Sunday, September 20, 2015

မွန်တွေကို ကူညီပေးချင်တယ်ဆိုရင်

U Ravika
မွန်တွေကို ကူညီပေးချင်တယ်ဆိုရင်
ရာမညတိုင်းက သုနာပရန္တတိုင်း(မြန်မာပြည်)လက်အောက်ကို ကျရောက်သွားတော့ အင်္ဂလိပ်တို့က မွန်တွေဆီ ရောက်လာပြီး မြန်မာတို့ကို ကူတိုက်ပေးမဲ့အကြောင်း ပြောတယ်။ မွန်တို့က "မိမိတို့မှာ လူအင်အား ရှိတဲ့အကြောင်း၊ အမှန်တကယ် ကူညီချင်ရင် လက်နက်သာ တပ်ဆင်ပေးစေလိုကြောင်း"အကြောင်းပြန်လိုက်တယ်။ ဒီက စပြီး မွန်နဲ့ အင်္ဂလိပ်ဆက်ဆံရေး မကောင်းဘဲ မွန်နေရာမှာ ကရင်အစား ဝင်ခဲ့ဖူးတယ်။
အခုလည်း မဘသတို့က မွန်ပြည်နယ်သေးသေးလေးကို ရောက်လာပြီး အမျိုး၊ ဘာသာ၊ သာသနာအတွက် အောင်ပွဲခံလိုက်ကြတယ်။ မွန်ပြည်နယ်ကို ကုလားတွေလက်ထဲမရောက်အောင် ကူညီပေးပါမဲ့အကြောင်း ပြောတယ်။ မွန်တွေကို ကူညီချင်ရင် အညာက ဘုန်းကြီးတွေကိုပဲ မွန်ပြည်နယ်ထဲ လှိမ့်မပို့ပါနဲ့။ မွန်ဘုန်းကြီးတွေ များအောင် ဝိုင်းဝန်းပေးပါ။ မွန်တွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရအောင် တိုက်ပွဲဝင်ပေးပါ။ မွန်အမျိုးသားကျောင်းတွေမှာ ဘဏ္ဍာငွေ ပြတ်တောက်နေပါတယ်။ အလှူခံပြီး ထည့်ဝင်ပေးကြပါ။ မန္တလေးက ဘုန်းကြီးတွေ မလုပ်ပေးနိုင်ရင် မွန်စကားကိုတောင် မတတ်တဲ့ မဘသမွန်ဘုန်းကြီးတစ်ပါးစ နှစ်ပါးစက လုပ်ပေးကြပါ။
မွန်ပြည်နယ်က ကုလားလက်ထဲမပါစေချင်ရင် မွန်တွေမှာ အင်အားရှိနေဖို့ လိုတယ်ဆိုတာ ပြောနေစရာတောင် မလိုဘူးလေ။ စစ်အစိုးရအဆက်ဆက်က မွန်တွေကို ကုလားလောက်တောင် နေရာမပေးခဲ့ပါ။ မွန်ပြည်နယ်သားတွေက ကုလားတွေနဲ့ အမှုဖြစ်ရင် ရှုံးမြဲပါပဲ။ အခုလည်း နိုင်မယ်လို့ မထင်ပါ။ မွန်တွေက ကိုယ့်ပြည်နယ်မှာ နေရင်းနဲ့ မွန်မဟုတ်တဲ့လူမျိုးတိုင်းကို ကြောက်နေခဲ့ရတဲ့ဘဝပါ။ ဒါဟာ အစိုးရအဆက်ဆက်က မွန်တွေကို ချိုးနှိမ်ခဲ့ကြောင်း အထူးပြောစရာမလိုတော့ပါ။ အခု ဦးဝီရသူတို့က အဲဒီအစိုးရကို မဲပေးကြပါလို့ တိုက်တွန်းနေပါတယ်။ မွန်လူမျိုးအပေါင်းတို့က ဒီဘုန်းကြီးကို အားပေးသင့်သလား၊ သူ ညွန်တဲ့ ဖွတ်တွေကို မဲပေးသင့်သလားဆိုတာ ကိုယ့်ဟာကိုယ်ပဲ ဆုံးဖြတ်ကြပေါ့။