA Hpe Ding Lik Yu Na Lam

Read more »


Read more »

Ethnic Armed Organization: Engaging for nationwide ceasefire with Burmese military's puppet government.



Burma Today:
Ethnic Armed Organization: Engaging for nationwide ceasefire with Burmese military's puppet government.
Burmese Military: To acquire defense technology from Israel through ELTA Systems Ltd company. The majority of acquire technology will use to crush ethnic army.
Photo credit: Senior General Min Aung Hlaing

Read more »

Monday, September 7, 2015

ပင်လုံစာချုပ်ရဲ့ အနှစ်သာရ ကို သေချာလေ့လာကြည့်ရင် ဗမာပြည် လို့ ပြောရင်၊ ကချင်မပါ၊ ရှမ်းမပါ၊ ချင်းမပါ လို့သာ မှတ်ရလိမ့်မယ်။

By facebook 
မိတ်ဆွေ တစ်ဦးပြောတာက
စ ကော့တလန်ခွဲထွက်ရေး ကို အကြောင်းပြုလို့၊ တွေးခေါ်မျှော်မြင်သူတွေက အဆုံးထိတွေးပြီး၊ မြန်မာပြည်ထဲက ကချင်၊ ချင်း၊ ရှမ်းတို့ ခွဲထွက်မှာကို စိုးကြကြောင်း၊
ခွဲထွက်ကြမယ် ဆို ငိုမိမယ် လို့တောင် ရေးတာတွေ ဖတ်ရတယ်။
ပင်လုံစာချုပ်ရဲ့ အနှစ်သာရ ကို သေချာလေ့လာကြည့်ရင်၊ ၄၇ ပင်လုံ မချုပ်ဆိုမီအထိ၊ ဗြိတိသျှ တို့က လွတ်လပ်ရေးကို ပြည်မ သက်သက်ပဲ ပေးမယ်၊ တောင်တန်းဒေသတွေမပါ လို့ ပြောခဲ့
ပြီးသား၊ ဒီတော့ ဗမာပြည် လို့ ပြောရင်၊ ကချင်မပါ၊ ရှမ်းမပါ၊ ချင်းမပါ လို့သာ မှတ်ရလိမ့်မယ်။
ကချင် ကို ဗိုလ်ချုပ်အောင်ဆန်း တို့ ဗမာခေါင်းဆောင်တွေ သွား၊ ရှမ်းကို သွား၊ ချင်းကို သွားလို့၊
သဘောတူညီမှု ယူ၊ ပြည်ထောင်စု ဖြစ်ခဲ့တယ်။
ကချင်က သူပိုင်တဲ့ မြေနဲ့ တန်းတူညီမျှ အကျိုးခံစားခွင့်ရှိမယ် ယုံကြည်ချက်နဲ့ ပေါင်းခဲ့တာ။
ရှမ်းကလဲ ပေါင်းခဲ့တာ။ ချင်းကလဲ ပေါင်းခဲ့တာ။
ပင်လုံထဲမှာ မပါတဲ့ ရခိုင်၊ မွန် နဲ့ တခြား တိုင်းရင်းသားဒေသတွေကိုတော့ ဗြိတိသျှ က တရားဝင်
ဗမာလက်အောက်ခံနယ်မြေတွေအနေနဲ့ သတ်မှတ်ခဲ့ဟန်တူတယ်။ ဒါ အငြင်းပွားဖို့ ကျနော်ရေးတာ မဟုတ်ပါ။ ဗြိတိသျှ မူ ကို ဆိုလိုပါတယ်။
ပင်လုံ ကို ချုပ်ဆိုတာ ပြည်ထောင်စု တရပ် ရုပ်လုံးပေါ်လာဖို့ တန်းတူညီမျှမူ ကို အခြေခံတယ်။
ကချင်ဟာ အဲဒီတုန်းက ငြင်းခဲ့ရင်၊ ကချင်နိုင်ငံအနေနဲ့ သို့တည်းမဟုတ်၊ ဗြိတိသျှ ဒိုမီနီယန်နိုင်ငံအနေနဲ့ ကျန်ခဲ့နိုင်သလို၊ ရှမ်း၊ ချင်း၊ ကရင်နီ တို့လဲ ထို့အတူ ကျန်ခဲ့နိုင်တယ်။
သူတို့ကိုယ်တိုင်က လိုလိုလားလား နဲ့ ဗမာနဲ့ပေါင်းမယ် ဆိုပြီး၊ သူတို့ပိုင်တဲ့ မြေကို ထည့်ဝင်ပြီး၊ ပေါင်းခဲ့တာ။ အင်မတန် အနှစ်သာရ ကွာတယ်။
ဆိုပါတော့ ဒါသွေးခွဲနှိမ့်ချလိုပြီးပြောတာမဟုတ်ပါ။ ပဋိဉာဉ်သဘောကို ပြောတာပါ။ ရခိုင်၊ မွန် တို့ဟာ အောက်မြန်မာပြည် ကို သိမ်းတဲ့ ၁၈၂၄ ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ အပြီးကတည်းက
အင်္ဂလိပ်လက်အောက်ကျခဲ့တယ်။ ဒါပေမဲ့ အင်္ဂလိပ်က လွတ်လပ်ရေး ပေးတဲ့အခါမှာ ဗမာပိုင်
အနေနဲ့ပဲ ပေးသွားတယ်။ ဒါ ဘာဖြစ်လို့လဲ ဆို၊ ပဒေသရာဇ်သဘောတရားပါမယ်။ သမိုင်းမှာ
မွန်နဲ့ဗမာဟာ အပြန်အလှန်သိမ်းပိုက်၊ စစ်ခင်းခဲ့တယ်။ ဒုတိယမြန်မာနိုင်ငံ အင်းဝ ဟာ ၁၇၅၀ မှာ
မွန်တို့သိမ်းပိုက်ခြင်း ခံခဲ့ရပြီး ပျက်စီးခဲ့တယ်။
ဦးအောင်ဇေယျ က မုဆိုးဘို ကို အခြေပြုပြီး၊ တတိယမြန်မာနိုင်ငံ ကုန်းဘောင်မင်းဆက် ကို ပြန်ထူထောင်တယ်။ မွန်တွေကို ပြန်အနိုင်ယူနိုင်တယ်။ မွန်ကို သိမ်းပိုက်ပြီး ကတည်းက
မွန်တို့ အကြိမ်ကြိမ် မြန်မာကို ပြန်တိုက်ဖို့၊ အားထုတ်တယ်။ ဗြိတိသျှတို့နဲ့ လည်း ပူးပေါင်း
ပြီး၊ ပြန်လှန်ခဲ့တယ်။ ၁၇၅၈ လောက်မှာ ဟိုင်းကြီးကျွန်းအရေးတော်ပုံ ဟာ မွန်တို့နဲ့ တိုက်ရိုက်ပါတ်သက်တယ်။ မွန်တို့ ပုန်ကန်ထကြွမှုကို အင်္ဂလိပ်က လက်နက်ကူညီ၊ ထောက်ပံ့ခဲ့တဲ့အတွက် ဦးအောင်ဇေယျ က ဟိုင်းကြီးကျွန်းက ဗြိတိသျှတွေကိုပါ
တပ်လုံးပြုတ်ချေမှုန်းခဲ့တယ်။
ပဒေသရာဇ်စနစ်ရဲ့ နိုင်ငံစည်းရုံးရေးဟာ လက်နက်နဲ့စစ်မက်ရေးရာပေါ်မှာသာ မူတည်တယ်။
ဒီတော့ မွန်က သာရင် မွန်က သိမ်းတယ်။ ဗမာက သာရင် ဗမာ က သိမ်းတယ်။
မွန်တွေက ပက်ပက်စက်စက် သတ်ခဲ့တာတွေ လဲ အများကြီး။ ဗမာတွေက သတ်ခဲ့တာတွေလဲ
အများကြီး။ ဒီတော့ သမိုင်းကို လှန်ပြီး၊ ဘယ်သူ့သမိုင်း၊ ဘယ်ဝ့ါသမိုင်း၊ ဘယ်သူက တရားတာ၊ ဘယ်သူက မတရားခံရတာလို့ ပဒေသရာဇ်စနစ်ကို ဝေဖန်ဖို့ခက်လှတယ်။ ဘယ်သူမှ မကောင်း၊
စနစ်ကိုက မကောင်းတဲ့ ခေတ်ကြီး၊ စနစ်ကြီးပါ။ လက်နက်နဲ့ စစ်မက်နဲ့ အဆုံးအဖြတ်ပေးခဲ့တဲ့
စနစ်ကြီးမှာ အင်အားကြီးသူ က ၀ါးမြိုအနိုင်ယူခဲ့တာ မဆန်းပါ။
ဒီတော့ ဗမာပြည်လွတ်လပ်ရေး ပေးတဲ့အချိန်မှာ မွန်ကို၊ ရခိုင်ကို တသီးတခြား မပေးဘဲ ဗမာလက်အောက်ခံအနေနဲ့ ပေးတာဟာ ဒီလို ပဒေသရာဇ်က ဆင်းသက်လာတာကို ဗြိတိသျှတို့ ယူဟန် လို့ မြင်ပါတယ်။ ဗြိတိသျှ တို့ လုပ်ပုံကို ပြောတာပါ။ အဲဒီနိုင်ငံတွေဟာလဲ သူ့ထီးသူ့နန်း
သူ့ကြငှန်းနဲ့ သူ့သမိုင်း၊ သူ့အစဉ်အလာနဲ့ သူ ရပ်တည်ခဲ့တဲ့ အင်အားကြီးနိုင်ငံတွေပါပဲ။
ရခိုင်နဲ့ မွန်ကို အဲသလို ဆက်ဆံခဲ့ပေမဲ့ ကချင် ကို၊ ရှမ်းကို၊ ကရင်နီကို၊ ချင်း ကိုတော့ ဗြိတိသျှတို့က ဗမာဘုရင် ရဲ့ အချုပ်အခြာအာဏာပိုင်တွေ အနေနဲ့ အသိအမှတ်ပြုခဲ့ဟန်မတူပါ။
ကိုလိုနီ ခေတ်တလျှောက်လုံးမှာလဲ ရှမ်းစော်ဘွားတွေဟာ သူတို့အရိုက်အရာမပျက် ထီးနန်းဆက်ခံတယ်။ သူတို့ဒေသတွင်းက ဓါတ်သတ္တုထုတ်လုပ်မှုတွေ၊ သစ်ထုတ်လုပ်မှုတွေအတွက် ဗြိတိသျှ ကုမ္ပဏီတွေက ပေးတဲ့ အခကြေးငွေတွေ ရရှိ ခံစားခဲ့ရတယ်။ ဒီတော့ သူတို့က လွတ်လပ်ရေးဆုံးရှုံးတယ် လို့ မဆိုသာဘူး။
ဒီ့အတွက် ဗမာနဲ့ ပေါင်းပြီး၊ လွတ်လပ်ရေး ကို ယူတာဟာ တကယ့်ကို လှိုက်လှဲတဲ့ စိတ်၊
ပေါင်းချင်လွန်းလို့ ပေါင်းခဲ့တာ။
စဉ်းစားရမှာက
အဲဒီလို ပေါင်းခဲ့တဲ့အတွက် သူတို့ ဘာတွေ ရ ခဲ့သလဲ။
သူတို့ဒေသတွေဟာ လွန်ခဲ့တဲ့ လွတ်လပ်ရေးယူစဉ်တုန်းကထက် ဘာများ သိသာတိုးတက်သွားခဲ့သလဲ။ နယ်စပ်ဒေသတွေမှာ ဒုက္ခသည်တွေ သိန်းချီပြီး ပေါ်ခဲ့ရတယ်။
ဒေသခံတိုင်းရင်းသူလေးတွေဟာ စစ်သားတွေ ရဲ့ ခြေတော်တင် မုဒိန်းကျင့်စရာဖြစ်ခဲ့ရတယ်။
ယောက်ျားမှန်သမျှ စစ်သားတွေ ခေါ်ခိုင်းစရာ ကျွန်ဘ၀၊ ပေါ်တာဆွဲခံပြီး နေခဲ့ရတယ်။
ဒေသတွင်းထွက်သမျှ ကျောက်သံပတ္တမြား၊ ဓါတ်သတ္တု၊ လျှပ်စစ်မီးက အစ၊ ခံစားခွင့် ဘာမှ
မရခဲ့ဘူး။ ဗမာတွေ နေတဲ့ ပြည်မ မှာဘဲ ဒီလို ထုတ်လုပ်မှုတွေကို အကျိုးခံစားခွင့် ရခဲ့တယ်။
ဒါဟာ ပြောရမယ် ဆို ဗြိတိသျှ ကိုလိုနီတုန်းကထက်ကို ဆိုးရွားတဲ့ ဗမာကိုလိုနီပြုခြင်း ကို
ခံနေရတာပါပဲ။
ဘယ်လောက်ပဲ ပြည်ထောင်စု လို့ ပြောပြော
ဘယ်မှာမှ ပြည်ထောင်စု နဲ့ မတူ၊
ပြည်ထောင်စု အဆင့်အတန်း မရှိ တဲ့ ကိုလိုနီနိုင်ငံကြီးတခု၊ ပဒေသရာဇ် ရဲ့ လက်နက်နိုင်ငံ
ကြီးတခု ပဲ ဖြစ်နေခဲ့တယ်။
ဒီ့အတွက် အဲဒီတိုင်းရင်းသားတွေက မနေချင်တော့ဘူး ခွဲထွက်မယ် လို့ ပြောလာခဲ့ရင်၊
ဒါ အမျိုးသားရေး အစွန်းရောက်တာ လို့ စွပ်စွဲတယ် ဆိုရင်၊ စွပ်စွဲတဲ့လူလောက် ရိုင်းပျတာ
မရှိဘူး။ စာနာစိတ်ကင်းမဲ့ တာ မရှိဘူး လို့ပဲ မြင်တယ်။
သူတို့ကို တန်းတူရည်မျှ ချစ်စိတ် အမှန်တကယ်ရှိတယ် ဆိုရင်၊
ခင်ဗျားတို့ ကျနော်တို့ဟာသံယောဇဉ် နဲ့ မသွားပါနဲ့၊ ငါတို့နဲ့ပဲ အတူနေပါ လို့ တောင်းဆိုတာဟာ မေတ္တာရပ်ခံ၊ တောင်းပန်ဖို့ အဆင့်ပဲ ရှိတယ်။
တားမြစ်ပိုင်ခွင့် မရှိသလို၊ ခွဲထွက်ရေး ကို ကန့်ကွက် ဆန္ဒပြမယ် ဆိုတာ လဲ ဆိုးသဗျာ လို့ပဲ မြင်တယ်။ ဆိုပါတော့ ဒီနေ့ထိ မြန်မာပြည် က အင်္ဂလိပ်လက်အောက် ကျနေတယ်။
ကျနော်တို့က လွတ်လပ်ရေးအတွက် ကြိုးပမ်းမယ်။ အဲဒါကို အင်္ဂလိပ်ကြီးတွေက ခုလို
ဗြိတိသျှ ဓနသဟာယ ထဲက ခွဲထွက်မှာ ကို ဆန္ဒပြတယ် ဆိုရင် ခင်ဗျားတို့ ဘယ်လို ခံစားမလဲ။
နင့်မေကလွှား၊
ပြည်နယ်ထဲ ထွက်သမျှလဲ သူတို့ချည်း ထုတ်၊ ရောင်းချ၊ ကြွယ်ဝ၊
လူတွေလဲ မုဒိန်းကျင့်၊ ပေါ်တာဆွဲ၊ သတ်ဖြတ်၊ ဖိနှိပ်၊
တမျိုးလုံး တောထဲ ခိုရ၊ ပုန်းရ၊ အစာရည်စာ မ၀ တ၀၊ နဲ့ နေရ။ ကလေးတွေ စာတတ်ဖို့ ဆိုတာ ဝေလာ ဝေး၊ အဲသလို ဘ၀ နဲ့ နေရ လို့ ခွဲထွက်မယ် လို့ ပြောတာကို
ခွဲမထွက်ဖို့ ဆန္ဒပြတယ် ဆိုတော့ ဘာအတွက်လဲ လို့ တောင် မေးချင်စရာ မကောင်းတော့ဘူး။
ခင်ဗျားတို့ ဘယ်လောက် ဖိနှိပ်ခံရပါတယ် ပြောပြော၊ အဲဒီ နယ်စပ်က တိုင်းရင်းသားတွေလောက် မဆိုးဘူး။
ကျနော့်သဘောသာဆို ခွဲထွက်မယ် လို့ ဆိုခဲ့ရင်၊ မခွဲထွက်စေချင် ဘယ်လို မျိုးတွေ ရမှ မခွဲထွက်မှာလဲ လို့ ညှိကြည့်ပေါ့။ ညှိမရရင် ခွဲထွက်ပါစေလေ။ ခင်ဗျားတို့ နှစ် ၆၀ ကျော် မဟုတ်တာတွေ လုပ်ခဲ့ပြီးမှပဲ။ ခွဲထွက်ပါစေတော့။
၁။ ခွဲထွက်ချင်သပ ဆို ခွဲထွက်ခွင့်ပြု
၂။ ခွဲထွက်ပြီး လိုအပ်သမျှ ကူညီ
၃။ နိုင်ငံသစ်ထူထောင်ခါစမှာ ဘာတွေ ဖြည့်ဆည်းပေးရမလဲ အကောင်းဆုံး အိမ်နီးနားချင်းအနေနဲ့ ဖြည့်ဆည်းပေး၊ အနာခံပြီး ကူညီမှ အတိတ်က ဆိုးရွားခဲ့တဲ့ သမိုင်းကို
ဖြည်းဖြည်းချင်း ပြန်ခြေဖျက်နိုင်ပြီး၊ နောင်အစဉ်အဆက် အပြန်အလှန်ချစ်ခင်ယုံကြည်မှုတွေ
ပြန်တည်ဆောက်နိုင်တော့မပေါ့။
ကိုယ်နဲ့နေရလို့ စိတ်ဆင်းရဲ နေရတဲ့ မိန်းကလေး ကို ဇွတ်အတင်းကြီး ချုပ်နှောင်ပြီး၊ ချစ်လွန်းလို့ ဆိုတာ ဒဿဂီရိ လို အကြမ်းဖက်သမား ရဲ့ ချစ်ခြင်းမေတ္တာမျိုးပါလေ။ သူ့ကို ချစ်တာလား၊
ကိုယ့်ကိုယ်ကိုယ် ချစ်တာလား သေချာ မေးကြည့်ပါဦး။
သားမယားပြုကျင့်ခံထားရလို့ ဖွတ်ဖွတ်ညက်ညက်ကြေ နေတဲ့မိန်းကလေးက ကျမကို အမေ့အိမ်ပြန်ခွင့်ပေးပါတော့ ဆိုပြီး၊ ခွင့်တောင်းတာကို မျက်ရည်ကျဦးမယ် ဆို ဘီလူးငို ငိုတာပဲဖြစ်မယ်။ အဲဒီမိန်းကလေး ကို ချစ်တာမဟုတ်ဘူး။ ကိုယ့်အတ္တ ကိုယ် ချစ်တာဗျ။
သူမှ မပျော်တာ သွားပါစေ၊
သူပျော်အောင်၊ သူအဆင်ပြေအောင် ကိုယ်က ဘာတွေ ဖြည့်ဆည်းပေးရမလဲ ဆိုတဲ့
ပေးဆပ်ခြင်းနဲ့ ချစ်ကြည့်ပါဦး။
ကျနော်ကတော့ ဒုက္ခသည်စခန်းက ဒုက္ခအတိနဲ့ အဲဒီ လူတွေကို မြင်ရတိုင်း ရင်နာလွန်းလို့၊
သူတို့ဖါသာ နေခဲ့ရင် ခုလောက်ဆို အတော် ချမ်းသာ၊ အေးချမ်းနေမှာ၊ အမျိုးယုတ်တွေ(ငါတို့အမျိုးထဲက) နဲ့ ပေါင်းမိလို့ လို့၊ အတော့်ကို စိတ်ထဲ နေမထိ၊ ထိုင်မသာ
ဖြစ်ရတယ်။ သူတို့ခွဲထွက်သွားရင် မျက်ရည်ကျဖို့လဲ မကျန်တော့ဘူး။ သူတို့တွေ ကို ခွဲမထွက်ရ ဆိုပြီး နှိပ်စက်ထားတာကို မြင်ရတာနဲ့ ကျ ခဲ့ရတဲ့ မျက်ရည်တွေ မနည်းတော့ဘူး။
ကျနော်တို့အမျိုးထဲက ယုတ်ကန်းသူတွေကို ကျနော်တို့ ရ အောင်၊ နိုင်အောင် မတိုက်နိုင်တာ
ကျနော်တို့ကံ။ ခင်ဗျားတို့သာ လွတ်မယ် ဆိုရင်၊ ပြေး လွတ်အောင်ပြေး၊ တော်ရာမှာ ပျော်ရှာပါလေလို့ ချစ်တဲ့စိတ်၊ သနားကရုဏာသက်ရတဲ့ စိတ် ထပ်တူ စာနာရတဲ့ စိတ်တွေနဲ့
သူတို့ကို လွတ်မြောက်စေချင်တယ်။
ပြည်ထောင်စုကြီး ပြိုကွဲ မခံနိုင်ဘူး လို့
မျက်စိမှိတ်အော် မနေနဲ့။
မဆလ က ပြည်ထောင်စု လို့ ဇွတ်ရိုက်သွင်းခဲ့ပေမဲ့၊
ပြည်ထောင်စု မှ မဟုတ်ဘဲ၊ ၀မ်းနည်းစရာ အကြောင်းမရှိ။
ကျနော် ဗမာပါ။
ချိုတူးဇော်
Like   Comment   
Alen Yang Seng 

Read more »

ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းထဲမှာ ဗုဒ္ဓဘာသာစေတီ လာတည်တဲ့ကိစ္စနဲ့ပတ်သက်လို့ DKBA အဖွဲ့မှ ဗိုလ်မှူးကြီးစောဆန်းအောင် က ဒီကိစ္စဟာ DKBA နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိပါဘူး

5 hrs ·




အခုတော့ စစ်အာဏာရှင် စစ်ခွေးတွေက တိုင်းရင်းသား ပြည်သူတွေကို သွေးခွဲနည်းတွေကို နည်းမျိုးစုံ သုံးပြီး သွေးခွဲ နေတယ် ။ စစ်အာဏာရှင် စစ်ခွေးတွေ သိဖို့ ကောင်းတာက 2000 ခုနှစ် အနောက်ပိုင်းက လူတွေ မဟုတ်တော့ ဘူး ဆိုတာကို ထန်းလျှက် စားပြီး ဦးနှောက်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထား ကြပါ ။
=====
ဖာပွန်မြို့နယ် ကတိုင်တိ မီးဇိုင်းရွာက ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းထဲမှာ ဗုဒ္ဓဘာသာစေတီ လာတည်တဲ့ကိစ္စနဲ့ပတ်သက်လို့ DKBA အဖွဲ့မှ ထုပ်ပယ်တာခံထားရတဲ့ ဗိုလ်မှူးကြီးစောဆန်းအောင် က ဒီလိုပြောတယ်။
`ဒီကိစ္စဟာ DKBA နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိပါဘူး။ မြိုင်ကြီးငူဆရာတော် ဥူးသုဇနနဲ့လည်း လုံးဝမသက်ဆိုင်ပါဘူး။ သံလွင်မြစ်ပေါ်တည်ဆောက်မယ့် ဟတ်ကြီးရေကာတာစီမံကိန်းကို အတင်းအကြပ် အကောင်အထည်ဖော်ဖို့ ဆိုင်းပြင်းနေတဲ့ ရန်သူအစိုးရနဲ့ စစ်တပ်ရဲ့ လက်ချက်ဖြစ်တယ်။ ဒေသတွင်းက လူထုတွေကြားနဲ့ အဖွဲ့အစည်းတွေကြား ဘာသာရေးအရ သွေကွဲအောင် ဖြိုခွဲတဲ့ ဖန်တီးလိုက်တဲ့လုပ်ရပ်၊ ရန်စလုပ်ဆောင်မှုသက်သက် ဖြစ်တယ်။
ဟတ်ကြီးရေကာတာကို လူထုတွေလက်မခံ ဆန့်ကျင်နေတဲ့ကြားက ဇွတ် အကောင်အထည်ဖော်ဖို့၊ ဟတ်ကြီးရေကာတာနဲ့ နီးနီးကပ်ကပ်ရှိနေကြတဲ့ ဒီကေဘီအေ ဗိုလ်ဘိ တာဝန်ယူထားတဲ့ မြိုင်ကြီးငူဒေသနဲ့ ဗိုလ်ဘောကျော်ဟဲ တာဝန်ယူထားတဲ့ ကေအန်ယူ တပ်မဟာ (၅) ဖာပွန်ဒေသ အဲဒီနေရာတွေကို စစ်ရေးအရ စိုးမိုးရေးတွေလုပ်ဖို့အတွက် အခု ကိစ္စဟာ ရန်သူအစိုးရရဲ့ ပထမခြေလှမ်းတွေပဲ ဖြစ်တယ်။
ဒီလုပ်ရပ်ကို ကျနော်တို့ လုံးဝဆန့်ကျင်တယ်။ လုံးဝ လက်မခံဘူး။ လက်သည်တရားခံအစစ်၊ ကြိုးကိုင်ဖန်တီးနေတဲ့ လက်မဲကြီးကို အားလုံးမြင်ထားဖို့ သိထားဖို့ အရေးကြီးတယ်။ ဘာသာရေးသွေးကွဲတာနဲ့ ပတ်သက်ပြီး သင်ခန်းစားယူရမယ့် သမိုင်းအဖြစ်အပျက်တွေ ကျနော်တို့မှာ ရှိပြီးသားဖြစ်တယ်´ လို့ ဆိုပါတယ်။
(ပုံစာ .. ကရင်ပြည်နယ် ဖာပွန်မြို့ ကတိုင်တိ မီးဇိုင်းရွာက ခရစ်ယာန် ဘုရားရှိခိုးကျောင်းဝင်းထဲမှာ ဗုဒ္ဓဘာသာစေတီတဆူကို လူအင်အားနဲ့ အမြန်ပြီးစီးအောင် လာတည်ထားတဲ့ပုံ ဖြစ်ပါတယ်။)

Yamoun Nar
ဒီကိစ္စဟာ DKBA နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိပါဘူး

Read more »

တိုင်းရင်းသားတပ်မတော်တွေ ဘာလုပ်လုပ် ကျုပ်ခွင့်လွှတ်နိုင်တယ်။


ကချင်တွေအခွန်ကောက်တယ်(အစိုးရပြောတော့ ဆတ်ကြေးပေါ့)
လူသစ်စုတယ် စသဖြင့်ပေါ့
ဒါတွေဟာ ကိုယ့်လူမျိုးကိုကာကွယ်ဖို့အတွက်
ကောက်တာ စုတာဘဲ ဘယ်သူမဆို
ထည့်နိုင်ရမယ်။
ကရင်လည်းဒီအတိုင်းပါဘဲ။
မထည့်ချင် မဝင်ချင်ရင်တော့ မင်းတိုင်းရင်းသားကို မချစ်လို့ဘဲ မှတ်ရမယ်။
ကျန်တဲ့တိုင်းရင်းသားတွေလည်း အတူတူပါဘဲ။
ဘေးရောနံ့ပါကြပ်တည်းနေချိန်မှာ
လူအင်အား လက်နက်အင်အားမမျှစွာ
နဲ့တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်တွေကို ငဲ့ညာစေချင်တယ်။
ကျုပ်တို့ဘက်သာတယ်ဆိုလို့ ဗျူဟာ ဘဲရှိပါတယ်။
၂၀၁၂ ကချင်မျိုးချစ် ဒုစစ်ဦးစီးဗိုလ်ချုပ်ဂွမ်မော်ခင်းသော
ဗျူဟာကို ဗမာ့သောင်းကျန်းသူအကြီးအကဲတွေ
အတော်လေးလန့်ခဲ့တယ်။
ဗမာ့သောင်းကျန်းသူတွေအတော်လေးလည်း အထိနာခဲ့တယ်။
ဒါက ကချင်ဗျူဟာမြောက်ကြောင်းပါ။
ကျုပ်တို့ခေါင်းဆောင်တွေ ဘယ်နေရာဘာတိုက်တွေဆောက်နေတယ်ဘာလုပ်နေတယ် ဆိုတာကို
ဝါဒတွေဖြန့်ကျက်လာတာမကြာခဏဆိုသလိုတွေ့မြင်နေရတယ်။
ခေါင်းဆောင်းဘဲတိုက်တော့ဆောက်မှာပေါ့။
သူ့အရည်အချင်းနဲ့သူရှာထားတဲ့သူ့စီးပွားရေး ရောပြီးမထွေးစေချင်။
ကျုပ်တို့ခေါင်းဆောင်တွေတိုက်လောက်သာ
ဆောက်ပြီးနေတာ ဗမာ့သောင်းကျန်းသူခေါင်းဆောင်တွေဆို
ကျုပ်တို့ပြည်နယ်တွေကထွက်တဲ့သယံဇာတတွေကို ခရိုနီဆိုတဲ့တမတ်သားတွေ
နဲ့ပေါင်းပြီး အမြတ်ထုတ်နေခဲ့တာ အခုဆို နိုင်ငံခြားဘဏ်တွေမှာတောင်
ငွေတွေသွင်းထားတယ်လို့ သိရပါတယ်။
ကျုပ်တို့ပြည်နယ်မှာလမ်းတစ်ချောင်းလုပ်ဖို့ငွေ သူတို့အိမ်ရှေ့က ဝရံတာဖြစ်သွားတယ်။
ကျုပ်တို့ပြည်နယ်က တံတားဆောက်ဖို့ငွေ သူတို့မြေးရဲ့ပြိုင်ကားဖိုးဖြစ်သွားတယ်။
ဒီလိုသာခံသွားမှာလား.....?
မခံဘူးဆိုတဲ့မျိုးချစ်ခေါင်းဆောင်တွေ
မဖြစ်စလောက်ငွေကိုကောက် လူတွေစုပြီးဆက်ပြီးတော်လှန်နေခဲ့တယ်။
ဖိနှိပ်မှုတွေရှိနေသရွေ့တော့တော်လှန်နေရအုန်းမှာဘဲ။
တန်းတူရေးမရသရွေ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရသရွေ့တော့
ပြည်တွင်းစစ်မီးမငြိမ်းနိုင်ပါဘူး။
စစ်မှန်တဲ့ဒီမိုခရေစီဖြစ်ဖို့ လက်နက်မကိုင်ရကိစ္စပို၍မဖြစ်နိုင်ပါ။
တိုင်းရင်းသားတပ်မတော်မည်သည့်အဖွဲ့မဆို အားပေးတယ်၊ထောက်ခံတယ်၊
လေးစားပြီးသားပါ။
— with Saw Karen Blood and 87 others.
Like   Comment   
တိုင်းရင်းသားတပ်မတော်တွေ ဘာလုပ်လုပ် ကျုပ်ခွင့်လွှတ်နိုင်တယ်။

Read more »

KIO,ဒုဥက္ကဌ နှင့်UNFCဥက္ကဌ ဗိုလ်ချူပ်ကြီး N ဘန်လ ရန်ကုန်ရောက်ရှိ


Dukaba N Ban La Yangon Kaw Du
(9,9,2015) ရက်နေ့၌ နေပြည်တော်တွင်ကျင်းပပြုလုပ်မည့်
သမ္မတနှင့် ထိပ်သီးတိုင်းရင်းသားခေါင်ဆောင်များတွေ့ဆုံ
ဆွေနွေးပွဲသို့တက်ရောက်ရန်အတွက် KIO ဒုတိယဥက္ကဌ
UNFC ဥက္ကဌ ဗိုလ်ချူပ်ကြီး N ဘန်လ၊နှင့် KIO,အထွေထွေ
အတွင်းရေးမှူး , SD အဖွဲ့ခေါင်းဆောင် ဒေါက်တာလဂျာ
တို့သည်(6,9,2015) ရက်နေ့ ညနေတွင် ထိုင်း နိုင်ငံ မှ ရန်ကုန်
အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ လာပြီ ဖြစ်ကြောင်း
သိရှိရပါသည်။
(photo-Nyo Ohn Myint)
— with Kong Hong.

Read more »

Saturday, September 5, 2015

တနိုင်ငံလုံး အပစ်ရပ်ရေး အပေါ် MNDAA ရဲ့ သဘောထား (ရုပ်/သံ) ဧရာဝတီ

Speech by Phone Win Naing (MNDAA)

တနိုင်ငံလုံး အပစ်ရပ်ရေး အပေါ် MNDAA ရဲ့ သဘောထား (ရုပ်/သံ)ဧရာဝတီတနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို အစိုးရ တပ်မတော်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်နေတဲ့ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့ ကလည်း ပါဝင်လက်မှတ်ရေးဖို့ဖို့ ဆန္ဒရှိနေပါတယ်။ အစိုးရကတော့ MNDAA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ကို NCA ရေးထိုးဖို့ အကြောင်း အမျိုး မျိုးပြပြီး ကန့်သတ်ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုလ ၉ ရက်နေ့ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တချို့ ဆွေးနွေးညှိနှိုင်းကြမယ်လို့ သိရပါတယ်။

Posted by The Irrawaddy (Burmese Version) on Friday, September 4, 2015

Read more »

Thursday, September 3, 2015

NCA ( Without Real Political Road Map, Nationwide Ceasefire Agreement Will Lead Nowhere… )

“Without Real Political Road Map, Nationwide Ceasefire Agreement Will Lead Nowhere…” from Karen News PLUS 3 days ago / Creative Commons License: by nc nd ALL AUDIENCES David Tharckabaw, head of the Karen National Unions Alliance Affairs, in an exclusive interview with Karen News, explains why he is opposed to the current Nationwide Ceasefire Agreement that he believes benefits only a few people. I am not opposed to a National Ceasefire Agreement that will lead to real peace. But I am against this National Ceasefire Agreement, because it is not going to lead to real peace. There is no equality [shown] to the ethnic leaders. There is no clear political road map. And there is no inclusiveness. BY Karen News

Read more »

Tuesday, September 1, 2015

"SUSHI JAUGAWNG NAM PAN PU ZAWN " "SHANGLAWT LU HKRA MANAI NGA NA"

A lu sha naw hti ya marit,
"SUSHI JAUGAWNG NAM PAN PU ZAWN "
"SHANGLAWT LU HKRA MANAI NGA NA"
US Mungdan kata, hpan hkum sushi nga,
Sinpraw sinna mada yu, Wp sushi lauban ni chyu,
Shachyen shaga, mayu da ma rai ai la,
A rawng lu ai, kabu ga ai, gumhpraw lu sai,
Makai ai mung tsawm, manai da mung dut gyawm gyawm,
Hkri tung madung' gawng malai, Japan mung na rai,
Manap jau jau hking 7 hta rawt, Jan du yang she n ta hprawt,
Kumla n sam hkum sumhpa, mari sa ni yu mada,
Wp sushi sama ka- swi, shingdu gayin kauda n gwi,
Jahtum e maw, dut lu ni ai gaw, dai sushi jaugawng tsam 're ai yaw.
Grai mung ba mat, pay check hpe lat,
Lu ai gumhpraw myit dat ai gaw, pyaw na kachyi mi,
Ya Ya lwi ai, tsim yam myi pwi, majan wan ni
Ka-hte' hkra, Nye masin pala, kapaw mat sai.
Chyurum sai daw sai chyen ni e, myit hkum kaji,
Naw sharang ga, pu gang sin machyi ai da.
Sushi lauban yawng yawng, kahkin gumdim chyawm chyawm,
Ga Sadi jaw garum nga na, sushi jaugawng myit masa,
Sa wa myen hpe, sushi makai hte makai,
Manat gayau, sushi banau, wan kang e ka hpyau,
Sharim kau na ga ai ngu, shanglawt lu hkra manai kau chyalu , rai nga na ga ai law.

GA SHAGAWP and GINDAI by: USA Tu Hkawng

Read more »