Monday, January 13, 2014

မင်းအောင်လှိုင်

မင်းအောင်လှိုင်ကို ဘယ်လိုလုပ်ရင် ကောင်းမလဲ နေဝင်းလက်ချက်ကြောင့် ပြည်ပျက်ခဲ့တယ်။ နေဝင်းဟာ မိမိကို်ယ်ကို မွန်သွေး(၆၀)ရာခိုင်နှုန်းပါတယ်လို့ ကြွေးကြော်ပြီး မုဒုံတင်ဦး၊ စန်းယု၊ စိန်လွင်တို့လို မွန်များကို မြှောက်စားလို့ တိုင်းပြည်ကို ဖျက်ဆီးကြရာ ကမ္ဘာ့မှာ မြန်မာတွေ ခေါင်းမဖော်နိုင်လောက်အောင် ဖြစ်ခဲ့ရတယ်။ သူက တပြည်ထောင်စနစ်ကို ထူထောင်တယ်။ ပညာရေးစနစ်ကို ဗမာမှုပြုတယ်။ တိုင်းရင်းသားဘာသာစကားများကို ပိတ်ပင်ပြီး မြန်မာဘာသာကို အားပေးတယ်။ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အကောင်အထည် ဖော်ခဲ့တယ်။ နေဝင်းတက်တဲ့အချိန်မှာ အရှေ့တောင်အာရှမှာ 
၁။ မင်္ဂလာဒုံလေဆိပ်ဟာ အကောင်းဆုံး။ နိုင်ငံတကာအဓိကလေကြောင်းလိုင်း ရှိခဲ့။ ၂။ အောင်းဆန်းအားကစားပြိုင်ဝင်းဟာ အကောင်းဆုံး။ 1961 ခုနဲ့ 1969 အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲကို ကျင်းပခဲ့။ 
၃။ ရန်ကုန်တက္ကသိုလ်ဟာ အကောင်းဆုံးတက္ကသိုလ်တစ်ခု။ နိုင်ငံသားခြားသားများက လာရောက်ပညာသင်ကြားခဲ့ကြရ။ 
၎။ ရန်ကုန်ဆေးရုံကြီးဟာ အကောင်းဆုံးဆေးရုံတစ်ခု။ နိုင်ငံခြားက လူနာတွေ လာရောက်ကုသခဲ့ကြ။ 
၅။ သမ္မတရုပ်ရှင်ရုံဟာ အကောင်းဆုံးရုပ်ရှင်ရုံ ဖြစ်ခဲ့။ ကံကောင်းလို့ မိမိလည်း ဒီရုံမှာ ကြည့်ဖူးခဲ့။
 ၆။ ရန်ကုန်မြို့ဟာ အသန့်ရှင်းဆုံးမြို့ဖြစ်ခဲ့။ စင်ကာပူအစရှိတဲ့နိုင်ငံတွေ အတုယူခဲ့ကြရ။ 

 နေဝင်းတက်ပြီး (၂၆)နှစ်ကြာတဲ့အခါ အဆိုပါမြန်မာ့ဂုဏ်ဒြပ်တွေဟာ ရီစရာအဖြစ်သာ ကျန်ရှိပါတော့တယ်။ (၁၀)နှစ်ကြာ ထူထောင်ခဲ့ရတဲ့ နိုင်ငံကို ပျက်အောင် (၂၆)နှစ်မျှ အချိန်ယူခဲ့ရတယ်။ နေဝင်းအမွေကို စောမောင်၊ စောမောင်အမွေကို သန်းရွှေ၊ သန်းရွှေအမွေကို မင်းအောင်လှိုင် ဆက်ခံခဲ့ကြတယ်။ အခု နောက်ထပ် (၂၆)နှစ် ထပ်ပေါင်းကြည့်ပါတော့။ လက်ရှိအချိန်မှာ စစ်တပ်က နိုင်ငံရေးသံဝေဂရလို့ တပ်စခန်းပြန်ခဲ့မယ်၊ ဒီမိုကရေစီအုတ်မြစ်ကို ချနိုင်ခဲ့မယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို အစပျိုးနိုင်ခဲ့မယ်ဆိုရင်တောင် မြန်မာနိုင်ငံဟာ နောင်နှစ်ပေါင်း(၅၀)ကြာခဲ့ရင်တောင် အိမ်နီးချင်းတွေကို မမီသေးပါ။ ဒါပေမဲ့ စစ်တပ်ခေါင်းဆောင်တွေဟာ သတိသံဝေဂ ရရမဲ့အစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်)ရဲ့ လမ်းစဉ်ကိုပဲ လိုက်မယ်လို့ အရှက်အကြောက်မရှိ ကျေညာခဲ့ပြန်ပါတယ်။ 
အတော့်ကို ဂွကျတဲ့ကောင်တွေပါလားနော်ဆိုပြီး စိတ်အပျက်ကြီး ပျက်မိတယ်။ ကိုင်းဗျာ...မင်းအောင်လှိုင်ကို ဘယ်လိုလုပ်ရင် ကောင်းမလဲ။

Read more »

Saturday, January 11, 2014

Wa Saradaw Kaba Francis Daw Tang kawn KIA, Dap Dung (7)ginra de hpung ga wan

Myitkyina Kahtawlik Sasa Na Wa Saradaw Kaba Francis Daw Tang kawn KIA, Dap Dung (7)ginra de hpung ga wan,Myusha ni hpe sadu ngun jaw du shang wa yang
.(sumla-Seng )Shatapru)

Read more »

မလေးရှား တွင်ကျင်းပသော ကချင်ပြည်နယ်နေ့ အခမ်းအနား


==================================
ယနေ့ (၁၀.၁.၂၀၁၄)ရက်နေ့ တွင်ကျရောက်သည့်( ၆၆) ကြိမ်မြောက် ကချင်ပြည်နယ်နေ့ကို မလေးရှား နိုင်ငံ ၊ ကွာလာလမ်ပူမြို့တော် ရှိ ကချင်တိုင်းရင်းသားများ ဟတ်တားမတ်(စ်)တွင် စုဝေးကာ ကျင်းပသော (၆၆) ကြိမ်မြောက် ကချင် ပြည်နယ်နေ့ အခမ်းအနား မြင်ကွင်းအချို့။
(66) NINGHPRING KACHIN(JINGHPAW MUNG DAW )NHTOI LAMANG 
(MALAYSIA) 
(sumla-ah seng)

Read more »

Friday, January 10, 2014

KNO (15) Ning hpring shatsam Mungga

Read more »

Kachin STate day Mungga!

De, Hkungga let Mungdan shara shagu kaw du nga ai Jingphaw Wunpawng Amyu Sha ni yawng hpang de Jinghpaw Wunpawng Amyu Sha Hpung (KNO) a, (2014 Ning January shata praw (10) shani, 66 lang na Jinghpaw Mungdaw masat nhtoi shatsam mungga hpe, yawng mu chye lu na matu shalai ya dat nngai. Tinang hte ni nawn ai Jinghpaw wunpawng mung chying sha ni hte, shiga dap ni hkan mung matut shabra bang mat ga ngu lajin dat nngai law. Jinghpaw Wunpawng Amyu Sha ni yawng lawt lu u ga! Jinghpaw Wunpawng Amyu Sha ni yawng ngwi pyaw sim sa u ga! Ginjaw Rung Jinghpaw Wunpawng Amyu Sha Hpung (KNO) Chiangmai, Thailand

66th Kachin State Day Statement (Kachin)

66th Kachin State Day(Burmese)

Read more »

Tuesday, January 7, 2014

ဗမာကျောင်းသွားတက် ရတာဟာ စွန့်စားခန်းတစ်ခုလိုပဲ.အဲဒီ ခံစားချက်ကို အခုထိ မမေ့ဘူး

ကျုပ်ထပ်ပြောမယ်... ကျုပ်ငယ်တုန်းက ခင်များတို့လို
အေးဆေး ကျောင်းတက်ခဲ့တာ မဟုတ်ဘူး ရွာကနေ တစ်ရက်ခရီး ခြေကျင်
သွားပြီး ဘော်ဒါနေ ကျောင်းတက်ခဲ့ရတာ၊၊ အဲဒါ ပဉ္စမတန်း၊၊ စကားပြောတာ
ဗမာ - စာသင်တာလည်း ဗမာ - ရေးတဲ့စာလည်း ဗမာ၊၊ ဘာလို့ ဗမာလွမ်းမိုးနေ
တာလဲ......ကျုပ်မှာ ငယ်ငယ် ကတည်းက Trauma ရှိတယ်၊၊ ကျုပ်နဲ့ ဆင် တူတဲ့
တိုင်းရင်းသားတွေရှိလိမ့်မယ်၊၊

ဘာဖြစ်လို့ ကျုပ်တို့အမျိုးစကားနဲ့ စာသင်လို့မရသလဲ ?
ဘာကြောင့် ဗမာတွေကြားထဲ ကျောင်းသွားတက်ရသလဲ ?
ကျုပ်တို့ လူမျိုးမှာ ပညာတတ်မရှိဘူးလား၊ ကိုယ့်ဆီမှာ ပညာမရှိဘူးလား ?

ကျုပ်တို့တစ်ရွာလုံး တိုင်းရင်းသား စကားပဲပြောတယ်၊ ဗမာကျောင်းသွားတက်
ရတာဟာ စွန့်စားခန်းတစ်ခုလိုပဲ... အသက်ငယ်သေးတဲ့ အချိန်မို့လို့ထင်တယ်၊၊
အဲဒီ ခံစားချက်ကို အခုထိ မမေ့ဘူး၊၊ ကျုပ်အဖေ ဗမာစကား နည်းနည်းပဲတတ်
တယ်၊၊ အမေ လုံးဝမတတ်ဘူး၊၊ ကျုပ်စာမရလို့ မေးစရာရှိရင် ကျုပ်အိမ်မှာ ဘယ်
သူမှ မရှိဘူး၊၊ ကျုပ် ဆရာမကို မေးချင်ရင် နိုင်ငံခြားဘာသာစကား သုံးရသလိုမျိုး
စိုးရွံ့ ဖူးတယ်၊၊ စာပဲမကပါဘူး တခြားလှုပ်ရှားမှု အသီးသီးမှာလည်း လူရာ မ၀င်ဖူးဘူး.
ကျုပ်သူငယ်ချင်း အများကြီး ကျောင်းဆက်မတက်ကြတာ အဲလိုမျိုးအခြေအနေကြောင့် လည်း ပါတယ်၊၊

Read more »

Battles Rage in Southern Kachin and Northern Shan State


====================================
January 7, 2014 by KachinLand News

A battle took place between the 4th Section of Kachin People Militia (MHH in Kachin) under KIA’s 2nd Battalion and Burmese army’s 290th Light Infantry Battalion (LIB) at a location between Nam Jawn and Bang Chyung village in southern Kachin State on Jan 5. A KIA source says Kachin People Militia troops encountered about 60 government soldiers from 290th LIB at around 1:30 pm. At least 2 government soldiers died and 1 wounded in this battle, said the source.

Another battle took place at Mungding Pa village in Mansi Township between KIA’s 12th Battalion troops and Burmese army’s Shwegu-based 56th LIB troops on Jan 6 at around 4 pm. KIA’s 12th Battalion sources say they captured some government troops but later returned them to the commander of the 56th LIB.

Local sources said Burmese army initially withdrew its troops stationed at Mungding Pa, Kawng Ja, Namlim Pa and Saga Nam Hkum, and relocated them at Madang Yang, Tan Tada, Si Kaw, Si Hkan Gyi, Hka Chyi and Si-U during the last week of December. Upon hearing the news of troop withdrawal, a few IDPs returned to Mungding Pa and Namlim Pa but faced with government troops and were trapped in and around their villages. Despite an apparent troop withdrawal in the last week of December, Burmese army troops reoccupied the area during the first week of January.

In northern Shan State, a combined force of KIA’s 34th Battalion troops and TNLA’s 717th Battalion troops fought against Burmese army’s 504th & 506th Light Infantry Regiment troops under MOC-1 between Myo Thit and Pang Swi in Kyawk Hme Township on Jan 4. A KIA source said government troops launched an attack on KIA/TNLA position beginning 10 am but withdrew to their base at around 4 pm after suffering heavy casualties. At least 6 government soldiers were reportedly killed and several others wounded in this battle. There have been almost continuous skirmishes in northern Shan State between KIA troops and Burmese government troops since New Year Eve.

Myitkyina residents say they see fighter jets scramble over their town as Burmese Air Force pilots conduct training exercises at Myitkyina Nam Pawng Airstrip. Several military trucks carrying artillery ammunition and other military equipment were seen travelling from Bhamo to Mansi and Shwe Gu. KIA field commanders say battles will intensify unless Burmese army troops are withdrawn from their controlled territories.

Read more »

တရုတ်သို့ ရေနံ၊ ဂက်စ်ပို့လွှတ်မှုကြောင့် မြေကြီးလှုပ်ခတ် သျှမ်း/မြောက်ပြည်သူများထိတ်လန့်



Tuesday, 07 January 2014 by သျှမ်းသံတော်ဆင့်သတင်း
လွတ်လပ်ရေးနေ့ ညက မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေနံနှင့်ဂက်စ် ပို့လွှတ်မှုကြောင့် ပိုက်လိုင်းလမ်းကြောင်းတလျှောက် မြေကြီးလှုပ်ခတ် သွားရာ ဒေသခံများတုန်လှုပ်ထိပ်လန့် ကြသည်ဟု ဆိုသည်။
ဂျန္နဝါရီ ၄ ည ၉ နာရီ ၅၅ မိနစ်အချိန် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ၁၀ စက္ကန့်ခန့်အကြာ မြေကြီးမှ မြည်ဟီးတုန်လှုပ် ပြီးနောက် ဂက်စ်ပိုက်လမ်းကြောင်းတလျှောက် တောင်ကမ်းပါးပြိုကျမှု တိုက်အိမ် အချို့ အက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ စိုးရိမ်ထိပ်လန့်နေရကြောင်း ကိုယ် တိုင်ကြုံတွေ့ရသူများက ပြောသည်။
“မြေအောက်က ၀ုန်းခနဲ ၀ုန်းခနဲ အသံတွေထွက်လာပြီး ၊ အိမ်တခုလုံးလှုပ် သွားတယ်၊ ငလျင်လှုပ်တာနဲ့ မတူဘူး၊ ခါတိုင်းငလျင်လှုပ်တယ်ဆိုရင် ရေ လိုင်းပေါ်နေသလို ခံစားရတယ်၊ ဒီတစ်ခါလှုပ် တာတော့ မြေကြီး ထဲမှာ ဗုံးပေါက်သလိုပဲ၊ မြေကြီး ခဏတုန်လှုပ်ပြီး ချက်ချင်းရပ်သွားတာပဲ” - ဟု နမ့်ခမ်းမြို့ခံ စိုင်းပီးအွန်ကပြောသည်။
ရွှေ GAS ပိုက်လိုင်းဖြတ်သန်းရာ လမ်းကြောင်းတလျှောက်သာ မြေကြီး လှုပ်ခတ်မှုဖြစ်ပွားကြောင်း၊ GAS ပိုက် လိုင်း ထိန်းချုပ်စခန်းဖြစ်သော နမ့်ခမ်းမြို့နယ် ကောင်းကတ် ကျေးရွာတွင် ပို၍တုန်ခါကြောင်း ၊ GAS ပို့လွှတ် မှုကြောင့် သာဖြစ်ကြောင်း ကောင်းကတ်ကျေးရွာဒေသခံ လုံးစိုင်းအိုက်က သုံးသပ် ပြောဆိုသည်။
“ဂက်စ်လွှတ်တဲ့အခါတိုင်း အဲဒီလိုတုန်ခါမှုဖြစ်တယ်။ သူတို့ အမြဲတမ်းေ တာ့ ရေနံတွေ ဂက်စ်တွေ လွှတ်မထား ဘူး၊ အခုဂက်စ်တွေစလွှတ်တော့ ပိုက်လိုင်းတုန်ခါမှုကြောင့် မြေထဲမြှုပ်ထားတဲ့ ပိုက်တွေ ပြန်ပေါ် လာတယ်။ လူထုအသက်အိုးအိမ်အတွက် စိုးရိမ်ရတယ် ဒါကြောင့်ရေနံအနံ့ ဂက်စ်နံ့တွေ ရရင်၊ ဒါမှမဟုတ်ပိုက်လုံးတွေအက် နေတာ၊ ပိုက်လုံး တွေပေါ်မှာ ယိုစိမ့် မှုတွေတွေ့ ရရင် သက်ဆိုင်ရာကို အကြောင်းကြားရမှာ” - ဟု သျှမ်းပြည် သဘာဝ စောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် စိုင်းခေးဆိုင်က ပြောသည်။
“၂၀၁၃ မေလပိုင်းတုန်းက ရွှေ GAS ပိုက်လိုင်း တာဝန်ရှိသူတွေက- GAS စ ပို့ရင် မြေကြီးလှုပ် ခတ်မယ်။ ပေါက် ကွဲသံလို ဖြစ်ပေါ် မယ်၊ဒါကိုကြောက်ရွံ့ ဖို့မလိုဘူးဆိုပြီး ရွှေ GAS နဲ့ သဘာဝ ဓါတ်ငွေ့ထိန်းချုပ်တဲ့စခန်းပတ်ဝန်း ကျင်က ရွာတွေကို လော်စပီကာနဲ့ကြေငြာထားသေးတယ်” ဟု လုံးစိုင်းအိုက်က ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် သျှမ်းပြည်မြောက်ပိုင်းအတွင်း ပိုက်လိုင်းဖြတ်သန်း ရာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်ခမ်း မြို့ခံများက ပိုက်လိုင်းေ ပါက် ကွဲမည့် ဘေးအန္တရာယ်ကို အထူးစိုးရိမ်နေကြောင်း ကျားဖြူ ပါတီဝင်လူငယ် များကပြောသည်။
ရခိုင်ကမ်းလွန်ထွက် ရေနံနှင့် သဘဝ ဓါတ်ငွေ့များအား မြန်မာအစိုးရက တရုတ်နိုင်ငံသို့ နှစ် ၃၀ ပို့လွှတ်ရောင်း ချရန် သဘောတူလက်မှတ်ရေး ထိုးထား၏။ တရုတ်နိုင်ငံထံ ရေနံနှင့် သဘဝ ဓါတ်ငွေ့ရောင်းချမှုမှ အမေရိကန် ဒေါ်လာ ၂၉ ဘီလျှံ ထက်မနည်း မြန်မာအစိုးရ အသားတင် ရရှိမည်ဟုလည်း သိရပါသည်။

Read more »

Monday, January 6, 2014

Awmdawm ai Wunpawng Mungdan (sh) Ahkaw Ahkang hte Hpring Tsup ai Wunpawng mung dan

Awmdawm ai Wunpawng Mungdan (sh) Ahkaw Ahkang hte Hpring Tsup ai Wunpawng Mungdaw hpe myit mada yang:

1) Asak (18) ning lahta, Wunpawng myu sha ni (num/la) yawng, Wunpawng Mungdan Shang Lawt Hpyen Dap hta nlaw htum (3) ning apnawng (gwi) ra ai.

Wunpawng Mungdan/ Mungdaw lamu ga gaw grai dam lada ai re majaw, tinang a mungdan/ mungdaw hpe makawp maga lu na matu, nlaw htum hpyen n'gun (150,000) ra ai.

Israel mungdan kaw gaw, asak (18) ning hpring sai num/la yawng gaw, hpyen dap kaw nlaw htum (3) ning amu gun hpai ra ai re.

2) Ya yang Wunpawng Mungdan Shang Lawt Hpyen Dap hpe ta-tut woi awn nga ai, ningbaw ningla ni mung ndai lam hpe myit shingran let amu bungli galaw ra ai.

Ra ahkyak ai hpyen laknak ni hpe tinang nan chye galaw hkra shakut ra ai. Atsam ningja rawng ai Wunpawng shayi/shadang sha ni hpe maigan de hpaji sharin la lu na matu atsam dat ra ai.

3) Simsa lam bawng ban tim mung, hpyen n'gun lu madun yang she, tinang myit mada ai ahkaw ahkang hpe lu dara la lu na re majaw, Wunpawng Mungdan Shang Lawt Hpyen Dap n'gun ja na matu gaw grai ahkyak nga ai.

4) Nawku makam masham hpung ni hpe woi awn taw nga ai hpung up, hpung sara/num ni, wa jau/ ma ma ni mung ndai lam hpe shingran mu let, Myu Wunpawng sha ni hpe myu tsaw mung tsaw myit sharin ya ra ai.

5) Awmdawm ai Wunpawng Mungdan (sh) Ahkaw Ahkang hte Hpring Tsup ai Wunpawng Mungdaw hpe myit mada yang, myu sha ni yawng, hpyen la/ hpyen num galaw gwi ra ai.

6) Myu hte mungdan a matu asak apnawng gwi ra ai.

Lahta de tang madun ai lam ni hpe nlu galaw dingsa gaw, ahte yawng myit mada ai mungdan/ mungdaw lu na nre. Ndai gaw, lahtum nshut re.

Chyeju hte manaw manang ni hpe hpang de mung shalai ya marit.

Read more »

စာတန်တို့မည်သည်

Read more »

Saturday, January 4, 2014

ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်ပြုလွှတ်တော် ပထမနေ့ အဖွင့်မိန့်ခွန်း

Sai Myo Zin
(လွပ်လပ်ရေးနေ့ ဖြစ်ပေါ်လာဖို့ သမိုင်းဝင်မိန့်ခွန်း)

-------------------------------------------------------------------------
" တိုင်းပြည်ပြုလွှတ်တော် မဖွဲ့စည်းမီအခါမှာ
တိုင်းပြည်ပြုလွှတ်တော် ဖွဲ့စည်းရန်အလို့ငှာ ကျွန်တော်တို့သဘောတူညီချက်တွေ စာချုပ်အမျိုးမျိုး
ချုပ်တဲ့အခါတုန်းက တောင်တန်းဒေသကကိုယ်စား
လှယ်များနှင့်ကျွန်တော်တို့ ချုပ်ဆိုခဲ့တဲ့စာချုပ်အရ
ဆိုလို့ရှိလျှင်ဖြစ်စေ၊ နောက်ပြီးတော့ တောင်တန်းဒေသဆိုင်ရာစုံစမ်းရေးအဖွဲ့အစီရင်ခံစာမှ ထောက်ခံချက်များကို ကျွန်တော်တို့လက်ခံလာခဲ့သည့်အတိုင်း တိုင်းပြည်ပြုလွှတ်တော်မှာ လုပ်မှာပါဘဲ
ဆိုတာ တောင်တန်းနယ်ဆိုင်ရာ ကိုယ်စားလှယ်များကို တိတိလင်းလင်းနားလည်စေချင်ပါတယ်။
ကျွန်တော်တို့ပေးပြီးသား ဂတိ၊ နားလည်
ပြီးသား သဘောတူညီချက်တွေကို နယ်ချဲ့သမား
လိုကျွန်တော်တို့ ဖောက်ဖျက်ခြင်းမလုပ်ပါဘူး။
အဲသည်လိုပေးပြီးသား ဂတိနှင့်နားလည်ပြီးသား သဘောတူညီချက်ကို ဖောက်ဖျက်မည်လားလို့ သံသယရှိတဲ့လူတွေဟာ ကျွန်တော်တို့ရဲ့
(Sense of honour; Sense of self-respect; Sense of pride)တို့ကိုစော်ကား
တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။
အဲသည်တော့ ကျွန်တော်တို့ပေးပြီးသား
ဂတိ နားလည်ပြီးသားသဘောတူညီချက်တို့အရ
တောင်တန်းနယ်ကကိုယ်စားလှယ်တွေဟာ တိုင်း
ပြည်ပြုလွှတ်တော်ထဲရောက်လာတဲ့အခါ သေသေ
ချာချာနားလည်စေချင်တာက ဘယ်နည်းနဲ့မျှ ကျွန်
တော်တို့ ဗမာလူများစုဖြစ်တဲ့လူတွေဟာ ခင်ဗျားတို့
ကို အတင်းအားဖြင့် ကျွန်တော်တို့ပြည်ထောင်စုထဲ
မှာ မသွင်းပါဘူး။
သဘောမတူဘဲမနေနိုင်တဲ့အခြေအနေ
မျိုးကို လက်တစ်လုံးခြားလိမ်တဲ့နည်းနဲ့ ကျွန်တော်
တို့မလုပ်ပါဘူးဆိုတာ အတိအလင်းနားလည်စေ
ချင်ပါတယ်....."
Ref: ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ
( ဝိဓူရ သခင်ချစ်မောင် )

Read more »

ဗမာတစ်ကျပ်၊ ကချင်တစ်ကျပ်ဆိုတာထက်ပိုတဲ့ အရာတွေ အများကြီး//Lapmyi sha gaw hpa ndi

္ကLet My People Go

ဣသရေလ လူမျိုးတော်အတွက် အဲဂုတ္တုမှာ ကျွန်ခံခဲ့ရခြင်းဟာ သူတို့ဆီက အင်ဂျင်နီယာ၊ စာပေ၊ အနုပညာ ၊ အုပ်ချုပ်ရေး ၊ ဒဿနဗေဒ၊ အစရှိတဲ့ ပညာတွေကို သင်ယူနိုင်ဖို့လည်း ဖြစ်ပါတယ်။ ဘုရားသခင်က ဣသရေလ လူမျိုးတော်ကို နိုင်ငံတစ်ခုပေးပြီး လူမျိုးကြီးအနေနဲ့ ရပ်တည်စေချင်တာပါ။

မြန်မာနိုင်ငံ ဗြိတိသျှလက်အောက် ကျရောက်ခဲ့တာ သူတို့ဆီက အများကြီးသင်ယူခဲ့ကြရတယ်။ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကားဆိုတဲ့ ကြွေးကြော်သံအောက်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားကို တတ်အောင်သင်ယူလေ့လာနိုင်ခဲ့တယ်။ အောင်ဆန်း-အက်တလီစာချုပ်ဟာ အင်မတန်အရေးကြီးပါတယ် (နု-အက်တလီက ဖွတ်ကြား)။

ကျွန်ခံခြင်း၊ ကျွန်ပြုခံရခြင်းကို ကောင်းတယ်လို့ မဆိုလိုပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ သင်ယူခဲ့ရတာအများကြီး။ အချိန်တန်တဲ့အခါ ကျွန်ပြုခံခြင်းက မလွတ်မြောက်ပဲ နေဖို့ ဘယ်သူက တားနိုင်မှာတဲ့လဲ။ ဘုရားသခင်ချိန်းချက်တော်မူပြီးတဲ့အရာကို မည်သည့်တန်ခိုးကမှ တားဆီးလို့မရနိုင်ပါ။ ပေဖြစ်တဲ့အခါ တူရဲ့အားသာချက် အားနည်းချက်တွေကို လေ့လာထားကာမှ တောလည်ရာခရီးမှာ ခံနိုင်မှာ။

ငါတို့တစ်တွေ (၆၆)နှစ်ဆိုတဲ့ ဆယ်စုနှစ်တွေကျော်ဖြတ်လာတဲ့ခရီးမှာ ကျကျန်ခဲ့တာတွေ၊ ချချန်ခဲ့တာတွေ၊ နောက်ချန်ခံခဲ့ရတာတွေ၊ လှမ်းမယူနိုင်ခဲ့တာတွေ အများကြီး၊ အများကြီးကိုကျန်ပါသေးတယ်။ ဗမာတစ်ကျပ်၊ ကချင်တစ်ကျပ်ဆိုတာထက်ပိုတဲ့ အရာတွေ အများကြီး။

အဲဒီအတွက် ငါတို့မှာ လွတ်လပ်ရေးလိုတယ်။ ထွက်မြောက်ခြင်း လိုတယ်။ ခါနန်ပြည်လိုတယ်။ နိမိတ်လက္ခဏာ ဆယ်ပါးပြဖို့ ဒီနေ့ တရားမျှတခြင်းကို လိုလားတဲ့သူတွေအားလုံးရဲ့တာဝန်။

ဆိုင်းမြတ်နော်

Read more »

မြစ်ကြီးနားမြို့မှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ဖွင့်လှစ်


==================================
RFA
ပြည်ထဲရေးဝန်ကြီးဌာန သတင်းရဲတပ်ဖွဲ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ ရုံးခွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဇန်န၀ါရီလ ၂ ရက်နေ့ မနေ့က စတင်ဖွင့်လှစ်လိုက်ပြီး နိုင်ငံကူးလက်မှတ် Passport တွေကို ထုတ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။
ပြည်နယ်နဲ့ တိုင်းအသီးသီးမှာရှိတဲ့ တိုင်းရင်းသားပြည်သူအားလုံး နိုင်ငံကူးလက်မှတ်တွေကို အလွယ်တကူ ကိုင်ဆောင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ဖွင့်လှစ်ရတာလို့ မြစ်ကြီးနားမြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးခွဲ တာဝန်ခံ ရဲအုပ် ဦးဝင်းမြင့်က ပြောပါတယ်။
“၂ ရက် ၁ လ ၂ဝ၁၄ ရက်နေ့ ဝ၉ဝဝ ကနေစပြီးတော့ ပြည်နယ်နဲ့တိုင်းမှာ အားလုံး ၁၅ ခု တပြိုင်နက်ဖွင့်နေပြီ၊ အဓိကကတော့ ပြည်နယ်နဲ့တိုင်းမှာရှိတဲ့ ပြည်သူတွေ အမြန်ဆုံးနဲ့ အလွယ်တကူ သက်တောင့်သက်သာရရှိအောင် ရည်ရွယ်ချက်နဲ့ ထုတ်ပေးရခြင်းဖြစ်ပါတယ်၊ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ကုန်ကျစရိတ်က အားလုံးအပြီးအစီး ပေါင်းလိုက်တဲ့အခါမှာ ၂၅ဝဝဝ နီးပါးပေါ့၊ ဒါတရားဝင်ပဲ၊ ဒီ့ထက်ပိုပေးလို့လည်း မရဘူး၊ ပိုလည်းကောက်လို့ မရဘူး၊ အဲဒီပတ်စ်ပို့တွေ တရားဝင် သီးခြားလေဆိပ်ကပဲ ထွက်ခွင့်ရှိတယ်၊ နယ်စပ်ဂိတ်ကနေ ထွက်ခွင့်မရှိဘူး၊ တရားဝင်ဗီဇာယူပြီးမှပဲ ထွက်ခွင့်ရှိတယ်၊ ပုံစံ ၁၇ မလိုတော့ဘူး၊ ပညာရေးကင်းရှင်းကြောင်းလည်း မလိုတော့ဘူး၊ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းရှိတဲ့လူ မည်သူမဆို မြစ်ကြီးနားမှာတင် မဟုတ်ဘူး၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်နယ်နဲ့တိုင်းက လူတွေကလည်း ဒီမှာရောက်လို့ရှိရင် ထုတ်ပေးဖို့ညွှန်ကြားထားတယ်”
ငါးနှစ်သက်တမ်းရှိတဲ့ အဲဒီ နိုင်ငံကူးလက်မှတ်တွေကို စတင်လျှောက်တဲ့ရက်ကစလို့ ၁၀ ရက်ပြည့်တဲ့နေ့မှာ လာရောက်ထုတ်ယူနိုင်ပြီး မနေ့ကနဲ့ ဒီနေ့ နှစ်ရက်မှာ လာရောက်လျှောက်ထားသူ ၁၀ ယောက်ကျော်ရှိတယ်လို့ သိရပါတယ်။
နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲတွေကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၅ ခုမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မနေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံကူးလက်မှတ်တွေကို သင်္ဘောသားပတ်စ်ပို့၊ အလည်အပတ်၊ ပညာရေးနဲ့ စီးပွားရေပတ်စ်ပို့ စသဖြင့် အမျိုးအစား ၇ မျိုးခွဲပြီး ထုတ်ပေးနေတာ ဖြစ်ပါတယ်။

Read more »

Friday, January 3, 2014

IDP locations in Kachin and northern Shan States

Read more »

“လုပ်မလား၊ မလုပ်ဘူးလား နှစ်ခုကိုပဲ ပြောစေချင်တယ်။”



မြစ်ဆုံကိစ္စက လက်ပံတောင်းတောင် ကိစ္စလို မဟုတ်ဘူး။
ညှိနှိုင်းစရာ မလိုတဲ့ကိစ္စဖြစ်ပြီး ယတိပြတ်ပြောရမှာပါ။
စာချုပ်ကြည့်ပြီးတော့မှ ကြေးနီစီမံကိန်းလိုမျိုး ဖျက်လို့ မရနိုင်ဘူး အကြောင်းပြပြီး ဆက်လုပ်ခွင့်ပြုခဲ့ရင်တော့ ပြည်သူလူထု အားလုံးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။

မြစ်ဆုံဆည် တည်ဆောက်မယ့်ကိစ္စကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် သမ္မတဦးသိန်းစိန်ပဲ ဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ဖြစ်၊ သူရဦးရွှေမန်းပဲ ဖြစ်ဖြစ် နောက်ဆုံးကာကွယ်ရေး ဦးစီးချုပ်ပဲ ဖြစ်ဖြစ် တိုင်းရင်းသား ပြည်သူလူထုနဲ့ ထိပ်တိုက်တိုးရနိုင်တယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ မတိုင်ခင်မှာ လူထုကို ရှင်းရှင်းလင်းလင်း ဖြေဆိုထားဖို့ လိုပါတယ်။ ကျွန်တော်တို့ကတော့ လုပ်မလား၊ မလုပ်ဘူးလား နှစ်ခုကိုပဲ ပြောစေချင်တယ်။ ဘာကြောင့်လည်းဆိုတော့ မြစ်ဆုံကိစ္စဟာ ဘယ်နည်းနဲ့မှကို ပြည်သူတစ်ရပ်လုံးက ခွင့်မပြုနိုင်တဲ့ ပြသာနာဖြစ်နေလို့ဘဲ။

အရင်အစိုးရဟာ မြစ်ဆုံဆည်ဆောက်ဖို့ လုပ်ခဲ့တဲ့အတွက် သမိုင်းတရားခံ ဖြစ်ခဲ့တယ်။
အခုအစိုးရကတော့ မြစ်ဆုံဆည် တည်ဆောက်တာကို ရပ်ဆိုင်းခဲ့လို့ သမိုင်းတရားခံအဖြစ်က လွတ်ခဲ့တယ်။
နောင်လာမယ့် အစိုးရက ဒါကိုဆက်လုပ်ရင် သမိုင်းတရားခံ ဖြစ်သွားမှာပဲ”

ဒေါက်တာသန်းထွဋ်အောင်
Eleven Media Group ၏ CEO

Read more »

KNO DEMAND UNCONDITIONAL RELEASE OF ALL KACHIN POLITICAL PRISONERS

Dear Sir/Madam, Please see our media release. Sincerely, -- ----------- Information & Public Relations Email:info@kachinland.org www.kachinland.org www.facebook.com/kachinland

Kachin National Organization Demand Unconditional Release of All Kachin Political Prisoners

Read more »

ဘာရုပ်ထွက်လာမလဲ


၁။ တိုင်းရင်းသားတွေကို အခွင့်အရေး ပေးရင် တောင်ဆူဒန်လို စစ်ပြန်ဖြစ်သွားမယ်။ (ဆိုရှယ်လစ်ဝါဒီတစ်ဦး)

၂။ ထာဝရငြိမ်းချမ်းရေး ရသွားရင် ပြည်ထောင်စုပြိုကွဲမယ်။ (ဗေဒင်ဆရာတစ်ဦး)

၃။ အမျိုးဘာသာဘက်မှာ သွေးအေးနေတဲ့ပါတီများကို အလိုမရှိ။ (၉၆၉-ဘက်တော်သားတစ်ဦး)

၎။ ၅၉ (စ)ကို ပြင်ဖို့ ဆန္ဒပြကြရင် မပြင်ဖို့ ဆန္ဒပြခွင့်လည်း ပေးရမယ်။ (တတိယအင်အားစု)

၅။ NLD ပါတီဟာ ဗဟိုဦးစီးမှုများပြီး ဦးဝင်းကြိုင်စကားဟာ NLD ကို ကိုယ်စားမပြု။ (ဘုန်းကြီးတစ်ပါး)

၆။ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရူးတစ်ဦးသာ ဖြစ်တယ်။ (စစ်ခွေးတစ်ကောင်)

၇။ အမျိုး၊ ဘာသာ၊ သာသနာကို စစ်တပ်နဲ့ ဖွတ်ပါတီတို့ပဲ စောင့်ရှောက်နိုင်မယ်။ (ဖွတ်ပါတီဝင်တစ်ဦး)

၈။ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ။ တပ်မတော်ကသာ မြန်မာ့နိုင်ငံရေးကို ဦးဆောင်မယ်။ (တပ်မတော်သားတစ်ဦး)

၉။ တစ်မတ်သားကို ကျုပ်တို့ မထိဘူး။ (ဖွတ် - ဦးလှဆွေ)

ဒီစကားအားလုံးကို ဆက်စပ်လိုက်ရင် ဒေါင်းရုပ်ထွက်လာမလား၊ ဖွတ်ရုပ်ထွက်လာမလား။

Read more »

Road to democracy ( click on video link )


Read more »

Manau Dance Festival of the Kachins is to be held in India from February 12 to 15, 2014



2 hours ago 

India နိုင်ငံ ရှိ ကချင် လူမျိုးစုများမှ ကချင်ရိုးရာ မနော ပွဲ အား နှစ်စဉ် ကျင်းပလေ့ရှိရာ (၂၉)နှစ် ရှိခဲ့ ပြီဖြစ်ကြောင်းသိရှိရပါသည်။ယခုနှစ်တွင်ကျရောက်သော အကြိမ် (၃၀) မြောက် ကချင်ရိုးရာ မနော ပွဲတော် အား (၂၀၁၄၊ ဖေဖော်ဝါရီလ ၊ ၁၂ မှ ၁၅)ရက်နေ့ အထိ (၃)ရက်တိတိ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
Manau Dance Festival of the Kachins is to be held in India from February 12 to 15, 2014.
 —

Read more »

Thursday, January 2, 2014

ကချင် ဘုံသာသာစကား ဖော်ထုတ်ရန် ဆွေးနွေး


20131230 Kachin-common-language
ဒီဇင်ဘာ ၃၀၊ ၂၀၁၃ ကချင် ဘုံဘာသာစကား သတ်မှတ်ရန်ကိစ္စ ဆွေးနွေးနေကြာပုံ။
နိုင်ငံတကာရှိ ကချင်အမျိုးသားများအားလုံး အသုံးပြုနိုင်မည့် ဘုံစာပေနှင့် စကားကို ဖော်ထုတ်သွားရေးအတွက် ကချင်အမျိုးသားများ စုဝေးကာ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။

ထိုင်းနိုင်ငံ ချင်းမိုင်တွင် Pan Kachin Development Society (PKDS) က ဦးဆောင်ကျင်းပပြီး တရုတ်၊ အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံရှိ ကချင်အမျိုးသားများ စုဝေးတက်ရောက်ခဲ့ပြီး ဒီဇင်ဘာ ၃၀-၃၁ ရက်နေ့များတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲအတွင်း တရုတ်နိုင်ငံ၊ အိန္တိယနိုင်ငံနှင့် မြန်မာနိုင်ငံရှိ ကချင်အမျိုးသားများ အားလုံး နားလည်နိုင်သည့် ဘုံစာပေကို အသုံးပြုလာရန်အချက် (၃) ချက် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

ဆုံးဖြတ်ချက်များတွင် အမေရိကန် နှစ်ခြင်းသာသနာပြုဆရာ Rev. Dr. Ola Hanson ပြုလုပ်ထားပေးသည့် အများသုံးနေသည့် ကချင်စာတွင် ပြန်ဖြည့်စွက်ပြီး နိုင်ငံအသီးသီးရှိ ကချင်အမျိုးသားအားလုံးသုံးနိုင်သည့် စာပေထုတ်ဝေရန်၊ စာပေနှင့်ယဉ်ကျေးမှုစာအုပ်ထုတ်ဝေရန် ပညာရှင်ကြီးများတွေ့ဆုံဆွေးနွေးနိုင်ရန်နှင့် စာအုပ်ထုတ်လုပ်မှုကို Pan Kachin Development Society (PKDS) တာဝန်ယူသွားရန် သဘောတူညီခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ကချင်စာပေနှင့် ယာဉ်ကျေးမှု အဖွဲ့များ၊ မြစ်ကြီးနားတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်တို့မှ ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (JLH) ခေါင်းဆောင်များနှင့် ထိုင်းနိုင်ငံ ဒေသအသီးသီးရှိ ကချင်အမျိုးသားများ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့သည်။

ယခုဆွေးနွေးပွဲသည် ကချင်အမျိုးသားအစည်းအရုံး (KNO) ခေါင်းဆောင် ဒူဝါဘောမ်ဝမ်လရော် (Duwa Bawmwang Laraw) နှင့် Pan Kachin Development Society (PKDS) ဥက္ကဌ ဒူဝါ အင်ဆန်တူးအောင် (Duwa Nsang Tu Awng) ဦးဆောင်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး စာပေနှင့် ယဉ်ကျေးမှုစာအုပ်ထုတ်ဝေရန် စာပေ ပညာရှင်ကြီးများ တွေ့ဆုံဆွေးနွေးသည့် Technical Team ရုံးများဖွင့်လှစ်လာမည်ဖြစ်ကြောင်းသိရသည်။

ကချင် မျိုးနွယ်စုများမှာ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံများတွင် ပြန့်နှံ့နေထိုင်ကြပြီး မြန်မာနိုင်ငံတွင် ၉ သိန်းကျော်၊ တရုတ်နိုင်ငံတွင် ၁ သိန်းခွဲနှင့် အိန္ဒိယ နိုင်ငံ အရူနာချာပရာဒက်ရှ်နှင့် နာဂလင်း ပြည်နယ်များ တွင် ၅ သောင်းခန့်နေထိုင်ကြောင်း ခန့်မှန်းထားသည်။

Read more »

Miwa Mung Ruili Muklum hta Mungkan WP myusha zuphpawng kaba galaw na



02 January 2014 by Knet

Hkungga Tsawra ai Wunpawng myu sha myit su Du Salang, Ramma ni hpang de zuphpawng saw shaga laika hpe htawn shalai ndau shabra dat ai. Miwa Mung Ruili Muklum kaw 2014 ning February (20) ya kaw nna (23) ya laman hta Mungkan Wunpawng Amyu Sha Zuphpawng Kaba galaw na re.

Dai zuphpawng gaw, Wunpawng Amyu Sha ni a Htunghking, laili laika, labau ni hpe bawngban ai zuphpawng kaba rai na re. Dai majaw Mungkan shara shagu hta nga ai Wunpawng Amyu sha Du Salang ni, Hpaji Ninghkring ni, Htunghking hte Labau Sara ni sa du bawngban lawm na matu saw shaga dat ai. Mungdan langai mi kaw na marai (5) hta n jan ai sa du lawm na matu saw shaga dat ai. Zuphpawng sa lawm na ni gaw tinang a htunghking, labau, laili laika ni hte seng ai lam ni tang madun bawngban na laika ni ka lajang lawm sa ra na.

Zuphpawng hta sa lawm na myitsu ni a mying jahpan hpe 2014 ning January shata (15) ya shawng e, shagun jaw ya marit. Ndai saw shaga laika gaw Myen Mung shinggan de nga ai Wunpawng myu sha ni hpe laksan saw shaga ai laika re.

Matut mahkai na hkringdat ni.

(1) Saw shaga laika hta lawm ai Email hkringdat hte matut na.
(2) Du Kaba Maran Zau Tawng. ( padangseng@yahoo.com)
(3) Du Kaba Nhpang Naw Bu. ( nawbunhpang@gmail.com)

Read more »

More innocent Kachin people are being detained

Thank you for the British Government's efforts to free more political prisoners. But be aware that more innocent people are being detained despite amnesty. Falsely accused and innocent Kachin IDP Brang Yung, Lahpai Gam, Laring, Zau Bawk and Ms.Bawk Ja of NDF Party are excluded from this amnesty. Please see the final urgumen of Brang Yung, Lahpai Gam, Laring and Zau Bawk case submitted in Myitkyina court. https://drive.google.com/file/d/0BzbFLNWsOFg8cGNpUVBDTlFVanFNUGwzZVFmaV8yTkNTemJr/edit?usp=sharing

By: kachin land

Read more »

RAWT JAT AI NPAWT NHPANG


Myenmung shanglawt lu ai shani kaw nna U Nu gaw hkringmang daju byin wa sai. Kade nna ai laman, Wunpawng Myusha ni rawt jat wa ai gaw makam masham lam hta npawt nhpang rai nga ai hpe mu chye ya ai majaw ladat amyu myu lang nna Christian makam masham lam hpe jahten sharun wa sai. Lani mi na nhtoi hta U Ne Win gaw shi a hpang hkan masha ni hpe hpa majaw KIO rawt malan hpung gaw aten kadun laman kaba rawt jat lawan loi ai kun! nga nna san wu ai. Mahtai:- Shanhte amyu hta kahkyin gumdin lam ngangkang ai majaw re nga ai. Dai kahkyin gumdin lam a npawt nhpang gaw gara kaw rai kun, nga nna matut san wu ai. Mahtai:- Christian makam masham lam hta re, nga ai. Dai shaloi Ne Win gaw pawt ai nsen hte, “Dai makam masham lam hpe n-gun jaw dat mu” nga ai.
Dai hpang kade nna ai laman Myitkyina kaw makam masham lam hta dumbru dumbra byin hpang wa sai. Matut manoi bai na lu ai shiga gaw, Hkalup hpung ni hpe n-gun jaw yang aloi sha hkap hkalum la ya ma ai. Raitim Catholic ni hpe n-gun jaw yang n hkap la hkraw ma ai lam shiga pru wa sai. Dai hpang kahtawng shagu hkan church myu langai kaw na myu 2-3 jat bra wa nna dinghku langai kaw na kanu kawa kashu kasha ni gaw nbung ai nawku jawng de kaga ga sa nna dinghku masha ni gaw makam masham lam hta ayai aya byin wa ai hta n-ga, nye a Karai Kasang gaw na a Karai Kasang hta grau kaja ai, nga nna dang rang hkat wa masai. Ndai zawn rai hten run wa ai gaw satan wa a majaw re lam tsun dan yang kadai mung n kam ya ma ai. Shada layung madi nna dang rang hkat ai hpe sha mu wa saga ai.
Ngai gaw htinggaw 14 shanu nga ai Kutkai ginwang, Nawng Heng kahtawng kaw shangai wa ai re. Kahtawng ting nat jaw jau ai ni hkrai rai ga ai. Nta shagu kaw nat myu langai kaw nna myu 4-5 jaw jau ga ai ratim htinggaw langai hte langai kaw jaw jau ai nat amyu n bung ma ai. Kahtawng kaji langai kaw dai daram amyu law ai nat ni hpe jaw jau ma timung, nye a nat gaw na a nat hta grau kaja ai nga nna dang rang hkat ai galoi mung n na yu ai. Shing rai dai nat jaw kahtawng masha ni gaw kahkyin gumdin lam hta ngangkang ai ni rai wa masai. Raitimung dai kahtawng masha ni a prat hta rawt jat ai lam n lu yu ma ai rai nna satan wa gaw shanhte hpe sa jahten sharun ai lam galoi mung n galaw ma ai.
Yehowa Karai Kasang gaw anhte Wunpawng Myusha ni hpe Christian Sasana jahtuk ya ai marang e, hpaji hkaja la lu nhtawm sari sadang mi arawng rai mungkan kaw chyam bra wa lu saga ai. Shing rai satan gaw Wunpawng Myusha ni hpe jahten sharun kau lu na matu mungdan kata kaw mung, maigan hkan e mung ladat myu hkum sumhpa lang nna makam masham lam hta jahten sharun wa sai.
Mabyin masa a shingdu lam hpe hkaja yu ai shaloi satan gaw hpung masha shada shatan hkat na matu mahkrun jahtuk ya ai. Dai hpang ga li ga law byin shangun sai. Makam masham hpung shagu hta Ginjaw lu ai ni hkrai re. Manghkang lama ma byin wa shagu shut dum ai wa gaw seng ang ai shi a Ginjaw de kalang ta tang madun dat sai. Ginjaw kaw na dang rang hkat ai lahkawng maga na masha ni hpe atsawm jep sagawn nna pri nem ai ladat hte hparan ya na malai, maga mi de shanang nna dawdan ya ai marang e, manghkang grau kaba wa sai. Hpang jahtum dai uhpung hta mungdan kata kaw mung, maigan de du nga ai ni hta mung myusha lam yan a kahkyin gumdin lam hta mung hten run wa magang sai.
Raitimung uhpung nkau a uphkang ai policy gaw shara mi kaw manghkang byin nna tang madun ai lam nga wa jang, maga mi de na sumtang hpe kam nna daw dan ya ai ladat n lang ai sha, committee hpaw nna lahkawng maga a mabyin masa hpe atsawm jep sagawn yu nhtawm lapran kaw ading sha tsap let daw dan ya chye ma ai. Shing rai lahkawng maga a manghkang hpe aten dep shading sharai ya lu ma ai rai nna satan a masing gaw Madu Yesu a hpang kaw hkan gunglau ai satan zawn, sum ai mahtai hte hpungdim dat kau ra manu ai.
Uphkang chye ai hpaji ninghkring ni gaw makam masham lam hta sha n rai, mungmasa, hpyen masa, sut masa zawn re ai shada dun hkat nga ai uhpung ni yawng hta asung chye jashawn ma ai rai nna myusha lam yan hta rawt jat maden zinghka wa na lam ningmaw kaba de woi awn sa wa chye ma ai. Shanhte gaw kaning re ai bungli galaw hpang na raitimung Christian makam masham lam hta npawt nhpang tawn nhtawm, Philosophy of Christianity hpaji mung azin ayang hkaja tawn ai ni rai ma ai majaw satan wa sa gunglau na hpe mung tau nna malawm magawm myit tawn chye ma ai. Shing rai shanhte gaw shara hte masa hta hkan nna tengman tara ai lam, kaja ai lam hte htaphtuk ai lam ni hpe jahtuk lang chye ma ai. Hpa majaw nga yang, shara nkau kaw tinang a matu tara sai, kaja sai ngu yang, kaga masha ni a matu n kaja, n tara nga ai. Raitim htaphtuk ai lam gaw kade wa mi n tara, n kaja timung, lahkawng maga a matu htaphtuk nga sai majaw hkap la mai nga ai.
Satan wa matut galaw sa wa nga ai masing ni hpe maram yu yang Buddhist hte nat jaw jau ai ni hta lai nna kaga makam masham hpung ni hpe ndum shami shabyawng kau lu na matu shakut nga ai. Ndai masing gaw matse ai ladat hte shadik shatup yu yang awngdang ai mahtai n lu wa ai U Nu a masing malai, sasana hkringmang dap kaw nna si mani ai zai ladat hte kaja na zawn re ai tara lang let n dum shami gunglau la lu na matu rai nga ai. Pri-nem ai hte awngdang lam lu wa na matu KBC npu na hpung shang shada ninghkap hkat shangun ai marang e, satan a yaw shada tawn ai lam gaw adaw achyen awngdang wa magang sai.
Hkungga kamhpa ai nu wa hpu nau ni jawm myit dum nga chyalu rai sai. Satan gaw anhte a kahkyin gumdin lam hpe jahten sharun nga ai majaw shi hpe pawt singdawng mara shagun na kun? Grau pawt magang myit masin hte baw nu hpe grau hkanu wa shangun magang re ai majaw asum maga de shanang wa nna anhte a myusha lam yan hta grau sum machyi wa na sha re. Satan gaw anhte hpe jahten sharun na matu lit nga ai hte maren shadik shatup nga sai. Anhte a lit gaw satan hpe pawt nga na malai, Yehowa shaman ya ai mungdan hpe anhte nan uphkang lu hkra shakut sa wa na matu re. Ndai zawn re ai masing hta makam masham lam a npawt nhpang rai nga ai ginjaw de na uphkang lit hkam ni hte shawng lam de du hkawm nga ai mungchying sha ni a lapran kaw chye na myit tau ya hkat ai lam nga na matu na chying ahkyak ai. Maga de na ni myit tau ya chye timung, kaga maga de ning ra nga ai rai yang, satan a gunglau ai shangwang kaw na lawt lu na matu yak nga chye ai.
Bum lang hkaraw pa layang mare kaba hkan e shanu nga ai nu wa hpu nau ji nban hkum shagu gaw myusha lam yan hta shang lawm apnawng nga ai ni hkrai rai nga sai. Dai n-gun ni gaw dumbru dumbra n byin mat u ga, kahkyin gumdin ai Yehowa a hpyen luksuk tai nhtawm lahkrip ra ra lahkam sa wa ai kaw lawm shajang nga na masai ngu kam dat ai law.
JJ Lum Dau
By: JPKS

Read more »

Wednesday, January 1, 2014

ထူးခြားထင်ရှားမြန်မာပြည်သား ၂၀၁၃ ဗိုလ်ချုပ်ဂွန်မော်



31 December 2013 by DVB

ဒီဗွီဘီက ရွေးချယ်ထားတဲ့ ၂၀၁၃ ခုနှစ် ထူးခြားထင်ရှား မြန်မာနိုင်ငံသားတွေထဲမှာ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကို ဒီဗွီဘီ ပရိသတ်တွေက မဲအများဆုံးပေး ရွေးချယ်လိုက်ပါတယ်။

ဒီဗွီဘီ ပရိသတ်တွေအနေနဲ့ ၂၀၁၃ ခုနှစ်အတွင်း သတင်းမီဒီယာတွေမှာ အလေးပေးဖော်ပြခံရသူ ၁၀ ဦးကို ရွေးချယ်ကောက်နှုတ်ပြီး ဒီဗွီဘီ ပရိသတ်တွေရဲ့ အနှစ်သက်ဆုံး၊ အလေးစားဆုံး၊ တနည်းအားဖြင့် သူတို့ရဲ့အတွေးအမြင်ထဲမှာ အလွှမ်းမိုးနိုင်ဆုံး သူတယောက်ကို မဲပေးရွေးချယ်ပေးဖို့ ဆန္ဒပြုစေခဲ့တာပါ။

ဒီဗွီဘီ သတင်းဌာနရဲ့ မြန်မာပိုင်းနဲ့ အင်္ဂလိပ်ပိုင်း ၀က်ဘ်ဆိုဒ်တွေမှာ ဖတ်ရှုသူ ပရိသတ်ပေါင်း ၂၀၆၆၂ ယောက်တို့က ဆန္ဒပြု မဲပေးခဲ့ကြရာမှာ ဗိုလ်ချုပ်ဂွမ်မော်က ဆန္ဒမဲပေါင်း ၁၃၈၉၂ ရရှိပြီး မဲအရေအတွက် စုစုပေါင်းရဲ့ ၆၈ ရာခိုင်နှုန်းနဲ့ အများဆုံးရရှိသွားတာပါ။

ဒုတိယအများဆုံးကတော့ မဲပေါင်း ၄၇၈၇ မဲနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးဝီရသူ ဖြစ်ပြီး ဒေါက်တာ စင်သီယာမောင်ကတော့ ၄၇၅ မဲနဲ့ တတိယ မဲအများဆုံး ဖြစ်ပါတယ်။ တက်ကြွလှုပ်ရှားသူ နော်အုန်းလှက ၃၄၉ မဲ ရရှိခဲ့ပြီး စတုတ္ထမဲအများဆုံးပါ။

ဒါ့အပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က မဲပေါင်း ၂၃၀၊ ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေးက ၁၉၆ မဲ၊ အမျိုးသမီး ဘောလုံးလက်ရွေးစင် မသန်းသန်းထွေးက ၁၉၅ မဲ၊ မယ်စကြ၀ဠာ မြန်မာ- မိုးစက်ဝိုင်က ၁၁၆ မဲ၊ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က မဲပေါင်း ၁၁၀၊ အဆိုတော် အိုင်ရင်းဇင်မာမြင့်က ၄၄ မဲနဲ့ အခြားမဲဆန္ဒပေါင်း ၂၆၈ မဲ တို့ ဖြစ်ပါတယ်။

ဒီဗွီဘီဝက်ဘ်ဆိုဒ်တွေကို ဖတ်ရှုအားပေး မဲရွေးချယ်ပေးကြသူများကို ဒီဗွီဘီက အထူး ကျေးဇူးတင်ရှိပါတယ်။ မဲအများဆုံးပေး ရွေးချယ်ခံရတဲ့ ဗိုလ်ချုပ်ဂွမ်မော်ဟာ ဒီဗွီဘီက ချီးမြှင့်ပေးပို့မယ့် ဂုဏ်ပြုလက်မှတ်နဲ့ ဆုဖလားကို လက်ခံရရှိမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ် ဂွန်မော်

၂၀၁၃ ခုနှစ် အောက်တိုဘာလ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ အစိုးရ ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး ဆွေးနွေးဖို့ လာရောက်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ကို ကချင်ရိုးရာဝတ်စုံတွေ ဆင်မြန်းထားတဲ့ ရာနဲ့ချီတဲ့ ဒေသခံတွေရဲ့ ကြိုဆိုမှုက ကချင်ပြည်သူတွေအကြား သူရဲ့လွှမ်းမိုးမှုကို လျှော့တွက်ထားတဲ့ အာဏာပိုင်တွေအတွက် အံအားသင့်စရာ တခု ဖြစ်စေခဲ့ပါတယ်။

နိုဝင်ဘာလ ကချင်ပြည်နယ် မန်စီမြို့နယ်မှာ မြန်မာ စစ်တပ်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ ဗိုလ်ချုပ်ဂွန်မော်ဟာ အများထင်မှတ်မထားဘဲ ရန်ကုန်ကို သမိုင်းဝင်ခရီးစဉ်အဖြစ် လာရောက်နိုင်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့သလို စမ်းချောင်းမြို့နယ်က ဘတ်ပ်တစ် ခရစ်ယာန်ဘုရားကျောင်းမှာ ရန်ကုန်ရောက် ကချင်လူမျိုးတွေကို တွေ့ဆုံစကားပြောခဲ့ပါတယ်။ ကချင်လူမျိုး အဆိုတော်တွေအပါအ၀င် ၈၈ မျိုးဆက် ပွင့်လင်းလူအဖွဲ့အစည်းဝင်တွေ နိုင်ငံရေးသမားတွေနဲ့ ဦးတေဇတို့လို လုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီနောက်မှာတော့ နိုင်ငံကူးလတ်မှတ်ကို လျှောက်ထားခဲ့ပါတယ်။

မီဒီယာနဲ့ ရင်းရင်းနှီးနှီးဆက်ဆံတတ်ပြီး နှိမ်ချတဲ့ ဗိုလ်ချုပ်ဂွန်မော်ရဲ့ တည်ကြည်မှု ဂုဏ်သရေဟာလည်း သိသာထင်ရှားပါတယ်။ ငြိမ်းချမ်းရေးဆိုတာကို ဖြစ်စဉ်တခုအနေနဲ့ သတ်မှတ်ထားတဲ့အကြောင်း၊ မြန်မာ အစိုးရကတော့ ငြိမ်းချမ်းရေးဆိုတာ သဘောတူညီချက်တွေကို လတ်မှတ်ရေးထိုးဖို့ အဓိပ္ပာယ်ဖွင့်ဆိုတဲ့အကြောင်း ဒီဗွီဘီရဲ့ မေးမြန်းတာကို သူက ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်ဂွန်မော်ဟာ မန္တလေးတက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားခဲ့ဖူးပြီး တက္ကသိုလ်က ဘွဲ့ရခဲ့ပြီးတဲ့နောက်မှာတော့ အစိုးရ ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး ပါတယ်။ အဲဒီနောက် ကချင်လွတ်လပ်ရေး တပ်မတော်ထဲကို သာမာန်တပ်သား အဆင့်ကနေ ၀င်ရောက်ခဲ့ပြီး ဗိုလ်ချုပ် အဆင့်ထိ တက်လှမ်းခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ အနာဂတ် မြန်မာနိုင်ငံမှာ အရေးပါတဲ့ တိုင်းရင်းသားခေါင်းဆောင်တဦး ဖြစ်လာလိမ့်မယ်လို့ ကချင်တိုင်းရင်းသားတွေက မျှော်လင့်ထားကြပါတယ်။

http://burmese.dvb.no

Read more »