Saturday, July 4, 2015

တိုင်းရင်းသားတွေလိုဘဲ ဗမာတွေကလည်း မတရားဖမ်းဆီးသတ်ဖြတ်ခံနေရတာပဲ။

 · 

အကျဉ်းထောင်ထဲမှာ ကောင်းတဲ့ ဗမာတွေ အများကြီးပါ။
လက်နက်အားကိုးပြီး လူမျိုးပေါင်းစုံ ပြည်သူတွေအား အနိုင်ကျင့်စော်ကားနေတဲ့ ဗမာစစ်သွေးကြွတွေကို 
စည်းလုံးညွတ်စွာ ခုခံတော်လှန်ကြမယ်ဆိုရင် ကျနော်တို့ အောင်သီးအောင်ပွင့်ရမယ်၊
အောင်သီးအောင်ပွင့်က ကျနော်တို့ မျိုးဆက်သစ်တွေအတွက် ဘ၀အားမခံချက် ပဲလေး။


Read more »

Kachin Lawyer Natwork (ShanState) ကချင်ရှေ့နေများ ကွန်ယက် (ရှမ်းပြည်နယ်)


(Lachid Kachin)
၏ (၁) နှစ် ပြည့် နှစ်ပတ်လည် ဆုတောင်း အခမ်းအနားဖိတ်ကြားလွှာ.
ဤ ကချင်ရှေ့နေ များ ကွန်ယက် အား (၅.၇.၂၀၁၄) ရက်နေ့ တွင် စတင်
ဖွဲ့ စည်းတည်ထောင် ခဲ့ သည် ဖြစ်ပြီး (၅.၇.၂၀၁၅) ရက်နေ့ တွင် တစ်နှစ်
ပြည့် ပြီ ဖြစ် သည်။
ကချင် ရှေ့နေ များကွန်ယက် (ရှမ်းပြည်) ၏ ရည်ရွယ်ချက်မှာ ဒေသတွင်းရှိ
ကချင် နှင့် အခြားသော တိုင်းရင်းသားပြည်သူ များ အား တရားဥပဒေ လမ်း
ကြောင်း ဖြင့် ကူညီ ၊ ကာကွယ်စောင့်ရှောင့် ရန် အတွက် ရည်ရွယ်ကာ
ဖွဲ့စည်းတည်ထောင်ထား သည် ဖြစ်ကြောင်း အသင်း တာဝန်ရှိ သူများထံ
မှ သိရှိရပါသည်။
သို့ ဖြစ်၍ ကချင်ရှေ့နေများ ကွန်ယက် (ရှမ်းပြည်နယ်) ၏ တစ်နှစ် ပြည့်
ကျေးဇူးတော်ချီးမွန်း ဆုတောင်း အခမ်းအနား အစီအစဉ် အား (၄.၇.၂၀၁၅)
ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီ အချိန်တွင် ရှမ်းပြည် နယ်မြောက်ပိုင်း ၊
လာရှိုးမြို့ ရပ်ကွက် (၁) ရှိ ကချင် နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း အတွင်း
ရှိ (SGZ) ခန်းမတွင် ပြု လုပ်ကျင်း ပသွား မည် ဖြစ်ကြောင်း သိရှိရပါသည်။
Ndai WUNPAWNG TARA KASA HPUNG (sam mung ) a yaw
sha da ai lam gaw Chyurum KACHIN,W.P myu sha ni hte
Sammung nga mungchying sha ni hpe Tara Upadi lam yen
hte madi shadaw na matu yaw sha da let hpaw ning htan da
ai re lam chye lu ai.
------------------------------------------- Wunpawng Tara Kasa Hpung (Sam Mung) ------------------------------------------------- -----------------------------------------

Read more »

Friday, July 3, 2015

လော်ခီးလာတွေ့ဆုံမှုကို သုံးသပ်ကြည့်ခြင်း


ဇွန်လဆန်းပိုင်း ၂-၉ရက်နေ့ထိ လော်ခီးလာမှာ ကျင်းပသွားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ တွေ့ဆုံပွဲ ဆုံးဖြတ်ချက်တွေ ထွက်လာပြီးတဲ့နောက်မှာ မြန်မာအစိုးရဘက် အကြပ်ရိုက်လာဟန်ရှိတယ်။ မတ်လ ၃၁ရက်နေ့ NCCT နှင့် အစိုးရတို့ သဘောတူညီခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး မူကြမ်းမှာ မပါတဲ့ “ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မူဝါဒ (၆)ချက်” ဆိုတဲ့အချက်တွေကို ကိုင်ပြီး ရမ်းဆဲဖြစ်တယ်။ ထို့အတူ မအလ ဘက်ကနေလည်း “ဒို့တာဝန်အရေး (၃)ပါး” ဆိုတဲ့ဟာကို ကိုယ်တိုင်ဖျက်ဆီးနေပေမယ့် ဆွဲကိုင်ထားနေတုန်း။
မအလဘက်ကနေ နိုင်ငံတကာကို ချပြ၊ မြင်စေလိုတာက အစိုးရဘက်ကနေ ငြိမ်းချမ်းရေးကို စိတ်ရှည်လက်ရှည် ကမ်းလှမ်းနေပါရဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဘက်ကနေ မဖြစ်နိုင်တာတွေ တောင်းဆိုနေတာကြောင့် ကြန့်ကြာနေတဲ့အသွင်။ ဇွန်လ ၁၇ရက်နေ့က မအလနှင့် ဆွစ်ဇာလန်သံအမတ် ခရစ္စတိုဖာဘာဂျီနာ တို့တွေ့ဆုံတုန်း မအလ ပြောခဲ့တာက “တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ချို့တွေရဲ့ တောင်းဆိုချက်တွေဟာ ဒို့တာဝန်အရေး (၃)ပါးကို ထိခိုက်စေပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လှုံ့ဆော်မှုတွေတွေ့နေရတယ်” လို့ စွပ်စွဲပြောဆိုခဲ့တယ်။
ဒီလိုနိုင်ငံတကာကို ကြုံရင်ကြုံသလို ရတဲ့အခွင့်ကောင်းကို အမိအရယူပြီး တိုင်းရင်းသားတွေကို ဆော်တယ်။ တစ်ဘက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြောင့် နယ်မြေလုံခြုံရေးအရ တိုက်ပွဲတွေ ဖြစ်နေကြောင်း ပြည်တွင်း ပြည်ပ မှာ သတင်းလွှင့်တယ်။ ခုရက်ပိုင်း မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးစခန်းကို ဘယ်သူ့လက်ချက်မှန်း တိကျသေချာတဲ့ စုံစမ်းစစ်ဆေးမှုတွေမလုပ်ပဲ KIA တပ်ဖွဲ့ကို ချက်ချင်းစွပ်စွဲထားတာ သာဓက။
မြန်မာနိုင်ငံရဲ့ ဆုတ်ယုတ်နေတဲ့ တိုင်းပြည်အခြေအနေကို တိုင်းရင်းသားတပ်ဖွဲ့တွေက “တောင့်ခံ” ထားပေးတာ သူတို့ကိုယ်တိုင်အသိဆုံး။ စီးပွားရေးအရ နိုင်ငံခြားမှ ချေးငွေတွေနဲ့ လည်ပင်းနစ် အသက်ရှုနေရတဲ့ အခြေအနေ။ နိုင်ငံခြားကို ပို့ကုန်အနေနဲ့ တင်ပို့ပြီး လောက်င တဲ့ နိုင်ငံခြားငွေတွေ မရှာနိုင်။ တည်ငြိမ်သယောင်ရှိနေတဲ့ ငွေဈေးတွေ အသားကုန်တက်။ ကုန်ဈေးနှုန်းတွေတက်တော့ ပြည်သူတွေ ဆူပူအုံကြွမှုတွေ ဖြစ်လာမှာကလည်း တစ်ဘက်ကစိုးရသေး။
ဆိုတော့က အလကားရ၀င်လာမယ့် နိုင်ငံခြားအကူအညီတွေ မျှော်ရတော့မယ်။ အလကားရ၀င်လာမယ့် နိုင်ငံခြားအကူအညီတွေဝင်လာဖို့ဆိုလို့ရှိရင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးနိုင်မှ နိုင်ငံတကာကလည်း အကူအညီပေးမှာကိုး။ ဒီတော့ တစ်ဘက်သတ် ပြင်ဆင်ထားတဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို လက်မှတ်ထိုးခိုင်း၊ ကမ္ဘာကိုပြ၊ နိုင်ငံတကာရင်းနှီးမြှပ်နှံမှုနှင့် ဖွံ့ဖြိုးရေးအကူအညီတွေကို ဖိတ်ခေါ်။
တစ်ဘက်ကလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနှင့် လက်မှတ်ထိုးပြီးသွားပြီဆိုတော့ တိုင်းရင်းသားဒေသတွေက ထွက်သမျှသယံဇာတတွေကို ခုထက်တိုးချဲ့ ထုတ်ယူပြီး နိုင်ငံခြားငွေများများရှာဖို့။ အကြွေးလည်ပင်း တစ်နေခြင်းကို ကယ်တင်နိုင်မယ့် နည်းက ဒီတစ်နည်းသာလျှင် အလွယ်ဆုံး။ လက်နက်ကိုင်တပ်ဖွဲ့တွေကို အမြစ်ပြတ်တိုက်လိုက်မယ်ဆိုတာကလည်းရ စီးပွားရေး ဂွင်အ ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စ။ ဘာကြောင့်လည်းဆိုတော့ အင်အား ၃၀၀ကျော်လောက်ပဲ ရှိပါတယ်လို့ (သူတို့)ပြောတဲ့ TNLA ကို တိုက်လိုက်ရင် ရတယ်၊ AA ကိုလည်း ထိုနည်းလည်းကောင်း။ မတိုက်ဘူး ငြိမ်းချမ်းရေး လက်မှတ်ခေါ်ထိုးလို့ရအောင် မွေးထားမှာ။ ငြိမ်းချမ်းရေး မရပဲ အပြုတ်တိုက်လိုက်ရင် နဂိုအကူအညီပေးမယ့်၊ ပေးလာမယ့် နိုင်ငံတကာအကူအညီတွေ ပြန်ရုတ်သိမ်းသွားမှာကြောင့် ဖြစ်တယ်။
လော်ခီးလားတွေ့ဆုံမှုရဲ့ သဘောတူညီချက်ထွက်လာပြီး အခြေအနေတင်းမာသွားခြင်းရဲ့ အဓိကအချက်က နေပြည်တော်ကို ခေါက်တုံ့ခေါက်ပြန် ဖင်ပုတ်ခေါင်းပုတ်လုပ်လိုက် ကားပါမစ်ယူလိုက်နဲ့ ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးရဲ့ ရပ်တည်ချက်ပြောင်းသွားတဲ့ အရိပ်အရောင်ကြောင့် ဖြစ်တယ်။
UNFCA အစည်းအဝေးခန်းမထဲကနေ ဗဟိုချုပ်ကိုင်မှုစနစ်ရှိနေတာကြောင့် ဆိုတဲ့အကြောင်းပြချက်နဲ့ နှုတ်ထွက်သွားခဲ့တဲ့၊ လော်ခီးလားအဖွင့်မိန်းခွန်းကို “၃၁ မတ်လက သဘောတူညီခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ရဲရဲတင်းတင်းလက်မှတ်ထိုးကြပါ” လို့တိုက်တွန်းခဲ့ပေမယ့် စည်းဝေးစလယ်ဆုံး တက်ခဲ့တဲ့အပြင် အစည်းအဝေးကို သဘာပတိအနေနဲ့ နောက်ဆုံးအထိ တာဝန်ခံသွားတဲ့အပြင် ဆုံးဖြတ်ချက်တွေကို တာဝန်ခံအနေနဲ့ လက်မှတ်ရေးထိုးသွားခြင်းပဲ ဖြစ်တယ်။
နောက်တစ်ချက် KNU ဘက်က အကြောင်းအမျိုးမျိုးကြောင့် ကွဲနေကြသယောင်ရှိပေမယ့် နိုင်ငံရေးကို ဓိကဆွေးနွေးဖို့ လက်ကိုင်စွဲထားတဲ့ နော်ဖိုးရာစိန်ကြောင့် အချင်းချင်းကြား ရပ်တည်ချက်တွေ ခိုင်မာသွားကြတယ်လို့ ယူဆတယ်။
လော်ခီးလားတွေ့ဆုံမှုရဲ့ သဘောတူညီချက်ထွက်လာပြီး အစိုးရမကြိုက်တဲ့ နောက်တစ်ချက်က စည်းဝေးဆုံးဖြတ်ချက်ရဲ့ အပိုဒ် (၅) “NCCT အဖွဲ့ဝင်အားလုံးပါနိုင်မှ NCA ကိုလက်မှတ်ထိုးမည်” ဆိုတဲ့အချက်။ NCCT အဖွဲ့ဝင် ၁၆ဖွဲ့ထဲမှာ အစိုးရကငြင်းပယ်ထားတဲ့ TNLA, AA, MNDAA တွေပါနေတယ်။ အရင်က ကိုးကန့်ကို ၃ရက်နဲ့ ချြေမှုန်းပြမယ်တို့ ဘာတို့ပြောခဲ့တဲ့ ဦးသိန်းစိန်ကလည်း ခုနောက်ပိုင်း ကိုးကန့်ရဲ့ အစွမ်းအစကို သိလိုက်ရသလို စာရင်းထဲတောင် ထည့်ထားဟန်မရတဲ့ TNLA နှင့် AA ကလည်း အစွမ်းတွေ ပြလာတော့ ဘေးကြပ်နံကြပ် ဖြစ်နေဟန်ရှိတာတော့ အမှန်ပဲ။
လော်ခီးလားတွေ့ဆုံမှုရဲ့ သဘောတူညီချက်ထွက်လာပြီး အစိုးရမကြိုက်တဲ့ နောက်တစ်ချက် “သဘောတူစာချုပ်လက်မှတ်ရေးထိုးရာတွင် အစိုးရဘက်က ထိပ်သီးများသာမက အပြည်ပြည်ဆိုင်ရာခေါင်းဆောင်များနှင့် နိုင်ငံ (၇)နိုင်ငံမှ အစိုးရကိုယ်စာလှယ်များ သက်သေပါဝင်လက်မှတ်ရေးထိုးရန်” ဆိုတဲ့အချက်ဖြစ်တော့ တောင်းရမ်းစားသောက်ထားမိတဲ့ နိုင်ငံတွေ လက်မှတ်ထိုးတဲ့ထဲ ပါနေရင် ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် စားခွက်ပျောက်မှာစိုးတော့ ဘေးကြပ်နံကြပ် တစ်ခါဖြစ်ရပြန်အုံးမှာဆိုတော့…..။
ဆိုတော့က 
အနှစ်ချုပ်အနေနဲ့ NCA ဆိုတာ အလှမ်းဝေးပါသေးတယ်။ လက်ရှိ အစိုးရမပြောင်းသေးသရွေ့၊ အစိုးရပြောင်းတယ်ထားအုံး လူမပြောင်း စနစ်မပြောင်းသေးသရွေ့ တိုင်းရင်းသားတွေ လှိမ့်ပိန့်ခံနေပေအုံးတော့ပဲ။
https://www.facebook.com/tsawra.tsaw/posts/858578134190702:0

Read more »

Wednesday, July 1, 2015

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြ

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေရာမှာတပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်နေတာကြောင့်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ကို လွှတ်တော်ထဲကနှုတ်ထွက်ပေးဖို့ ကျောင်းသား ကျောင်းသူ ၃၀ ကျော်က ဒီနေ့ရန်ကုန်မြို့မှာဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားပါတယ်။ရိုက်ကူး - အောင်သိင်္ခ/ RFA

Posted by RFA Burmese on Tuesday, June 30, 2015

Read more »

နာဂသူပုန်နှိမ်နင်းတဲ့ အောင်မြင်မှုသတင်း အိန္ဒိယအပေါ် သံသယ၀င်

အိန္ဒိယနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူ Debabrata Roy Laifungbam နဲ့ အိန္ဒိယ ကြက်ခြေနီ အဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အဲဒီ သူပုန်စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့တာမှာ လူတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အရိပ်လက္ခဏာ မတွေ့ရဘူးလို့ သူက ပြောပါတယ်။

http://burmese.voanews.com/content/myanmar-india-rebel/2844009.html

Read more »

KFC Myanmar

ကမ္ဘာပေါ်မှာ အကြီးဆုံး အမေရိကန် စားသောက်ဆိုင်တွဲ franchise တွေထဲက တခုဖြစ်တဲ့ ကန်တက်ကီ fried chicken ခေါ် KFC ကြက်ကျော်ဆိုင်ခွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ မနေ့ ဇွန်လ ၃၀ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာမှ...
BURMESE.VOANEWS.COM|BY ဗွီအိုအေ (မြန်မာပိုင်း)

Read more »

WATCH: Myanmar Students, Police Scuffle During Protest Over Military’s Political Role

WATCH: Myanmar Students, Police Scuffle During Protest Over Military’s Political Role

Posted by Radio Free Asia on Tuesday, June 30, 2015

Read more »

Tuesday, June 30, 2015

o ဒေသခံ -သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး မေးမြန်းချက်

"ဝ"အမျိုးသား စည်းလုံးညီညွှတ်ရေးပါတီ ခေါင်းဆောင်များ နှင့်မေးမြန်းချက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် "ဝ"အမျိုးသား စည်းလုံးညီညွှတ်ရေးပါတီ ခေါင်းဆောင်တွေဟာ လာရှိုးမြို့က ပါတီဌာနချုပ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က ဒေသခံ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။

Posted by Seng Jaw on Monday, June 29, 2015

Read more »

Thursday, June 25, 2015

Anhte a gawng kya nga ai lam ni.....


Anhte a htunghkring a rung a rai ni gaw ya daini e mungkan shara shagu chyambra nga sai myusha ni hte rau chyambra nga sai re.Anhte hpe Kachin/KIA nga na mungkan mungdan shagu hta masat masa galaw nga sai hte maren anhte a bu hpun sumraw ai hpe yu na anhte a maka tsawm ai hpe yawng chye nga sai re.
Dai majaw anhte a hkunghkring maka kap ai arung a rai ni mung moi na hta ya gaw grau dut kaja wa nna ,manu mung grau laja wa sai.
Rai yang e ndai arung a rai ni hpe galaw shapraw ai seng gade wa anhte Wunpawng sha ni madu nga sata ?
Myitkyina ga na jinghpaw wunpawng htunghkring arung arai dut ai seng law malawng gaw laga amyu ni she rai nga ai.Anhte hta rida jak rung nlu ai majaw masha ni hte shingjawng nna kun rai hpe galaw shapraw na atsam nnga nga ai.
Ngai Malaysia kaw Y stone hte hkrum yang ,shi gaw Jinghpaw labu palawng design galaw sha ai wa re majaw ,shi a design hpe na san yu yang masha ni shi a desing hpe lagu na palawng shapraw dut sha ai lam tsun pru wa ai.
Dai majaw ngai gaw nang na desing ni hpe asuya kaw မူပိုင်‌ခွင့်‌ မှတ်‌ပုံတင်‌kau u ngu hpaji jaw yang shi nau nchye na ai.
Tsawra ai myusha ni anhte a ndai tsawmhtap la ai arung arai ni wa anhte mungkan hta မူပိုင်‌ n galaw da jang gaw masha ni anhte a maka hpe la na sut masa hku galaw wa yang anhte hpa ngu mai na nre .Dai majaw htunghkring hte seng ai salang ni nawku hpung kanu kawa ni anhte hkyak hkyak galaw ra na kaw ndai mung lawm nga ai ngu shadum dat mayu n ngai.
FB=Wunpawng shiga

Read more »

Friday, June 19, 2015

နိုင်ငံချစ်တဲ့သမ္မတ သူ့နိုင်ငံကို ရှစ်နှစ်အုပ်ချုပ်လိုက်တာ သူ့အိမ်ပါပြုတ်သွားတယ်

နိုင်ငံချစ်တဲ့သမ္မတ သူ့နိုင်ငံကို ရှစ်နှစ်အုပ်ချုပ်လိုက်တာ သူ့အိမ်ပါပြုတ်သွားတယ်

နိုင်ငံချစ်တဲ့သမ္မတ သူ့နိုင်ငံကို ရှစ်နှစ်အုပ်ချုပ်လိုက်တာ သူ့အိမ်ပါပြုတ်သွားတယ်

Posted by Seng Jaw on Wednesday, June 17, 2015

Read more »

Thursday, June 18, 2015

ပင်လုံစာချုပ်ဟာ အတ္တလန်တိတ် ချသ်တာ ရဲ့ တစ်စိပ် တစ်ပိုင်း ဖြစ်တယ်။(Atlantic Charter )


ပင်လုံစာချုပ်ဟာ အတ္တလန်တိတ် ချသ်တာ ရဲ့ တစ်စိပ် တစ်ပိုင်း ဖြစ်တယ်။
Atlantic Charter ဆိုတာ ဒုတိယ ကမ္ဘာစစ် အစပိုင်း ၁၉ ၄၁ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့မှာ အမေရိကန် သမ္မတ နဲ့ ဗြိတိန် ၀န်ကြီးချုပ် ၀န်စတန်ချာချီ ခေါင်းဆောင် အဖွဲ့ ချုပ်ဆိုတဲ့ စာချုပ် ဖြစ်ပါတယ်။ နောက်ပိုင်း မဟာမိတ် နိုင်ငံ အားလုံး လက်ခံသဘောတူ ခဲ့ပါတယ်။
စာချုပ်ရဲ့ ရည်ရွယ်ချက် ကတော့ ဒုတိယ ကမ္ဘာစစ် ပြီးတဲ့ နောက်ပိုင်း ကမ္ဘာ တ၀န်းလုံး လူမျိုးစု တိုင်း ကိုယ့်ဒေသ ကိုယ့်ဌာနေရဲ့ အချုပ်အချာ အာဏာ ကို ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် အတွက် လွတ်လပ်ရေး ပေးဖို့ အာမခံ ချက်ပဲ ဖြစ်ပါတယ်။ တနည်း ပြောရမယ် ဆိုရင် ဗြိတိန်ရဲ့ နေမ၀င် အင်ပါရာကြီး အပါအ၀င်၊ ပြင်သစ်၊ စပိန်၊ နယ်သာလန်၊ ပေါ်တူကီ နဲ့ ဘယ်လ်ဂျီယံ နိုင်ငံတွေရဲ ကိုလိုနီ နယ်ချဲ့ စနစ် ချုပ်ငြိမ်းဖို့ အတွက် ဖြစ်ပါတယ်။
ဗြိတိန် နိုင်ငံဟာလဲ ပြောင်းလဲ လာတဲ့ ကမ္ဘာ့ အတွေးအခေါ် နဲ့ နိုင်ငံရေး အခင်းအကျင်းများ ကို နားလည်သဘောပေါက်ပြီး သူတို့ ရဲ့ နယ်ချဲ့ စနစ် ကို အဆုံးသတ်ဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။
ဒီ စာချုပ် ရဲ့ နောက်ခံကြောင့်ပဲ အင်္ဂလိပ် အစိုးရ ဟာ ဒုတိယ ကမ္ဘာစစ်အပြီး မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့ နိုင်ငံ တော်တော်များများ ကို လွတ်လပ်ရေး ပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော် တိုက်လို့ ထွက်ပြေးတာ မဟုတ်ရပါဘူးနော်။
ပင်လုံစာချုပ် ဟာလဲ ဒီ အတ္တလန်တိတ် ချပ်တာ စာချုပ် သဘောတရားရဲ့ အစိပ်အပိုင်း တခု ဖြစ်ပါတယ်။ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် (Self Determination) ဆိုတဲ့ သဘောတရား ကို ဒီ စာချုပ်မှာ အသိအလင်း ဖေါ်ပြထားပါတယ်။
အဲဒါ ကို မြန်မာ့သမိုင်းမှာတော့ တိုင်းရင်းသားတွေကို အင်္ဂလိပ် က သွေးထိုး တယ်လို့ သမိုင်း မှာ သင်ပေးတယ်။ ကလေးကလား အကွက်တွေပါ။ တကယ့် ဖြစ်ရပ်မှန်ဟာ မြန်မာပြည်ရဲ့ လွတ်လပ်ရေးဟာလဲ ဒီ စာချုပ်ထဲက ကိုယ့် ကြမ္မာ ကိုယ် ဖန်တီးခွင့် ဆိုတဲ့ အနှစ်သာရ ကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။ အဲဒါထက် ပိုမှန်တာကတော့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပင်လုံစာချုပ်မှာ လက်မှတ်ထိုး ကြလို့ပါ။ မဟုတ်ရင် ဒီစာချုပ်သဘောတရား အရ လူမျိုးစု တစ်စုစု အတွက် အာမခံချက် မရှိရင်၊ တနည်းပြောရရင် လုံခြုံမှု မရှိရင် လွတ်လပ်ရေး ပေး လို့ မရပါဘူး။
ဂျပန် ၀င်လာတုန်းက မြန်မာတပြည်လုံး ဗမာ့ လွတ်လပ်ရေး တပ်မတော် (BIA) လက်အောက်ရောက်သွားချိန် က ကရင် အရပ်သားတွေကို အစုလိုက် အပြုံလိုက် အကြောင်းမဲ့ သတ်ဖြတ်ခဲ့တဲ့ အဖြစ်တွေကြောင့်လဲ သင်ခန်းစာရခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဂျပန်ခေတ် ဒေါက်တာ ဘမော်နဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာအစိုးရ နဲ့ ဂျပန် စစ်တပ်ကို ၁၉ ၄၂ မှ ၁၉ ၄၅ ထိ ဆက်တိုက် တော်လှန်ခဲ့တဲ့ ကချင် အပါအ၀င် တိုင်းရင်းသားတွေအတွက် လွတ်လပ်ရေး ရပြီး နောက်ပိုင်း ဗမာခေါင်းဆောင်တွေရဲ့ လက်အောက်မှာ လုံခြုံရေး အာမခံချက် ရဖို့ အင်မတန် အရေးကြီးခဲ့တာ အမှန် ပါ။ အဲဒါကြောင့် ကိုယ့် ကြမ္မာ ကိုယ် ဖန်တီးခွင့်အတွက် ပင်လုံ စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်တယ်။
ဒါပေမယ့် အဲဒီ စာချုပ် ကို ဖင်ကြားခုထို်င်လိုက်တာ အခုထိပဲ။
By Duwa Kachin

Read more »

ငြိမ်းချမ်းရေး ဖော်ဆောင်ဆဲ ကာလတွင် အကြီးစား စီမံကိန်းများ ရပ်တန့်ထားရန် KDNG တောင်းဆို



http://www.kdng.org/
ဧရာဝတီ
ငြိမ်းချမ်းရေး ဖော်ဆောင်နေဆဲ ကာလတွင် ကချင်ပြည်နယ် အတွင်းရှိ အကြီးစား ဖွံ့ဖြိုးရေး စီမံကိန်းကြီးများ အကောင် အထည်ဖော် လုပ်ဆောင်နေမှုကို လုံးဝ ရပ်တန့်ထားပေးရန် ကချင် လူမှုဖွံ့ဖြိုးရေးကွန်ရက် (KDNG) က အစိုးရကို တိုက်တွန်းလိုက်သည်။
ကချင်ပြည်နယ်အတွင်း အစိုးရ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေသည့် အကြီးစား ဖွံ့ဖြိုးရေး စီမံကိန်းကြီးများသည် နိုင်ငံတကာ စံချိန်စံညွှန်းများကို လျစ်လျှူရှု လုပ်ကိုင်နေသဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသကဲ့သို့ ဒေသခံ ကချင် လူထု အတွက်လည်း များစွာထိခိုက်မှု ရှိနေ၍ ယင်းသို့ တိုက်တွန်းရခြင်းဖြစ်ကြောင်း KDNG က ဆိုသည်။
KDNG ၏ ပြောခွင့်ရပုဂ္ဂိုလ် ကိုစာဂျီးက“ငြိမ်းချမ်းရေးကလည်း မဖြစ်သေးဘူး။ အသွင်ကူးပြောင်းရေး အဆင့်လည်း မရှိသေးဘူး။ ကြားကာလဖြစ်တဲ့ အချိန်မှာ အခုလို အကြီးစား စီမံကိန်း ဖွံ့ဖြိုးရေးဆိုတဲ့ ရေကာတာ စီမံကိန်းလိုမျိုး၊ နောက် စည်းစံနစ် မကျတဲ့ သယံဇာတ ထုတ်ယူသုံးစွဲမှုလိုမျိုး၊ ဖားကန့်ကျောက်စိမ်းတွင်းလိုမျိုးက တိုင်းပြည်နဲ့ ပြည်သူလူထု အတွက် အကျိုးမရှိဘူး ဒါကြောင့် တိုက်တွန်းတာပါ” ဟု ဧရာဝတီကို ပြောသည်။
ကချင်ပြည်နယ် အတွင်းရှိ ကျောက်စိမ်းတွင်း လုပ်ငန်းများကို အစိုးရက ၎င်းလက်ဝေခံ ကုမ္ပဏီများကို လုပ်ကိုင်ခွင့် ပေးထားပြီး ဟူးကောင်းချိုင့်ဝှမ်း ဒေသရှိ မြေဧက ၂ သိန်းကျော်ကိုလည်း ယုဇနကုမ္ပဏီအား စစ်အစိုးရ လက်ထက် ၂၀၀၆ ခုနှစ်က လုပ်ခွင့်ပေးထားသည်ဟု KDNG ဆိုသည်။
“စနစ်မကျတဲ့ ဒီဖွံ့ဖြိုးရေး စီမံကိန်းကြီးတွေရဲ့ဒဏ်ကို ဒေသခံတွေက လက်တွေ့ရင်ဆိုင် နေကြရတယ်။ ဒါကို အစိုးရ အနေနဲ့ သိလျှက်နဲ့ ဆက်လက် လုပ်ခွင့်ပေးနေမယ်ဆိုရင် နိုင်ငံဖွံ့ဖြိုးရေး မဟုတ်ဘဲ လူတစုဖွံ့ဖြိုးရေးသာ ဖြစ်နေလိမ့်မယ်” ဟု ကိုစာဂျီးက ဆက်ပြောသည်။
ထို့အပြင် ၂၀၀၆ ခုနှစ်ကပင် မေခ-မေလိခ မြစ်ကြောင်းပေါ်ရှိ ဓာတ်အား ၆၀၀၀ မဂ္ဂါဝပ်ရှိသော အကြီးစား ဆည်တခုနှင့် တခြား ရေကာတာ ၆ ခုကို တည်ဆောက်ရန် ဝန်ကြီးချုပ် ဦးသိန်းစိန် (ယခု သမ္မတ) က တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) နှင့် လက်မှတ် ရေးထိုးခဲ့ကြောင်းလည်း KDNG က ထောက်ပြထားသည်။
အဆိုပါ ရေကာတာ စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်ပြီး ဒေသခံ ကချင်လူထု အတွက် ထိခိုက်ဆုံးရှုံးမှုများသာ ကျန်ခဲ့မည်ဟု KDNG က ဇွန် ၁၇ ရက် နေ့စွဲနှင့် ထုတ်ပြန်လိုက်သော “ကချင်ပြည်နယ် သဘာဝသယံဇာတ အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒ ဆွေးနွေးချက် စာတမ်း” တွင် ဖော်ပြထားသည်။
KDNG အနေဖြင့် ကချင်ပြည်နယ် အတွင်းရှိ အဆိုပါ စီမံကိန်းကြီးများနှင့် ပတ်သက်ပြီး ၂၀၀၄ ခုနှစ်က စတင်ကာ ၂၀၁၅ ခုနှစ်အထိ ၁၀ နှစ်အကြာ ကွင်းဆင်းလေ့လာပြီး စီမံကိန်းကြီးများကြောင့် ဒုက္ခရင်ဆိုင်ရသော ဒေသခံ ပြည်သူများနှင့် လက်တွဲ သုတေသနပြုခြင်း၊ စနစ်မကျသော သယံဇာတ သဘာဝအရင်းအမြစ် ထုတ်ယူသုံးစွဲမှုကို လေ့လာခြင်း၊ နိုင်ငံတကာမှ သဘာဝသယံဇာတ အရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲခြင်း ပြသာနာဖြေရှင်းသော အတွေ့အကြုံများကို အခြေခံပြုစုပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုကြေညာချက်ကို သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့များ အပါအဝင် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် လေ့လာ စောင့်ကြည့်ရေး အဖွဲ့များ၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်နေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များထံသို့ ပို့ဆောင်သွားမည်ဟု KDNG က ပြောသည်။

Read more »

KIA, တပ်ရင်း (၆) ဖါးကန့် ဒေသ တိုက်ပွဲ Update

    အဘွားအိုကို မုဒိမ်းကျင့်ရန် ကြံသည့် တပ်သား ထောင် ၇နှစ်သာ ချမှတ်မှု ဒေသခံများ မကျေနပ်
    ဧရာဝတီ
    ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာတွင် အသက် ၇၃ နှစ် အရွယ် အမျိုးသမီးတဦးကို အဓမ္မပြု သတ်ဖြတ်ရန် ကြံစည် ခဲ့သည့် အစိုးရတပ်သား ဇော်မျိုးအေးကို စစ်ဘက်ဆိုင်ရာ ဥပဒေအရ စည်ကမ်းဖောက်ဖျက်မှု၊ မူးယစ်မှု ၊ ပိုင်နက် ကျူး လွန်မှုတို့ဖြင့်သာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇နှစ် ချမှတ် လိုက်သော်လည်း သတ်ဖြတ်ရန် ကြံစည်မှု၊ မုဒိမ်းကျင့်ရန် ကြံစည်မှုတို့ကို လျစ်လျူရှုထားသည့်အတွက် ဒေသခံများက မကျေမနပ် ဖြစ်...
    See More
    Like · Comment · 

    News Feed




    ကားမိုင်း တပ်စခန်း တစ်ညလုံး လက်နက်ကြီး ပစ်လိုက် နားလိုက်လုပ်နေပါတယ် အကြောက်လွန်သွားတာ ဖြစ်မယ်
    Kamai myen hpyendap hpe mana tup an hte kaw na ni sadi jaw gap dat ai hku re myen ni nau hkrit na shana tup lak nak kaba ndum ndam gap ai hku re
    ဖားကန့်မြို့ထဲ ကင်းပတ်သော စစ်ကားတစ်စီး မနေ့က တိုက်ခိုက်လိုက်ပါတယ် ဆေးရုံသို့ ဗမာစစ်သားတွေရောက်နေတယ်လို့ဆိုပါတယ်
    ဖားကန့် သို့ လူငယ်များ ခရီးသွားလာခြင်း မပြုရန် သတိပေးပါသည်
    လက်ရှိ ကချင်လူငယ် ၄၀ လောက် စစ်တပ်ဖမ်းဆီးထားပြီး မည်သည့်နေရာတွင်ထားသည် ကို မသိရှိရပါ
    KIA တပ်မဟာ ၆ အနီး Awng Lan ရွာအထိ အစိုးရတပ်က ရောက်နေပါတယ် တစ်ရွာလုံး စစ်ပြေးဖြစ်သွားပြီး ရွာလူကြီးကိုတော့ ဖမ်းဆီးထားပါ တယ်
    အစိုးရတပ်က ဘုရားရှိခိုးကျောင်းကို နေရာယူထားပြီး စစ်ကူစောင့်နေတယ်လို့ ယူဆရတယ် လမ်းကြောင်: ၃ခုကနေတက်လာသော စစ်ကူများ နေ့စည် တိုက်ပွဲဖြစ်နေပါတယ်
    ဖားကန့်လမ်းသို့ ခရီးမသွားရန် သတိပေးလိုပါတယ် လမ်းကြော်ပိတ်ပြီးပြန်ဖွင့် လုပ်ပြီး ခရီးသည်ကားများ နောက် အစိုးရစစ်ကားတွေ လိုက်ပါနေတာပါ
    Mani an hte a Myitrum 1 mi asak up nawng mat sai
    Hkung ga ai myit rum wa
    ဖားကန့် Aung Lan ကျေးရွာ ပြည်သူများ မိုးထဲလေထဲ တောထဲဝင်ပုန်းနေရပြီး အချို့  ကတော့ KIA တပ်စခန်းသို့ထွက်လာပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းထားတယ်လို့ဆိုပါတယ်
    အစိုးရစစ်တပ် က ကချင်အိမ် ရှမ်းအိမ်များသာရှိသော Aung Lan ရွာကို သေနတ်ဖြင့် ပစ်ခတ်တာဟာ စစ်ရာဇဝတ်မှု့မြောက်ပါတယ်

    Hka kamai
(KIA, တပ်ရင်း (၆) ဖါးကန့် ဒေသ တိုက်ပွဲ Update 18:6:2015)

Read more »

Future Is For Those Who Can See

Future Is For Those Who Can See

Awesome Kids *Must Watch !! VC - Nhkum Bawk Ja Shatapru#Kachin #KachinLifeStories

Posted by Kachin Talent Scout on Saturday, April 25, 2015

Read more »

Monday, June 15, 2015

Yu ngwi Ning hkring Ah Ba Di

Yu ngwi Ning hkring Ah Ba Di kaw na "Ma" laban N htoi hta Ma ni a shawng lam hpe myit hkam sha let kraw kata kaw na gasi ni hte mahkawn shakawn nga yang ..

Posted by Mkbc America on Sunday, June 14, 2015
Lawt lu na lam tam ra

Read more »

Kachinnews TV: W.P Hka Nan de sit wa sani?

Kachinnews TV: W.P Hka Nan de sit wa sani? Wunpawng Hka Nan de sit wa sani? Rev. Dr. Maran Ja Gun hte Kachin News Group editor Lahpai Naw Din, san shaga ai lam. Sr Ja Gun gaw Kachin Theological Colleg...

Read more »

Saturday, June 13, 2015

UWSA နှင့် အစိုးရတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်တို့ ထိပ်တိုက်မှုဖြစ်ပွား

UWSA နှင့် အစိုးရတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်တို့ ထိပ်တိုက်မှုဖြစ်ပွား - တပ်မတော် နှင့် စစ်ရေးပြန်လည်တင်းမာ...ယခု ဖြစ်ပွားနေသည့်ပြသနာသည် လဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် အကြောင်း ရင်းနှင့် ဆက်နွယ် ကြောင်းသိရ။(သျှမ်းသံတော်ဆင့်)ရုပ်သံ။ ။ပြီးခဲ့တဲ့ရက်ပိုင်းကဝတပ်မတော်စစ်ရေးလေ့ကျင့်နေပုံ

Posted by Marip Brang Zett on Friday, June 12, 2015

Read more »

Friday, June 12, 2015

Helping Children Overcome Conflict and Displacement


By Pangmu Shayi, June 11, 2015


Photo: A Kachin IDP girl (Credit: Fu Guosheng (Kaw Seng))

The Kachin War that resumed after a 17-year hiatus, has created an unfortunate legacy of 120,000 displaced civilians, of whom a significant proportion are children growing up in 72 camps across Kachin and Northern Shan State.

It goes without saying that children are the war’s most vulnerable victims. Most bear the psychological, if not physical scars of violent upheaval. Some have lost a parent, some both, and some separated from family in the chaotic flight from advancing government troops. At borderland camps there is the added danger of falling prey to human traffickers and drug dealers ever lurking in the vicinity.

As the war enters its 4th year, the internally displaced people (IDP) are living out their worst fears of becoming permanent camp dwellers, never able to return home and resume normal lives. In the meanwhile, life has become increasingly harsh with each passing year. Their dilapidated shelters are in dire need of replacement, and the food assistance provided by international donors is drying up.

The United Nations Office for the Coordination of Humanitarian Affairs (OCHA) estimates that only 16% of the 2015 IDP assistance budget has been met. Consequently, after June 2015, monthly food rations for IDPs will be halved, with the daily ration equivalent of MMK 400 per person reduced to a mere MMK 200 (about US 20 cents).

This drastic reduction in food aid puts the health and well being of children born and growing up in camps at even greater risk. Birth rate among IDPs is reportedly high, but prenatal malnutrition means the newborns are invariably underweight. How seriously the physical growth and mental development of IDP children will be impacted by chronic malnutrition is a matter of great concern.

At borderland camps, the lack of schools and other educational opportunities compounds the worries parents have for the future of their children. The Kachin Baptist Convention (KBC) is doing its best to fill this void through its education ministry. For the 19th year in a row, the KBC has recruited and trained volunteer teachers to take up teaching assignments for a year or longer at borderland camps or remote regions where there are no schools.

The KBC estimates that for this school year, 142 volunteer teachers are needed to take care of 15,000 children of school-going age. In spite of, or because of what happened to the two KBC volunteer teachers who were ruthlessly raped and murdered at the village of Hkawng Hka in Northern Shan State, 52 young people, including 32 female volunteers, signed up for training at KBC headquarters this Summer.

With the beginning of the new school year in June, the teachers have set off for their assigned destinations. A young female volunteer teacher, upon being interviewed, has said that although she is naturally concerned for her safety, she feels the mission too important to turn her back on.

This year the teachers and students face special difficulties as UNICEF is no longer able to provide IDP children with text books and other needed school materials. Unlike in previous years, UNICEF is unable to procure the newly prescribed text books for this year’s curriculum on the market, as private presses have not been able to print them. To procure the new text books from its own budget will be a financial hardship for the KBC.

Despite facing monumental challenges, the IDPs are doing their best to survive, making the most of the situation. Some have taken up vegetable gardening, some livestock breeding or both, while some make themselves available for any kind of odd job that comes their way.

But it is not enough merely to meet physical and material needs. As Fu Guosheng (Kaw Seng), who is spearheading the Airavati Foundation’s[i] IDP Children’s Art Project says, “Life is not just to survive, but to own the feelings of meaningful life and the hope and expectations for the future.”

The Children’s Art Project aims at providing just that, by encouraging the younger camp generation to express the trauma and displacement they feel through a variety of art forms. The creative process is meant not only to address the cultural deprivation brought on by displacement, but also as a means of healing emotional scars. Topics ranging from Kachin culture and history, to current issues such as armed conflict and the loss of family members, will be dealt with.

Film documentation of the whole process will be made and the art work produced by student participants will be exhibited both at the IDP camps and major towns and cities in Kachin State and beyond.

The 15-month project, initiated in late 2014, involves 350 young people between the ages of 7 and 17 from IDP camps in and around Laiza, headquarters of the Kachin Independence Organization. 60 teachers from the Laiza area are also being trained in arts and culture, as well as sensitivity to the special needs of children and youth traumatized by armed conflict and displacement. The wider aim of the project is for the teachers to replicate these psychological and cultural reconstruction activities with displaced Kachin youth in other camp locations.

Whether the nationwide ceasefire accord between the government and ethnic armed groups actually gets signed or not is anybody’s guess. What is certain however, is that even if signed, in the absence of comprehensive political reforms, there are no guarantees that the guns will go silent.

In such a context, helping the Kachin War’s most vulnerable victims overcome conflict and displacement is a cause that should resonate with donors at home and abroad. In that spirit, the Kachin Peace Network’s theme for this year’s IDP appeal: Concern, Care and Contribute is echoed in earnest here.



[i] The Airavarti Foundation, set up by Lahpai Seng Raw, a 2013 Magsaysay awardee and co-founder of the Metta Development Foundation, aims at establishing peaceful societies that are self-sustaining and resilient through environmental conservation efforts.
http://kachinlandnews.com/

Read more »

Thursday, June 11, 2015

ကချင် စစ်ဘေးဒုက္ခသည်များ၏ လက်ရှိ အခြေအနေ


(By-Seng Raw Lahpai)
၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့
စစ်ရှောင်ပြည်သူများရဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တင်ပြရမယ်ဆိုရင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရှောင်စခန်းပေါင်း (၁၇၂)ခု ရှိပြီး စစ်ရှောင်ပြည်သူပေါင်း (၁၂၀,၀၀၀)ခန့်ဟာ အလွန်ဆိုးဝါးတဲ့ လက်သင့်ခံနိုင်စရာမရှိတဲ့ အခြေအနေမျိုးမှာ ဆင်းရဲစွာ နေနေကြရပါတယ်။ စစ်ရှောင်ပြည်သူများရဲ့ နေ့စဉ်ကြုံနေရတဲ့ အခြေခံလိုအပ်ချက်များမပြည့်စုံမှုနဲ့ စိုးရိမ်ကြောင့်ကြမှုတွေဟာ နည်းနည်းမှ လျော့နည်းသက်သာသွားတာ မရှိတဲ့အပြင် အချို့စခန်းတွေမှာဆိုရင် အခြေအနေပိုမိုဆိုးလာတာကိုဘဲ တွေ့နေရပါတယ်။
အချို့စစ်ရှောင်ပြည်သူတွေဟာ တစ်နေရာပြီးတစ်နေရာ အကြိမ်ကြိမ် ရွှေ့ပြောင်း နေရတာတွေ ရှိနေပါတယ်။ အချို့ကျတော့ ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်ခြံကိုယ့်ကျွဲနွားတွေကို အရဲစွန့်ပြီး ကြည့်ရှုဖို့ ပြန်တဲ့အခါမှာ နှစ်ဖက်စစ်ပွဲတွေကြား ပိတ်မိပြီး ဒုက္ခရောက်ရတာလည်း ရှိပါတယ်။
နမ်လင်းပါကျေးရွာက ရွာခံ(၂၀၀)လောက်ဟာဆိုရင် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မူကြမ်းစာချုပ်ကို အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရပြီလို့ထင်ပြီး မေလ (၂၀) ရက်နေ့မှာ ကိုယ့်ရွာကို ပြန်ကြပါတယ်။ အဲဒီအချိန်မှာပဲ တပ်မတော်ရဲ့ ဂျက်လေ ယာဉ် (၂) စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြားမှာ ကြားညှပ်မိပြီး အသက်ဆုံးလုနီးပါး အခြေအနေနဲ့ ကြုံခဲ့ရပါတယ်။
အချို့စစ်ရှောင်ပြည်သူတွေကတော့ စစ်ရှောင်စခန်းများမှာ ချို့တဲ့ဆင်းရဲစွာ နေရတဲ့ အခြေအနေတွေကို သည်းမခံနိုင်တော့တဲ့အဆုံး မူရင်းဇာတိကျေးရွာမှာရှိတဲ့ နေအိမ်နဲ့ လယ်ယာမြေများကို စွန့်လွှတ်ပြီး အစိုးရက ပြန်လည်နေရာချထားပေးတဲ့ နေရာသစ်ဆီကို အခြေချဖို့ နှလုံးကြေကွဲရတဲ့ ဆုံးဖြတ်ချက်မျိုးကိုလည်း ချကြရပါတော့တယ်။
စစ်ပွဲ(၄)နှစ်ကာလ ကြာလာပြီဆိုတော့လည်း တောက်လျှောက်အကူအညီပေးနေတဲ့ အလှူရှင်တွေ လူမှုရေးအသင်းအဖွဲ့တွေနဲ့ အိမ်ရှင်ကျေးရွာတွေဟာလည်း ခြေကုန်လက်ပမ်း ကျလာကြပါပြီ။ စစ်ရှောင်ပြည်သူတစ်ဦးကို တစ်နေ့စာ (၄၀၀) ကျပ်နဲ့ ညီမျှတဲ့ အစားအစာကို ပံ့ပိုးပေးနေရာကနေ တစ်နေ့ (၂၀၀)ကျပ်အထိ လျှော့ချလိုက်တဲ့အတွက် စားနပ်ရိက္ခာ ပြတ်လပ်မယ့် အခြေအနေနဲ့ လက်တွေ့ ရင်ဆိုင်နေရပါတယ်။
နယ်စပ်မှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ကျောင်းသူကျောင်းသားပေါင်း ( ၁၅,၀၀၀ ) ခန့်ဟာ ကျောင်းတက်နိုင်ဖို့နဲ့ ပညာရေးအထောက်အပံ့တွေရဖို့ အခက်ကြုံနေရပါတယ်။ ပိုဆိုးတာကတော့ ဒီစာသင်နှစ်မှာ UNICEF နဲ့ အခြားလူမှုရေးအဖွဲ့တွေက ယခင်ပေးနေကျ ကျောင်းသုံးဖတ်စာအုပ်နဲ့ အခြားပညာရေး ထောက်ပံ့မှုများကို မပေးနိုင်တော့တဲ့အတွက် ကလေးတွေရဲ့ ပညာရေးဒုက္ခဟာ ပိုကြီးလာနေပါတယ်။ ဒါ့အပြင် ကေအိုင်အို ပညာရေးဌာနက ဖွင့်ထားတဲ့ အထက်တန်းကျောင်းက ကျောင်းသားတွေဟာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုခွင့်မရကြပါဘူး။ ဒါ့ကြောင့် စစ်ရှောင်ကျောင်းသားပေါင်း ( ၁,၄၃၀ ) တို့ရဲ့ အဆင့်မြင့် ပညာရေး ရည်မှန်းချက်တွေဟာ လေထဲမှာပဲ ဆုံးရှုံး ပျောက်ကွယ်နေရပါတယ်။
(၄)နှစ်လုံးလုံး စစ်ရှောင်ပြည်သူတွေ ဒုက္ခရောက်နေရတဲ့နည်းတူ ရှောင်ပြေးခြင်းမပြုပဲ မိမိရပ်ရွာမှာ ဆက်နေသူတွေဟာလဲ အန္တရာယ်များစွာနဲ့ ရင်ဆိုင်နေရပါတယ်။ ပြည်သူတွေကို အထိန်းအကွပ်မဲ့ လူ့အခွင့်အရေးချိုးဖောက်ပြီး အနိုင်ကျင့် သတ်ဖြတ်စော်ကားမှုတွေများစွာရှိ နေပြီး အရေးယူ အပစ်ပေးခြင်းမရှိတာတွေ ဖြစ်ပွားနေပါတယ်။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခြင်း မုဒိမ်းပြုကျင့်ခြင်းတွေ တိုးပွားနေပြီး ကျူးလွန်သူတွေအပေါ် အရေးယူ အပြစ်ပေးမှုမရှိလို့ ကချင်အမျိုးသမီးတွေဟာ အမြဲ စိုးရိမ် ကြောင့်ကြနေရပါတယ်။
ကချင်အပါအ၀င် မြန်မာပြည်သူအားလုံး ၀မ်းနည်းထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ ကချင်လုပ်အားပေး ဆရာမလေး နှစ်ယောက်ဖြစ်တဲ့ မရန်လုရာနှင့် တန်ဘောင် ခေါန်နန်စင် တို့ကို ရက်ရက်စက်စက် အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့ကိစ္စကို ကျွန်မတို့အားလုံး ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။
မကြာသေးခင်ကပဲ အရပ်က၀ိုင်းစောင့်ရှောက်ထားရတဲ့ လေဖြတ်ထားတဲ့ အသက် (၇၂)နှစ်အရွယ် အဖွားအိုတစ်ယောက်ကို တပ်မတော်သားတစ်ဦးက မုဒိမ်းကျင့် သတ်ဖြတ်ဖို့ ကြိုးစားမှုလည်း ဖြစ်ခဲ့ပါသေးတယ်။ ကျူးလွန်ခဲ့တဲ့ တပ်မတော်သားကို အရပ်ဖက် တရားရုံးမှာ တရားစီရင်နိုင်ဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စီစဉ်သူများကို ခေါ်ယူမေးမြန်း ခြိမ်းခြောက်တာတွေ လုပ်ခဲ့ပါတယ်။
ဒီလိုအခွင့်အရေးချိုးဖောက်တာတွေကို ဟန့်တားထိန်းချုပ်မှုမရှိခြင်း၊ ပြစ်ဒဏ်ပေးမှုမရှိခြင်း၊ သီးခြားလွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ တရားစီရင်မှုမရှိခြင်းတွေဟာ တစ်နိုင်ငံလုံး ငြိမ်းချမ်း ရေးနဲ့ ဖွံ့ဖြိုးရေးကို နောက်ပြန်ဆွဲနေစေတဲ့ အဓိကအချက်တွေပဲ ဖြစ်ပါတယ်။ တကယ်တော့ ယုံကြည်မှု တည်ဆောက်ခြင်းဆိုတာဟာ လက်နက်ကိုင်တိုက်ခိုက်နေကြတဲ့ အဖွဲ့နှစ်ဖွဲ့ကြား တင်မကဘဲ အစိုးရနဲ့ ပြည်သူတစ်ရပ်လုံးကြားမှာလည်း လိုအပ်တယ်ဆိုတာကို အလေးထား ပြောချင်ပါတယ်။
ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ၂၀၁၄ သန်းခေါင်စာရင်း အစီရင်ခံစာအရ ကချင်ပြည်နယ်တစ်ခု တည်းမှာသာ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက်ပိုနေပါတယ်။ ဒီအချက်ဟာ ကျွန်မတို့ ကိုတွေးစရာတွေအများကြီးဖြစ်စေပါတယ်။ ဒီလိုဖြစ်ရတာဟာ ကချင်အမျိုးသမီးတွေ အများစုက တရုတ်ပြည်ကို လူကုန်ကူးခံနေရလို့လား ၊ ဒါမှမဟုတ် ပြည်တွင်းနှင့် တရုတ်ပြည်က ရွှေ့ပြောင်းလုပ်သား အမျိုးသားတွေ ၀င်ရောက်လာတာ သိပ်များနေလို့လား… စဉ်းစားစရာပါ ။
ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် ထင်ရှားနေတာကတော့ ကချင်လူမျိုးတွေဟာ ကိုယ့်ဇာတိမြေမှာ မနေရဲကြတော့တာပဲ ဖြစ်ပါတယ်။ ဒီအချက်ဟာ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ကျွမ်းကျင်သူပညာရှင် ဒန်နီရယ်ဖိုင်ရာစတိုင်း ထောက်ပြတဲ့ လူမျိုးတစ်မျိုးကို အပြီးသတ် မျိုးဖြုတ်သုတ်သင်ခြင်းမပြုမှီ “စနစ်တကျ အားနည်းအောင်ပြုခြင်း” ဆိုတဲ့ ဝေါဟာရကို သတိရစေပါတယ်။
နိုင်ငံရေးနဲ့ လူမှုရေး သိပ္ပံပညာရှင် ဆူဇန်ဂျော့ရှ်က သတိပေးတာကတော့ “ လူတွေ ဘယ်လောက်ထိအောင် ဒုက္ခရောက်နေပါစေ၊ ဒီလိုဒုက္ခရောက်နေတယ်ဆိုတာ တစ်ခုတည်းကြောင့် မူဝါဒအပြောင်းအလဲတွေကို ဖြစ်စေမှာ မဟုတ်ဘူး။ ”
ဒီအဆိုကို မြန်မာအစိုးရနဲ့အတူ အလှူရှင်နိုင်ငံအစိုးရတွေနဲ့ လူမှု့အဖွဲ့အစည်းများပါ ဂရုပြုစေ ချင်ပါတယ်။ လူသားချင်းထောက်ထားစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေကို သတိပြုစေလိုတာကတော့ သူတို့ကိုနှင်းအပ်ထားတဲ့ အဓိကတာဝန်ဟာ အရေးပေါ် အခြေအနေတွေမှာ တုန့်ပြန်ကူညီပေးဖို့နဲ့ လူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဖြစ်ပါတယ်။ ဒီတာဝန်ကိုမှ ပြည့်ပြည့်၀၀မထမ်းဆောင်နိုင်ဘူးဆိုရင် ကိုယ့်အဖွဲ့အစည်း ဖွဲ့စည်းခဲ့ရတဲ့ ပင်မရည်ရွယ်ချက်ဖြစ်တဲ့ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကိုယ့်ကိုယ်ကို အလေးအနက်ပြန်လည်သုံးသပ်ပြီး ပြုပြင်ပြောင်းလဲနိုင်ဖို့ စဉ်းစားရမှာပဲ ဖြစ်ပါတယ်။
ကချင်စစ်ရှောင်ပြည်သူ ( ၁၂၀,၀၀၀ ) ဟာ ခုလိုစစ်ပွဲကာလမှာ ကိုယ့်ကိုယ်ကို စောင့်ရှောက် နိုင်ခြင်းမရှိသေးဘဲ အကာအကွယ်ပေး စောင့်ရှောက်ခြင်းနဲ့ စားနပ်ရိက္ခာ အကူအညီတွေကို အရေးပေါ်လိုအပ်နေပါတယ်။
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်လက်မှတ် ရေးထိုးနိုင်ဖို့အတွက် အိမ်ပြန်ချင်လှပြီဖြစ်တဲ့ စစ်ရှောင်ပြည်သူတွေ မျှော်လင့်တောင့်တနေသလို နိုင်ငံတကာ သတ္တုတူးဖော်ရေးကုမ္ပဏီများဟာလည်း အပစ်ရပ်ပြီးတာနဲ့ စီးပွားရေးချက်ခြင်းလုပ်နိုင်ဖို့အတွက် တာစူနေကြပါတယ်။ စစ်ရှောင်ပြည်သူများ ပြန်လည်နေရာချထားရေး ရံပုံငွေကို တစ်နိုင်ငံလုံး အပစ်ရပ်ပြီးမှပဲ ပံ့ပိုးပေးမယ်ဆိုပေမယ့် တစ်ချိန်တည်းမှာဘဲ တိုက်ပွဲတွေဖြစ်ပွားပြီး ပြည်သူတွေစစ်ရှောင်နေရ တဲ့အခြေအနေမျိုးမှာတောင် အရေးပေါ်ကယ်ဆယ်ရေး အကူအညီတွေ ထိထိရောက်ရောက် မပေးနိုင်ပဲ၊ ပေးတဲ့အခါမှာလည်း ဒီစစ်ပွဲတွေကို တိုက်နေတဲ့ ပြည်ထောင်စု အစိုးရကနေတစ်ဆင့် ပေးမယ်ဆိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ မူဝါဒတွေဟာ ကိုယ်ကျိုး ရှာနေတဲ့ ပြည်ပသတ္တုတူးဖော်ရေး ကုမ္ပဏီတွေနဲ့ သိပ်မကွာလှပါဘူးလို့ ဆိုချင်ပါတယ်။
အရေးကြီးဆုံးနိုင်ငံရေးကိစ္စရပ်ကတော့ ၁၉၄၇ သမိုင်းဝင် ပင်လုံစာချုပ်မှာ မျှော်မှန်းထားတဲ့ တိုင်းရင်းသားများ မျှော်လင့်တောင့်တနေတဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံနဲ့အုပ်ချုပ်မဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အစိုးရတစ်ရပ် ပေါ်ထွန်းရေးပဲဖြစ်ပါတယ်။ ဒီအရေးကြီးတဲ့ ကိစ္စကို ဖြေရှင်းရာမှာ အခြေခံအခွင့်အရေး ချိုးဖောက်မှုတွေဖြစ်တဲ့ မြေယာ သိမ်းဆည်းခြင်း ၊ လူကုန်ကူးခြင်း ၊ ပညာရေးအခွင့်အလမ်းမရှိခြင်းတို့ကိုပါ တစ်ပြိုင်တည်းဖြေရှင်းရမှာဖြစ်ပါတယ်။ ဒါ့အပြင် တည်တံ့ခိုင်မြဲတဲ့ နိုင်ငံရေးအဖြေတွေကို ရှာနေတဲ့ တစ်ချိန်တည်းမှာ မြေမြှုပ်မိုင်းရှင်းလင်းရေး ပြည်ပရောက် ဒုက္ခသည်များနှင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများ၊ စစ်ရှောင်ပြည်သူများ ပြန်လည်နေရာချထားရေးတို့ကိုပါ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းတည်ငြိမ်ပြီး အများလက်ခံပါဝင်နိုင်စေတဲ့ အစိုးရတစ်ရပ်ပေါ်ထွန်းလာမှသာ ဒီအခက်အခဲတွေကို ဖြေရှင်းမယ် ဆိုပြီး စောင့်နေတာဟာ လက်ခံနိုင်စရာ မရှိပါဘူး။
ကျွန်မရဲ့ ယုံကြည်ချက်ကတော့ ဒီလိုနိုင်ငံရေး အပြောင်းအလဲတွေကို အောင်မြင်စေ ချင်တယ်ဆိုရင် စုစည်းညီညွှတ်တဲ့ အတိုက်အခံ အင်အားတစ်ရပ်ရှိနေဖို့ လိုအပ်ပါတယ်။ ဆိုလိုတာကတော့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို လိုလားတဲ့ ကျွန်မတို့တွေအားလုံး ဒီအနာဂတ် မျှော်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ စုစည်းညီညွှတ်ကြရမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဆိုတာဟာ အမြဲတမ်းမရေမရာဖြစ်နေပြီး စစ်မက်ဖြစ်ပွားခြင်း ၊ စစ်ပြေးခြင်း ၊ ဆင်းရဲခြင်း ဆိုတဲ့ သံသရာဟာ အမြဲလည်နေမှာ ဖြစ်ပါတယ် ။
ဒီနေရာမှာဒေသခံ လူမှုရေးအဖွဲ့များ အရပ်ဖက်အဖွဲ့အစည်းများရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို ကြည့်ကြရမှာဖြစ်ပါတယ်။ အရပ်ဖက်အဖွဲ့အစည်းများဟာ အစိုးရနဲ့ လက်တွဲပြီး အလုပ်လုပ်ဖို့လိုပါတယ်။ တစ်ချိန်တည်းမှာဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၊ ပညာရေးအဆင့်အတန်း မြှင့်တင်ရေး ၊ လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ အနာဂတ်ခေါင်းဆောင်များ ပြုစုပျိုးထောင်ရေးတို့ကိုလည်း လုပ်ဖို့လိုပါတယ်။ ပြည်သူတွေ သူတို့ရဲ့ ဆန္ဒနဲ့ အသံတွေကို ထုတ်ဖော်နိုင်ဖို့အတွက် စုစည်းနှိုးဆော်ပေးရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် သာမာန်ပြည်သူတွေရဲ့ ဒုက္ခဝေဒနာတွေကိုလျော့ချဖို့ အရေးကြီးတဲ့ပြဿနာတွေကို ဖြေရှင်းဖို့ အရပ်ဖက်ခေါင်းဆောင်တွေရဲ့ ကဏ္ဍဟာ သိပ်အရေးကြီးလို့ပဲ ဖြစ်ပါတယ်။ အရပ်ဖက်အဖွဲ့အစည်းများအနေနဲ့ စစ်ပွဲများကို နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာ ရပိုင်ခွင့်သဖွယ် အသုံးပြုလိုတဲ့ အတွေးအခေါ်တွေကို စွန့်လွှတ်ဖို့ အစိုးရကို ဖိအားပေးတောင်းဆိုရပါမယ်။ ဒါ့အပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးနေတဲ့ တစ်ချိန်တည်းမှာ အငြင်းပွားမှုများကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ကြိုးစားခြင်း၊ စစ်ရေးအရ ခြိမ်းခြောက် ဖိအားပေးခြင်းတွေကို ရှောင်ကျဉ်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက အစိုးရကိုဖိအားပေးဖို့ လိုပါတယ်။
စုစည်းညီညွှတ်တဲ့ အတိုက်အခံအင်အားတစ်ရပ်ရှိခြင်းနဲ့ အုပ်ချုပ်ရေးစနစ်မှာ အရပ်ဖက် အဖွဲ့အစည်းများ ပါဝင်မှုရှိခြင်းဟာ ငြိမ်းချမ်းလုံခြုံပြီး ကိုယ်စားပြုမှုရှိတဲ့ အစိုးရတစ်ရပ်ဖြစ်ရေး အတွက် မရှိမဖြစ်လိုအပ်တဲ့ အချက်တွေဖြစ်တယ်လို့ ကျွန်မအနေနဲ့ စွဲစွဲမြဲမြဲ ယုံကြည်ထား ပါတယ်။ ပြည်ထောင်စုအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးဟာ လက်ရှိပဋိပက္ခကို ဖြစ်စေတဲ့ အရင်းအမြစ်အကြောင်းတရားတွေကို စုစည်းဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဒါမှပဲ တရားမျှတမှုရှိပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရကြပါလိမ့်မယ်။
(၄)နှစ်ကြာခဲ့ပြီဖြစ်တဲ့ စစ်ပွဲကနေ ထွက်ပေါ်လာတဲ့ ရလဒ်ကောင်းတစ်ခုကတော့ အရပ်ဖက်အဖွဲ့အစည်းတွေဟာ ပိုအားကောင်းလာပြီး ၊ ပိုလည်းစည်းလုံးညီညွှတ် လာကြခြင်းပဲဖြစ်ပါတယ်။ ဗမာအရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်း တိုင်းရင်းသား လူမျိုးစုများ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ တိုင်းရင်းသားများကို နစ်နာစေတဲ့ မတရားတဲ့ အကြောင်းအရင်းတွေကို ဖြေရှင်းနိုင်မှသာ စစ်မှန်တဲ့ ဒီမိုကရေစီ အရပ်သားအစိုးရတစ်ရပ် ပေါ်ထွက်လာမှာဖြစ်တယ်ဆိုတာကို ပိုမိုနားလည်လာကြပါတယ်။
ဒီစစ်ပွဲကြီးကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး အရင်းအမြစ်များစွာကိုလည်း အလဟဿဖြစ်စေခဲ့ရပါတယ်။ ဒါကြောင့်မို့ မနှစ်ကပြောခဲ့သလိုပါဘဲ လူမျိုးဘာသာမရွေး သင့်မြတ်စွာ အတူတကွ နေထိုင်ကြပြီး စစ်မှန်ပြီး တည်တံ့ခိုင်မာတဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် အားလုံးအတူတကွ ၀ိုင်းဝန်းအဖြေရှာကြဖို့ ကျွန်မအနေနဲ့ ပြည်သူများ ၊ တိုင်းရင်းသား ခေါင်းဆောင်များ ၊ အမျိုးသားခေါင်းဆောင်များကို တိုက်တွန်းလိုပါတယ်။ ညီညွှတ်ခြင်းဟာ အင်အားဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ကျွန်မတို့တတွေ ညီညွှတ်နေသရွေ့ အောင်မြင်နိုင်မယ်ဆိုတာကို ယုံကြည်ထားပါတယ်။


Read more »