Tuesday, January 3, 2012

Grau Gahtet tsang ra wa ai majan shiga

Majan shiga gaw Myitkyina lam Gara Yang hte Ja Pu lapran sha n-ga shara shagu Tai hpyen ni pri rai nga sai lam shiga na lu ai. Ya she grau kyu hpyi shaja ra sana hku rai nga ai. Manhkrum Zuphpawng ten hta bai shuk shanut hkyen na maw sam ma ai. Kyu hpyi dum nga ga i.KK sha dang di lu ai re. Kamsham nga ga. Mungkan myit hku rai yang myit kaji na zawn nga ai rai sa.

Tsaw ra hkungga ai hkawp myitrum manang ni hpang de daini anhte ra marit nga ai Human Rights hpe marit ai lam hkam sha let jahtuk da ai Ga Shagawp ningnan hpe bai shagun dat ai yaw..

By: JIC Read More+++click+++

Read more »

KIA Masat (5) Dap Ba Ginra, Man Mau Kaw Gasat Poi Byin.

2012 ning January praw (1) ya shana maga hkying (1:00)pm aten daram, KIA Masat (5) Dap Ba ginra, Man Mau lawu kaw, Myen Hpyen Dap, Hk.L.Y Masat (40), Hk.M.Y Masat (388) na hpyen hpung ni hpe KIA Masat (5) Dap Ba na hpyen hpung ni bawm hkap dem gasat ai lam chye lu ai.

Lahta Sam Mung KIA Masat (4) Dap Ba, Dap Dung (2) ginra, Mung Paw kaw gale pru wa ai Myen Hpyen Dap, Dap mying n chye ai hpyen hpung ni hpe KIA Masat (2) Dap Dung na Du Naw Grawng woi awn ai hpyen hpung ni hkap gap nna gasat poi byin ai lam chye lu ai.

January praw (1) ya shana maga hkying (3:30)pm aten kawn (4:00)pm aten laman hta KIA Dap Nawng Daju Ginra Sama lam numshe hku nna shang wa ai Myen Hpyen Dap, Dap mying n chye ai hpyen hpung ni hpe Dap Nawng Daju, Dap Dung na hpyen hpung ni mile (9) kaw bawm hkap dem nna gasat poi byin ai lam chye lu ai.

Gasat poi byin ai ginra ni hta lahkawng maga de na si, hkala hkrum ai lam hpe atsawm n chye lu ai. By/kachinnet

Read more »

KIA Namtau kaw gap, Myen hpyen magam gun 2 si

Mani Dec. 29 ya shani gaang hta lahta Sam mung laksan KIA Munggu dap ni gaw Namtau makau Myen asuya hpyenla pyada hpung langai hpe hkap gap ai kaw Myen maga 2 si, 3 hkala ai lam, ndai lam chye ai buga masha ni tsun ai .

Si ai gaw hpyenla langai hte pyada langai rai nna hkala hkrum ai ni, shanhte yawng gaw ga jarit hpaga mare kaba Muse kaw nna lung wa ai ni re nga, buga masha ni tsun ai.

Hkap gap ai lam hpe laksan KIA Munggu dap, Dapdung 36 hpyenla ni galaw ai re lam, shanhte a hpyendu ni KNG Jinghpaw Shiga Dap de shateng tsun wa ai.

Ndai mabyin shara gaw Mungyu 105 Ga Jarit Hpaga Dabang hte Pansai lapran, Namtau mare makau kaw re.

Maga mi de Hkrismat Nhtoi kaw nna Myen hpyen dap Tahtung daju Tat-mat masat 44 na hpyen n-gun 500 jan gaw Namsung daju KIA Dapdung 8 hpe shingja laknak (Chemical weapons) ni hte mung laja lana htim gasat nga ai re.

Lahta Sam mung daju KIA Dapba 4 npu Dapdung 8 shara Namtu hpe lai di nna Rahkai mungdaw panglai na sau hte dat nsa ni Miwa mung Yunnan mungdaw de ginlen na lam mung re majaw, ya na zawn Myen dap ni Dung 8 hpe n-gun kaba hte gasat nga ai lam re.

Lai wa sai June shata gumsan magam U Ting Tsing a Myen ginjaw asuya gaw KIA hpe majan baw dat ai hpang, ndai Miwa ga jarit sau lam hte Mandalay-Muse hpaga lam lahkawng hta hpyen hpung shamu shamaw wa shagu, KIA ni jaugawng ladat hte ninghkap gasat nga ai re.
By: Kachin news

Read more »

KIA Masat (3) Dap Ba Ginra Lagat Bum Hte Hkring Mu Dan Kaw Gasat Poi Byin.

2012 ning January (2) ya jahpawt hkying (8:00)am aten kawn shana maga hkying (3:00)pm aten daram du hkra KIA Masat (3) Dap Ba ginra, Lagat Bum hte Hkring Mu Dan kaw Myen Hpyen Dap, Hk.L.Y Masat (77), Hk.L.Y Masat (83), Hk.M.Y Masat (601) na hpyen hpung ni hte KIA Masat (16), (21) Dap Dung na hpyen hpung ni matut manoi gasat poi byin nga ai rai nna, Myen Hpyen Dap, maga de na laknak kaba (105)mm, (120)mm hte KIA maga de gap bun nga ai lam chye lu ai.
By: Kachinnet

Read more »

Monday, January 2, 2012

၂၀၁၁ ထူးခြား ထင်ရှားသူများ (၂)

၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် အစိုးရသစ် တက်လာခြင်း အပါအ၀င် အပြောင်းအလဲများစွာ ဖြစ်ပေါ်မှုနှင့်အတူ လူအများနှင့် သတင်း မီဒီယာများက အထူးအာရုံစိုက်ခံရသောထူးခြားထင်ရှားသူများကိုလည်း တွေ့မြင်ခဲ့ရပါသည်။ ထို့ကြောင့် ယခုနှစ်အတွက် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ထူးခြားထင်ရှား သူများကို ဧရာဝတီ ပရိသတ်အတွက် စုစည်း ဖော်ပြလိုက်ပါသည်။

“ဧရာဝတီ ကယ်တင်ရေး” လှုပ်ရှားမှု
Save the Irrawaddy

မတ်လနှောင်းပိုင်း အမည်ခံအရပ်သားအစိုးရသစ် ဖွဲ့စည်းပြီး လအတော်ကြာပြီးနောက် မြန်မာနိုင်ငံ၏ အခြေတည်စ ပြုပြင်ပြောင်းလဲမှုကို စိန်ခေါ်လိုက်သော စာတမ်းတစောင် လူထုအကြား ပေါက်ကြားခဲ့သည်။ ဧရာဝတီမြစ်ဆုံတွင် တည်ဆောက်မည့် ဧရာမ ရေကာတာကြီးအတွက် တရုတ်နိုင်ငံစွမ်းအင်နှင့် ရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်းက ဆောင်ရွက်သော အဆိုပါ သဘာဝ ပတ်ဝန်းကျင် လေ့လာချက်စာတမ်းတွင် ရေကာတာစီမံကိန်းကြောင့် မြန်မာနိုင်ငံ၏ အရေးပါဆုံး မြစ်အတွက် အလွန်ကြီးမားသော အန္တရာယ်များရှိနေကြောင်း ဖော်ပြထားသည်။

မြန်မာ့မြစ်ချောင်းများ ကွန်ရက်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ စသည့် အဖွဲ့အစည်းတချို့က မြစ်ဆုံနေရာတွင် တည်ဆောက် မည့် ၎င်းစီမံကိန်းကို အစဉ်တစိုက်ကန့်ကွက်ဆန့်ကျင် ပြောဆိုခဲ့သော်လည်း အဆိုပါ စာတမ်းမထွက်လာခင် အချိန်အထိ စီမံကိန်းနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်မသိကြသေးပေ။

“ဧရာဝတီ ကယ်တင်ရေး” လှုပ်ရှားမှု မွေးဖွားလာပြီး အချိန်တိုတခုအတွင်း ပညာတတ်များ၊ အနုပညာရှင်များ၊ လူထုအခြေပြုအဖွဲ့အစည်းများ ပါဝင်လာကြသည်။ ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သကဲ့သို့ တချို့အစိုးအရအဖွဲ့ဝင်များကပင် လှုပ်ရှားမှုအရေးနှင့် ပတ်သက်၍ စာနာထောက်ခံမှုများ ထုတ်ဖော်ပြောဆိုခဲ့သည်ကို အံ့အားသင့်ဖွယ်တွေ့ခဲ့ရသည်။

သို့သော် လပေါင်း များစွာကြာ ပွင့်ပွင့်လင်းလင်းဆန့်ကျင်ကန့်ကွက်မှုများ လုပ်ခဲ့ပြီးနောက် လှုပ်ရှားမှုငြိမ်သက်သွားခဲ့သည်။ ယခင်အချိန်များကလို ဖြိုခွဲခံခဲ့ရခြင်းကြောင့် မဟုတ်ပါ။

“မြန်မာပြည်သူများ၏ ဆန္ဒသဘောထား”ကို မြန်မာအစိုးရခေါင်းဆောင်များက ရှားရှားပါးပါး လိုက်လျောသည့်အနေဖြင့် ရေ ကာတာ စီမံကိန်းအား ယာယီရပ်ဆိုင်းသည်ဟု ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ဦးအောင်လင်းထွဋ်


တန်ပြန်ထောက်လှမ်းရေး အရာရှိ နှင့် ဗိုလ်မှူး ဟောင်း

၂၀၀၄ ခုနှစ် မြန်မာစစ်အစိုးရ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို ဖြုတ်လိုက်ပြီး သူ၏ စစ်ထောက်လှမ်းရေး ဌာနမှ နောက်လိုက် အရာရှိအရာခံ ရဲဘော်များကို ရှင်းထုတ်ခဲ့စဉ်က တန်ပြန်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်သည် ၀ါရှင်တန် အခြေစိုက် မြန်မာသံရုံး ဒုတိယ တာဝန်ခံအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ နေရပ်ရင်း မြန်မာနိုင်ငံ အတွင်းဖြစ်ပေါ်နေသော နိုင်ငံရေး အကျပ်အတည်း များကြောင့် အမေရိကန်ပြည်ထောင်စုတွင် ခိုလှုံရန် ဆုံးဖြတ်ခဲ့သည်။ သူနှင့်အတူ အာဏာရှင်စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်များ အကြောင်း လျှို့ဝှက် စာရွက်စာတမ်းများ၊ အတွင်းသတင်း အချက်အလက်များစွာ တပါတည်း ယူဆောင်လာခဲ့သည်။

ဧရာဝတီမဂ္ဂဇင်း အပါအ၀င် တခြားသတင်း ဌာနများတွင် သူရေးသားသော ဆောင်းပါးများမှ တဆင့် ပြင်ပမှ မသိနိုင်သော မြန်မာ နိုင်ငံနှင့် တရုတ်၊ အိန္ဒိယ ဆက်ဆံရေး၊ မြောက်ကိုရီးယားနှင့် လျှို့ဝှက်ဆက်ဆံရေးများ အပြင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယခင်တွေ့ဆုံဆွေးနွေးမှုများတွင် စစ်အစိုးရ၏ရပ်တည်ချက်များ အစရှိသည့် မြန်မာစစ်တပ်၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ခဲ့သည်။ စစ်အစိုးရ အတွင်းစည်းဝင်များနှင့် တချိန်က အဆက်အဆံရှိခဲ့သူ တဦးဖြစ်သည်နှင့်အညီ နိုင်ငံအကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ သမ္မတ ဦးသိန်းစိန်နှင့် ဒု သမ္မတ ဦးတင်အောင်မြင့်ဦးတို့အကြောင်းကို ကွက် ကွက်ကွင်းကွင်း ဖော်ပြနိုင်သူလည်း ဖြစ်သည်။

ဦးဇော်မင်း
အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီး

အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီး ဦးဇော်မင်းအား မြန်မာအစိုးရသစ်အတွင်း သဘောထားတင်းမာသူများအနက် တဦးအဖြစ် လူသိများသည်။ စစ်အစိုးရလက်ထက် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနကို တာဝန်ယူခဲ့ပြီး အစိုးရသစ်၌ အဆိုပါ တာဝန်ကို ဆက်ယူရန်အတွက် စစ်တပ် ဗိုလ်မှူးကြီး ရာထူးမှ အနားယူခဲ့သည်။ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနသည် ကချင်ပြည်နယ် မြစ်ဆုံဒေသတွင် တရုတ်နိုင်ငံအကူအညီနှင့်တည်ဆောက်မည့် ဧရာမ ရေအားလျှပ်စစ်ထုတ်ရေကာတာ တည်ဆောက်မှုတွင် အဓိက တာဝန်ရှိသော ၀န်ကြီးဌာနတခုဖြစ်ခဲ့သည်။

ရေကာတာတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ဆန့်ကျင်ကန့်ကွက်မှု တိုးများလာသည်ကို တုံ့ပြန်ပြောဆိုရာတွင် ၀န်ကြီး ဦး ဇော်မင်းက ရေကာတာ တည်ဆောက်ရေး ရပ်တန့်မှု လှုပ်ရှားမှုအား ရောဂါတခုအဖြစ် သူက ပြစ်တင်ပြောဆိုလိုက်ပြီး မည်သည့် အကြောင်းပြချက်နှင့်မှ စီမံကိန်းအား ရပ်တန့်သွားမည် မဟုတ်ဟု အခိုင်အမာပြောဆိုခဲ့သည်။

“ရေကာတာတည်ဆောက်ရေးစီမံကိန်းကို ကျနော်တို့ ဆက်လုပ်သွားမှာပဲ။ ဘယ်တော့မှ နောက်ဆုတ်မှာမဟုတ်ပါဘူး”ဟု စက်တင်ဘာ ၁၀ ရက်နေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။ ထိုသို့ ပြောဆိုခဲ့သော်လည်း သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းအား ယာယီရပ်ဆိုင်းခဲ့ကြောင်း စက်တင်ဘာလကုန်တွင် ဆုံးဖြတ်ခဲ့သဖြင့် မြန်မာလူထု နှင့် နိုင်ငံ တကာ အသိုင်းအ၀န်း၏ ထောမနာပြုမှုကို ရရှိခဲ့သည်။

ဝန်ကြီး ဦးဇော်မင်းကို လူကြိုက်နည်းရခြင်း၊ နာမည်ဆိုးဖြင့် ကျော်ကြားရခြင်းသည် အငြင်းပွားဖွယ် ရေကာတာ စီမံကိန်းကို ထောက်ခံခြင်းကြောင့် တခုတည်းသာမဟုတ်ပါ။ တန်ပြန်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူး အောင်လင်းထွဋ် က ၀န်ကြီး ဦးဇော်မင်းအား ၁၉၉၈ ခုနှစ် မြန်မာနိုင်ငံ တောင်ဘက်စွန်း ခရစ္စတင်း ကမ်းလွန် ကျွန်းပေါ်တွင် အမျိုးသမီးနှင့် ကလေးများ အပါအ၀င် အပြစ်မဲ့ပြည်သူ ၈၀ ကျော်ကို အကျဉ်းရုံးသတ်ဖြတ်မှုတွင် အဓိကတာဝန်ရှိသူ တဦးဟုလည်း စွပ်စွဲထားမှုများလည်း ပါဝင် သည်။

ကိုနေမျိုးဇင်
ဗိုလ်ကြီးဟောင်း

ယခုနှစ်အတွင်း တက်လာသော အရပ်သားအစိုးရက ပထမဆုံး ထိန်းသိမ်းခဲ့သည့် နိုင်ငံရေးလှုပ်ရှားသူမှာ ကိုနေမျိုးဇင် ဖြစ်သည်။

မြန်မာ့တပ်မတော်၌ ၁ဝ နှစ်ခန့် တာဝန် ထမ်းဆောင်ခဲ့ပြီး ၂ဝဝ၅ ခုနှစ်အတွင်း တပ်မှ ထွက်ခဲ့သူ ကိုနေမျိုးဇင်သည် ရန်ကုန်မြို့တွင် အင်တာနက် ကဖေးဆိုင် တဆိုင်ဖွင့်ခဲ့သည်။ နောက်ပိုင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အား ဆက်သွယ်ရာ NLD က သူ့ကို သွေးအကူအညီပေးရေး အဖွဲ့တွင် တာဝန်ပေးလိုက်သည်။ သွေးလှူဒါန်းရေး လုပ်ငန်းများတွင် သူ၏ မော်တော်ယာဉ်ဖြင့် လိုက်လံ ကူညီပေးခဲ့သည်မှာ ဧပြီလ ၂ ရက်နေ့ သူ အဖမ်းခံရချိန်အထိ ဖြစ်သည်။

သူ၏ မော်တော်ကားကို ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး တာဝန်ကျ NLD လူငယ်များ အသုံးပြုချိန်မှစပြီး အာဏာပိုင်တို့က သူ့အား ပိုမို အာရုံစိုက်မိသွားခြင်းဖြစ်သည်။

အာဏာပိုင်တို့က သူ့အား စစ်ကြောရေးစခန်းတွင် နှိပ်စက်ညှဉ်းပန်းပြီးနောက် နာမည်ကျော် အီလက်ထရွန်နစ် ဥပဒေ ပုဒ်မ ၃၃/ က နှင့် တရားစွဲဆိုလိုက်သည်။ စစ်ကြောရေးစခန်းတွင် ရှိနေစဉ် အာဏာပိုင်တို့က သူ၏ အီးမေးလ်ကို ဖတ်ရှု စစ်ဆေးနိုင်ရေးအတွက် သူ့ထံမှ User Name, Password တို့ကို ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကုလသမဂ္ဂ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူ မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ ရန်ကုန်မှ ပြန်လည်ထွက်ခွာပြီး နောက်တရက်တွင် အင်းစိန်ထောင်အတွင်း တရားရုံးက သူ့ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည်။

ယခုအခါ အသက် ၃၆ နှစ်အရွယ် ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်သည် အင်းစိန်ထောင်တွင် ရှိနေပြီး ခါးရိုးနှင့် ဆိုင်သော ဝေဒနာ ခံစားနေရသည်။ ၂ ပတ်တကြိမ် ထောင်ဝင်စာတွေ့စဉ် ၁၅ မိနစ်တာ ကာလအတွင်း လူနာတင်ထမ်းစင်တွင် လှဲအိပ်ပြီး တွေ့နေရ သော သူ့အတွက် ထိရောက်သည့် ကုသမှု အမြန်ဆုံးရရန် မိသားစုက လိုလားနေသည်။

ဒေါက်တာဇာနည်
မြန်မာပြည် လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ တည်ထောင်သူ

လွန်ခဲ့သည့် ၁၆ နှစ်က မြန်မာပြည် လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (Free Burma Coalition) ကို တည်ထောင်ပြီး မြန်မာ့အရေး ကို ကျယ်ကျယ်လောင်လောင်ပြောဆိုခဲ့သူ ဒေါက်တာဇာနည်သည် ယနေ့အချိန်တွင်လည်း မြန်မာ့အရေးကို ပွင့်ပွင့်လင်းလင်း၊ ဒိုးဒိုး ဒေါက်ဒေါက်၊ ဆွဲဆောင်မှုရှိရှိ ပြောနေသူဖြစ်သည်။

ယခုအခါ ဒေါက်တာဇာနည်သည် London School of Economics ခေါ် နိုင်ငံရေးသိပံ္ပနှင့်စီးပွားရေးဆိုင်ရာ လန်ဒန်တက္ကသိုလ်တွင် သုတေသီ ပညာရှင် အဖြစ် ဆောင်ရွက်နေသည်။

မြန်မာ့အရေးနှင့် ပတ်သက်သည့် သုံးသပ်ချက်များ ရလိုသည့် သတင်းသမားများက သူ့အား ချဉ်းကပ်ကြသကဲ့သို့ သူကလည်း မြန်မာပြည်အရေး သုံးသပ်ချက်များကို စာနယ်ဇင်း မီဒီယာများတွင် မကြာခဏဆိုသလို ၀င်ရောက် ရေးသားနေသည်။

ပညာရှင်အများအပြားနှင့် သတင်းစာဆရာများက မြန်မာပြည်အကြောင်း ပြောဆိုရာတွင် မြန်မာပြည်၏ လူဦးရေအများဆုံးသော လယ်သမားထုကြီးအကြောင်း ပါဝင်လေ့ မရှိပေ။ သို့သော်လည်း ဒေါက်တာဇာနည်က ထို အမေ့အလျော့ခံ လူများစုတို့၏အရေးကို ဧရာဝတီတွင်ရေးသားသော သူ၏ အာဘော်ဆောင်းပါးအတွင်း ထည့်သွင်း ရေးသားခဲ့သည်။ အစိုးရအဆက်ဆက်က လယ်သမား များကို ဟန်ပြ အကျိုးဆောင်ခဲ့သည်ဟု သူက ဆိုသည်။

ယခင်ဗိုလ်ချုပ်ကြီးများကို ဝေဖန်စဉ်“စစ်အစိုးရဟာ ဘာနဲ့တူသလဲဆိုရင် ငါးမျှားချိတ်လွတ်အောင် ငါးစာကို လှည့်ပတ်စားနိုင်တဲ့ ငါးလည်တကောင်နဲ့ တူလာတယ်”ဟု ဆိုခဲ့သူ ဒေါက်တာဇာနည်က ဗိုလ်ချုပ်ဟောင်းများဖြင့် စနစ်တကျ အချိန်ယူ ရွေးချယ် ဖွဲ့စည်း ထားသော လက်ရှိ အရပ်သားအစိုးရ၏ “ပြဇာတ်ဆန်သော” ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို သံသယကြီးလွန်းသူဖြစ်သည်။

မြန်မာအစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးမလုပ်လိုသူများ ရှိနေသည်၊ ဖိအားပေးပါက ၎င်းတို့က အစိုးရအဖွဲ့အတွင်း အထက်စီး ရောက်သွားပြီး ဒီမိုကရေစီဖော်ဆောင်ရေးကို ထိခိုက်မည်ဟူသော အယူအဆ ယခုနှစ်ကုန်ပိုင်းတွင် ထွက်ပေါ်လာသည်၊ ထိုအယူအဆ မှားသည်ဟု ယူဆသူများထဲတွင် ဒေါက်တာဇာနည်က ထိပ်ဆုံးတွင် ရှိနေသည်။

ပက်ပစီကိုလာ ကုမ္မဏီ မြန်မာပြည်မှထွက်ရန် လှုံ့ဆော်ခြင်းဖြင့် စတင် ထင်ရှားလာပြီး စီးပွားရေးပိတ်ဆို့မှုက အလုပ်မဖြစ်ဟု မကြာသေးခင်နှစ်များအတွင်း ပြောဆိုရာမှ အငြင်းပွားဖွယ်ရာပုဂ္ဂိုလ်ဖြစ်လာသည့် ဒေါက်တာဇာနည်သည် ယခုအခါ ပညာရှင်အဖြစ် ရပ်တည်နေသော်လည်း တချို့က သူ့ကို ဒီမိုကရေစီအရေး လှုပ်ရှားသူအဖြစ် ယူဆနေကြဆဲဖြစ်သည်။

သတင်းစာဆရာ မောင်ဝံသ

မြန်မာ့နိုင်ငံရေး လောကတွင် အနှစ် ၂၀ နီးပါး လုပ်ကိုင်ခဲ့ပြီး ယခု ပါတီနိုင်ငံရေး အပြင်ဘက် လွတ်လပ်သည့် သတင်းစာဆရာ ဘ၀တွင် ပျော်ပိုက်နေသူမှာ ဆရာ မောင်ဝံသ ဖြစ်သည်။

ယခုနှစ်အတွင်း အစိုးရသစ်၏ စာပေစိစစ်ရေးဌာနက ကန့်သတ်ပိတ်ပင်မှုများ လျှော့ချပေးလာသည်နှင့်အမျှ မောင်ဝံသ၏ နိုင်ငံရေးဆိုင်ရာ သုံးသပ်ချက်များကို ဂျာနယ်စာမျက်နှာထက်တွင် ပိုမို တွေ့နေရသည်။

ဦးသိန်းစိန်၏ ပထမ ၆ လ အတွင်း ပြောဆို လှုပ်ရှားမှု၊ အငြင်းပွားဖွယ် မြစ်ဆုံဆည် စီမံကိန်း ဆိုင်းငံ့မှုတို့ကို နှစ်သက်ကြောင်း သူက ရေးသားခဲ့သည်။ တိုင်းရင်းသားဒေသ တိုက်ပွဲများ ရပ်တန့်ရေး၊ ထိန်းသိမ်းထားသည့် နိုင်ငံရေး လှုပ်ရှားသူများအား လွှတ်ပေးရေးတို့ကလည်း နိုင်ငံအတွက် အရေးကြီးကြောင်း ထောက်ပြသည့် ရန်ကုန်အခြေစိုက် စာနယ်ဇင်းသမား အနည်းငယ်တွင် သူလည်း ပါဝင်သည်။

အပတ်စဉ်ထုတ် ဂျာနယ်တချို့တွင် ပုံမှန်ရေးနေသော သူ၏ ဆောင်းပါးများ၊ အတွေးအမြင်များကို နိုင်ငံရေးသမားများ၊ နိုင်ငံရေး စိတ်ဝင်စားသူများ စောင့်ဖတ်နေကြသည်။ အသက် ၆၆ နှစ် ရှိပြီဖြစ်သည့် ဆရာ မောင်ဝံသ သည် နိုင်ငံရေးဦးစားပေး အပတ်စဉ် ထုတ်ဂျာနယ်ဖြစ်သော “ပြည်သူ့ခေတ်”တွင် အတိုင်ပင်ခံ အယ်ဒီတာအဖြစ် တာဝန်ယူနေသည်။

သူနှင့်ခေတ်ပြိုင် သတင်းစာဆရာတို့နှင့် မတူသောအချက်မှာ အင်တာနက်ကို ကောင်းစွာ အသုံးချနိုင်ခြင်း ဖြစ်သည်။ သူ၏ သုံးသပ်ချက်များကို ပိုမိုပွင့်လင်းစွာ ဖော်ပြရန်၊ နိုင်ငံတကာရောက် မြန်မာပြည်သားများသိရှိစေရန်အတွက် Facebook ကို အသုံးပြု နေသည်။ မီဒီယာနှင့် တရင်းတနှီးရှိသောသူ့ကို မီဒီယာသမားများက ရှင်းလင်း ပြတ်သားသည့် သုံးသပ်ချက်များ ရရှိရန် ချဉ်းကပ်ကြ သည်။

ယခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၊ ထိုင်း စသည့် နိုင်ငံများသို့ ခရီးထွက်ခဲ့သည့် မောင်ဝံသသည် နိုင်ငံတကာအရေးများကို အဆက်မပြတ် လေ့လာနေသူဖြစ်ပြီး ယခုနှစ်အတွင်း ရေးသားခဲ့သော ဆောင်းပါးများတွင် ကမ္ဘာအရပ်ရပ်ရှိ ထူးခြားဖြစ်စဉ်တချို့ ပါဝင်နေသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ခံခဲ့ရသော၊ နှစ်အတန်ကြာ ထိန်းသိမ်းခံရပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မှ အနားယူပြီး စာနယ်ဇင်းလုပ်ငန်းတွင် အချိန်ပြည့် ပြန်လည် လုပ်ကိုင်နေသော၊ စာနယ်ဇင်းသမား အခွင့်အရေး အကြောင်း မကြာခဏ ရေးသားပြောဆိုလေ့ရှိသော ဦးစိုးသိန်း ခေါ် မောင်ဝံသက မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုကို အနီးကပ် စောင့်ကြည့် နေလေသည်။

သောမတ်စ် အိုဟေး ကင်တာနာ
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာသည် တိုင်းရင်းသား ဒေသ များအတွင်း စစ်တပ်၏ကျူးလွန်မှုများအား ဖော်ထုတ်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ဧပြီ လ တွင် စစ်အစိုးရတပ်ဖွဲ့များက တိုင်းရင်းသားပြည်သူများအပေါ် ကျူးလွန်သော စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) တခုတည်ထောင်ရန် ကင်တာနာက တောင်းဆို ခဲ့သည်။

သြဂုတ်လ မြန်မာနိုင်ငံခရီးစဉ်အတွင်း ကင်တာနာသည် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အစိုးရခေါင်းဆောင်များအပြင် အတိုက် အခံ ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံခဲ့သည်။ ကင်တာနာ တင်ပြတောင်းဆိုထားသော စုံစမ်းစစ်ဆေးရေးကော်မရှင် (CoI) အား ယခုအချိန်တွင် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်နှင့် ဥရောပတိုင်းပြည်အများအပြားက ထောက်ခံသည်။

မစ္စတာ မာတီ နာတာလီဂါဝါ
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများ အပေါ် စိုးရိမ်ချက်များ ရှိခဲ့ခြင်းကြောင့် ပြီးခဲ့သော မေလကတည်းက မြန်မာနိုင်ငံကို သွားရောက်ရမည့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရပြီး သည့်နောက် နိုဝင်ဘာလတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ ၏ မြန်မာနိုင်ငံခရီးစဉ် ဖြစ်မြောက်ခဲ့သည်။ နိုင်ငံခြားရေး ၀န်ကြီးသည် သမ္မတ ဦးသိန်းစိန်၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တခြားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်ပါ တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံ၌ တိုးတက်မှုများရှိနေ သည်ကို သူမြင်တွေ့ခဲ့ရကြောင်း ပြောဆိုခဲ့သည်။ ၂၀၁၄ ခုနှစ် အာဆီယံ အဖွဲ့ကြီး၏ ဥက္ကဌ တာဝန်ကို နေပြည်တော်အား ထမ်းဆောင်ခွင့်ပြုသည့်အကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ ဘာလီမြို့တွင် ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများ၏ အပြည့်အ၀ထောက်ခံမှုနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးက ကြေညာခဲ့သည်။

သို့သော် လှုပ်ရှားတက်ကြွသူများနှင့် ဒေသတွင်း ပါလီမန်အမတ်များက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ အရေးအား အာဆီယံ အဖွဲ့ကြီး၏ ဆွေးနွေးသည့် အကြောင်းအရာများတွင် ဆက်လက် ထည့်သွင်းထားရန် အကြံပြုခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံ အဖွဲ့ကြီး၏ လက်ရှိ ဥက္ကဌတာဝန် ယူထားသည်။

ဗိုလ်ချုပ် စောလားပွယ်
အပစ်ရပ် DKBA ခေါင်းဆောင်

စစ်မြေပြင်တွင် အစိုးရတပ်ဖွဲ့များကို တနှစ်ကြာ ခုခံတိုက်ခိုက်လာပြီးနောက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ် မတော်(DKBA) တပ်မဟာ ၅ ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွေးသည် နိုဝင်ဘာ ၇ ရက်နေ့တွင် ကရင်ပြည်နယ်မြို့တော် ဘားအံတွင် မြန်မာအာဏာပိုင်များနှင့် အပစ်ရပ်သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်မြို့ မြ၀တီတွင် ခြေကုတ်ယူထားသော မြန်မာစစ်တပ်အား ဗြောင်ကျကျ ၀င်ရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲ တနှစ်ပြည့်လုနီး အချိန်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ မြ၀တီတိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ရှိ မဲဆောက်မြို့သို့ မြန်မာနိုင်ငံသား ၂၀၀၀၀ ကျော် ယာယီထွက်ပြေးခိုလှုံခဲ့ရသည်။

တပ်မဟာ ၅ သည် နေပြည်တော်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းအရေး အစီအစဉ်ကို သဘောတူရန် ငြင်းဆန်သည့် တခု တည်းသော DKBA တပ်ဖွဲ့ဖြစ်သည်။ နယ်ခြားစောင့်တပ် ဖွဲ့စည်းခြင်းကို လက်ခံလိုက်ခြင်းသည် လက်နက်တခုတည်းသာမဟုတ်၊ တပ်ဖွဲ့တခုလုံးပါ လက်နက်ချလိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်ဟု တပ်အင်အား တထောင်နီးပါးကို အုပ်ချုပ်နေသော ဗိုလ်ချုပ် စောလားပွယ်က ပြောဆိုခဲ့သည်။

လုပ်ငန်းရှင်ကြီး ဦးတေဇ

ဆင်းရဲသည့် မြန်မာနိုင်ငံ၌ လက်နက်ကုန်သည်တဦးအဖြစ် ထင်မှတ်ခံရသည်အထိ ချမ်းသာကြွယ်ဝနေသော စီးပွားရေးလုပ်ငန်းရှင်
ကြီး တဦးမှာ ထူး ကုမ္ပဏီ လုပ်ငန်းစုကြီးကို တည်ထောင်ပိုင်ဆိုင်ထားသည့် ဦးတေဇ ပဲ ဖြစ်သည်။ လွန်ခဲ့သည့် စက်တင်ဘာလ အတွင်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် Forbes မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဦးတေဇက သူသည် လက်နက် မှောင်ခို ရောင်းဝယ်သောအလုပ်နှင့် ချမ်းသာလာသူ မဟုတ်ကြောင်း ငြင်းဆိုခဲ့ရသည့် အဖြစ်အပျက်ကို ကြုံခဲ့ရပါသည်။ သို့သော် မြန်မာ စစ်တပ်ကို ရဟတ်ယာဉ် ရောင်းခဲ့သည်ဟု ကြယ်ငါးပွင့် အဆင့်ရှိ စင်္ကာပူနိုင်ငံ မရီနာဘေးလ် ဟိုတယ်၌ ယင်း Forbes မဂ္ဂဇင်း သတင်းထောက်နှင့် တွေ့ဆုံစဉ်က ၀န်ခံခဲ့သည်။

သူ့ကို အချိန်တိုအတွင်း ချမ်းသာလာစေခဲ့သည်ကတော့ ယခင်စစ်အစိုးရအတွက် လက်နက်ပွဲစားလုပ်ခဲ့သည် ဆိုသော သတင်းများ ရရှိခဲ့ပါသည်။ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ ရုရှားလုပ် ဂျက်တိုက်လေယာဉ်များနှင့် စစ်လက်နက် ပစ္စည်းများကို ရရှိရန် ဆောင် ကျဉ်း ပေးခဲ့ပြီး သူသည် စစ်ဗိုလ်ချုပ်များ၏ အားထားယုံကြည်မှုကို ရယူခဲ့သည်ဟု ဆိုကြပါသည်။

စက်တင်ဘာလအတွင်းကပင် အရှေ့တောင်အာရှ အချမ်းသာဆုံး ပုဂ္ဂိုလ် ၃၀ ၌ ဦးတေဇ သည် အဆင့် ၁၂ တွင်ရှိကြောင်း The Wall Street ဂျာနယ်၏ အင်တာနက် စာမျက်နှာတွင် ထုတ်ပြန်ခဲ့သေးသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ရန်ကုန်မြို့တွင် အီတလီသတင်းထောက် တဦးက တွေဆုံမေးမြန်းရာ၌ ထူး ကုမ္ပဏီသည် တနှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ခန့် ၀င်ငွေရှိကြောင်းလည်း ဦးတေဇက ပြောခဲ့ဖူးပါသည်။

ဦးတေဇသည် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟု လူသိများခဲ့သူဖြစ်ပြီး ၂၀၀၅ ခုနှစ် ခန့်ကတည်းက အမေရိကန်နိုင်ငံထုတ် Hummer အမျိုးအစား ကားကို ၀ယ်စီးနိုင်နေသူပါ။ ယခုကာလတွင်တော့ ကမ္ဘာ့ တန်ဖိုး အကြီးဆုံး Lamborghini, Bentley, Ferrari, Mercedes, Lexus စသည့် ကားများကို ရန်ကုန်မြို့က လူချမ်းသာများသာ နေနိုင်သော အင်းလျား လမ်းက သူ့အိမ်၌ တန်းစီထည်လဲသုံး နေခဲ့ပါပြီ။

ဘဏ်လုပ်ငန်း၊ ကျောက်စိမ်းနှင့် ရွှေတူးဖော်ရေးလုပ်ငန်း၊ ကျွန်းသစ်နှင့် သစ်လုပ်ငန်း၊ ဟိုတယ်၊ အပန်းဖြေစခန်း၊ ပထမဆုံး ပုဂ္ဂလိ ကပိုင် လေကြောင်းလိုင်း၊ သယ်ယူပို့ဆောင်ရေး၊ အကြီးစားစက်ယန္တရား ငှားရမ်းသည့်လုပ်ငန်း၊ ဓာတ်ဆီနှင့် ဒီဇယ်အရောင်းဆိုင်၊ ဆောက်လုပ်ရေး လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ FM ရေဒီယို အသံလွှင့်လုပ်ငန်း စတာသည်တို့ကို ရင်းနှီးလုပ်ကိုင်နေသည့်အပြင် ရန်ကုန် ယူနိုက်တက် အမည်ရှိ ဘောလုံးအသင်း တသင်းကိုလည်း တည်ထောင်ထားသူပါ။

ယခု ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် ဦးတေဇ သည် ယခင်ကကဲ့သို့ စီးပွားရေး လုပ်ပိုင်ခွင့်နှင့် အကျိုးအမြတ်များ မရရှိ
တော့ပါ။

ဦးတေဇ သည် မြန်မာနိုင်ငံ၏ အချမ်းသာဆုံး ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်ကြောင်း နိုင်ငံတကာအထိ သိနေသူဖြစ်ပြီး အမေရိကန် အပါအ၀င် အနောက်နိုင်ငံများ၏ ပိတ်ဆို့ဒဏ်ခတ်ခံထားရသူ စာရင်းထဲတွင်လည်း ထိပ်ဆုံးကပါဝင်သူတဦး ဖြစ်သည်။

မက်စ် မြန်မာ ဦးဇော်ဇော်

အင်ဒိုနီးရှားနိုင်ငံ၌ နိုဝင်ဘာလအတွင်း ကျင်းပခဲ့သော၂၆ ကြိမ်မြောက် ဆီးဂိမ်း၂၃ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် တတိယ နေရာ ရပြီး ခြေစွမ်းပြနိုင်ခဲ့၍ မျက်နှာပန်းလှခဲ့သည့် မြန်မာဘောလုံးအသင်း၏ အကြီးအကဲ၊ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် သည် မက်စ် မြန်မာ ဦးဇော်ဇော်ဟု ထင်ရှားနေသော မြန်မာနိုင်ငံ၏ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီး တဦးလည်း ဖြစ်သည်။

ဦးဇော်ဇော်သည် မက်စ်မြန်မာ ကုမ္ပဏီစုအနေနှင့် လွန်ခဲ့သည့် မေလခန့်က ရန်ကုန် အဲဝေး(Yangon Airways) လေကြောင်း လိုင်း ကို ၀ယ်ယူခဲ့သေးသည်။ ရန်ကုန် အဲဝေးသည် ယခင်က ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) ခေါင်းဆောင် ဦးပေါက် ယူချမ်း ၏ သားမက် ဦးအိုက်ဟော့ ခေါ် စိုင်းဟော့ ပိုင်ဖြစ်သည်။ ဦးအိုက်ဟော့သည် ၂၀၀၃ ခုနှစ်က တရားမ၀င်ငွေကြေး ခ၀ါချမှု လုပ်သည်ဟူသော စွပ်စွဲချက်နှင့် ဖျက်သိမ်းခံခဲ့ရသော မြန်မာ မေဖလားဝါး ဘဏ်ကိုလည်း ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။

ယခုလက်ရှိ ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦးနှင့်လည်း ရင်းနှီးသူတဦးဖြစ်ပြီး ပြည်ပမှ ကားတင်သွင်းခြင်း၊ ဧရာဝတီ ဘဏ် လုပ်ငန်း၊ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၀၁၃ ခုနှစ် ဆီးဂိမ်း အား ကစား ပွဲအတွက် နေပြည်တော်၌ တည်ဆောက်နေသော အဆင့်မြင့် အားကစားကွင်း တည်ဆောက်ရေး၊ ရန်ကုန်မြို့ ရန်ကင်း မြို့နယ်ရှိ သတ္တုတွင်းဝန်ကြီးဌာန ရုံးချုပ်ဟောင်းကို ကလေးဆေးရုံအဖြစ် တည်ဆောက်ရေး၊ လောင်စာဆီ ဖြန့်ဖြူးရေး၊ ကျောက်မျက် တူးဖော်ရေး စသည့်လုပ်ငန်းများကိုလည်း လုပ်ကိုင်သူဖြစ်သည်။

ထို့အပြင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အဖျော်ယမကာ ပုလင်းသွပ်လုပ်ငန်း၊ ဘိလပ်မြေစက်ရုံ၊ ကူးသန်းရောင်းဝယ်ရေး၊ ရာဘာခြံ လုပ်ငန်း များလည်း ရှိသည်။

ဦးဇော်ဇော်သည် နိုင်ငံခြား သဘောင်္လိုင်းလိုက်သော သဘောင်္သားတဦး ဖြစ်ခဲ့ပြီးနောက် စက်ယန္တရားများ ရောင်းဝယ်ရေး လုပ်ငန်းနှင့် စီးပွားရေးကို ချဲ့ထွင်ခဲ့ပြီး အစိုးရနှင့် နီးစပ်သည့် ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တဦးအဖြစ် ရောက်ရှိလာသူ ဖြစ်သည်။

ဘိက္ခူမာတာ ဒေါ်ရှု

သံဃာတော်များက “ဘိက္ခူမာတာ” ဟု မိခင်တဦးအဖြစ် သတ်မှတ် ခေါ်ဝေါ်ခြင်းခံခဲ့ရသော အသက် ၆၂ နှစ်ရှိ ဧရာဝတီတိုင်း ဘိုကလေး သူ ဒေါ်ရှု သည် ပြီးခဲ့သည့် မေလအတွင်းက ပြည်သူ့ ဂုဏ်ရည်ဆုကို ရရှိခဲ့ပါသည်။

နိုင်ငံရေး လှုပ်ရှားမှုနှင့်ဆက်နွှယ်ပြီး အကျဉ်းချခံထားရသော သံဃာတော် အပါး ၁၀၀ ကျော်အတွက် အစားအသောက် ဆေးဝါး၊
ဆွမ်းကွမ်း၊ ဝေယျာဝစ္စများကို ကူညီ ထောက်ပံ့ပြီး ၄ နှစ် နီးပါး ထောင်ဝင်စာ ပို့ခဲ့သူဖြစ်သည်။

ဒေါ်ရှု ထောင်ဝင်စာထောက်ပံ့သော အကျဉ်းထောင်များမှာ ရန်ကုန် အင်းစိန်ထောင်အပါအ၀င် ကျိုင်းတုံ၊ ဗန်းမော်၊ မြိတ်၊ မြင်းခြံ၊ ကလေး၊ ပြည်၊ သာယာဝတီ အစရှိသော နိုင်ငံတ၀န်းက ထောင်များဖြစ်သည်။

ဒေါ်ရှုသည် သံဃာတော်များသာမက ထောင်ဝင်စာ အခက်အခဲဖြစ်နေသည့် နိုင်ငံရေး အကျဉ်းသား တချို့အတွက်လည်း ထောင် ၀င်စာ ပေးပို့နေသူ ဖြစ်သည်။ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဝေဠုဝန် မြောက် ရပ်ကွက်တွင်ရှိသော နှစ်ထပ်အိမ်လေးထဲကနေ ဒေါ်ရှု သည် ထောင်ဝင်စာ ပေးပို့နေရခြင်း ဖြစ်ပါသည်။

ဒေါ်ရှုကို ပေးသည့် ပြည်သူ့ ဂုဏ်ရည်ဆုကို အမေရိကန်နိုင်ငံ အခြေစိုက် ဆုရွေးချယ်ရေး အဖွဲ့က ဆန္ဒမဲကောက်ယူသော စနစ်ဖြင့်
ရွေးချယ်ခဲ့ပြီး ဆုအဖြစ် ငွေသား အမေရိကန်ဒေါ်လာ ၁ သောင်းနှင့်အတူ ပြည်သူ့ဂုဏ်ရည် ဆုတံဆိပ်ကို ချီးမြှင့်ခြင်း ဖြစ်သည်။

ထိုဆုကို မြန်မာနိုင်ငံအတွင်း လူထုအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်နေသော စေတနာ့ဝန်ထမ်းများအတွက် ရည်ရွယ် ချီးမြှင့်ခြင်း ဖြစ်သည်။

ယခုရရှိသော ဆုငွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အဖွဲ့ဝင်တဦးလည်း ဖြစ်သည့် ဒေါ်ရှုက သံဃာတော်များ အတွက် ဆက်လက် သုံးစွဲသွားမည်ဟု ပြောဆိုပါသည်။

ကိုရဲလွင်

မဇ္ဈိမလှိုင်း တေးဂီတ၏ ဘေ့စ်အတီးသမား ကိုရဲလွင်သည် ယခုနှစ်အတွင်း နေ့ချင်းညချင်း လူသိများရေပန်းစားလာခဲ့သည်။

၂၀၀၇ ခုနှစ်သံဃာတော်များ ဦးဆောင်သော ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့မှုကြောင့် ထောင် ၂ နှစ်ကျပြီး ပြန်လွတ် လာခဲ့သော အသက် ၆၄ နှစ်အရွယ် ကိုရဲလွင်သည် သူ၏ သီချင်းရေးဖက် ဂီတရောင်းရင်းကိုနေ၀င်း၊ သားထွေးတို့နှင့် လက်တွဲ၍ Vertical Vibration အမည်ရသော တီးဝိုင်းတဖွဲ့ကို ထူထောင်ခဲ့သည်။

၁၉၈၀ နှင့် ၉၀ ခုနှစ်များအတွင်း သူတို့တတွေကြားမှာ ရေပန်းစားနှစ်ခြိုက်ခဲ့ကြသော သီချင်းများကို ပြန်လည်ဖော်ထုတ်ရန် အဆိုပါ တီးဝိုင်းအသစ်ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားဟောင်းများအပါအ၀င် ကိုရဲလွင်၏ ဂီတကို နှစ်ခြိုက်သူများက တချိန်က သူတို့မြတ်နိုးခဲ့ရသော သီချင်းတချို့ ပြန်နားထောင်ခွင့်ရသည့်အတွက် ၀မ်းသာအားရ ကြိုဆိုခဲ့ကြသည်။

တကယ်တမ်းတွင် ထိုသီချင်းများက နားထောင်သူများအတွက် ချစ်ခြင်း၊ ခွန်အားနှင့် ဘ၀ အဘိဓမ္မာများကို ပေးစွမ်းနိုင်သည်။ သို့သော် မြန်မာနိုင်ငံ၏ အာဏာရှင်များအတွက်မူ ကိုရဲလွင်၏ ဂီတသံသည် ခါးသည်းလွန်းလှသည်။ ကိုရဲလွင်၏ ဂီတခရီး စဉ် အစပိုင်းတွင် စစ်အာဏာပိုင်များနှင့် ပဋိပက္ခဖြစ်ခဲ့ဖူးသည်။

၁၉၇၀ ကာလ အင်လျားလိတ်ဟိုတယ်တွင် ကိုရဲလွင်သည် တီဝိုင်းနှင့် ဖျော်ဖြေနေစဉ် ကွယ်လွန်သူအာဏာရှင် ဦးနေ၀င်း
ဒေါသတကြီးနှင့် ၀ုန်းဒိုင်းကျဲတော့သည်။ ဧည့်ခန်းမတွင် သီဆိုနေသော သီချင်းကြောင့် ဒေါသပေါက်ကွဲသော စစ်အာဏာရှင်ကြီး က ဒရမ်များကို ကန်ကြောက်ပြီး သီးချင်းအရသာကို ခံစားနေသော ဧည့်ပရိသတ်ကိုပါ အော်ဟစ်ဆူပူခဲ့သည်။

“ကျနော်တို့ တီးနေတဲ့သီချင်းကို သူသဘောပေါက်လွဲသွားပုံရတယ်လို့ ကျနော်ထင်တယ်”ဟု ကိုရဲလွင်ကပြောဆိုခဲ့သည်။

ကိုရဲလွင်တို့ တီးဝိုင်းသီဆိုနေသော သီချင်းမှာ “Killing Me Softly with His Song” (သူ့သီချင်းနဲ့ ငါ့ကို ဖြည်းဖြည်းချင်း သတ်နေတယ်) ဖြစ်သည်။ ဦးနေ၀င်းတယောက် သီချင်း၏ ဆိုလိုရင်းကို သဘောပေါက်သွားပုံ ရသည်။

ဦးဟန်ညောင်ဝေ
မြန်မာနိုင်ငံ ပထမဆုံး သမ္မတ ၏ သား

မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း ရောက်ရှိချိန်က အလည်အပတ်သက်သက်သာ ဖြစ်ပြီး ဇာတိရပ်ရွာရှိ ဆွေမျိုး သားချင်းများ မည်သို့ နေထိုင်စားသောက်နေသည်ဆိုသော အခြေအနေများလည်း သိချင်၍ ဖြစ်ကြောင်း ပြောဆိုခဲ့သော ဦးဟန် ညောင်ဝေ ကို နိုဝင်ဘာ ၁၉ ရက်က ထိုင်း-မြန်မာ နယ်စပ် တနေရာ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သော ရှမ်းပြည် တပ်မတော် တောင်ပိုင်းအဖွဲ့နှင့် အစိုးရ ရထားဝန်ကြီး ဦးအောင်မင်းတို့ ငြိမ်းချမ်းရေး အတွက် ပဏာမ တွေ့ဆုံဆွေးနွေးပွဲ၌ ပါဝင် လာသည်ကို တွေ့လိုက်ရသည်။

ထို့အပြင် ကရင် အမျိုးသား အစည်းအရုံး(KNU)နှင့် ဦးအောင်မင်း တို့ တွေ့ဆုံသည့် မှတ်တမ်းဓာတ်ပုံထဲတွင်လည်း ဦးဟန်ညောင် ဝေ ကို တွေ့ရသေးသည်။

တိုင်းပြည်မှ ၁၉၆၃ ခုနှစ် ၀န်းကျင်ကတည်းက ထွက်ခွာခဲ့သည့် ဦးဟန်ညောင်ဝေသည် နှစ် ၅၀ ခန့်အတွင်း မြန်မာနိုင်ငံသို့ ပထမ ဆုံး အကြိမ် အောက်တိုဘာ၂၁ ရက်က လာရောက်ခဲ့ပြီးနောက် ထိုသို့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ၌တွေ့လာရခြင်းဖြစ်သည်။

ဦးဟန်ညောင်ဝေသည် ၁၉၉၉ ခုနှစ် ၀န်းကျင်ကပင် ကနေဒါ နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ဟောင်း ဒေါက်တာ ကျော်ဝင်းမှတဆင့် နအဖ စစ်အစိုးရနှင့် ဆက်သွယ် ဆွေးနွေးမှုများရှိခဲ့သည်။ ၎င်းသည် ထိုအချိန်ကတည်းက အပြောင်းအလဲများအတွက် မြန်မာပြည် သို့ ပြန်ရန် အစီအစဉ် ရှိခဲ့သူဖြစ်ကြောင်း ဧရာဝတီနှင့် အင်တာဗျူးတွင်လည်း ပြောဆိုထားသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတ စပ်ရွှေသိုက်၏ အငယ်ဆုံးသား ဦးဟန်ညောင်ဝေသည် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် ဥရောပ-မြန်မာ ရုံး(EBO)၏ အမှုဆောင်ဒါရိုက်တာ နှင့် ပြည်ပရောက် အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့(NCGUB)၏ အကြံ ပေး တာဝန် ယူခဲ့သူဖြစ်သည်။

ယခုနှစ်တွင် နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ(DVB)သတင်းဌာန အတွင်း အမေရိကန်ဒေါ်လာ ၃ သိန်း ခြစားမှုဖြစ် ပေါ်ခဲ့ရာမှ စက်တင်ဘာ ၃၀ ရက်နေ့က အများသိစေရန် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ဒါရိုက်တာ ဦးအေးချမ်းနိုင်နှင့် တွဲဖက် ဒါရိုက်တာ ဦးခင်မောင်ဝင်းတို့က ခြစားမှုကို တာဝန်ယူသည့်အနေဖြင့် အုပ်ချုပ်မှု အပိုင်း မှ ခေတ္တ နုတ်ထွက်ခဲ့ရာ ဦးဟန်ညောင်ဝေ က ယာယီ ညွှန်ကြားရေးမှူး အဖြစ် DVB အုပ်ချုပ်မှုအပိုင်းကို တာဝန်ယူခဲ့သည်။

မစ္စတာ ရော့စ်ဒန်ကလေ
Myanmar Times တည်ထောင်သူ

မြန်မာတိုင်းမ်စ် သတင်းစာ (Myanmar Times) တည်ထောင်သူနှင့် အယ်ဒီတာဖြစ်သူ အသက် ၅၅ နှစ်အရွယ် ရော့စ်ဒန်ကလေ သည် သတင်းစာများ၏ ရေးသားချက်အရ လိင်လုပ်ငန်း လုပ်ဆောင်သူ မြန်မာအမျိုးသမီး တဦးအား ရိုက်နှက်ခြင်း၊ အလိုမတူ ဆွဲယူခေါ်ဆောင်သွားခြင်း နှင့် ဖမ်းဆီးထားခြင်း ပြစ်မှုများနှင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အဖမ်းခံခဲ့ရသည်။

စွပ်စွဲချက်အားလုံးကို ဒန်ကလေက ပယ်ချခဲ့သည်။ နောက်ပိုင်းတွင် တရားလိုအမျိုးသမီးကလည်း စွပ်စွဲချက်အားလုံးကို ပြန် လည် ရုပ်သိမ်းလိုသော်လည်း ဒန်ကလေးအား နံမည်ဆိုးဖြင့်ကျော်ကြားသော ရန်ကုန်အင်းစိန်ထောင်တွင် မြန်မာ ကျပ်ငွေ သိန်း ၅၀ (အမေရိကန်ဒေါ်လာ ၆၅၀၀ ခန့်) အာမခံဖြင့် ပြန်လွှတ်ပေးသော မတ်လအထိ ထိန်းသိမ်းထားခဲ့သည်။

ဇွန်လ ၃၀ ရက်နေ့တွင် ဒန်ကလေအား ပထမစွဲချက်တွင် ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် တလ ချမှတ်ခဲ့သော်လည်း ယခင် ကျခံပြီးအချိန်နှင့်ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးခဲ့သည်။ ထိန်းသိမ်းခံရစဉ်အတွင်း သူ့သတင်းစာက တခါမှ အလေးထား အာရုံစိုက်ခဲ့ခြင်းမရှိသော မြန်မာနိုင်ငံ၏ ဘ၀တစိတ်တဒေသကို ဒန်ကလေ ကိုယ်တွေ့ကြုံခဲ့ရသည်။

“ထောင်ထဲမှာ ဘယ်လိုမှ မရှိသင့်တဲ့ ထောင်ကျ တော်တော်များများကို ကျနော်ထောင်ထဲမှာ တွေ့ခဲ့ရတယ်။ မဖြစ်စလောက် မူးယစ်ဆေးဝါး အမှုလေးတွေကြောင့် ထောင်ထဲမှာ ၅ နှစ်ကနေ ၁၀ နှစ်အထိ ပြစ်ဒဏ်ကျနေတဲ့ ကလေးသာသာ အရွယ်တွေ၊ အသက်တော်တော် ငယ်သေးတဲ့ လူငယ်တွေ ကျနော်တွေ့ခဲ့ရတယ်။ ထောင်ထဲမှာ ချိနဲ့ပြီး နာမကျန်းတဲ့ထောင်သားတွေလည်း အများကြီးပဲ။ ဒါပေမယ့် အခြေအနေတခုလုံးကိုတော့ ကျနော့် ဘာမှ ပြောလို့မရဘူး”ဟု သြစတြေးလျ ရေဒီယိုနှင့် တွေ့ဆုံခန်းတွင် သူကပြောဆိုခဲ့သည်။

ဒန်ကလေ၏ ကိုယ့်တွေ့ဖြစ်ရပ်က မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရခြင်း၏ အန္တရာယ်ကို မီးမောင်းထိုးပြခဲ့သည်။ မြန်မာတိုင်းမ် စာစောင် ထုတ်ဝေမှု၏ အနာဂတ် စီမံခန့်ခွဲမှု၊ မဟာဗျူဟာ၊ ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ဒန်ကလေနှင့် အစိုးရ ကျောထောက် နောက်ခံ မြန်မာနိုင်ငံသားများ စီးပွားဖက်အကြား ပြင်းပြင်းထန်ထန် တွေ့ဆုံဆွေးနွေးမှုများ လုပ်နေသည့်အချိန်နှင့် ဒန်ကလေ အဖမ်းခံရသည့် အချိန် တိုက်တိုက် ဆိုင်ဆိုင်ကို ကြုံကြိုက်ခဲ့သည်။ ဒန်ကလေ အဖမ်းခံရပြီး ရက်ပိုင်းအတွင်း ဒေသခံစီပွားဖက် ဒေါက်တာ တင်ထွန်းဦးက ဒန်ကလေ၏ နိုင်ငံခြားဖက်စပ်လုပ်ငန်း အမှုဆောင်အရာရှိချုပ် ရာထူးကို သိမ်းယူခဲ့သည်။

မီရှဲလ်ယိုး
ကမ္ဘာကျော် ဟောလိဝုဒ် သရုပ်ဆောင်

“ပြီးခဲ့တဲ့ လေးနှစ်လုံး ကျမ သူ့အကြောင်းကို အရမ်းစိတ်ဝင်စားခဲ့ပါတယ်”ဟု အသက် ၄၉ နှစ်အရွယ် အက်ရှင် ရုပ်ရှင် မင်းသမီး အဖြစ် လူသိများသော မလေးရှားလူမျိုး မီရှဲလ်ယိုးက သူပါဝင်သရုပ်ဆောင် ရသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေရာအတွက် ပြင်ဆင်ခဲ့ရပုံကို ပြန်ပြောင်းပြောဆိုခဲ့သည်။

The Lady အမည်ရသော ထိုရုပ်ရှင်ကားကို ပြင်သစ်ဒါရိုက်တာ လူ့ဘက်စန်(Luc Besson) က ရိုက်ကူးထားသည်။

Tomorrow Never Dies တွင် ဂျိမ်းစ်ဘွန်း မင်းသမီး အဖြစ်လည်းကောင်း၊ Crouching Tiger, Hidden Dragon တွင် မာရှယ် အတ် သိုင်းပညာရှင်တဦး အဖြစ်လည်းကောင်း သရုပ်ဆောင်ခဲ့သူ မီရှဲလ်ယိုးသည် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ် ဆောင်ရန် မသိမသာ ခပ်လျှိုလျှို နေလာခဲ့သည်။

သို့သော် ဇွန်လတွင် သူ့ကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ငြင်းဆန်ခဲ့ခြင်းကြောင့် ဟိုးလေးတကျော်ဖြစ်သွားခဲ့သည်။ ၂၀၁၀ ဒီဇင်ဘာ တွင် ရုပ်ရှင်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်၊ အတူတူနေခွင့်ရခဲ့သည့် ယခင်ခရီးစဉ် ကြောင့်လည်း ထိုကဲ့သို့ ငြင်းဆန်ခံရခြင်း ဖြစ်ကောင်းလည်း ဖြစ်နိုင်သည်။

ရန်ကုန်လေဆိပ်တွင် မီရှဲလ်ယိုးအား လူဝင်မှုကြီးကြပ်ရေး လ၀က အရာရှိများက ပြည်ဝင်ခွင့်မပေးဘဲ ပထမဦးဆုံးပြည်ပထွက်သည့် လေယဉ်နှင့် သူ့ကို ပြန်ပို့ခဲ့သည်

“ယခုကဲ့သို့ လုပ်ရပ်ကြောင့် ကျမအနေဖြင့် အလွန်အမင်း ထိတ်လန့် ၀မ်းနည်းရပါသည်”ဟု မီရှဲလ်ယိုးက ထိုသို့ ပြန်ပို့ခံရခြင်းအပေါ် ပထမဦးဆုံးထုတ်ပြန်သည့် တုံ့ပြန်ချက်တွင် အထက်ပါအတိုင်းပြောဆိုခဲ့သည်။

“ဒီတိုင်းပြည်အနေနဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးဆီသို့ ဆက်လက်လျှောက်လှမ်း နိုင်စေကြောင်းနှင့် ကျမအနေဖြင့်လည်း တိုင်းပြည်အတွင်း မကြာခင် ပြန်လည်ဝင်ရောက်ခွင့်ရပါစေဟု ဆက်လက် မျှော်လင့်နေပါသည်”ဟုလည်း မီရှဲလ်ယိုးက ထုတ်ဖော်ပြောဆိုခဲ့သည်။

အဆိုတော် ရသ

ရော့ကာ ဇော်ဝင်းထွဋ်၊ မြန်မာသံအဆိုတော် သန်းဖေလေးတို့၏ သီချင်းများဖြင့် ကြီးပြင်းလာသူ ရဲမင်းသိန်းသည် ယနေ့ မြန်မာပြည် ဟစ်ပ်ဟော့ပ် လောကတွင် အဆိုတော် ရသ အဖြစ် ထင်ရှားနေသည်။

ဟစ်ပ်ဟော့ပ်ကို သရုပ်ပျက် ဂီတဟု သတ်မှတ်သူ အများအပြား ရှိနေချိန်တွင် အဆိုတော် ရသ က ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရာ ရွှေတံဆိပ်ရသူတဦး ဖြစ်လာသည်။

ထိုပြိုင်ပွဲနှင့် ပတ်သက်ပြီး နောက်ပိုင်းတွင် သူက သတင်းသမားများကို ရှင်းပြရာ “ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲမှာ ကျနော့်နာမည် ကြေညာလိုက်တော့ ဒိုင်လူကြီးတွေ လန့်ဖျပ်သွားကြတယ်”ဟု ဆို၏။

အဆိုတော်ဘ၀ ၁၀ နှစ် အကြာတွင် နိုင်ငံရေးလောကထဲ ခြေတဖက် လှမ်းလိုက်သော ရသက ယခုနှစ်အတွင်း ဂီတလုပ်ငန်းများ လျှော့ချပြီး နိုင်ငံရေးလုပ်ငန်းများအတွက် အချိန် ပိုပေးလျက်ရှိသည်။

ရသ၏ နိုင်ငံရေး ခြေလှမ်းများက၂၀၁၀ ရွေးကောက်ပွဲတွင် ထင်ရှားသည့် နိုင်ငံရေးသမားတဦးဖြစ်သော ဦးသိန်းညွန့်၏ မဲဆွယ်ပွဲ
များတွင် ပါဝင် ကူညီမှုဖြင့် အစပြုခဲ့ခြင်းဖြစ်သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အဆိုတော် ရသ ကိုယ်တိုင် ပါဝင် ယှဉ်ပြိုင်ရန် အသင့်ပြင်နေသည်။ မကြာသေးမီက ဦးသိန်းညွန့် တည်ထောင်လိုက်သည့် အမျိုးသား ဒီမိုကရေစီ ပါတီသစ်ကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်မည်ဟု ဆိုသည်။

မြန်မာပြည်တွင် နိုင်ငံရေးလောက ဟူသည်မှာ စွန့်လွှတ်စွန့်စားမှုများနှင့်လည်း ရင်ဆိုင်ရလေ့ရှိပြီး နိုင်ငံရေးနယ်ပယ်တွင် ဂီတလော က သားများကို တွေ့ရလေ့မရှိသော်လည်း ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံရေးနယ်ပယ်ကို စိတ်ဝင်စားလာသူ ဂီတလောကသား အများအပြားကို တွေ့လာရသည်။ ထိုအထဲတွင် ရသက ရှေ့သို့ပြေးသည်ဟု ဆိုရမည်။“အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စမှာ အရမ်း ကြောက် နေရင်တော့ မဖြစ်ဘူး”ဟု ရသက ဧရာဝတီနှင့် ဆက်သွယ်မေးမြန်းခန်းတခုတွင် ပြောဆိုခဲ့သည်။

ရွေးကောက်ခံရပြီး ဦးရဲမင်းသိန်း အဖြစ် လွှတ်တော်အတွင်း ရောက်မည် ဆိုပါက မြန်မာပြည်ပညာရေး အသုံးစရိတ် မြှင့်တင်ရေး အတွက် ဦးစားပေး ဆောင်ရွက်မည်ဟု အဆိုတော်ရသက ဆုံးဖြတ်ထားသည်။

ရှေ့နေ ကိုဖိုးဖြူ

ရပိုင်ခွင့်တောင်းဆိုသည့် အလုပ်သမားများ၊ လယ်သိမ်းခံရသူ လယ်သမားများကိုကူညီစဉ် ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်း၊ အကျဉ်း ချခြင်းတို့ကို ခံခဲ့ရသည့် ရှေ့နေကိုဖိုးဖြူသည် ထောင်မှ ပြန်လွတ်လာပြီးနောက်တွင်လည်း မူလလုပ်ငန်းများကို ပြန်လည် လုပ်ကိုင် လျက်ရှိသည်။

၂၀၁၁ ကို ပြန်ကြည့်လျှင် နှစ်ဆန်းပိုင်းမှာသာမက နှစ်ကုန်ပိုင်းတွင်ပါ ကိုဖိုးဖြူက လယ်သမားတို့၏အခွင့်အရေးတောင်းဆိုမှု ဆန္ဒပြ ပွဲများကို ရန်ကုန်မြို့တွင် ဦးဆောင် စီစဉ်ခဲ့ကြောင်း တွေ့ရမည် ဖြစ်သည်။

နေရာအနှံ့ ဖြစ်ပွားနေသော မတရားမှုများကို လိုက်လံကူညီစဉ် တရားရုံးချိန်းတချို့ပျက်ကွက်သဖြင့် ကိုဖိုးဖြူ ဖမ်းဝရမ်း ထုတ်ခံရပြီး စက်တင်ဘာလ အတွင်း ယာယီ အထိန်းသိမ်းခံရသည်။ လယ်သမားတချို့၏ အာမခံပေးမှုဖြင့် ရဲစခန်းတွင် တညအိပ်ပြီး ပြန်လည် လွတ်မြောက်လာသည်။

အဘယ့်ကြောင့် အပင်ပန်း အဆင်းရဲခံပြီး လယ်သမားများကို ကူညီနေရသနည်း။

“လယ်သမားတွေ ကျနော့် မျက်စိရှေ့မှာပဲ ငတ်နေပါတယ်။ ဒါကြောင့် ဆောင်ရွက်ပေးနေတာပါ။ သူတို့ကို ပေးတာ ကမ်းတာ လှူတာ တန်းတာ ဝေတာ ငှတာ နဲ့တော့ သူတို့ တရက် ထမင်းစားရုံအပြင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး”ဟု ကိုဖိုးဖြူက ဧရာဝတီကို ရှင်းပြသည်။

ဧရာမကုမ္ပဏီကြီးများ၊ လုပ်ငန်းရှင်ကြီးများ၊ နယ်ဘက်မှ စစ်တပ်များနှင့်ထိပ်တိုက်တွေ့နေသည့် လယ်သိမ်းခံ လယ်သမားတို့၏ ရှေ့မှ ရပ်နေသော ကိုဖိုးဖြူက လူများစုအခွင့်အရေးဆုံးရှုံးနေမှုအတွက် လယ်ယာမြေဥပဒေ ပြင်ဆင်ရမည်ဟု ဆိုသည်။ ပြင်ဆင် ပြောင်းလဲမှုများ ပေါ်ပေါက်လာရေးအတွက်လည်း သူတတ်ကျွမ်းသည့် ဥပဒေဘာသာရပ်ကို အသုံးပြုပြီး လယ်သမားများနှင့် ပူးပေါင်းဆောင်ရွက်နေသည်။

ယခုနှစ်အတွင်း ရှေ့နေ ကိုဖိုးဖြူ ခေါ် ကိုရန်နိုင်အောင်သည် ကလေးစစ်သား၊ ပင်လယ်ပြင်မုန်တိုင်းမိ ရေလုပ်သားတို့၏နစ်နာမှုများအတွက်လည်း ကူညီဆောင်ရွက်ခဲ့သူဖြစ်ကြောင်း တွေ့ရသည်။

Posted by www.irrawaddy.com

http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A6713481&xgs=1&xg_source=msg_share_post

Read more »

၂၀၁၁ ထူးခြား ထင်ရှားသူများ (၁)

ဒေါ်အောင်ဆန်းစုကြည်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ခေါင်းဆောင်

အတိုက်အခံနိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်ကစပြီး မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို အခက်အခဲ တွေမျိုးစုံကြားက ယခုအချိန်အထိ လှုပ်ရှားနေသူပါ။ မကြာသေးခင် အချိန်ထိ သူသည် ဒီမိုကရေစီ စံနှုန်းများ၊ အကြမ်းမဖက်ရေး လှုပ် ရှားမှု သဘောတရားများကို မြန်မာလူထုကို မကြာခဏေ ပြောတတ်ပြီး အခွင့်ကြုံပါက စစ်အစိုးရလက်ထက် တိုင်းပြည်၏ ဒုက္ခပြ ဿနာ များကို စူးစူးရှရှ ဝေဖန်တတ်သူ ဖြစ်သည်။ တွေ့ဆုံဆွေးနွေးရေးနှင့် အဖြေရှာသွားမည်ဟု တောက်လျှောက်ပြောလာခဲ့သော သူ့ကို စိတ်ကူးယဉ်ဆန်သူ၊ သဘောထား တင်းမာသူဟု ဝေဖန်သူများလည်း မရှားခဲ့ပါ။

သို့သော် ၂၀၁၀ နောက်ဆုံး အကျယ်ချုပ်က လွတ်လာပြီး ချိန်၌ ဒေါ်အောင်ဆန်း စုကြည်သည် အစိုးကိုဝေဖန်မှုများ သိပ်မလုပ်သည် ကို တွေ့ရသည်။ စစ်တပ်လွှမ်းမိုးထားသော အရပ်သားအစိုးရတက်လာပြီး ၆ လအကြာ သြဂုတ်လ၌ သမ္မတ ဦးသိန်းစိန်က သူ့ကို ခေါ်တွေ့လိုက်ခြင်းသည် သူတလျှောက်လုံးတောင်းဆိုခဲ့သည့် တွေ့ဆုံဆွေးနွေးရေးဆိုသည်ကိုလည်း မထင်မှတ်ဘဲအောင်မြင် သွားသကဲ့သို့ ဖြစ်ခဲ့သည်။ သူက ဦးသိန်းစိန်သည် ရိုးသားပွင့်လင်းသူ၊ အပြောင်းအလဲကို သွားချင်သူဟု ထပ်ခါတလဲလဲပြောခဲ့ပြီး အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှုကိုလည်း ကြိုဆိုခဲ့သည်။

အတိတ်၏ ကျေးကျွန်အဖြစ်မခံချင်ကြောင်း ပြောဆိုခဲ့ပြီး ဖျက်သိမ်းခံထားရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင် ပြန် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရန် တိုက်တိုက်တွန်းတွန်း ဦးဆောင်ခဲ့သည်။ သူကိုယ်တိုင်လည်း ရွေးကောက်ပွဲဝင်ပြီး အနိုင်ရရန် ကျိန်းသေနေပါပြီ။ သူ လွှတ်တော် အမတ်ဖြစ်လာပြီ ဆိုပါက နေပြည်တော်က လွှတ်တော်ဆွေးနွေးပွဲများ၌ ဒီမိုကရေစီ အတိုက်အခံ အမတ်များ အားတက်စရာပါ။ ဒေါ်အောင်ဆန်းစုကြည်ပါလာသောကြောင့် အစိုးရသစ်အတွက် ပိုပြီးနိုင်ငံတကာတွင် သိက္ခာတက်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကြီး အတော်အသင့် အောင်မြင်သွားပြီဟု မှတ်ချက်ပြုနိုင်မည် ဖြစ်သည်။

ကိုမင်းကိုနိုင်


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်

“ကျမသားမွေးနေ့မှာ ကျမလာတဲ့အခါ ကျမကိုတွေ့တဲ့ ကလေးတွေက ပြောပါတယ်။ အမေ အမေ့သားကို အမေ မပိုင်တော့ပါဘူး။ တိုင်းပြည်က ပိုင်ပါတယ်လို့ ပြောပါတယ်” ဟု နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသူ ၈၈ မျိုးဆက်ကျောင်း သား ခေါင်းဆောင် ကိုမင်းကိုနိုင်၏ မိခင်က ပြန်ပြောင်းပြောပြသည်။ ရိုးသားသူ၊ နှိမ့်ချပြောဆိုနေထိုင် တက်သူဟု လူသိများသော ကိုမင်းကိုနိုင်သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်း လူထုဒေါသကို နှိုးဆွပေးရာတွင် အဓိကကျသူတဦးဖြစ်ခဲ့သောကြောင့် အဖမ်းခံ၊ ထောင်ချခံခဲ့ရသည်။ ကိုမင်းကိုနိုင်သည် ၁၉၈၉ ခုနှစ် ယခုအချိန်အထိ အပြင်လောကတွင် ၂ နှစ်တာမျှသာ နေခဲ့ရသည်။ နှစ်ရှည်လများထောင်ချခံနေရသော်လည်း ကိုမင်းကိုနိုင်သည် လွတ်လပ်မှုနှင့် သတ္တိပြောင်မြောက်မှု၏ ပြယုဂ် သင်္ကေတတခုဖြစ်လာသည်။ သူ့ကိုချုပ်နှောင်ထားသော စစ်အစိုးရအတွက် သူသည် လှောင်အိမ်ထဲထည့်ထားရမည့် လွတ်မြောက်ရေးငှက်တကောင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစု ကြည်ပြီးလျှင် ကိုမင်းကိုနိုင်သည် စေ့စော်မှုအပေးနိုင်ဆုံး ခေါင်းဆောင်ဖြစ်သည်ဟု မြန်မာပြည်သူအများအပြားက သတ်မှတ်ထားသည်။

သမ္မတ ဦးသိန်းစိန်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဦးသိန်းစိန်ကို မြန်မာနိုင်ငံ၏ သမ္မတသစ် နေရာအတွက် စိတ်ကြိုက်ရွေးချယ်ခဲ့သည်ကိုတော့ သံသယ မဖြစ်နိုင်။ စိတ်ထားနူးညံ့သူ၊ စာဂျပိုးဟု လူသိများသူ၊ တပါးသူပြောစကားကို တလေးတစား နားထောင်တတ်သူ၊ ယခင် စစ်အစိုးရတွင် ခြစားမှု အနည်းဆုံးဟု သတ်မှတ်ခံရသူ နှင့် ဗိုလ်ချုပ်ကြီးဟောင်း၊ ၀န်ကြီးချုပ်ဟောင်း ဦးသိန်းစိန် သည် ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ အတွက် လုံခြုံမှုအပေးနိုင်ဆုံး နှင့် စိတ်ချရဆုံးသူ တဦးဖြစ်ခဲ့သည်။

အစိုးရသက်တမ်း တနှစ်ပင်မရှိသေးခင်အချိန်အတွင်း ဦးသိန်းစိန်နှင့် သူ့အစိုးရသည် ၎င်းတို့အတွက် မရှိမဖြစ်လိုအပ်နေသည့် တရားဝင် အသိအမှတ်ပြုမှုကို ပြည်တွင်း၊ ပြည်ပ နှစ်နေရာစလုံးမှ ရရှိလာသည်။ အတိုက်အခံအင်အားစု အထူးသဖြင့် ဒေါ်အောင် ဆန်းစုကြည်ထံသို့ ဦးသိန်းစိန်၏ ချဉ်းကပ်မှုသည် တခြားစစ်ခေါင်းဆောင်များနှင့် မတူကွဲပြားသည်။ ထို့ကြောင့်ပင် ဒေါ်အောင် ဆန်းစုကြည်က ဦးသိန်းစိန်သည် ရိုးသားသော၊ ဖြောင့်မတ်သောသူ တဦးဖြစ်သည်ဟု သူယုံကြည်ကြောင်းနှင့် ဦးသိန်းစိန်အပေါ် တွင်လည်း ယုံကြည်မှုရှိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ရသည်။

ယခင်ကာလများတုန်းက ဦးသိန်းစိန်အား အဓိက ဆုံးဖြတ်ချက်များချရာတွင် ပြတ်ပြတ်သားသားမရှိသောသူ၊ လက်ရှိကာလတွင် လည်း သဘောထား တင်းမာသူများကို ခပ်ဝေးဝေးမှာထားရန် ရုန်းကန်နေရသူအဖြစ် လူသိများသော်လည်း အငြင်းပွားဖွယ်မြစ်ဆုံ ရေကာတာ တည်ဆောက်မှုအား ယာယီရပ်တန့်ရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် ပြည်တွင်းလူထု၏ ထောက်ခံမှုရရှိခဲ့သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တဦးချင်းသီးသန့် တွေ့ဆုံခဲ့ခြင်းကြောင့်လည်း မြန်မာပြည်သူများအကြား မျှော်လင့်ချက်တခု ထည့်ပေးနိုင်ခဲ့သည်။ နိုင်ငံတကာအသိုင်းအ၀န်းကလည်း ဦးသိန်းစိန်အပေါ် ထားရှိသည့် ယုံကြည်မှုကို အတိုင်းအတာတခုအထိ ထုတ်ဖော်ပြ သခဲ့ပြီး ပိုခိုင်မာသော အပြောင်းအလဲများ လုပ်ရန် ဆက်လက် တွန်းအားပေးနေသည်။ ဦးသိန်းစိန်ကို လက်ရှိနေရာမှာ ဖြစ်နိုင်သမျှ ပို အားကောင်းခိုင်မာစေရေး အားဖြည့်ကူညီ၊ ထို့နောက် သူ့အစိုးရကို နောက်ကြောင်းပြန်မရနိုင်သည့် ပြုပြင်ပြောင်းလဲမှုများလုပ်လာရန် တွန်းအားပေး။ ထိုအရာများက ယနေ့ ဆွဲကိုင်ရမည့် ဗဟာဗျူဟာပင် ဖြစ်သည်။

မစ္စတာ ဂျွန်မက်ကိန်း
အမေရိကန် အထက်လွှတ်တော် အမတ်

အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းသည် နှစ်ပေါင်းများစွာ မြန်မာ့အရေး စောင့်ကြည့် အကဲခတ်သူ တဦးဖြစ်သည့် အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုကိုလည်း အဓိက ထောက်ခံသူတဦးဖြစ်သည်။ ယခုနှစ် မြန်မာနိုင်ငံ အလည် အပတ် ခရီးစဉ်အပြီး ရန်ကုန်မြို့တွင် သတင်းထောက်များကို ပြောကြားရာ၌“အပြောင်းအလဲ လေကတော့ စတိုက်နေပါပြီ၊ အဲဒီအပြောင်း အလဲတွေဟာ အာရပ်ကမ္ဘာမှာပင် ရှိနေမှာမဟုတ်ပါဘူး။ အခုဆိုရင် ဆင့်ကဲဖြစ်စဉ်ပြောင်းလဲမှုတွေကို ရှောင်လွှဲတဲ့ အစိုးရတွေဟာ နောက်ဆုံးမှာတော့ တော်လှန်တဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင်နေရပါပြီ”ဟု ပြောဆိုလိုက်သဖြင့် ဂယက်ရိုက်သွားခဲ့သည်။

မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာပြည်အရေးနှင့်သက်ဆိုင်သူ များစွာနှင့် တွေ့ဆုံခဲ့သည့်အပြင် ခရီးစဉ်မစခင် ထိုင်း-မြန်မာ နယ် စပ်ရှိ လှုပ်ရှားတက်ကြွသူများ၊ လူသားချင်း စာနာသော အကူအညီပေး လုပ်ငန်းများ ဆောင်ရွက်သူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ နေပြည်တော်တွင် မြန်မာအစိုးရအတွင်း သဘောထားတင်းမာသူအဖြစ် လူသိများသော ဒု သမ္မတ ဦးတင်အောင်မြင့်ဦးနှင့် တွေ့ဆုံရာတွင်လည်း သူ၏ ပြတ်သားသော သဘောထားကို ပြောဆိုခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည် ပြောထားသလိုပါပဲ ဒီမိုကရေစီ အပြောင်းအလဲတွေအတွက် ခိုင်မာတဲ့ သံန္နိဌာန်တခု မြင်နိုင်တဲ့ ခိုင်မာ တဲ့ လုပ်ဆောင်ချက်တွေ အစိုးရက မလုပ်သရွေ့ ပိတ်ဆို့မှုတွေကို လျှော့ပေးခြင်း ဒါမှမဟုတ် ရုပ်သိမ်းပေးခြင်းတွေကို လုပ်မှာ မဟုတ် ပါဘူး”ဟု မက်ကိန်းက ပြောဆိုခဲ့သည်။

ဒေါက်တာ သန့်မြင့်ဦး
သမိုင်းပညာရှင်

အင်္ဂလန် နိုင်ငံ ကိန်းဘရစ်ခ်ျ တက္ကသိုလ်၊ ထရီနီတီ ကောလိပ်တွင် သမိုင်းဘာသာရပ်ကို နှစ်ပေါင်းများစွာကြာ သင်ပြပေးခဲ့သော ထရီနီတီ ကောလိပ် ကျောင်းသားဟောင်း၊ ကမ္ဘာ့ ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ်ဟောင်း ၏ မြေး ဦးသန့်မြင့်ဦးသည် မြန်မာနိုင်ငံနှင့်ပတ်သက်သော သူ၏စိတ်ဝင်စားမှုက ဘယ်သောအခါမှ ပျောက်ကွယ်သွားခြင်းမရှိပေ။ ကုလသမဂ္ဂတွင် အမှုထမ်းပြီး နောက် မြန်မာ ပြည်အရေးတွင် သူတဖန် ပါဝင်လာခဲ့ပြန်သည်။ သူ၏ထင်ရှားသော စာအုပ်နှစ်အုပ်ဖြစ်သည့် “ခြေရာဖျောက်မြစ်များ (The River of Lost Footsteps)” နှင့် “တရုတ်နှင့် အိန္ဒိယဆုံသောနေရာ (Where China Meet India)” စာအုပ်များသည် မဖြစ် မနေ ဖတ်သင့်သော မြန်မာပြည်အကြောင်းရေးသားထားသည့် စာအုပ်များဖြစ်သည်။ ထို့အပြင် သူ၏သုံးသပ်ချက်များ၊ တွေ့ဆုံမေးမြန်းခန်းများနှင့် အတွေးအမြင်ဆောင်းပါးများကို နိုင်ငံတကာစာစောင်များတွင် တွေ့ရှိနေရသည်။ သူကျွမ်းကျင်သော ပညာရပ်နှင့် သာအလုပ်အကျွေးပြုလိုပြီး မြန်မာ့နိုင်ငံရေးတွင် ပါဝင်မည်မဟုတ်ဟု ပြောဆိုနေသော်လည်း ပိတ်ဆို့မှုများကို ဖယ်ရှားသင့်ကြောင်းနှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပညာရေးကဏ္ဍကို မြှင့်တင်ပေးမှ ရမည်ဟူသော သူ၏ ယုံကြည်ချက်ကိုတော့ မကွယ်မ၀ှက် ထုတ်ဖော် ပြောဆိုသည်။

ဒေါက်တာ ဦးမြင့်
သမ္မတ စီးပွားရေးအကြံပေးအဖွဲ့ ခေါင်းဆောင်

မတ်လ အစိုးရသစ်ဖွဲ့ပြီးသည်နှင့် မရှေးမနှောင်း သမ္မတ ဦးသိန်းစိန်သည် သူ့အတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ အကြံပေးနိုင်သူများ စုစည်းသောအခါတွင် အမည်တခု ထွက်ပေါ်လာခဲ့သည်။ ထိုသူမှာ စီးပွားရေးအကြံပေး အဖွဲ့ ခေါင်းဆောင် ဦးမြင့်ဖြစ်သည်။ ဘာကလေ တက္ကသိုလ် ကျောင်းဆင်း စီးပွားရေး ပညာရှင်၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ မိတ်ဆွေရင်းချာဖြစ်သူ ဦးမြင့်အား အစိုးရအရာရှိများနှင့် အတိုက်အခံခေါင်းဆောင်များကပါ လေးစာကြည်ညိုသည်။ ထိုအချက်ကြောင့်ပင် စကားဝိုင်းများ ဖြစ်လာစေရေး နှစ်ဘက်စလုံးကို ဆွဲခေါ်ရာတွင် ဦးမြင့်က အခရာကျကျပါဝင်ခဲ့သည်။ သမ္မတ အကြံပေးအဖြစ် ခန့်အပ်ခြင်းမခံရခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပသော HIV ဝေဒနာရှင်များအတွက် ရန်ပုံငွေဂီတ ဖျော်ဖြေပွဲတွင် ဦးမြင့်သည် ဒေါ်အောင်ဆန်းစုကြည်၏သား ကင်မ်အဲရစ်နှင့်တွဲဖက်၍ တီးခတ်ဖျော်ဖြေသည်ကို တွေ့ခဲ့ရသည်။ ဦးမြင့်သည် မြန်မာစစ်ဗိုလ်ချုပ်များအပြင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးစသော လှုပ်ရှားမှုခေါင်းဆောင်များ၊ အဖွဲ့ချုပ်ခေါင်းဆောင်များ ကို မဖြစ်မနေလုပ်ဆောင်ရမည့် စီးပွာေးရး ပြုပြုပြောင်းလဲမှုများအကြောင်း မျှဝေပေးခဲ့သည်။ ဦးမြင့်၏ စိတ်ကူးက မြန်မာနိုင်ငံ အတွက် တာရှည်ခံတိုးတက်မှုများရယူရာတွင် မဖြစ်မနေလုပ်ဆောင်ရန်လိုအပ်သည့် အခြေအနေတခုအပေါ် ဘုံသဘော တူညီချက် တခုယူ၊ ထိုသဘော ညီချက်အပေါ်အခြေခံပြီး နိုင်ငံရေးသဘောထားကွဲလွဲမှုများကို ပေါင်းကူးပေးရန် ဖြစ်သည်။ အကယ်၍ ယမန်နှစ်က စတင်ခဲ့သော အပေးအယူလုပ်မှုသည်သာ အောင်မြင်သည်ဆိုပါက ထိုအတွက် ဦးမြင့်ကို အများဆုံး အသိ အမှတ်ပြု ချီးကျူးသင့်သည်။

အရှင်ဉာဏိဿရ
သီတဂူဆရာတော်

မတ်လနှောင်းပိုင်းက ဖွဲ့စည်းခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်ဦးဆောင်သည့် အစိုးရသစ်တက်လာပြီး ၃လအကြာ ရန်ကုန်မြို့အပြင်ဘက်တွင် ဖွင့်လှစ်ထားသော သီတဂူ နိုင်ငံတကာ ဗုဒ္ဓတက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားတွင် တိုင်းပြည်အတွင်း ညီညွှတ်ရေး၏ အရေးကြီးပုံကို သီတဂူဆရာတော်ဟု လူသိများသော အရှင်ဉာဏိဿရ က မိန့်ကြားခဲ့သည်။ ဇွန်လ ၁၆ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့သော ၅ ရက်ကြာဖွင့်ပွဲအခမ်းအနားသို့ အထင်ကရ ဆရာတော်များ၊ အစိုးရအရာရှိများ၊ သံတမန်များ၊ နိုင်ငံရေးသမားများ၊ လူမှုရေးလုပ်သားများ နှင့် ပုဂ္ဂလိက အလှူရှင်များတက်ရောက်ခဲ့ကြသည်။

“ဗုဒ္ဓ မိန့်ကြားခဲ့တာက သည်းခံစိတ်တရားကို လက်ကိုင်ပြုကြဖို့ပဲ၊ ဒါကြောင့် နိုင်ငံတော်ကို ဦးဆောင်နေကြသူတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေကို မကောင်းတဲ့ မစ္ဆရိယစိတ် တွေကို ဖယ်ရှားပစ်ကြဖို့ တိုက်တွန်းလိုတယ်”ဟု ဆရာတော်ကြီး က မိန့်ကြားခဲ့သည်။

ပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက် မိမိ၏ အတ္တစိတ်ကို ပရစိတ်အဖြစ်၊ မနာလိုဝန်တိုဖြစ်စိတ်ကို ပျော်ရွှင်သောစိတ်အဖြစ်၊ မကောင်းစိတ်ကို ကောင်းစိတ်အဖြစ် ပြောင်းလဲယူရမည်ဟု ဗုဒ္ဓအရှင်မြတ်က အသေအချာမိန့်ကြားခဲ့ကြောင်း ဆရာတော်ကြီး က ဆုံးမခဲ့သည်။

အရှင်ဉာဏိဿရသည် ၁၉၈၈ လူထုအရေးတော်ပုံအပြီးနောက်ပိုင်းတွင် အစိုးရမင်းများလိုက်နာရမည့် မင်းကျင့်တရားဆယ်ပါး နှင့်ပတ်သက်သော သူ၏ ထင်ရှားသည့် တရားပွဲများကြောင့် လူသိများလာခဲ့သည်။ ဆရာတော်ကြီးသည် လူသားချင်း စာနာ သော လုပ်ငန်းများတွင်လည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်တော်မူသည်။ အထူးသဖြင့် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းသင့်ပြည်သူများကို ကူညီပေးခဲ့သည်။

ဇာဂနာ
နိုင်ငံကျော် လူရွှင်တော်

ထင်ရှားသော ကမ္ဘာသိ လူရွှင်တော် ဇာဂနာသည် ၎င်း၏ခေတ်ကို သရော်သော ပြက်လုံး များကြောင့် မြန်မာအစိုးရ အာဏာပိုင်များက မကြာခဏ ခေါ်ယူသတိပေးခြင်း၊ ထိန်းသိမ်းခြင်း ခံရသူဖြစ်သည်။

ဇာဂနာအမည်ဖြင့် အငြိမ့်ကခွင့်ကို စစ်အစိုးရက ပိတ်ပင်ခဲ့သောကြောင့် ၎င်းထူထောင်သော မြပုဏ္ဏမာ အငြိမ့်တွင်ပါဝင်ပြသခွင့် မရခဲ့သည်မှာ ဆယ်စုနှစ် တခုမက ကြာပြီဖြစ်သည်။ စစ်အစိုးရ ပိတ်ပင်ထားသည့်အတွက် အငြိမ့်ကို ကိုယ်တိုင် မကနိုင်သော်လည်း ရသည့်နည်းဖြင့် အနုပညာအလုပ်များကို လုပ်ကိုင်ခဲ့သည်။

၎င်းထူထောင်ခဲ့သော သီးလေးသီး ဆေးရောင်စုံ အငြိမ့်မှာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအပြီး ရန်ကုန် မျှော်စင်ကျွန်းတွင် ထိမိ လှသည့် အစိုးရကို သရော်သော ပြက်လုံးများဖြင့် နာမည် ကြီးခဲ့သည်။၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း သဘာဝဘေးဒဏ် ခံရသူများအား ကူညီကယ်ဆယ်ရေး လုပ်ကိုင်ခဲ့သည်ကို အကြောင်းပြု၍ လူရွှင်တော် ဇာဂနာအား စစ်အစိုးရက အီလက်ထရွန်နစ် ပုဒ်မ အပါအဝင် ပုဒ်မများတပ်၍ ဖမ်းဆီးထိန်းသိမ်းကာ ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခဲ့သည်။

ထောင်တွင်း၌ ရှိနေစဉ် မိခင်နှင့် ဘခင်ကြီး ကွယ်လွန်ခဲ့သည့် ဇာဂနာသည် မကြာခဏ ထောင်ဝင်စာပိတ် အရေးယူခြင်း ခံခဲ့ရ သည်။

ယခုနှစ် သတင်းကျွတ်လပြည့်နေ့က လက်ရှိ ဦးသိန်းစိန်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် မြစ်ကြီးနားထောင်မှ ပြန်လည် လွတ် မြောက်လာခဲ့သည်။ လွတ်လွတ်ချင်း အနုပညာနှင့် နိုင်ငံရေးဆက်လုပ်သွားမည်ဟု ပြောဆိုခဲ့ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့သည်။ လွတ်မြောက်သည့် နေ့မှ စတင်၍ နိုင်ငံရေးအကျဉ်းသားများအတွက် ထောင်ဝင်စာ အကူ အညီကို ၎င်း၏ မိတ်ဆွေ အနုပညာသမားများနှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံရေးအကျဉ်းသားများအတွက် လိုအပ်သော ထောင်ဝင်စာအကူအညီအတွက် ငွေကို ကိုယ်ပိုင် facebook ဖွင့်လျက် အလှူခံလျက်ရှိရာ နိုင်ငံတကာရောက် မြန်မာ များက ဝိုင်းဝန်းလှူဒါန်းကြသည်။

အကျဉ်း ထောင်မှ လွတ်ပြီး မကြာမီ “လွတ်လပ်ခြင်း အနုပညာ” အမည်ရှိ ရုပ်ရှင်ပြိုင်ပွဲကို ဦးစီးကျင်းပလျက်ရှိရာ လာမည့် ၂၀၁၂ ဇန်နဝါရီ ၁ ရက်မှ ၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆုရသူများကို ဒေါ်အောင်ဆန်းစုကြည်က ဆုချီးမြှင့်ပေးရန် စီစဉ်ထားသည်။

လူရွှင်တော် ဇာဂနာသည် ထောင်မှ လွတ်သည့်နေ့မှစ၍ တနေ့မှ နားနေခြင်း မရှိသည့်ကြားမှ ပြည်တွင်း၊ ပြည်ပမီဒီယာများ၏ မေးမြန်းခြင်းများကို ထိမိသော ဟာသများ၊ သရော်သော စကားလုံးများသုံး၍ ပြန်လည်ဖြေကြားခဲ့သည်။

အစိုးရအား “မယုံကြည်” ဆိုသည့်စကားကို ထောင်ကထွက်ထွက်ခြင်း ရဲဝံ့စွာ ပြောခဲ့သူ ဖြစ်သည်။ မကြာသေးခင်က ၎င်း၏ ကိုယ်ပိုင် facebook စာမျက်နှာတွင် ပြည်ပအသံလွှင့်ဌာန တချို့သည် ၎င်း၏ နားရွက်ကို တံတွေးဆွတ်သဖြင့် ပြည်ပမီဒီယာများသို့ အင်တာဗျူးပေးခြင်း ခေတ္တရပ်နားထားမည်ဟု ရေးကာ တင်ထား သောကြောင့် ၎င်း၏ facebook ပရိသတ်များအကြား ပွဲဆူခဲ့သေး သည်။

ဗိုလ်မှူးချုပ် ဂွမ်မော်
KIA ဒုတိယ စစ်ဦးချုပ်

မြန်မာနိုင်ငံမြေက်ဖက်ပိုင်းမှာ ကချင်လွတ်လွပ်ရေးတပ်မတော် (KIA) နှင့် မြန်မာအစိုးရတပ်ဖွဲ့တွေ အကြား အဖြေရှာမရေသေးတဲ့ လက်နက်ကိုင်ပဋိပက္ခက မပြီးဆုံး ဆက်လက်ဖြစ်နေဆဲဖြစ်သည်။ အသက်ငါးဆယ်အရွယ် ဗိုလ်ချုပ်ဂွမ်မော် ဆိုသည်မှာ စစ်သည်အင်အား တသောင်းကျော်နှင့် အိန္ဒိယ-မြန်မာနယ်စပ်နှင့် တရုတ်-မြန်မာနယ်စပ်တလျှောက်တွင် အခြေစိုက်လှုပ်ရှားနေသော ကချင်သူပုန် KIA ရဲ့ ဒုတိယစစ်ဦးစီးချုပ်တဦးဖြစ်သည်။ ၁၇ နှစ်သက်တမ်းရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ပြိုလှဲသွားတဲ့နောက် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် တဖန်ပြန်ဖြစ်လာခဲ့တဲ့အချိန်ကစလို့ ဗိုလ်ချုပ်ဂွမ်မော်သည် KIA နှင့် ၎င်းရဲ့ အရပ်ဖက် အုပ်ချုပ်ရေးလက်တံဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KI)) ရဲ့ သြဇာတက္ကိမအရှိဆုံးခေါင်းဆာင်များအနက် တဦးအဖြစ်ပေါ်ထွက်လာသည်။ ၂၀၁၁ ခုနှစ်အတွင်း အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် ဆွေးနွေးပွဲနှစ်ကြိမ်စလုံးကို ဗိုလ်ချုပ်ဂွမ်မော်ဦးဆောင်ခဲ့သည်။ မန္တလေးတက္ကသိုလ်တွင် ရူပဗေဒဘာသာရပ်နှင့် ပညာဆည်းပူး တက်မြောက်ခဲ့သော ဗိုလ်ချုပ်ဂွမ်မော်ကို အထက်တန်း ကျောင်းသား ဘ၀ကတည်းက KIA က တပ်ထဲသွင်းခဲ့သည်။ တပ်ထဲဝင်ပြီး မကြာခင်မှာဘဲ ထူးချွှန်တဲ့ ကွန်မန်ဒိုတဦးအဖြစ်လည်း စစ်ရေးမှာ အောင်မြင်ခဲ့သူ ဖြစ်သည်။ ” တိုင်းရင်းသားပဋိပက္ခအရေး ဖြေရှင်းဖို့ဆိုတာ ဒီမိုကရေစီအရေးနဲ့ ထပ်တူထပ်မျှ အရေးကြီးပါတယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောဆိုသည်။

ဦးကျော်ဆန်း
ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ၀န်ကြီး

ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးတာဝန် ပူးတွဲထမ်းဆောင်လျက်ရှိပြီး အစိုးရအဖွဲ့ ပြော ရေး ဆိုခွင့် ပုဂ္ဂိုလ်နှင့် သတင်း ထုတ်ပြန်ရေး အဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်သည်။ မီဒီယာလောကကို ချုပ်ကိုင်ထားဆဲဖြစ်ကာ ပြည် တွင်းပြည်ပ မီဒီယာများ၌ ဖော်ပြခံနေရသော ၀န်ကြီးတဦး ဖြစ်သည်။

ဦးသိန်းစိန်အစိုးရ အဖွဲ၏ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်အဖြစ် ပထမဆုံး သတင်းရှင်းလင်းပွဲ တခုကို စက်တင်ဘာ လ တွင် ပြုလုပ်ခဲ့ရာ သတင်းထောက်များ၏ မေးခွန်းများဖြေဆိုရင်း မျက်ရည်ကျ ငိုပြခဲ့သောကြောင့် ဦးကျော်ဆန်း၏ သတင်းနှင့် ဓာတ်ပုံများသည် စာဖတ်ပရိသတ်၏ အားပေးမှု အများဆုံး သတင်းတခုဖြစ်ခဲ့သည်။

ပြည်ပမီဒီယာများဖြစ်သည့် BBC, VOA, RFA ,DVB, စသည်တို့အား ဝေဖန်တိုက်ခိုက် ရေးသားထားသော စာသားများ သတင်း စာများ၏ နောက်ကျောဖုံး၌ နှစ်အတော်ကြာ ထည့်သွင်းဖော်ပြခဲ့မှုကို လက်ရှိအစိုးရ တာဝန်ယူပြီး လအနည်းငယ်အကြာတွင် ဖြုတ်ပေးလိုက်သည့် ပြောင်းလဲမှုတခုကို ဦးကျော်ဆန်းက လုပ်ဆောင်ခဲ့သည်။

၎င်းပါဝင်သည့် သတင်းစာရှင်းလင်းပွဲများတွင် သတင်းထောက်များ၏ မေးခွန်းကို ဘုကျကျ ဖြေဆိုတတ်သူဟု နာမည်ကြီင်္းပြီး သဘောထား တင်းမာသူတဦးဟု သတ်မှတ်ခံထားရသူဖြစ်သည်။ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပျော့ပြောင်းလာသည့် သဘောထားတချို့ပြသခဲ့ပြီး VOA သတင်းဌာနနှင့်တွေ့ဆုံ၍ ရုပ်သံအတွက် အင်တာဗျူး ပေးခဲ့သေးသည်။

အစိုးရသစ်တာဝန်ယူပြီး မီဒီယာ လွတ်လပ်ခွင့်ပေးသည်ဟု ဆိုသော်လည်း နိုင်ငံရေးနှင့်ဆက်စပ်သော သတင်းများ၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့နှင့်ဖြစ်ပွားနေသော စစ်ပွဲသတင်းများ၊ အစိုးရအဖွဲ့ထဲရှိ လူ့အခွင့်အရေး ချိုးဖောက်နေမှု ကိစ္စများကို ဆက်ဆာ ဖြတ်တောက်နေဆဲ ဖြစ်သည်။

အသက် ၆၃ နှစ်အရွယ်ရှိ ဦးကျော်ဆန်းသည် လွှတ်တော် အစည်းအဝေးများ၌ ကိုယ်စားလှယ်များ၏ မေးခွန်းများကို ဖြေဆိုရာ တွင် ဇာတ်နိပါတ်တော်များနှင့် ဖွဲ့နွဲ့၍ မလိုအပ်သော အကြောင်းအရာများအား ရှည်လျားစွာ ဖြေဆိုသဖြင့် လွှတ်တော် ဥက္ကဋ္ဌ ၏ တားမြစ်ခြင်းကို ခံရကာ ကိုယ်စားလှယ်များ၏ ငြိုငြင်ခြင်း ခံရသူလည်း ဖြစ်သည်။ ဆန္ဒန်ဆင်မင်း နိပါတ်တော်ကို လွှတ်တော်၌ ပြောဆိုခဲ့ရာ ၎င်း၏ သတင်းများ ပေါ်ထွက်ခဲ့ပြီးနောက် စာဖတ်သူများက ၎င်းကို ဆန္ဒန်ကျော်ဆန်းဟု အမည်ပြောင် ပေးထားကြ သည်။
လွှတ်တော်ကိုယ်စားလှယ်များအကြား လွှတ်တော်မင်းသားဟုလည်း လှောင်ပြောင်ခံထားရသူဖြစ်သည်။ ဦးသိန်းစိန် အစိုးရအဖွဲ့ ၀င် ၀န်ကြီးများအနက် လုပ်ပိုင်ခွင့်ရှိသော ၀န်ကြီးတဦးဟုလည်း သိရသည်။ ၎င်းသည် ၂၀၀၃-၂၀၀၄ ခုနှစ် ၀န်းကျင်မှ ယနေ့တိုင် ပြန်ကြားရေးဝန်ကြီး တာဝန်ဖြင့် ပြည်တွင်း မီဒီယာများအား ထိန်းချုပ်လျက်ရှိသည်။

ဒေါက်တာ နေ၀င်းမောင်
Myanmar Egress

ယခင်နအဖ စစ်အစိုးရ ဦးဆောင် ကျင်းပခဲ့သော ၂၀၁၀ ရွေးကောက်ပွဲဖြစ်မြောက်ရေး အတွက် လှုံ့ဆော်သူတဦးဟု ပြည်တွင်း
ပြည်ပ နိုင်ငံရေးအသိုင်းအ၀န်းအကြား ဝေဖန်ပြောဆို ခံထားရသူတဦးဖြစ်သည်။ ၎င်းနှင့် နီးစပ်သူ တချို့အား ရွေးကောက်ပွဲ ၀င်နိုင်ရန် ငွေကြေးထောက်ပံ့မှု၊ နိုင်ငံရေးအရ အကြံပေးမှုများလုပ်ဆောင်ခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ရွေးကောက်ပွဲသည် မြန်မာနိုင်ငံသားများအတွက် ထွက်ပေါက်တခုဟု ဦးနေဝင်းမောင်က ရေးသားလှုံဆော်ခဲ့ကာ ပြည်သူများအား မဲပေးကြရန် လှုံ့ဆော်နိုင်ရေးအတွက် မြန်မာ အီးဂရက်စ်(Myanmar Egress) အဖွဲ့မှ ၎င်း၏ သင်တန်းသားများကို ထောက် ခံမဲပေးရမည့် ပုံစံရေးသားထားသော အင်္ကျီများ ၀တ်ဆင်စေ၍ ရန်ကုန်မြို့၌ ရွေးကောက်ပွဲ အောင်မြင်ရေး လှုံ့ဆော်ခဲ့သည်။

Living Color မဂ္ဂဇင်းနှင့် The Voice Weekly ဂျာနယ်တို့၏ထုတ်ဝေသူဖြစ်ပြီး အစိုးရအကြိုက် အယ်ဒီတာ့အာဘော်နှင့် ဆောင်းပါးများ ဆက်တိုက်ရေးသားခဲ့သည်။ နိုင်ငံရေးစိတ်ဝင်စားသည့် စာဖတ်ပရိသတ်များ၏ ဝေဖန်မှု အခံရဆုံး သူလည်းဖြစ်သည်။ သတင်းဂျာနယ် အယ်ဒီတာချုပ် တဦးဖြစ်သော်လည်း ပြည်ပ မီဒီယာများ အပေါ် အမြင်ကြည်သူ တဦးမဟုတ်ပေ။

နိုင်ငံရေးအကြောင်းအရာများကိုသာ ဦးစားပေးသင်ကြားပေးလေ့ရှိသည့် အီးဂရက်စ် အဖွဲ့အား တည်ထောင်သူ ၇ ဦးတွင်
ဦးနေ၀င်းမောင်လည်း တဦးပါဝင်သည်။ ၎င်းသည် ထိုအဖွဲ့၏ အထွေထွေအတွင်းရေးမှူးနှင့် Programme Dicector တဦးဖြစ်ပြီး နိုင်ငံရေး အကြောင်းအရာနှင့် စီးပွားရေးအကြောင်းအရာ များကိုအဓိက သင်ကြားနေသူလည်း ဖြစ်သည်။

မြန်မာ အီးဂရက်စ် အဖွဲ့သည် အစိုးရအဖွဲ့၏ အရာရှိတချို့နှင့် နိုင်ငံရေးပါတီများမှ ပါတီဝင်များ၊ ခေါင်းဆောင်များကို နိုင်ငံရေး၊ စီးပွားရေးနှင့်ပတ်သက်သော သင်တန်းများပေးလေ့ ရှိကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဆောင်ရာတွင် အီးဂရက်စ် အဖွဲ့မှ ဦးနေ၀င်းမောင်၊ ဦးတင်မောင်သန်း၊ ဦးကျော်ရင်လှိုင် တို့ပါဝင်ခဲ့ကြပြီး ရှမ်းတိုင်းရင်းသား ဦးဟန်ညောင်ဝေ၊ အစိုးရ ရထားဝန်ကြီး ဦးအောင်မင်းတို့ ပါဝင်ခဲ့ကြသည်။

ဦးနေ၀င်းမောင်သည် စစ်တပ်အရာရှိဟောင်းတဦး၏ သားဖြစ်ပြီး စစ်တပ်အသိုင်းအ၀န်းနှင့်နီးစပ်သူဟု လူသိများသည်။ ၎င်း သည် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ထောက်ခံသူတဦးလည်း ဖြစ် သည်။

ဦးသန်းရွှေအား ထောက်ခံခဲ့သော်လည်း နေအိမ်အကျယ်ချုပ်ကျနေသော ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များကို ဝေ ဖန်မှု လုပ်ခဲ့သည်။ ၎င်း၏ သင်တန်းသားများကို ထိုင်းနိုင်ငံအခြေစိုက် ဗဟုအဖွဲ့သို့ ပို့ဆောင်၍ နိုင်ငံရေး၊ စီးပွားရေး စသည့် အကြောင်းအရာများကို သင်ယူစေခဲ့သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ ဘန်ကောက်မြို့များသို့ မကြာခဏလာရောက်၍ နိုင်ငံရေးအယူအဆများကို ဟောပြောလေ့ ရှိသည်။

ဒေါက်တာ သန်းထွဋ်အောင်
အမှုဆောင်အရာရှိချုပ်
Eleven Media Group

ဒေါက်တာ သန်းထွဋ်အောင်သည် မြန်မာနိုင်ငံ၏ အထင်ကရ မီဒီယာအဖွဲ့ အစည်းများအနက် တခုဖြစ်သော Eleven Media Group ၏ အမှုဆောင် အရာရှိချုပ် တဦးဖြစ်သည်။ Eleven Media Group ကို အပတ်စဉ် အားကစားဂျာနယ် ထုတ်ဝေရောင်းချသော လုပ်ငန်းဖြင့် စတင်ခဲ့ သော်လည်း နိုင်ငံရေးအမြင် သုံးသပ်ချက်များ ထည့်သွင်းဖော်ပြသော အပတ်စဉ်ဂျာနယ် တခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲယူခဲ့သည်။

အစိုးရနှင့်ပတ်သက်၍ ကျေးဇူးခံကျေးဇူးစား အဆက်အသွယ်မရှိသော ဒေါက်တာသန်းထွဋ်အောင် အတွက် တခြားထုတ်ဝေသူများ မကြုံရနိုင်သည့် စွန့်စားမှုများ ကြုံရနိုင်သည်။ သာဓကအားဖြင့် အမည်ခံအရပ်သားအစိုးရက ယခင်စစ်အစိုးရ ပြဌာန်းခဲ့သောမီဒီယာ ဖိနှိပ်ရေးဥပဒေများကို လျှော့ချပေးလိုက်သည့်အခါတွင် ဒေါက်တာသန်းထွဋ်အောင်က လောလောလတ်လတ် ရထားသော မီဒီယာ လွတ်လပ်ခွင့်ကို ဇွန်လတုန်းက ကျရောက်သည့် Eleven Media Group ၏ ၁၁ နှစ်မြောက် အထိမ်းအမှတ်ပွဲတွင် စမ်းသပ်အသုံးပြု ကြည့်ခဲ့သည်။ မြန်မာနိုင်ငံက တရုတ်နိုင်ငံအပေါ် အမှီအခိုများလွန်းနေသည့်အချက်နှင့်ကို သူကပေါ်ပေါ်ထင်ထင် ဝေဖန်ပြောဆို လိုက်ပြီး အင်အားကြီး အိမ်နီးချင်းနိုင်ငံများ၏ လွှမ်းမိုးမှုကို တောင့်ခံမနိုင်သောနိုင်ငံငယ် မြန်မာနိုင်ငံ အတွက် အလွန်ကြီးမားသော ခြိမ်းခြောက်မှု တခု ဖြစ်ကြောင်း သူက ထောက်ပြသွားသည်။

မြစ်ဆုံ ရေကာတာ တည်ဆောက်ရေး စီမံကိန်းကိုလည်း ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခဲ့သည်။ ထို့နောက် နိုဝင်ဘာလတွင်ကျရောက် ခဲ့သည့် ၁၁၊ ၁၁၊ ၁၁ အထိမ်းအမှတ်ဧည့်ခံပွဲတွင် ထောင်ကျနေသော ၈၈ မျိုးဆက် ကျောင်းသားများအတွက် ခုံနေရာသီးသန့်ဖယ် ပေးပြီး ကျောင်းသားခေါင်းဆောင်များကို လွှတ်ပေးရန် အတွက်လည်း အစိုးရအား တောင်းဆိုခဲ့သည်။ တရားဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား ဒေသများအတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက်လည်း သူကထောက်ပြဆွေးနွေးခဲ့သည့်အပြင် တိုင်းပြည် အတွင်းဖြစ်ပေါ်နေသော အပြောင်းအလဲများကို အသိအမှတ်ပြုလက်ခံခဲ့ပြီး ထိုအပြောင်းအလဲများဆောင်ရွက်ပေးသည့် သမ္မတ ဦးသိန်းစိန် နှင့် အစိုးရကိုပါ ချီးကျူးခဲ့သည်။ ဒေါက်တာသန်းထဋ်အောင်၏ နိုင်ငံရေးအမြင်ကြွယ်ဝမှုကြောင့် ဧည့်ခံပွဲအပြီးနောက် ပိုင်း တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က သူ့ထံသို့ ချီးကျူးနှုတ်ခွန်းစကား ပါးခဲ့သည်ဟုပင် ကြားသိခဲ့ရသည်။

ဦးသိန်းညွန့်
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်

ဦးသိန်းညွန့်သည် အမျိုးသားဒီမိုကရေစီ အင်အားစု(NDF) ပါတီကိုယ်စားပြု၍ ၂၀၁၀ ရွေးကောက်ပွဲ၌ သင်္ဃန်းကျွန်းမြို့နယ်မှ အရွေးခံခဲ့ရပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်၊ ပြည်ပရောက်အတိုက်အခံ နိုင်ငံရေးအင်အားစုများ၊ မြန်မာနိုင်ငံသားများအားလုံး ပြည်တော်ပြန်လာရေး စသည့်အဆိုများ၊ မေးခွန်းများအား လွှတ်တော် အစည်းအဝေးများ၌ အဆိုပြုခြင်း၊ မေးမြန်းခြင်းတို့ကို အများဆုံး လုပ်ဆောင်ခဲ့သူအဖြစ် နာမည်ကြီးသည်။

နိုင်ငံရေးနှင့် ဆက်စပ်သော ကိစ္စများအား အဓိကထား၍ အဆိုတင်ခြင်း၊ မေးမြန်ခြင်း တို့လုပ်ဆောင်ခဲ့ပြီး အကျဉ်းထောင် ဥပဒေအား ခေတ်နှင့်အညီပြင်ဆင်ပေးရေး၊ တရားရုံး၏ ဥပဒေတချို့ ပြင်ဆင်ပေးရေးတို့ကို လွှတ်တော်၌ အဆိုပြု တင်သွင်း ခဲ့သည့်တိုင် ၎င်းတင်သွင်းသော အဆိုများ၊ မေးခွန်းများမှ အများစုမှာ ပယ်ချခြင်း ခံခဲ့ရသည်။

ဦးသိန်းညွန့်သည် ဝန်ကြီး ဦးကျော်ဆန်းကဲ့သို့ပင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်စလုံး၌ လွှတ်တော် မင်းသားအဖြစ် နာမည်ကြီးသူလည်း ဖြစ်သည်။

ရွေးကောက်ပွဲအပြီး NDF ပါတီ၏ ခေါင်းဆောင်များအကြား ငွေကြေး ကိစ္စနှင့်ပတ်သက်၍ အငြင်းပွားမှုများကို မီဒီယာများသို့ ထုတ်ဖော်ပြောဆိုမှုကြောင့် ပါတီစည်းကမ်း မလိုက်နာဟုဆိုကာ ပါတီမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

NDF မှခွဲထွက်ပြီးနောက် အမျိုးသားဒီမိုကရေစီ ပါတီသစ်ဟု အမည်ရသော ပါတီတရပ်ထူထောင်ကာ ဥက္ကဋ္ဌ တာဝန်ယူ ထား သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်
ပြန်လည်ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ NLD ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ပါက ၎င်း၏ပါတီအား ဖျက်သိမ်း ပေး မည်ဖြစ်ကြောင်းလည်း မီဒီယာများမှတဆင့် ထုတ်ဖော် ပြောဆိုထားသည်။ ၎င်းသည် ၁၉၉၀ ရွေးကောက်ပွဲ တွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ၏ ကိုယ်စားလှယ်တဦးအဖြစ် အရွေးခံခဲ့ရသည်။

ဦးသိန်းညွန့်သည် လွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်နေသကဲ့သို့ ရှေ့နေတဦး အဖြစ်လည်း အမှုများလိုက်ပါဆောင် ရွက်လျက်ရှိသည်။ ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့် ထိတွေ့မှု များသည့် နိုင်ငံရေးသမား တဦး ဖြစ်သည်။

ဒေါ်နော်အုံးလှ
နိုင်ငံရေး အကျဉ်းသား လွတ်ရေး အင်္ဂါဆုတောင်းပွဲ ဦးဆောင်သူ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံနေစဉ် အတွင်း ဒေါ်အောင်ဆန်း စုကြည်နှင့် အတူ အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများ၊ ရွှေဝါရောင် တော်လှန်ရေးကြောင့် ဖမ်းဆီးခံ သံဃာတော်များ ပြန်လည် လွတ်မြောက်ရေး အတွက် အင်္ဂါဆုတောင်းပွဲကို အပတ်စဉ် ဦးဆောင်ခဲ့သူ တဦးဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ မှော်ဘီမြို့နယ် စည်းရုံးရေးမှူး အဖြစ်မှ၂၀၀၅ ခုနှစ်တွင်ရပ်စဲခံခဲ့ရကာ ပါတီဝင်တဦးအဖြစ် ဆက်လက် ရပ်တည်ခဲ့သည်။

အင်္ဂါဆုတောင်းပွဲ ပြုလုပ်ခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုတို့ကြောင့် မကြာခဏ ဖမ်းဆီးထိန်းသိမ်းခံရကာ ၎င်းနေထိုင်ရာ မှော်ဘီမြို့နယ်၏ အပြင်သို့ သွားလာခွင့် ကန့်သတ်ခံခဲ့ရသည်။

ဒေါ်နော်အုံးလှ၏ နိုင်ငံရေးအန်တုမှုဆိုင်ရာ လှုပ်ရှားမှုများသည် NLD ပါတီ၏ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်မှုများနှင့်သိသိ သာသာကွဲပြားခဲ့သည်။ မကြာသေးမီလများက နော်အုံးလှနှင့်လုပ်ဖော်ကိုင်ဖက်များ၏ လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း ဒေါ်နော်အုံးလှက ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံခြင်း မရှိခဲ့ကြောင်း သိရသည်။

NLD ပါတီအား တရားဝင်အဖြစ်ပြန်လည် မှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်မည်ဟု မကြာခင်ရက်ပိုင်းအတွင်း သတင်းများ ထွက် ပေါ်ခဲ့ပြီးနောက် ထိုကိစ္စကို တနိုင်ငံလုံးရှိ အဖွဲ့ဝင်များ ပြည်သူများ၏အသံကို နားထောင်ပြီးမှသာ ပါတီကိစ္စ ဆုံးဖြတ်သင့်ကြောင်း နော်အုန်းလှ အပါအဝင် ပါတီဝင် ၃၂ ဦး က ကန့်ကွက်ခဲ့ကြသည်။

မိမိ၏ ယုံကြည်ချက်များကို တားဆီးနေမှုများကြားမှ အစဉ်တစိုက် လုပ်ဆောင်နေသူ နော်အုန်းလှသည် နိုဝင်ဘာ ၁၈ ရက်နေ့က NLD ရုံးချုပ်အတွင်း ပါတီမှတ်ပုံတင်ရန် ဗဟိုအလုပ်အမှုဆောင်းများ ဆွေးနွေးနေစဉ် ရုံးရှေ့၌ ပါတီမှတ်ပုံတင်ခြင်း ကန့်ကွက်ကြောင်း စာများကို ဖြန့်ဝေခဲ့သည်။

Mr. Lu Qizhou
တရုတ် CPI ကုမ္ပဏီ ဥက္ကဋ္ဌ

သမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံဆည် တည်ဆောက်မှု ရပ်ဆိုင်းကြောင်း ကြေညာချက်ကြောင့် အံ့သြတုန်လှုပ်သွားခဲ့ သူများထဲတွင် China Power Investment (CPI) ကုမ္ပဏီ ဥက္ကဋ္ဌ Mr. Lu Qizhou လည်း တဦးအပါအ၀င်ဖြစ်သည်။

အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံတန်ဖိုးရှိ ယင်းစီမံကိန်းကို ရပ်ဆိုင်းလိုက်ခြင်းသည် နှစ်နိုင်ငံအကျိုးစီးပွား ထိခိုက်မှုကြီးမားပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များက လျော်ကြေးတောင်းခံလာနိုင်ကြောင်း၊ ဆုံးရှုံးနစ်နာမှု များပြားမည် ဖြစ်၍ ဥပဒေကြောင်း အရ ဆောင်ရွက်စရာများ ဖြစ်လာနိုင်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့သူလည်း ဖြစ်သည်။

Mr. Lu Qizhou ဦးဆောင်သည့် CPI ကုမ္ပဏီက မြစ်ဆုံစီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု နည်းပါးပြီး ဒေသစီးပွား တိုးတက်လာမည်ဖြစ်၍ စီမံကိန်းကို ဒေသခံ ကချင် လူထု ၈၀ ရာခိုင်နှုန်းကျော်က ထောက်ခံကြောင်း၊ စီမံကိန်းပြီးစီးသည့်အခါ ပြောင်းလဲလာသည့် သဘာ၀၀န်းကျင်အနေအထားကြောင့် ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ဆိုသည်။

၎င်း၏ ပြောဆိုမှုများကို အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွင် ဝေဖန်ပြောဆိုခဲ့ရာ ယခုနှစ်အတွင်း မြန်မာလူထုအတွက် ပွဲဆူစေခဲ့သူ တဦးဖြစ်ခဲ့သည်။

ဇေယျာသော်
ဟစ်ပ်ဟော့ပ် အဆိုတော်

မြန်မာပြည်တွင် ဟစ်ပ်ဟော့ပ် ဂီတကို စတင်မိတ်ဆက်ပေးခဲ့သည့်အဖွဲ့ဟု ဆိုနိုင်သော ACID အဖွဲ့ဝင် ဇေယျာသော် သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး(GW) ထူထောင်ရာတွင် ဦးဆောင် ပါဝင်ခဲ့သူဖြစ်သည်။

GW သည် စစ်အစိုးရကို ဆန့်ကျင်သော လက်ကမ်းစာစောင်များ သီချင်းများကို လူငယ်ထုအတွင်း ဖြန့်ဝေခဲ့သည်။ ဇေယျာသော် ကို စစ်အစိုးရက ၂၀၀၈ ခုနှစ်တွင် ဖမ်းဆီးခဲ့ပြီး မတရားအသင်း ထူထောင်မှု၊ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှုတို့ဖြင့် ထောင် ဒဏ် ၆ နှစ် ချမှတ်ခဲ့သည်။ တရားရုံးတွင် အယူခံဝင်ခဲ့သောကြောင့် ထောင်ဒဏ် ၂ နှစ် လျှော့ပေါ့ခံခဲ့ရသော ဇေယျာသော်သည် သမ္မတ ဦးသိန်းစိန်အစိုးရ အာဏာလွှဲပြောင်းရယူပြီး ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်ရက် စေ့ရန် ၆ လအလို ယခုနှစ် မေလအတွင်း ထောင်မှ လွတ်မြောက်လာခဲ့သည်။

၎င်းသည် အကျဉ်းထောင်မှ လွတ်လွတ်ခြင်း မီဒီယာများအား “နိုင်ငံရေးဆက်လုပ်မယ်” ဟု ပြောခဲ့သူဖြစ်သည်။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အပါအဝင် နိုင်ငံရေးအခမ်းအနားများတွင် ဟစ်ပ်ဟော့ပ် သီချင်းများ သီဆိုခဲ့သော ဇေယျာသော်ကို အစိုးရက ဘိုးဘွားရိပ်သာ ရန်ပုံငွေပွဲတပွဲတွင် သီချင်းသီဆိုခွင့် ပိတ်ပင်ခဲ့သည်။ ဇေယျာသော်သည် ၎င်းဦးစီး တည်ထောင်ခဲ့သော GW အဖွဲ့ကို ယခုနှစ်အတွင်း တရားဝင်မြေပေါ်အဖွဲ့အစည်းအဖြစ် ပြန်လည်အသက်သွင်းခဲ့ပြီး ယခုအခါ နိုင်ငံ ရေးနှင့် အနုပညာ အလုပ်ကို တွဲလျက် လုပ်ကိုင်နေသည်။

မစ္စ ဟီလာရီ ကလင်တန်
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး

မစ္စ ဟီလာရီ ကလင်တန်၏ လွန်ခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က မြန်မာနိုင်ငံ ခရီးစဉ်သည် နှစ်ပေါင်း ၅၀ ကျော်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တဦးအနေဖြင့် သမိုင်းဝင်ခရီးစဉ် တခုဖြစ်သည်။ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဆက်လက် ရှိနေသော်လည်း သမ္မတ အိုဘားမား အစိုးရ၏ မြန်မာအစိုးရ ခေါင်းဆောင်များနှင့် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံရေးမူအရ ယခုကဲ့သို့ မစ္စ ဟီလာရင် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်။


မြန်မာနိုင်ငံဘက်က အမှန်တကယ် အဓိပ္ပာယ် ပြည့်ဝသည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းသည် အမေရိကန် က ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများအား ပြန်လည်ရုပ်သိမ်းသွားစေရန် လွယ်ကူမည်ဆိုသည့်အချက်ကို မစ္စ ဟီလာရီ က သတင်းစကား ပါးခဲ့သည်။

မစ္စ ဟီလာရီ သည် မြန်မာနိုင်ငံသို့ မလာမီ သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ယခုထက်ပိုလုပ်ခြင်း၊ တိုင်းရင်းသား ဒေသများတွင် မြန်နိုင်သမျှ မြန်မြန် လက် နက်ကိုင် ပဋိမက္ခများ အဆုံးသတ်စေရေးတို့အတွက် တိုက်တွန်းပြောကြားခဲ့သည်။ ထို့အပြင် လာမည့် ကြားဖြတ် ရွေးကောက်ပွဲကို လည်း လွတ်လပ်၍ တရားမျှတပြီး အများလက်ခံနိုင်သည့် ရွေးကောက်ပွဲဖြစ်စေရန်လည်း တိုက်တွန်းခဲ့သည်။ အဆိုပါ တိုက် တွန်းချက်များကို မြန်မာ အစိုးရဘက်က အကောင်အထည်ဖော်နိုင်သည်နှင့်အမျှ အမေရိကန်ဘက်ကလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြော ခဲ့သည်။

မိုင်ချယ်ရီဇာဟောင်း
လူ့အခွင့်အရေး လှုပ်ရှားသည့် ချင်း တိုင်းရင်းသူ

ကမ္ဘာအရပ်ရပ်တွင် ရောက်ရှိသော ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်တွင် ရောက်ရှိနေသော ချင်းလူထုက မဲပေးရွေးချယ်ခဲ့သည့် “၁ နှစ်တာအတွက် ချင်းတိုင်းရင်းသားများက အသိအမှတ်ပြုသူ” (Chin Person of the Year) ဆုကို ယခုနှစ်အတွက် အသက် ၃၀ အရွယ်ရှိ မိုင်ချယ်ရီဇာဟောင်း က ရရှိခဲ့သည်။ ထိုဆုကို ချီးမြှင့်ခဲ့သည်မှာ ၅ နှစ်သာ ရှိသေးပြီး ဆုရဖူးသူများထဲတွင် မိုင်ချယ်ရီဇာဟောင်းက အသက်အငယ်ဆုံးဖြစ်သည်။ မိုင်ချယ်ရီဇာဟောင်းသည် ၂၀၀၃ ခုနှစ်မှ စတင်၍ ယခု အချိန်အထိ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးလှုပ်ရှားမှု ကိစ္စရပ်များကို လုပ်ဆောင်ခဲ့သူ ချင်းအမျိုးသမီး တဦးဖြစ်သည်။ ချင်း ဒေ သ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချင်း တိုင်းရင်းသားများအတွက်သာမက မြန်မာတနိုင်ငံလုံးအတွက် လူ့အခွင့်အရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု မိုင်ချယ်ရီဇာဟောင်းက စက်တင်ဘာလတွင်ကျရောက်သော ချင်း နှစ်သစ်ကူးပွဲတော်တွင်ပြော ခဲ့သည်။

လူထု စိန်ဝင်း
စာရေးဆရာ၊ သတင်းစာ ဆရာ

အောက်ဆီဂျင်ပိုက်တန်းလန်းနှင့် ကောင်းစွာ မကျန်းမာသော်လည်း ပြတ်ပြတ်သားသားနှင့် အတွေးခွန်အား၊ ဝေဖန်မှု ပြတ်သားလှ သော စာများကို မီဒီယာများတွင် ဆက်တိုက်ရေးနိုင်နေသူမှာ သတင်းစာဆရာကြီး လူထုစိန်ဝင်း ဖြစ်သည်။

၁၉၆၉ ခုနှစ်တွင် ကိုကိုးကျွန်းသို့ အပို့ခံရပြီး ၁၉၇၂ တွင် ပြန်လည်လွတ်မြောက်လာသော ဆရာကြီး လူထုစိန်ဝင်းသည် ၁၉၈၀ တွင် လေဖြတ်ပြီးကိုယ်တခြမ်းသေကာ ဘယ်ဘက်လက်ဖြင့် စာရေးကျင့်ခဲ့ရသည်။ ရေးသားခဲ့သည့် ဆောင်းပါးထက်ဝက်ခန့်သည် စာ နယ်ဇင်း ပညာ တိုးတက်ရေးအတွက် အကြောင်းအရာများဖြစ်ပြီး တခြား နယ်ပယ်များတွင်လည်း ခေတ်နှင့် မျက်ခြည်မပြတ် ရေး သားနေဆဲဖြစ်သည်။

“သတင်းစာပညာနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို စိုက်လိုက်မတ်တတ်ရေးခဲ့ရတဲ့ အကြောင်းရင်းက သတင်းထောက်၊ သတင်းစာ အယ်ဒီတာဆိုတဲ့ မျိုးဆက် ပြတ်သွားမှာ စိုးလို့ပဲ”ဟု တွေ့ဆုံမေးမြန်းခန်းတခုတွင် ဆရာလူထုစိန်ဝင်းက ဖြေကြား ဖူးသည်။

နအဖ စစ်အစိုးရလက်တွင်ရော ယခု ဦးသိန်းစိန် အစိုးရလက်ထက်တွင်ပါ အစိုးရကိုရော အတိုက်အခံများကိုပါ ပွင့်လင်း ပြတ် သား စွာ ရေးသားတင်ပြမှုများ၊ ခေတ်လူငယ်များနှင့် ခေတ်ယဉ်ကျေးမှုအပေါ် ဝေဖန်သုံးသပ်သည့် အမြင်များကြောင့် မီဒီယာနှင့် စာဖတ် ပရိသတ်များအကြားတွင် အခြေအတင် ဆွေးနွေးစရာများ ဖြစ်ပြီး မကြာခဏ ပွဲဆူခဲ့သည်။

ယခုနှစ်အတွင်း ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်း ရန်တန့်ပေးရန် တောင်းဆိုကြသည့်ကာလတွင် ဆရာကြီး လူထုစိန်ဝင်းက “လူယဉ်ကျေးနည်းနဲ့ မရရင် လမ်းပေါ်ထွက် ဆန္ဒပြပြီး တောင်းဆိုလာခဲ့မယ်ဆိုရင် ဒီလို ဆန္ဒပြမှုတွေအတွက် စီမံကိန်းကို ဆက် လုပ်တဲ့သူတွေသာ တာဝန်ယူရလိမ့်မယ်။ မလုပ်ဖို့ တောင်းဆို ဆန္ဒပြနေတဲ့သူတွေမှာ တာဝန်မရှိဘူး”ဟု သမ္မတ ဦးသိန်းစိန် အစိုးရကို ပြတ်သားစွာ သတိပေးခဲ့သည်။

သို့ရာတွင်၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့က နိုင်ငံရေးအကျဉ်းသားများအတွက် ဆုတောင်းပွဲများ ဦးဆောင်ကျင်း ပသည့် ဒေါ်နော်အုံးလှ ဦးဆောင်သော အဖွဲ့က နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် စီတန်းလှည့်လည် ခဲ့ရာ လူထုစိန်ဝင်းက Eleven Media Group ၏ အင်တာနက် စာမျက်နှာပေါ်မှ ဝေဖန်ရေးသားခဲ့သောကြောင့် လူအများ၏ ပြန်လည် ဝေ ဖန်ခြင်း ခံရပြီး ပွဲဆူခဲ့သေးသည်။

ဖြူဖြူသင်း
HIV/AIDS ဝေဒနာရှင်များကို စောင့်ရှောက်သူ

သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတကာ သံတမန်များ၊ ကိုယ်စားလှယ်များ လာရောက် လေ့လာကြရာတွင် သွားလေ့သွားထ ရှိကြသော နေရာတခုကို ပြပါဆိုလျှင် တောင်ဒဂုံမှ မဖြူဖြူသင်း အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်များ လုပ်ဆောင်နေသည့် HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေး ဂေဟာကို ပြရမည်ဖြစ်သည်။

၂၀၀၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် NLD လူငယ်တချို့သည် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်(UNDP) ၏ HIV တားဆီးရေးနှင့် ပြုစုစောင့်ရှောက်ရေးသင်တန်းကို တက်ရောက်ခဲ့သည်။ ထိုအချိန်မှစ၍ HIV/AIDS ကူညီကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို ဇောက်ချ လုပ်ကိုင်ခဲ့သည်။

နအဖ စစ်အစိုးရလက်ထက်မှစ၍ အဆိုပါ စောင့်ရှောက်ရေးဂေဟာကို အာဏာပိုင်များက အနှောင့်အယှက်များ ဆက်တိုက် ပေးခဲ့ သည်။ တက်ကြွလှုပ်ရှားသူ လူငယ်များကို ဖိအားပေးမှု၊ ဖမ်းဆီးမှုများကြောင့် မဖြူဖြူသင်းသည် တနှစ်ကြာ ပုန်းအောင်းနေခဲ့ရပြီး ၂၀၀၈ ခုနှစ်တွင်မှ လူမြင်ကွင်း၌ ပြန်ပေါ်လာခဲ့သည်။ တိမ်းရှောင်ပုန်းနေရစဉ်အတွင်း ဖခင်ကွယ်လွန်သော်လည်း ဈာပနသို့ လာ ရောက်နိုင်ခြင်း မရှိပေ။

၂၀၁၀ နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် အစိုးရသတင်းစာက မဖြူဖြူသင်း၏ ကူညီစောင့်ရှောက်ရေး လုပ်ငန်းများသည် ကျန်းမာရေး လုပ်ငန်းများနှင့် မညီညွတ်ဟုဆိုတာ ရေးသားကန့်ကွက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက် စောင့်ရှောက်ရေးဂေဟာသို့ သွားရောက်လည်ပတ် အားပေးခဲ့ပြီးနောက်တွင် အစိုးရနှင့်ပတ်ဝန်းကျင်မှ ဖိအားများနည်းသွားခဲ့သည်။

HIV/AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးအတွက် မဖြူဖြူသင်းတို့ အဖွဲ့သည် ဆေးဖိုး၊ အာဟာရ၊ ခရီးစရိတ်နှင့် ဆေးခန်းပို့ခများအပါအဝင် ကုန်ကျစရိတ်များအတွက် တလလျှင် ကျပ် သိန်းရာနှင့်ချီ၍ အကုန်ကျခံ သုံးစွဲနေရသည်။

အစိုးရနှင့် အကင်းဆုံးအဖွဲ့မှာ သူတို့၏ ဂေဟာနှင့် ဦးကျော်သူတို့၏ နာရေးကူညီမှုအသင်းဟု အင်တာဗျူးတခုတွင် မဖြူဖြူသင်းက ပြောဖူးသည်။

ချက်သမ္မတနိုင်ငံ အခြေစိုက် People in Need အဖွဲ့က ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလုပ်ငန်းများ ဆောင်ရွက်သူများကို ချီးမြှင့် သည့် H*** Homini ဆုကို ၂၀၀၇ ခုနှစ်တွင် မဖြူဖြူသင်း၊ မစုစုနွေးနှင့် မနီလာသိန်းတို့အား ပူးတွဲ ပေးအပ်ခဲ့သည်။ ၂၀၁၀ ပြည် သူ့ဂုဏ်ရည်ဆုအတွက် နောက်ဆုံးဆန်ခါတင် ၅ ဦးတွင် မဖြူဖြူသင်းလည်း ပါဝင်ခဲ့သည်။

Posted by www.irrawaddy.com

Read more »

Saturday, December 31, 2011

2012 Ning Shaning Ninghpaw Akyu Hpyi Hpawng Galaw Na La

KIO ginjaw kaw shaning n nan kyu hpawng galaw na ( Pdf file ) click on link+++read more

Read more »

Happy new year

Tsaw ra myitrum manang ni hpang de, daini 2011 ning hpe, “Nja Nhpra Shakram” ngu, ka jahtuk nna, jahproi dat sai yaw. Gaja wa 2011 ning hpe grai chyeju dum ging ga ai. Karai Kasang matsan n dum la taw gaw, 2011 ning hta Tai Hpyen wa a lata de mayam tai ang mat na saga ai i. Manang ni yawng mung Chyeju shakawn let, Shaning Ningnan de Kabu Gara arau sha shang wa saga ngu,By: JIC.Read more+++++

Read more »

Htung Hkring hte Makam Masham

‎"Htung Hkring hte Makam Masham" a lam hpe dai ni wunpawng ni jawm myit yu na lam ni hpe Father Rev, Joseph gaw Kachin combine camp (Melbourne) hta tsun shaga ai lam. Audio only.
Father Joseph Kum Htoi's Speech by lewismyihtoi

Read more »

ကြည့်တတ် ရင်မြင်နိုင်ပါတယ်။

ယခုသလောပေါက်ကွဲမှုတွေဟာနှစ်ဘက်သဘောထားတင်းမာသူများ၏စနစ်တကျဆောင်ရွက်မှု
လို့ထင်မြင်ရပါတယ်။ဦးတင်အောင်မြင့်ဦးနှင့်ဦးအောင်သောင်းတို့ဦးဆောင်သောသဘောထားတင်းမာသူများ
ဘက်မှလားဒါမှမဟုတ်နယ်စပ်ရှိသဘောထားတင်းမာသောအဖွဲ့အစည်းများမှလား၊မည်သည်ဘက်မှ
လုပ်ဆောင်မှန်းမသိပါ။
သမ္မတကြီးဦးသိန်းစိန်နှင့်ဦးရွှေမန်းတို့ခေါင်းဆောင်သောပြုပြင်ပြောင်းလဲရေးအကြီးအကဲများ
နှင့်ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးတင်ဦးတို့ခေါင်းဆောင်သောအမျိုးသားပြန်လည်ရင်ကြားစေ့ရေးပြုပြင်ပြောင်း
လဲရေးအကြီးအကဲများအားနှောင့်အယှက်ပေးရန်တိုးတက်မှုအရှိန်အဟုန်များရပ်တန့်သွားရန်နှင့်နှစ်ဦး
နှစ်ဖက်ရင်းနှီးနားလယ်မှုများပျက်စီးယိုယွင်းသွားရန်ရည်ရွယ်သောလုပ်ဆောင်ဖေါက်ခွဲမှုများဟုထင်မြင်ယူဆရပါတယ်။
လုံခြုံရေးအသိ၊လုံခြုံရေးသတိဖြင့်ကြည့်လျှင်လှည်းတန်းဖေါက်ခွဲမှုသည်အန်တီစုအားသတိပေးလိုသော
သဘောနှင့်တည်ငြိမ်မှုအားဖျက်ဆီးလိုသောသဘောသက်ရောက်ပါတယ်၊အဘယ်ကြောင့်ဆိုသော်ပေါက်
ကွဲမှုဖြစ်သောနေရာနှင့်အန်တီစုနေအိမ်မှာများစွာမဝေးလှသောအချက်နှင့်နိုင်ငံရေးအကျဉ်းသားများ
လွှတ်ပေးရန်ရက်ပိုင်းသာလိုတော့သောအချိန်တွင်တည်ညိမ်မှုထိခိုက်ရန်အစိုးရအဖွဲ့ထဲရှိပြုပြင်ပြောင်း
လဲရေးအကြီးအကဲများအကျဉ်းအကျပ်တွေ့ရန်ရည်ရွယ်သည်ဟုအချက်အလက်ကောက်ယူရပါတယ်။
နောက်ထပ်စက်ဆန်းဖေါက်ခွဲမှုသည်၊
၁။ တည်ညိမ်မှုအားပိုမို၍ဆိုးဝါးစွာထိခိုက်စေရန်
၂။ နိုင်ငံရေးအကျဉ်းသားများအားလွှတ်ပေးမှုမရှိတော့စေရန်
၃။ NLDမှဦးဆောင်ပြုလုပ်သောတိုင်းရင်းသားရန်ပုံငွေပွဲပျက်စီးစေရန် နှင့်
၎။နာမည်ကောင်းရနေသောပြုပြင်ပြောင်းလဲရေးသမားစီးပွါးကူးသန်းဝန်ကြီးအားဘေးကျပ်နံကျပ်တွေ့စေ
ရန်(ဝါ)နာမည်ပျက်စေရန်ရည်ရွယ်မှုများဟုထင်ပါတယ်။(စီးပွါးကူသန်းပိုင်ဂိုတောင်မှပေါက်ကွဲခြင်း
အားကြည်ခြင်းအားဖြင့်)
ဒါဆိုမည်သည့်အဖွဲ့ဖြစ်နိုင်မလဲဆိုတာစိတ်ဝင်စားစရာပါဒါပေမဲ့အသေအချာစဉ်းစားကြည့်ရင်ဦးတင်အောင်မြင့်ဦး
နဲ့ဦးအောင်သောင်းတို့ဦးစီးတဲ့သဘောထားတင်းမာသူများဘက်မှဖြစ်ဖို့များတယ်ဆိုတာကြည့်တတ်
ရင်မြင်နိုင်ပါတယ်။ ( Read More++++)
By:thithtoolwin.com

Read more »

Friday, December 30, 2011

George Soros Gaw gadai ta?

George Soros is a Hungarian-American business magnate, investor, philosopher, and philanthropist. He is the chairman of Soros Fund Management. Soros supports progressive-liberal causes. He is known as "The Man Who Broke the Bank of England" because of his in investment profits during the 1992 Black Wednesday UK currency crisis.

Between 1979 and 2011, Soros gave away over $8 billion to human rights, public health, and education causes. He played a significant role in the peaceful transition from communism to capitalism in Hungary (1984–89), and provided Europe's largest-ever higher education endowment to Central European University in Budapest. Soros is also the chairman of the Open Society Institute and a former member of the Board of Directors of the Council on Foreign Relations.

Source

Description above from the Wikipedia article George Soros, licensed under CC-BY-SA full list of contributors here. Community Pages are not affiliated with, or endorsed by, anyone associated with the topic.

Read more »

သိန်းစိန်တပ် ခမရ (၃၈၂) နှင့် ကေအိုင်အေ တပ် စစ်ပွဲဖြစ်

+++စစ်အင်အားတိုးချဲ့ ဖို့ရန် ဖြတ်ကူးလာတဲ့ သိန်းစိန် စစ်တပ် ခမရ (၃၈၂) နှင့် စစ်အင်အား ၂၀၀ ဝန်းကျင်တို့အား ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်းတို့မှ ဖရော ကျေးရွာ သင်္ဂျိုင်းကုန်း အနီးတဝိုက်တွင် ခြုံခို တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။ ယင်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ (၈) ဦး ကျဆုံးသွားပြီး (၁၀) အထက် ထိခိုက်ခဲ့ကြောင်း သိရှိရပါတယ်။+++read more+++
W.P Moses (ပေးပို့လာတဲ့ ကို Lahtaw Lat အား ကျေးဇူးတင်ပါတယ်)

Read more »

Thursday, December 29, 2011

Majan shiga ( JIC news )

Hkawp myitrum manang ni hpe daini, “Tsaw A Wenyi” ngu ai Myen ga shagawp langai hpe grai hkam sha let, bai ka shagun dat sai. Teng sha jawm hkam sha ga yaw. Gaja wa byin ai kaw na lakap ka da ai re.

Hpyenmasa shiga gaw, ya hte Japu ( Malang Yang ) e rim gyit mat wa ai Mungmasha marai 5 (Num langai lawm) yawng hpe bai dat ya masai da. Man hkrum zuphpawng sa wa na ni magang wa ai majaw, myit su masu su dan wa ai rai sam ma ai ngu, maram ai. Shanhte a amyit madung gaw n rai na re i.

Bai, Dap Ba 4 ginra, Dung 8 shara, Magwibaw Bum gasat poi hta Myen ni tsa lam si ru nna anhte a Share Shagan ni gaw, Tai ni lang ai; lashi pala gung a majaw marai 4 hkala ai lam na lu ai

By: JIC : read moreLink_++++++

Read more »

ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်’ ကိစ္စပါစာတ စောင် သျှမ်းတပ်နှစ်ဖွဲ့ထံ လူငယ်များစာရေး

သျှမ်းသံတော်ဆင့်သတင်း

ပြည်ထောင်စုအဆင့် အစိုးရကိုယ်စားနှင့်တွေ့ ဆုံလျှင် ‘ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်’ ဆိုသည့်အချက် မလွဲမသွေ ပါလာမည်ဖြစ်သဖြင့် ထိုကိစ္စအား လက်မှတ် ရေးထိုးခြင်းမပြုရန် သျှမ်းပြည်(မျိုးချစ်) လူငယ်တစ်ရာ နီးပါးက စုပေါင်း၍ သျှမ်းပြည်တပ်မ တော် RCSS/SSA နှင့် SSPP/SSA ထံအိပ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ခဲ့ သည်ဟုသိရပါသည်။( Read More+++click+++)

Read more »

Majan laknak kaba hkra nna Myitkyina e wan bai nsa mat


Myen Hpyen Dap ni laknak kaba gap bun ai majaw Ja Pu mare baw na wan sumri kaba gap hkra nna, Myitkyina mare kaba de wan n lu mat ai lam chye lu ai. +++Read more+++

Read more »

Kalang myi bai awng padang dip

Tsaw ra ai myit su hte myutsaw manaw manang ni hpang de video shagun dat ai.
WP myu tsaw hpyen la ni,,,,Karai Kasang e chyeju marang,kalang mi bai padang dip lu ai lam hpe sharing galaw dat ya ai.....Link mai hpaw yu ai mung dan na ni ndai link kaw hpaw yu ga,,,,link n mai hpaw ai ni a matu attached kaw flv. file hte download da ya ai..
original link from china.
http://blog.sina.com.cn/s/blog_985a37440100wi49.html

Myu sha lam yan hta,( Shawnglam shiga)

Read more »

ဗိုလ်ချုပ်မှုးကြီး ဟောင်း သန်းရွှေ သတိလစ် မေ့မျော

အသက် ၇၉ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ရဲ့  ကျန်းမာရေး အခြေအနေ နဲ့ 
ပတ်သက်ပြီး ရန်ကုန် မြို့  က သူ့ မိသား စု နဲ့  နီးစပ် တဲ့ အကြီးစား စက်မှုလုပ်ငန်း ရှင် တစ်ဦး
က ” တနင်္လာ နေ့ မှာ ကျွန်တော် တို့  စကြားတယ်။ အဖိုးကြီး အိပ်ယာထဲ မျော သွား တယ်လို့ 
သမ္မတရော ၊ ကာကွယ် ရေး ဦးစီးချုပ် ရော အိမ်မှာ အသင့် ရှိနေကြရတယ်။ ကိုမာ လို သတိ
မလည် တော့ မယ့် ပုံစံမျိုး ဖြစ်နေ တယ်။ သူ့ ရဲ့  လုပ်ဖော် ကိုင် ဖက် တွေ က စင်္ကာပူ မှာ သွား
ပြီး ဆေးကု သစေချင် တယ်။ မိသား စု က သဘောမတူ ဘူး” ဒါနောက် ဆုံး သိရတာ ပဲ ဟု
FNG သို့ ပြောသည်။+++++Read more++++++

Read more »

Wednesday, December 28, 2011

Pang lung ga sadi ka hkrang (video)

Read more »

Tuesday, December 27, 2011

Dung 7 Putao de mung Majan man yawng sai

Shara shagu, Dung (7) Putao du, majan matut byin nga ai lam chye lu ai. Mani sha mung, MKA lam Japu ( Malang Yang) e shani tup gasat hkat ai; Mungmasha hte Mungshawa hpyenla nkau mi hpe Myen hpyen ni rim gyit mat wa ai lam mung na lu ai. Kyu hpyi shakut ai lam n mai shayawm na ga ai.


Tsaw ra ai myitrum manang ni hpang de, “q,fausmfouftvGrf;”ngu ai Myen ga shagawp hpe grai hkam sha let, bai mahkret shagun dat ai yaw.
JIC Read more+++Kachin++1
++++Myenmar pdf flie+++++2

Read more »

Monday, December 26, 2011

Simsa Kasa Journal Vol 3

Read more »

Sunday, December 25, 2011

ဒုက္ခသည် များအား ရန်သူဟု နမ့်ခမ်းမြို့ ကယ်ဆယ်ရေး အဖွဲ့ဝင်များပြော

“ဒီလ ၁၇ ရက်နေ့လောက်က ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့ဆိုပြီး ဖွဲ့တယ်။ လ၀ကဦးစီးမှူး ဦးမာကုက ဥက္ကဌပေါ့။ အဖွဲ့ဝင်တွေကတော့ ဌာနဆိုင်ရာ ဦးစီးအရာရှိတွေ။ ဖွဲ့စည်းမှုအစည်းအဝေးမှာ အဖွဲ့ဝင်တွေဖြစ်တဲ့ နမ့်ခမ်းမြို့နယ် ရဲမှူး ဦးတင်ဖေဝင်းနဲ့ မီးသတ်က ဦးစံညွန့် တို့ ၂ ယောက်က - အခု စစ်ပြေးဒုက္ခသည်တွေဆိုတာ ကချင်တွေ သျှမ်းတွေဘဲ။ ကျနော်တို့ကို တိုက်နေတာကလဲ ကချင်တွေ သျှမ်းတွေဘဲ။ သူတို့တွေဟာ ကျနော် တို့ရဲ့ ရန်သူတွေဘဲ။ ခုတော့ ကျနော်တို့ရန်သူကို ကျနော်တို့ ပြန်ပြီးကူညီနေရတယ်” ဟု ပြောဆိုကြောင်းနမ့်ခမ်း ဒေသခံ လူငယ်တဦးကပြောသည်။
Click on link +++ဒုက္ခသည် များအား ရန်သူဟု နမ့်ခမ်းမြို့ ကယ်ဆယ်ရေး အဖွဲ့ဝင်များပြော+++ Read more

Read more »

Saturday, December 24, 2011

Myen a bungsap tsip mung masa (daw 1)

Myen asu ya a mung masa lam ni gaw kaja u ga ngu galaw magang grau she shanut magang,loi loi sha mai galaw tim grau yak hkra shan hte myen ni nan shanut lang,n gup hte tsun ai gaw myu myi ta hte galaw ai gaw myu myi,aw ra wa hpe mai dang masawp ,nang de gaw baw bye ya rai shoi chyum nga lu ai,Ya mung 3 ning ram re jang( tai yin tar )ni hte simsa lam lu sana re nga bai gajai ,Kaja wa myen mung ngwi pyaw simsa na lam gaw myit hpraw san hte galaw yang ,ya ya nan mai byin ai lam lawlaw nga ai.Mungdan mung chying sha ni lu mai ai, lu ging ai ,ahkaw hkang Mungkan mung dan kawn masat ai tara hku jaw dat yang simsa ngwi pyaw na tara lam gaw grin wa na sha rai nga ai.Myen asuya a Lachyum gaw 3 ning ram re jang( taiyin tar) ni hpe lu shamyit sai ngu hku lajang nga malu ai.Grau nna Kachin shamyit masing re nga malu ai.(taiyintar) ni hpe lu shamyit jang shan hte myen sha myen mung ting hpe up sha dang sha lu na ngu ai ting gyeng myit nau tsaw ai ni law malawng re majaw yak nga ai lam re ngu mu mada ai.

Lawu na ning mu hti yu ga: click on+++
d. Panglung ladat hpe hkrang shapraw na matu yak hkak ai lam nnga tim, 2008 MUNG HPAWM GAW DA TARA hte nhtan nshai ai hku sha mai galaw ai rai yang, galaw na raitim mung masa dat kasa ni a kata kaw sha bai galaw ang nga ai. Dai hku galaw na rai yang, laknak lang ai sha n ga, 2008 ning MUNG HPAWM GAW DA TARA a shinggan hku nna shang lawm lu na lam hpaw ya lu na nre majaw, Jinghpaw ni a mung masa hkrun lam hpe da sang myit ra ai hte dawdan ra nga lu ai.
e. Gumsan Magam kaw nna Mali hka madim zawn re ai arang kaba hte ga sadi tawn da ai hpe pyi jahkring kau dan ai shi a mung masa gaw gap lam hpe yu ai shaloi, KIO hte mung masing masa mi n-ang tim, mungdan simsa ai de woi awn shadu mai na rai nga lu ai majaw, wait and see ngu ai gaw Gumsan magam wa a dawdan ai hpe tsun ra na zawn rai nga sai.
f. Mungkan a man hta shakawng dan mayu ai Myen mung Democracy ngu ai a majaw, UN hte human right hpung ni, kaga US mungdan kawn hkawt amyu kaji ni a ntsa majan naw byin ai hpe tsun anyam bun ai hpe mung Gumsan magam wa kade hkam lu na kun? ngu ai hpe sawn shalawm yang gaw, kade nna yang KIO hte Myen asuya lapran simsa wa lu na kun ngu mung yup mang mu shangun mi ai. +++Read more+++click++

Read more »

Daini na shiga gaw,

Mani sha Ntap ( N tat) bum makau na Shadanpa kaw gasat poi byin ai shaloi, Tai ni si ai kade re gaw n chye ai, hkala nba hkrum ai gaw marai 23 re ai hpe , htaw shalai la na matu anhte a Lauban Yup Zau Hkawng hpe, Shanglawt ni kaw ahkang hpyi ya mi ngu lajin wa ma ai da. Yup wa gaw, ngai Majan hte seng nna hpa mung n lu tsun ya ai; Mungmasa bawngban byin na lam sha lapran kaw shakut nga ai re, ngu kau ai da. Ya mung Tatma ni naw ganaw lung wa dingyang re; Tatma 44 ni re, nga ma ai.
By: JIC - Read More+++click on+++

Read more »