Labau leng kri ding yang,An hte Jinghpaw Wunpawng myu sha ni mung Jew masha ni zawn myit ngang ra ai.shakut ra ai,Karai jaw ai lit nan re.Myen tsadan n tara ai gaw mungkan ting chye ai.shan hte myen ni mung chye ai.
Mungkan hta mying gumhkawng lai wa sai laika ka sara ni, mung masa la ni, sut masa la ni, myit sawn hpaji ninghkring ni tsun ai Ga hte dai ni na anhte W.P sha ni hkrum sha nga ai lam hpe myit hkawn ai daram shingdaw let tang madun mayu ai.
Daw (I)
A word to the wise is Sufficient. (Hpaji rawng ai wa gaw ga hkaw mi hte chye na ai) –Rabindranath Tagore (Laika ka sara).Myen gaw hpaji nchye ai wa ngu lu tsun nga ai. Ga hkaw mi sha n ga sai, Ga pyi n kam shaga mat hkra tsun tim n lu ai majaw Lanak lang ai Padang hkrung lam majan shang ra sai ga re.
An honourable death is better than an ignominous life. (Gaya hkrum let sak hkrung nga na hta sari sadang hte si ai gaw grau kaja nga ai) –Cornelius Tacitus (Labau sara).Tinang a amyu maga n lawm ai sha Satan Myen Asuya n pu e gaya hkrum let mayam galaw nga Hpu nau ni hpe ading tawk tsun mayu ai re. Tinang a asak hpe myu hte mungdan a matu ap nawng ya nga ai, ap nawng lai wa sai share shagan ni yawng hpe mun hkungga nngai. N dai lam hpe dai ni anhte ramma ni atsawm myit yu ga.
Censure is the tax a man pays to the public for being eminent. (Shatan jahpyet hkrum ai gaw masha langai a mying gumgawng ai lam a matu jaw ra ai kang re.) –Jonathan Swift (Laika ka Sara). Ya ndai Aten ni hta Anhte KIO/KIA hpe mungkan kaw na n kau mi shatan jahpyet asawng nga ma ai. Hpa hkum tsang yaw Ningbaw kaba ni hte myu tsaw share shagan ni e Lani mi awng padang ngu ai anhte lata na n lawt na re.
Words are weapons. (Ga gaw Laknak re) –Joseph Stalin(Communistism).Ya ndai aten anhte shawng lam majan pa de hkum nan n du lu ai ni gaw tinang nga ai shara hta na byin mai ai daram Ga ngu ai laknak hte Satan Myen asuya hpe Sat ga.
We have entered upon the age of world wars. It will outlast the present and probably the next. (Anhte gaw mungkan majan a lapran asak hkrung nga ra ai. Dai majan gaw ya byin nga ai zawn matut na mung byin nga na re) –Oswald Spengler(German Myit Sawn Ninghkring). Dai ni anhte Wunpawng sha ni mung Kaga lata la n mai sai, Padang hkrunglam majan hte myi man hkrum nga sa ga ai. Dai re majaw kadai mung Myi man n koi kau ai sha n dai majan hta myit lawm hkum lawm jawm Gasat sa wa yang she teng man ai awng padang hte ninglaw lu na re.
Karai Kasang gaw W.P mungdan shanglawt lu hkra lam magup hku shakut shaja nga ai hpu nau ni yawng hpe tut nawng e Shaman bausin ya nga u ga law…………..
Saulang Ting Ying, DEC 12,2011(Mon)
December 12, 2011 (But) ya shani shana daw hkying 3:30pm grup-yin hta hpyen-yen tsin-yam masha ni hpe shinggyim nauna garum ningtum jaw ya na matu UN uhpung ni rai nga ai, UNOCHA (United Nations Office for The Coordination…
December 12, 2011 / No Comment / Read Moreအစိုးရတပ်တွေအနေနဲ့ လက်နက်ကိုင် ကချင်အဖွဲ့တွေကို ထိုးစစ်မဆင်ဖို့ သမ္မတဦးသိန်းစိန်က ညွှန်ကြား ထားတယ်ဆိုပေမဲ့ တိုက်ပွဲတွေကတော့ ဒီနေ့အထိ ရှိနေတုန်းပဲလို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ပြောပါတယ်။ တချိန်တည်းမှာပဲ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေကြရတဲ့ ဒုက္ခသည်တွေအတွက် ကချင်ပြည်နယ် ပြည်ထောင်စုလွှတ်တော်က ကိုယ်စားလှယ်တွေ ဦးဆောင်ပြီး ကူညီထောက်ပံ့မှုတွေကို ပေးနေပါတယ်။ အကြောင်းစုံကို မစုမြတ်မွန်က တင်ပြထားပါတယ်။
ထာဝရငြိမ်းချမ်းရေး အတွက်လို့ဆိုပြီး သမ္မတဦးသိန်းစိန်က ကိုယ်စားလှယ်လွှတ် ဆွေးနွေးတဲ့အထဲမှာပါတဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ လက်နက်ကိုင် KIA တပ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေမလုပ်ဖို့ သမ္မတဦးသိန်းစိန်က ညွှန်ကြားထားပါတယ်။
ကချင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်သလို အမျိုးသားလွှတ်တော်ရဲ့  တိုင်းရင်းသား ရေးရာနဲ့ ငြိမ်းချမ်းရေး ကော်မတီဝင် ဦးခက်ထိန်နန်က ဒီကိစ္စနဲ့ပတ်သက်လို့ သူသိထားတာကို ပြောပြတာက -
“ကျနော် သိသလောက်ပေါ့နော် ဒီဇင်ဘာ ၁၀ ရက်နေ့က သမ္မတက ကာကွယ်ရေးဦးစီးချုပ်ကို ပို့တယ်လို့ ကြားသိရပါတယ်။ အဲဒါ ကျနော်တို့ဘက်က စပြီးမပစ်ဖို့ရယ်၊ ထိုးစစ်မဆင်ဖို့ရယ်ပေါ့နော်။ အဲဒီလို ကြားသိရပါတယ်။”
ခုလို သမ္မတဘက်က ကာကွယ်ရေးဦးစီချုပ် ကြည်းကို လွန်ခဲ့တဲ့ ၂ ရက် ဒီဇင်ဘာလ ၁၀ ရက်ကတည်းက ညွှန်ကြားထားတယ်လို့ဆိုပေမဲ့ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဟာ ဒီနေ့အထိကို ရှိနေတုန်းပဲလို့ KIO အဖွဲ့ ပြောခွင့်ရသူ ဦးလာနန်က ခုလို ပြောပါတယ်။
“ကျနော်တို့ တရားဝင်တော့ ဘာမှမသိပါဘူးခင်ဗျ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့။ ဒါပေမဲ့ ရှေ့တန်းမှာတော့ တိုက်ပွဲတွေဖြစ်နေတုန်းပါပဲ။ ဒါ သူတို့ရဲ့ အတွင်းမှာပဲ ညွှန်ကြားတာဖြစ်ပါလိမ့်မယ်။ သူတို့ အဲဒီလို ပြောဆိုကြတယ်ဆိုပေမဲ့ သူတို့တပ်ဖွဲ့တွေက ပို့နေတုန်းပါပဲ။ အခု စကခ (၁၀) က အစတုန်းကတော့ တပ်ရင်း ၈ ရင်းပို့တယ်။ အခုကတော့ နောက်ထပ် အားလုံးပို့ဖို့ သူတို့က စီစဉ်နေကြတာပဲ။”
KIO အပါအဝင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ ၅ ဖွဲ့နဲ့ ပထမအဆင့် အပစ်အခတ် ရပ်စဲရေးရဖို့အတွက် သမ္မတက ကိုယ်စားလှယ်လွှတ် ဆွေးနွေးနေတာ ဖြစ်ပါတယ်။ KIO နဲ့ နောက်ဆုံးပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီဘက်မှာ ဆွေးနွေးခဲ့ကြပါတယ်။ နောက်ထပ် ဘယ်တော့ ဆွေးနွေးမလဲ ဆိုတာကို မသိရသေးသလို အစိုးရတပ်တွေဘက်က နယ်ကျော်ဝင်ရောက်နေတဲ့ ကိစ္စတွေကို ဆွေးနွေး ရလိမ့်ဦးမယ်လို့ KIO ဘက်က ပြောပါတယ်။ သမ္မတကိုယ်စားလှယ်အဖွဲ့နဲ့ KIO တို့ကြား ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ ဦးခက်ထိန်နန်ကတော့ -read more / bbc,voa news
wunpawng gamung lanya-1 from tingsan on Vimeo.
wunpawng gamung lanya-2 from tingsan on Vimeo.
wunpawng gamung lanya-3 from tingsan on Vimeo.
.ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း Kachin blog မှာ တက်လာတဲ့ ပုံတချို့ပါKIA နဲ့ ဆက်နွယ်သူများ စီစဉ်တဲ့ဘလော့လို့ ယူဆရပါတယ်kia က မီဒီယာ အသုံးပြုမှု အားနည်းနေတယ် သို့မဟုတ် အသုံးပြုမှု မရှိသလောက်ပါပဲ''IRRAWADY BLOG"![]() |
| ကချင်ပြည်နယ်မှာ မြေတူးစက်နဲ့ ရွှေတူးနေပုံပါ |
ကရင်ပြည်နယ် မယ်ဝိုင်-မဲကထိမှ တောင်ငူမြို့အထိ ရှည်သော မြန်မာ့အကြီးဆုံး ရွှေကြောတွင် ရွှေတူးဖော်ခြင်းလုပ်ငန်းများ စတင်နေပြီဟု အငြိမ်းစား ဘူမိဗေဒပါမောက္ခ ဦးစိုးသိန်းက ပြောသည်။ အကြီးမားဆုံး ရွှေကြောဖြစ်ကြောင်းကို သိပ္ပံနည်းကျ မှတ်တမ်းများ၊ ကောင်းကင်ဂြိုဟ်တုမှ ရိုက်ကူးသည့် ဓာတ်ပုံအချက်အလက်များအရ ယခုနှစ်အတွင်းမှ စတင်အတည်ပြုသတ်မှတ်ခဲ့ပြီး ၄င်းရွှေကြောသည် ကရင်ပြည်နယ် မယ်ဝိုင်းဒေသမှ တစ်ဆင့် မွန်ပြည်နယ် ကျိုက်ထီးရိုးဘုရားတောင်ခြေ အရှေ့ဘက် ဖာပွန်မြို့အထိ၊ ပဲခူးတိုင်းဒေသကြီး မြောက်ဘက် ရွှေကျင်၊ ကျောက်ကြီး၊ တောင်ငူမြို့များအနီးထိ တိုင်အောင် အကျယ်အ၀န်းရှိသည်ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။ မြန်မာပြည်မှာ အကြီးဆုံးလို့ ဆိုတဲ့ ရွှေ၊ သတ္တုကြောတွေထက် အဆပေါင်းရာနဲ့ချီ ပိုကြီးမားတယ်၊ ရွှေထွက်နှုန်းကလည်း တချို့နေရာတွေမှာဆို ကျောက်သားနဲ့ ရောနှောနေတဲ့ ရွှေတုံးတွေ မြေပြင်ပေါ်မှာတောင် တွေ့ရတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ပြည်တွင်းကုမ္ပဏီတစ်ခု နုန်းမြေသိုက်တူးပြီး ရွှေတန်နဲ့ချီ ရခဲ့ဖူးတယ်။ ရွှေသားပါဝင်တဲ့ ကျောက်သားတစ်တန်ကို ပျမ်းမျှ ရွှေတစ်ဆယ်သား ထွက်ရှိနိုင်ပြီး ရွှေနှစ်ဆယ်သား အထိတောင် ထွက်နိုင်တဲ့နေရာတွေ အများကြီးရှိတယ်”ဟု ၄င်းက ပြောသည်။ “အခုဆိုရင် မယ်ဝိုင်ဒေသ တစ်လျှောက်မှာ ပြည်တွင်းကုမ္ပဏီလေးခုလောက် ရွှေတူးဖော်တဲ့ လုပ်ငန်း ဆောင်ရွက်နေကြတယ်၊ ရွှေကြောကျွမ်းကျင်တဲ့ ဒေသခံတွေခေါ်ယူပြီး ကျယ်ပြန့်စွာ လုပ်နေကြပြီ။ နောက်ပိုင်း တူးဖော်ခွင့်ရ ကုမ္ပဏီတွေ များလာမှာပေါ့” ဟု ၄င်းက ဆက်လက်ပြောကြားသည်။ အဆိုပါ ရွှေကြောတည်ရှိမှုနှင့် ရွှေထွက်ရှိနိုင်သည့် နေရာဒေသများ၊ ရွှေထွက်ရှိနှုန်းများကို ၂၀၀၄ ခုနှစ်တွင် အငြိမ်းစားဘူမိဗေဒပညာရှင် ဦးအောင်ဆန်းက သိပ္ပံနည်းကျ ကွင်းဆင်း၍ အသေးစိတ် မှတ်တမ်းပြုစုခဲ့ကြောင်း၊ ထွက်ရှိသည့် ရွှေအမျိုးအစားမှာ နိုင်ငံတကာ ရောင်းတမ်းဝင် အရည်အသွေးရှိကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
By:http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A6621999&xgs=1&xg_source=msg_share_post
Jews (Yuda) amyu yawng ngu na wa Babylon (ya na Iraq) de (BC 538) hta bawng dung mat ai hpang, bai wa nna mungdan hpe gawgap la ai labau lasang ginshi hkri yu ga. Babylon ni Yeruslem mare hpe sa htim nna n gun ja ai hte hpaji chye ai mahkawn shabrang yawng Babylon de woi mat wa ai hpang, Yuda mung gaw katsi katsang ji nu she dun numhpu she lun rai mat yu sai.

ဇွန်လ ၉ ရက်မှာ ကေအိုင်အေ ကချင်ငြိမ်း ချမ်းရေးအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးပျက်သွားပြီး ဒုတိယပြည်တွင်းစစ် ဖြစ်ပွားခဲ့ရာမှာ စစ်ပွဲအခြေအနေကို အခုလိုလေ့လာတွေ့ ရှိရပါတယ်။ (တိုက်ပွဲကြီးတွေကို မှတ်တမ်းတင်ထားတဲ့ မပြည့်စုံသေးတဲ့ စာရင်းဖြစ်ပြီး အချက်အလက်အတော် များများကို မြန်မာစစ်တပ် သတင်းရင်းမြစ်တွေနဲ့ ကချင်သ တင်းရင်းမြစ်တွေ တိုက်ဆိုင်စစ်ဆေး အတည်ပြုထားပါ တယ်။ ၂ ယောက် ၃ ယောက်သေတဲ့ တိုက်ပွဲကလေးတွေ ထည့်မထားပါ။)
ဇွန် ၁၇ ရက်က မိုးညှင်းမြို့နယ် ဆင်ဘိုတိုက်ပွဲမှာ ခလရ ၁၄၁ က ၁၇ ယောက်ကျခဲ့တယ်။ ဇူလိုင်၂ ရက်က မိုးညှင်း မြို့ နယ်ထဲ တိုက်ပွဲမှာ ကြံ့ဖွတ်စစ်သား ၂၀၊ ကွတ်ခိုင်မြို့နယ်ထဲမှာ ၁၀ ယောက်ကျခဲ့တယ်။ ဇူလိုင် ၁၆-၁၈ ရက်က လဂျား ယန်မြို့နယ် ခါ့ယာရွာအနီး ၃ ရက်ကြာတိုက်ပွဲမှာ ခလရ ၂၁ က ၂၅ သေ၊ ၂၄ ဒဏ်ရာ၊ ၁၁ စစ်သုံ့ပန်းမိခံရပြီး ၃၄ လက် ဆုံးခဲ့တယ်။ ဇူလိုင် ၂၆ ရက်က ကာမိုင်းတိုက်ပွဲမှာ ခလရ ၁၀၅ က ၁၆ ယောက် သေကြေဒဏ်ရာရခဲ့တယ်။
သြဂုတ် ၂၈-၂၉ ရက် မိုးမောက်မြို့နယ် လွန်ဂျာတောင်တိုက်ပွဲမှာ ကြံ့ဖွတ်စစ်သား ၇ ယောက်ကျခဲ့တယ်။ စက်တင်ဘာ ၁၄-၁၆ ရက်များက ၃ ရက်ကြာ နမ်စန်ပတိုက်ပွဲမှာ ခလရ ၃၇ နဲ့ ခမရ ၄၃၈ က အယောက် ၄၀ လောက်ကျခဲ့တယ်။ စက်တင်ဘာ ၁၈ ရက် မုံးကိုး တိုက်ပွဲမှာ ခလရ ၃၆ နဲ့ ခလရ ၂၉၀ က ၇ ယောက်ကျသွားတယ်။ စက်တင်ဘာ ၂၁ ရက် မှာ မူဆယ်မြို့နယ် ရွှေပြည်သစ်ရဲဘက်စခန်းကို ဝင်စီးပြီး ရဲ ၈ ယောက်ဖမ်း၊ အကျဉ်းသား ၅၂ ယောက်ကို လွှတ်ပေး လိုက်တယ်။ ကွတ်ခိုင်နယ်မှာ စက်တင်ဘာ ၂၄-၃၀ ရက်ထိ ၆ ရက်ကြာ တပ်မဟာ ၄ စခန်းသိမ်း စစ်ဆင် ရေးအတွင်း ကြံ့ဖွတ်စစ်သား ၁၅၀ လောက်ထိခဲ့တယ်။
အောက်တိုဘာ ၄ ရက် ဆင်ဘို ဂျာအိန်ယန်တိုက်ပွဲမှာ ကြံ့ဖွတ်စစ်သား ၄၀ လောက်ထိခဲ့တယ်။ အောက်တိုဘာ ၁၃ ရက်က မိုးမောက်မြို့နယ်တွင်း တိုက်ပွဲတပွဲမှာ ခလရ ၄၇ က ၇ ယောက်ကျသွားတယ်။ အောက်တိုဘာ ၁၂-၁၆ ရက် ဝိုင်းမော်မြို့နယ် ဂါရားယန်မှာ ၅ ရက်ကြာတိုက်ပွဲအတွင်း ကြံ့ဖွတ်စစ်သား ၃၀ ကျခဲ့တယ်။ အောက်တိုဘာ ၁၆ ရက် မိုးမောက်မြို့နယ် လွန်ဂျာတောင်တိုက်ပွဲမှာ ကြံ့ဖွတ်စစ်သား ၂၀ ကျခဲ့တယ်။ အောက်တိုဘာ ၁၂ ရက် မြစ်ကြီးနားမြို့ နယ် ဖရော်ရွာတိုက်ပွဲမှာ အစိုးရတပ် ၁၂ ယောက်ကျခဲ့တယ်။ အောက်တိုဘာ ၁၂ ရက် မန်စီ-မိုင်းခေါင်လမ်း မိုင်း စစ်ဆင်ရေးမှာ ခလရ ၄၇ က ၈ ယောက်ကျခဲ့ တယ်။ အောက်တိုဘာ ၂၇ ရက် ဂျအင်းယန်တိုက်ပွဲမှာ ဗမာစစ်တပ်က ၁၆ ယောက်ကျပြီး ၂၃ ယောက်ဒဏ်ရာရခဲ့တယ်။ အောက်တိုဘာ ၂၆ ရက် စွမ်ပရာဘွမ်လမ်း ဒရူခတံတားစောင့်စခန်း ကိုစီးတာ ခလရ ၁၃၈ က ၉ ယောက်ကျသွားတယ်။
နိုဝင်ဘာ ၁ ရက် မိုးမောက်မြို့နယ် ခဝန်ဘန်တိုက်ပွဲမှာ ဗမာတပ်က ၁၀ ယောက်ကျခဲ့တယ်။ နိုဝင်ဘာ ၂ ရက် ဝိုင်း မော်မြို့နယ် ဂါးရာယန်တိုက်ပွဲမှာ ခလရ ၅၈ နဲ့ ခမရ ၃၉၀ က ၁၆ ယောက်ကျခဲ့တယ်။ နိုဝင်ဘာ ၆ ရက် မန်ဝိန်း-ကိုင် ထိပ်လမ်း တိုက်ပွဲမှာ ခမရ ၅၀၄ နဲ့ ၅၀၅ က ၇ ယောက်ကျ သွားတယ်။ နိုဝင်ဘာ ၁၁ ရက် ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲ တပွဲမှာ ဗမာစစ်သား ၁၂ ယောက်ကျသွားတယ်။ နိုဝင်ဘာ ၁၇ ရက်က အင်တပ်ဘွမ် တောင်ကြော တိုက်ပွဲ မှာ ကြံ့ဖွတ်အစိုးရတပ်မ ၈၈ က အနည်းဆုံး ၃၇ ယောက် သေပြီး ရာနဲ့ချီဒဏ်ရာရခဲ့တယ်။ နိုဝင်ဘာ ၂၄ ရက်မှာ ကိုင်ထိပ်စခန်းက ထွက်လာတဲ့ ကြံ့ဖွတ်တပ်ကို ခြုံခိုတိုက် လို့ ၂၀ ကျော်ကျသွားတယ်။ နမ်းခမ်း-မံဝိန်းလမ်းမှာလဲ ပဒေသာမိုင်းစစ်ဆင်ရေး ကြောင့် ၁၀ ယောက်ကျော်ကျ သွားခဲ့တယ်။
ဒါ့အပြင် အခု ကေအိုင်အေလက်ထဲ သုံ့ပန်းမိထားတာ ဗိုလ်မှူး ဗိုလ်ကြီးစတဲ့ အရာရှိတွေ တော်တော်များနေပါပြီ။
ရှမ်းပြည်တပ်မတော်ငြိမ်းအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးပျက်တဲ့ ဒီနှစ် မတ်လ ၁၃ ရက်နေ့ကနေ အောက်တိုဘာလအထိ ကြံ့ဖွတ်အစိုးရစစ်သား ၇၀၀ လောက် ကျခဲ့ပြီး နောက်ထပ် ၇၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
ဗိုလ်မှူးချုပ်စောလားပွယ်ခေါင်းဆောင်တဲ့ ဒီကေဘီအေ နဲ့ တနှစ်တာတိုက်ပွဲအတွင်းမှာလဲ နအဖ-ကြံ့ဖွတ်စစ်သား ၁၂၀၀ လောက် သေကြေဒဏ်ရာရခဲ့ပါတယ်။
ကေအဲန်ယူ ကတော့ ၂၀၁၁ ခု ဇန်နဝါရီလကနေ အောက်တိုဘာလအတွင်း တိုက်ပွဲပေါင်း ၁ ၁၀၀ ကျော်တိုက်ခဲ့ပြီး ကြံ့ ဖွတ်စစ်သား ၂၀၀၀ လောက်ကို သေကြေဒဏ်ရာရစေခဲ့ပါတယ်။
အထက်က ကိန်းဂဏန်းတွေကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ကို မောင်သိန်းစိန် အသဲအသန်စည်းရုံးနေတာ ဘာ ကြောင့်လဲ ရှင်းနေပါတယ်။ ဒီကနေ့ကာလဟာ ၁၉၄၂ ဒီဇင်ဘာ ၂၆ ရက်ကစခဲ့တဲ့ ခေတ်သစ်မြန်မာ့တပ်မတော် သမိုင်း မှာ စွမ်းရည်သုံးရပ် အနိမ့်ဆုံးအချိန် ဖြစ်နေပါတယ်။ ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေကို ရာနှုန်းပြည့်အကောင် အထည် ဖော်ဖို့၊ တနည်းအားဖြင့် လမ်းပြမြေပုံ နောက်ဆုံးအဆင့်ကို အကောင်အထည်ဖော်ဖို့ ဧရာမအဟန့်အတားကြီးကို ကြံ့ ဖွတ်စစ်အစိုးရ ရင်ဆိုင်နေရရှာပါတယ်။ ဒီကေဘီအေကစခဲ့တဲ့ ဒုတိယပြည်တွင်းစစ်ဟာ ကေအိုင်အေမှာ အထွတ်အထိပ် ရောက်သွားပြီး ဒီအချိန်မှာ ကေအိုင်အေထက် လူအင်အား လက်နက်အင်အား တိုက်စွမ်းရည် ပိုကောင်းတဲ့ ဝ အဖွဲ့ စစ်ပွဲ ထဲပါမလာဖို့၊ မြန်မာပြည်အရှေ့ပိုင်း တောင်ပိုင်း အလယ်ပိုင်းတွေမှာ၊ မြို့ပြတွေမှာ နောက်ကျောလုံဖို့အရေးဟာ ကြံ့ဖွတ် အစိုးရအတွက် သေရေးရှင်ရေး ဖြစ်လာပါတယ်။ ဒီနေ့ ဒီမိုကရေစီနဲ့ တိုင်းရင်းသားအရေးကို ကချင်စစ်မြေပြင်၊ ကရင်စစ် မြေပြင်၊ ရှမ်းစစ်မြေပြင်တွေမှာ ဆုံးဖြတ်နေတယ်လို့တောင် ပြောနိုင်ပါတယ်။ လွှတ်တော် ဆိုတာက ဒုတိယတန်းအဆင့် ရောက်သွားပါပြီ။
xxx
ကေအိုင်အေကတော့ အပစ်အခတ်ရပ်စဲရေး-ငြိမ်းချမ်းရေးအတွက် ပင်လုံအလံတော်ကို စွဲစွဲမြဲမြဲနဲ့ အမြင့်မားဆုံးလွှင့်ထူ နေပါတယ်။
စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာတော့ ကြံ့ဖွတ်အစိုးရကိုယ်စားလှယ်တွေဟာ မိုင်းလားနဲ့ ဝ ငြိမ်းချမ်းရေးအဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေးစာချုပ်တွေ လက်မှတ်ထိုးခဲ့ပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့မှာလဲ ဒီကေဘီအေနဲ့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးခဲ့ပါတယ်။ ဒါတွေဟာ တိုင်းရင်းသားအရေးတော်ပုံလမ်းကြောင်းပေါ်က အရေးပါတဲ့မှတ်တိုင်တွေ ဖြစ်သွား ပါတယ်။ ဘာကြောင့်လဲဆိုတော့ …
၁၉၈၉ ခုကစတင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေမှာ နှစ်ဖက်လက်မှတ်ထိုးခဲ့တာ (ကေအိုင်အိုက လွဲ လို့) တခါမှ အစဉ်အလာမရှိခဲ့ပါဘူး။ လူကြီးလူကောင်း သဘောတူညီချက်ဆိုပြီး လေနဲ့သဘောတူခဲ့ကြတာတွေ ဖြစ်ပါ တယ်။ နှစ်ဖက်လက်မှတ်ထိုးထားတာ မဟုတ်ပေမဲ့ “တဖက်အဖွဲ့အစည်းများ လိုက်နာရန်” ဆိုပြီး စည်းကမ်းချက် ၁၀ ချက်တို့ ၁၃ ချက်တို့ကို မလိမ့်တပတ်နဲ့ အကြပ်ကိုင် လိုက်နာခိုင်းပါသေးတယ်။ ဒီစည်းကမ်းချက်တွေထဲမှာ သတ်မှတ် နယ်မြေထဲမှာပဲ နေရမယ်၊ တပ်အင်အားမတိုးချဲ့ရ၊ စစ်သင်တန်းမပေးရ၊ အခွန်မကောက်ရ၊ အုပ်ချုပ်ရေး မချရ ဆိုတာ တွေအပြင် မြို့ပေါ်နိုင်ငံရေးပါတီတွေ၊ အစိုးရဆန့်ကျင်ရေးအဖွဲ့တွေနဲ့ မဆက်သွယ်ရ လို့လဲ ကွပ်ညှပ် ကန့်သတ်ထားပါ တယ်။
အခု ငြိမ်းချမ်းရေးသဘောတူချက်တွေမှာတော့ ဒီစည်းကမ်းချက်တွေ ကန့်သတ်ချက်တွေ မထည့်နိုင်တော့ပါ။ (နောင်မှာ ကလိမ်ကကျစ်နဲ့ ထည့်လာမှာကို သတိရှိရှိတားဆီးရပါလိမ့်မယ်။) ဝ၊ မိုင်းလား တို့နဲ့ သဘောတူညီချက် ၄ ချက်ထဲမှာ နှစ်ဖက်မတိုက်ခိုက်ရေး၊ နှစ်ဖက်အကျိုးတူကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေး၊ မိမိနယ်မြေကျော်လှုပ်ရှားရာမှာ ကြို တင်ညှိနှိုင်းအကြောင်းကြားရေးနဲ့ ယခင်အတိုင်း စီးပွားရေးလုပ်ငန်းများလုပ်ခွင့် တို့ကိုပဲပြောထားပါတယ်။ ဝ နဲ့ သဘော တူချက်မှာဆိုရင် တချက်ထပ်တိုးပြီး နိုင်ငံတော်အစိုးရမှတဆင့် နိုင်ငံခြားတိုင်းပြည်များနဲ့ ဆက်ဆံခွင့်ကိုပါ ပေးထားရပါ တယ်။ တကယ်တော့ ဝ နဲ့ မိုင်းလား တို့ဟာ “လက်နက်စွဲကိုင် တိုက်ခိုက်ရခြင်း မရှိဘဲ ရန်သူကိုအောင်မြင် ခြင်းမျိုးသည် သာ စစ်အတတ်ပညာကျွမ်းကျင်မှု၏ အမြင့်ဆုံး” လို့ ရှေးဟောင်းတရုတ်စစ်ပါရဂူ စွန်ဇူးပြောခဲ့သလို အောင်မြင်သွားတာ ဖြစ်ပါတယ်။ (နဝတ-နအဖ စစ်အစိုးရကလဲ ပလောင်၊ ပအိုဝ်း ငြိမ်းအဖွဲ့တွေအပေါ် ဒီ စွန်ဇူးနည်းနဲ့ သေနတ်တချက်မ ဖောက်ရဘဲ အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့ဖူးပါတယ်။)
ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့နဲ့ သဘောတူစာချုပ်ထဲမှာလဲ နှစ်ဖက်မတိုက်ခိုက်ရေး၊ ဒီကေဘီအေ ဗဟိုဌာနချုပ် ဆုံဆည်းမြိုင်ဝန်းကျင်က ကြံ့ဖွတ်တပ်တွေ ပြန်ဆုတ်ပေးရေး၊ ဆက်ဆံရေးရုံးတွေ ပြန်ဖွင့်ရေးနဲ့ မိမိနယ်မြေကျော် လှုပ် ရှားရာမှာ ကြိုတင်ညှိနှိုင်း အကြောင်းကြားရေးတို့ပဲ ပါဝင်ပါတယ်။
နှစ် ၂၀ အပစ်ရပ်အတွေ့အကြုံတွေအရ ၁၉၈၉-၁၉၉၅ တုံးကလို တနပ်စားငြိမ်းချမ်းရေးမျိုး ဘယ်လိုမှပြန်မဖြစ်နိုင်တော့ ပါဘူး။ ဒါကြောင့် ဒီမှတ်တိုင်တွေဟာ ဂိတ်ဆုံးမရောက်ခင် အရေးကြီး ကြားစခန်းတွေ ဖြစ်သွားပါပြီ။ ကေအိုင်အေ ရဲ့ ဂိတ်ဆုံးဖြစ်တဲ့ ပင်လုံအလံတော်ဟာ တကယ်တော့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းအားလုံးရဲ့ ဂိတ်ဆုံးလဲ ဖြစ်နေပါတယ်။
နှစ် ၂၀ ဥပမာတခု ပြရရင် ၁၉၉၆-၉၇ လောက်မှာ စဝ်ဆေ ထင်ခေါင်းဆောင်တဲ့ မူလလက်ဟောင်း အက်စ်အက်စ် အေ ငြိမ်းအဖွဲ့ (ယခု အက်စ်အက်စ်အေ-မြောက်ပိုင်း)၊ စဝ်ကန်းရွက်ခေါင်းဆောင်တဲ့ ခွန်ဆာခွဲထွက် အက်စ် အက်စ်အဲန်အေ ငြိမ်းအဖွဲ့နဲ့ စဝ်ရွက်ဆစ်ခေါင်းဆောင်တဲ့ အက်စ်ယူအာရ်အေ ဆိုတဲ့ ရှမ်း ၃ ဖွဲ့ဟာ ခွန်ထွန်းဦး ကို နာယကတင်ပြီး အက်စ်အက်စ်အေ တဖွဲ့တည်းအဖြစ် ပေါင်းစည်းဖို့ ညှိနှိုင်းစီစဉ်ခဲ့ပါတယ်။ ဒါကို နဝတ သန်းရွှေ နဲ့ ထောက်လှမ်းရေး ခင်ညွန့်တို့က အမျိုးမျိုးသွေးထိုး ဖျက်ဆီးခဲ့ပါတယ်။ တလောက နအဖ ထောက်လှမ်းရေး ဟောင်း ဗိုလ်အောင်လင်းထွဋ် ပြောသလို တဖွဲ့တည်း ပေါင်းစည်းအောင် အားပေးခဲ့တယ်ဆိုတာ လုံးဝမဟုတ်ပါ။ ‘ဟိုလူတွေက ဘိန်းအဖွဲ့တွေ။ ဗိုလ်ချုပ်တို့အဖွဲ့လို နိုင်ငံ ရေးရှိတဲ့အဖွဲ့ မဟုတ်ဘူး။ ပေါင်းရင်မှားလိမ့်မယ်၊ နာမယ်ပျက် လိမ့်မယ်’ လို့ ဗိုလ်ချုပ်ဆေထင်ကို လာတွန်းလိုက်၊ ‘ဟို အဖွဲ့က ဝါရင့်အဖွဲ့ကြီးနော်၊ ဗိုလ်မှူးတို့ကိုမျိုသွားလိမ့်မယ်၊ နောက် ဆုံး တပ်မဲ့လက်မဲ့ကျန်ရစ်ခဲ့မယ်’ လို့ ဗိုလ်မှူးကန်းရွက် တို့ကို လာချွန်လိုက် လုပ်ခဲ့တာ နအဖ ထောက်လှမ်းရေးတွေ ဖြစ် ပါတယ်။ ဒီလိုဂတုံးဂတိုက်လုပ်ရုံ တင်မက စစ်ရေး စီး ပွားရေးခြိမ်းခြောက်မှုတွေလဲ လုပ်ခဲ့ပါတယ်။ ဒါကြောင့် တဖွဲ့တည်း ပေါင်းရေးကို လက်လျှော့ခဲ့ရပြီး SSPC ရှမ်းပြည်ငြိမ်း ချမ်းရေးကောင်စီကိုပဲ ရှမ်းငြိမ်း ၂ ဖွဲ့က တပ်ပေါင်းစုသဘောမျိုး ဖွဲ့ခဲ့ ရပါတယ်။ (ဒါကိုလဲ နအဖ က အသိအမှတ်မပြုခဲ့ပါ။) အက်စ်ယူအာရ်အေ လဲ ငြိမ်းချမ်းရေးမလုပ်နိုင်တော့ဘဲ ပေါင်းစည်း ရေးသဘောတူညီချက် အစိတ်အပိုင်းအဖြစ် အက်စ် အက်စ်အေ နာမည်ပြောင်း၊ ဘက်တံဆိပ်ပြောင်းတာလောက်ပဲ လုပ် နိုင်ခဲ့ပါတော့တယ်။
xxx
ကမ္ဘာပေါ်က တခြားအာဏာရှင်နိုင်ငံ ဒီမိုကရေစီတော်လှန်ရေးနိုင်ငံများနဲ့ ဗမာပြည် အဓိကကွာခြားချက်က တိုင်းရင်း သားပြဿနာ ဖြစ်ပါတယ်။ နောက်ဆုံးဖြစ်သွားတဲ့ လစ်ဗျား၊ ဆီးရီးယား၊ အိဂျစ်၊ ကျူနီးရှားဖြစ်ဖြစ် အစောပိုင်းက ဆား ဘီးယား၊ ယူကရိန်း၊ ဂျော်ဂျီယာဖြစ်ဖြစ်၊ ဒီထက်စောတဲ့ ဖိလိပိုင်၊ ထိုင်း၊ တောင်ကိုးရီးယား၊ တိုင်ဝမ်၊ အင်ဒိုနီးရှား ဖြစ်ဖြစ် တိုင်းရင်းသားပြဿနာတွေဟာ ဗမာပြည်မှာလောက် မပြင်းထန် မနက်ရှိုင်း မကျယ်ပြန့်ကြပါဘူး။ ဒါကြောင့် ဗမာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံဟာ အဲဒီနိုင်ငံတွေလို ပုံမှန်လမ်းကြောင်းအတိုင်း ဘယ်လိုမှပြီးမသွားနိုင်ပါဘူး။ တိုင်းရင်းသား အားလုံးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မပါလို့မရသလို တန်းတူရေး-ကိုယ်ပိုင်အုပ်ချုပ်ရေး-ပူးတွဲ လွတ်လပ်ရေးတို့ မပါဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေး ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
xxx
မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအရေးကြိုးပမ်းချက်လမ်းကြောင်းမှာ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်ဟာ ပထမဆုံးမှတ်တိုင် ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာ ရှမ်း ကချင် နဲ့ ချင်း တိုင်းရင်းသားတွေဟာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဗမာပြည်မ အစိုးရနဲ့ တန်းတူရေး-အပြည့်အဝကိုယ်ပိုင်အုပ်ချုပ်ရေး-ပူးတွဲလွတ်လပ်ရေးတို့ကို သဘောတူစာချုပ် လက်မှတ်ထိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီပင်လုံစာချုပ်ဟာ ဗိုလ်ချုပ်ကျဆုံးပြီးနောက်မှာ တခြားတိုင်းရင်းသားတွေအတွက် အကြုံးမဝင် သလိုလိုဖြစ်ခဲ့လို့ လက်မှတ်ထိုးရာမှာ သီးသန့်မပါဝင်ခဲ့ရတဲ့ ကရင် ကရင်နီ မွန် ရခိုင် ပအိုဝ်း တိုင်းရင်းသားတွေဟာ ဒီအခွင့်အရေးသုံးခုကို လက်နက်ကိုင်တိုက်ပွဲနည်းနဲ့ ရယူဖို့ ကြိုးစားခဲ့ရပါတယ်။ ဒါကြောင့် ရခိုင်က ၁၉၄၇ ခု ဇွန်လမှာ၊ ကရင်နီက ၁၉၄၈ ခု သြ ဂုတ်လ ၉ ရက်မှာ၊ မွန်က ၁၉၄၈ ခု သြဂုတ်လ ၁၉ ရက် ဝါခေါင်လပြည့်မှာ၊ ပအိုဝ်း က ၁၉၄၉ ခု ဒီဇင်ဘာ ၁၁ ရက်မှာ လက်နက်ကိုင်တော်လှန်ရေးတွေ အသီးသီးစတင်ခဲ့ပါတယ်။ တနည်းပြောရရင် ဒီနေ့ရက်တွေဟာ တိုင်းရင်းသားတန်း တူရေးလမ်းကြောင်းပေါ်က မှတ်တိုင်တွေ ဖြစ်ခဲ့ပါတယ်။
ဒီအထဲမှာ ၁၉၄၉ ခု ဇန်နဝါရီ ၃၁ ရက်နေ့ ဟာ အဓိကမှတ်တိုင်ကြီးတခု ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနေ့ မှာ ဗမာပြည်ရဲ့ အဓိကတိုင်းရင်းသားလူမျိုးကြီးတစုဖြစ်တဲ့ ကရင်တိုင်းရင်းသားတွေက လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့လို့ ဖြစ်ပါတယ်။
ပင်လုံစာချုပ်ပါအခွင့်အရေးတွေကို အတိုင်းအတာတခုအထိ ခံစားနေရတဲ့ ရှမ်း ကချင် ချင်း တိုင်းရင်းသားတွေကတော့ လက်နက်ကိုင်တိုက်စရာမလိုဘဲ အေးဆေးနေခဲ့ပေမဲ့ တစတစနဲ့ တန်းတူရေး-ကိုယ်ပိုင်အုပ်ချုပ်ရေး-လွတ်လပ်ရေးတွေ ဆုံးရှုံးလာတာကြောင့် ၁၉၅၈ ခု မေလ ၂၁ ရက်နေ့မှာ ဗမာပြည်ရဲ့ အဓိကတိုင်းရင်းသား လူမျိုးစုကြီးဖြစ်တဲ့ ရှမ်း အမျိုး သားတွေဟာ လက်နက်ကိုင်တော်လှန်ရေးလုပ်လာသလို အရေးပါလှတဲ့ ကချင်တိုင်းရင်းသားတွေကလဲ ၁၉၆၁ ခု ဖေ ဖော်ဝါရီ ၅ ရက်နေ့မှာ ပုန်ကန်ခဲ့ကြပါတယ်။ ဒီနှစ်ခုဟာလဲ အဓိကမှတ်တိုင်ကြီးတွေ ဖြစ်သွားခဲ့ပါတယ်။
ဒီနောက်မှာတော့ ၁၉၆၁ ခုမှာ မြေပြန့်ချင်းနဲ့ ၁၉၆၄ ခုမှာ တောင်ပေါ်ချင်း၊ ၁၉၆၃ ခုမှာ ပလောင်၊ ၁၉၆၄ ခုမှာ ကယန်း၊ ၁၉၆၆ ခုမှာ တကျော့ပြန်ပအိုဝ်း၊ ၁၉၆၇ ခုမှာ တကျော့ပြန်ရခိုင်၊ ၁၉၇၂ ခုမှာ အခါ၊ ၁၉၇၃ ခုမှာ လားဟူ စသဖြင့် တိုင်း ရင်းသားပေါင်းစုံက တန်းတူရေး-အပြည့်အဝကိုယ်ပိုင်အုပ်ချုပ်ရေး-လွတ်လပ်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲမှတ် တိုင်တွေ စိုက်ထူလာခဲ့ကြပါတယ်။ ဒီကနေ့မှာတော့ ဗမာလူမျိုးတွေပါ လွတ်လပ်ရေးဆုံးရှုံးနေပြီး စစ်တပ် ကိုလိုနီဘဝ ကျရောက်တဲ့အခြေ ဆိုက်နေပါပြီ။
ဥပဒေဘောင်အတွင်းမှာတော့ ၁၉၆၁ ဇွန်လ တောင်ကြီးညီလာခံနဲ့ ၂၀၀၄ ဇွန်လ ညောင်နှစ်ပင်ညီလာခံ ၁၃ ဖွဲ့ စာတမ်း တွေဟာ တိုင်းရင်းသားအရေးမှာ အဓိကမှတ်တိုင်တွေအဖြစ် မော်ကွန်းတင်ခဲ့ပါတယ်။
၁၉၈၉ ခုမှာစခဲ့တဲ့ ဝ ရှမ်း ကချင် မွန် ကရင်ခွဲထွက်တို့ရဲ့ အပစ်ရပ်သဘောတူချက်တွေဟာလဲ အရေးပါတဲ့မှတ်တိုင် တွေ ဖြစ်ခဲ့ပါတယ်။ ဒီနှုတ်ကတိသဘောတူချက်တွေအောက်မှာ တိုင်းရင်းသားတွေဟာ တန်းတူရေး-ကိုယ်ပိုင်အုပ်ချုပ်ရေး-လွတ်လပ်ရေးတို့ကို တွေ့ဆုံဆွေးနွေး-အကြမ်းမဖက်တဲ့နည်းနဲ့ လုံးပမ်းခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ နဂိုရပြီးသားအခွင့် အရေး တွေပါ ဆုံးရှုံးလာခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၀၅ ခုနှစ်မှာ ပလောင်ငြိမ်းချမ်းရေးအဖွဲ့ နဲ့ အက်စ်အက်စ်အဲန်အေ ရှမ်း ငြိမ်းချမ်း ရေးအဖွဲ့၊ ၂၀၀၇ ခုမှာ ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့၊ ၂၀၀၉ ခုမှာ အဲန်ဒီအေ-ကေ ကချင်ငြိမ်းချမ်းရေးအဖွဲ့တွေ “ငြိမ်းချမ်းစွာ” ပျက်သုဉ်းသွားခဲ့သလို ၂၀၀၀ ခုနှစ်မှာ မုန်းကိုးအဖွဲ့၊ ၂၀၀၉ ခုမှာ MNDAA ကိုးကန့်ငြိမ်းအဖွဲ့ “အကြမ်းဖက်” ချေမှုန်းခံခဲ့ရ ပါတယ်။
xxx
ဒီကနေ့ ပြည်မအစိုးရတပ်တွေ တိုင်းရင်းသားနယ်မြေ တွေကို ကျူးကျော်သိမ်းပိုက်တပ်စွဲထားပုံကို အခုလို တွေ့နိုင်ပါတယ်။ (မပြည့်စုံသေးတဲ့စာရင်းဖြစ်လို့ လက် တွေ့မှာ ဒီ့ထက်များနိုင်ပါတယ်၊ လျော့ဖို့မရှိပါ။)
ကချင်ပြည်နယ်မှာ ၁၉၆၂ ခုဝန်းကျင်က ခြေလျင်တပ်ရင်း ၉ ရင်းလောက်ပဲရှိခဲ့ရာက အခုဆိုရင် မပခ လက်အောက် ခံ ၂၁ ရင်း၊ ဒကစ(တနိုင်း) လက်အောက်ခံ ၅ ရင်း၊ စကခ-၃ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂၁ လက် အောက်ခံ ၈ ရင်း စုစုပေါင်း ခြေလျင်/ခြေမြန်တပ်ရင်း ၄၄ ရင်းနဲ့တကွ မစခ-၉၀၄ လက်အောက်ခံ အမြောက်တပ် ၁၀ ရင်း၊ သစခ-၇၂ လက်အောက်ခံ တင့်ကား/သံချပ်ကားတပ်ရင်း ၃ ရင်း၊ လစခ-၉ လက်အောက်ခံ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်း ၇ ရင်းနဲ့ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်တို့ တပ်စွဲထားကြပါတယ်။
ကယားပြည်နယ်မှာ ၁၉၆၂ ခု ဝန်းကျင်က တပ်ရင်း ၁ ရင်းဘဲ ရှိခဲ့ရာက အခုတော့ ဒကစ(လွိုင်ကော်) လက်အောက်ခံ ၁၀ ရင်း၊ စကခ-၇ လက်အောက်ခံ ၄ ရင်း စုစုပေါင်း ၁၄ ရင်း ရှိနေပါပြီ။ မစခ-၉၀၃ လက်အောက်ခံ အမြောက်တပ် ၃ ရင်းလဲ ရှိနေပါတယ်။ ဒါ့အပြင် ကရင်နီမျိုးနွယ်ဖြစ်တဲ့ ကယန်းဒေသမှာလဲ နပတ လက်အောက်ခံ ၃ ရင်း၊ ရပခ လက် အောက်ခံ ၁ ရင်း၊ စကခ-၇ လက်အောက်ခံ ၂ ရင်း၊ ပေါင်း ၆ ရင်း တပ်ချထားပါတယ်။ ၁၉၈၈ မတိုင်ခင်က ကယန်းဒေ သမှာ ပြည်မအစိုးရတပ် တရင်းမှမရှိခဲ့ပါဘူး။
ကရင်ပြည်နယ်မှာတော့ ၁၉၆၂ ခုလောက်က တပ်ရင်း ၅ ရင်းလောက်ပဲ အများဆုံးရှိခဲ့ပါတယ်။ အခုအခါမှာတော့ ရတခ လက်အောက်ခံ ၁၃ ရင်း၊ တပခ လက်အောက်ခံ ၁၁ ရင်း၊ တပ်မ-၂၂ လက်အောက်ခံ ၅ ရင်း၊ စကခ-၁၂ လက်အောက်ခံ ၁၀ ရင်း၊ စုစုပေါင်း တပ်ရင်း ၃၉ ရင်း ရှိနေပါတယ်။ မစခ-၆၀၆ လက်အောက်ခံ အမြောက်တပ် ၄ ရင်း လဲ ရှိပါတယ်။ ဒါ့အပြင် ထားဝယ်၊ ကရင်နဲ့ မွန်တိုင်းရင်းသားတွေ ရောပြွမ်းနေထိုင်တဲ့ တနင်္သာရီတိုင်းမှာလဲ တချိန်က တပ်ရင်း ၂ ရင်း ဘဲရှိခဲ့ရာက အခုတော့ ကရခ လက်အောက်ခံ ၁၆ ရင်း၊ စကခ-၈ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၃ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂၀ လက်အောက်ခံ ၁၀ ရင်း၊ စုစုပေါင်း ၄၆ ရင်းအပြင် မစခ-၅၀၅ လက်အောက်ခံ အမြောက်တပ်ရင်း ၁၂ ရင်း၊ လစခ-၂ လက်အောက်ခံ လေကြောင်းရန်ကာကွယ်ရေး ၁၁ ရင်းနဲ့ မြိတ်လေတပ်စခန်း ဌာနချုပ်၊ တနင်္သာရီ ရေတပ်စခန်းဌာနချုပ်တို့ တပ်စွဲထားပါတယ်။
ချင်းပြည်နယ်မှာ ၁၉၆၂ ခုနှစ်က တပ်ရင်းတရင်းမှ မရှိခဲ့ပေမဲ့ အခုတော့ နမခ လက်အောက်ခံ ၃ ရင်း၊ ဒကစ (ကလေး) လက်အောက်ခံ ၃ ရင်း၊ စုစုပေါင်း ၆ ရင်း ရှိနေပါတယ်။ (ဒီထဲမှာ အာဏာရှင်ဟောင်း နေဝင်းရဲ့ လက်ရင်းတပ်ဖြစ်ခြင်း ပြစ်မှုနဲ့ ရန်ကုန်ကနေ မတူပီကို နယ်နှင်ဒဏ်ပေးခံရတဲ့ သနက ၄ တဖြစ်လဲ ခမရ ၃၀၄ ပါဝင်ပါတယ်။) ဒါ့အပြင် ချင်း ပြည်နယ်ထဲမဟုတ်ပေမဲ့ ချင်းတိုင်းရင်းသားတွေကို ခြိမ်းခြောက်တပ်စွဲထားတဲ့ ဒကစ(ကလေး) လက်အောက်ခံ ၃ ရင်း၊ စကခ-၁၀ လက်အောက်ခံ ၃ ရင်း ပေါင်း ၆ ရင်းနဲ့ မစခ-၉၀၄ လက်အောက်ခံအမြောက်တပ်ရင်း ၂ ရင်းလဲ ရှိပါသေး တယ်။
နာဂနယ်မြေမှာ ၁၉၆၂ ခုတုံးက ခန္တီးမှာ တရင်းဘဲ တပ်စွဲခဲ့ပါတယ်။ အခုတော့ ဒကစ(တနိုင်း) လက်အောက်ခံ ၁ ရင်း၊ ဒကစ(ကလေး) လက်အောက်ခံ ၄ ရင်း၊ စုစုပေါင်း ၅ ရင်း တပ်ချထားပါတယ်။
မွန်ပြည်နယ်မှာ ၁၉၆၂ ခုတုံးက ခြေလျင်/ခြေမြန်တပ်ရင်း ၆ ရင်းချထားခဲ့ပါတယ်။ အခုတော့ ရတခ လက်အောက်ခံ ၃ ရင်း၊ တပ်မ-၂၂ လက်အောက်ခံ ၅ ရင်း၊ တပ်မ-၄၄ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၉ လက်အောက်ခံ ၁၀ ရင်း၊ စုစု ပေါင်း ၂၈ ရင်း တပ်စွဲထားတဲ့အပြင် မစခ-၆၀၆ လက်အောက်ခံ အမြောက်တပ် ၅ ရင်း၊ သခစ-၇၄ လက်အောက်ခံ သံချပ်ကာတပ်ရင်း ၁ ရင်း၊ လစခ-၄ လက်အောက်ခံ လေကြောင်းရန်ကာကွယ်ရေးတပ် ၈ ရင်းနဲ့ မောရဝတီရေတပ် စခန်းဌာနချုပ်တွေ ချထားပါတယ်။
ရခိုင်ပြည်နယ်မှာ ဟိုတချိန်က ခြေလျင်တပ်ရင်း ၃ ရင်းထားခဲ့ပေမဲ့ အခုတော့ နပခ လက်အောက်ခံ ၂ ရင်း၊ ဒကစ (စစ်တွေ) လက်အောက်ခံ ၁၁ ရင်း၊ စကခ-၅ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၉ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၅ လက်အောက်ခံ ၁၀ ရင်း၊ စုစုပေါင်း ၄၃ ရင်း တပ်စွဲထားပါတယ်။ ဒါ့အပြင် မစခ-၉၀၅ လက်အောက်ခံ အမြောက်တပ်ရင်း ၂ ရင်းနဲ့ ဓညဝတီရေတပ်စခန်းဌာနချုပ်လဲ နေရာယူထားပါတယ်။
ရှမ်းပြည်နယ်မှာတော့ ၁၉၆၂ ခုလောက်က ပြည်နယ်တခုလုံးမှာ ၁၄ ရင်း ချထားခဲ့ပါတယ်။ အခုတော့ ရမခ လက် အောက်ခံ ၁၄ ရင်း၊ ရပခ လက်အောက်ခံ ၃ ရင်း၊ ရလခ လက်အောက်ခံ ၁၃ ရင်း၊ တသခ လက်အောက်ခံ ၂၁ ရင်း၊ တပ်မ-၅၅ လက်အောက်ခံ ၆ ရင်း၊ စကခ-၁ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၄ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၆ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၇ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၈ လက် အောက်ခံ ၁၀ ရင်း၊ စကခ-၂၁ လက်အောက်ခံ ၂ ရင်း စုစုပေါင်း ခြေလျင်/ခြေမြန်တပ်ရင်း ၁၁၉ ရင်း တပ်စွဲ ထားပြီး မစခ ၉၀၉ လက်အောက်ခံ အမြောက်တပ်ရင်း ၁၃ ရင်း၊ မစခ ၉၀၂ လက်အောက်ခံ အမြောက်တပ်ရင်း ၁၃ ရင်း၊ မစခ ၉၀၃ လက်အောက်ခံ အမြောက်တပ်ရင်း ၈ ရင်း၊ သစခ ၇၁ လက်အောက်ခံ တင့်ကား/သံချပ်ကားတပ်ရင်း ၇ ရင်း၊ လစခ ၃ လက်အောက်ခံ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း ၁၄ ရင်း နဲ့ နမ့်စန်လေတပ်စခန်းဌာနချုပ်တွေ တပ်စွဲသိမ်းပိုက် ထားပါတယ်။
ရှမ်းပြည်နယ်ထဲက ဝ နယ်မြေမှာ အရင်က ပြည်မအစိုးရတပ် တရင်းမှ မရှိခဲ့ပေမဲ့ အခု ရမခ လက်အောက်ခံ တပ်ရင်း ၃ ရင်းအခြေစိုက်ထားပါတယ်။ ကိုးကန့်နယ်မြေမှာ ဒကစ(လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ၅ ရင်း တပ်စွဲထား ပါ တယ်။ ပလောင်နယ်မြေမှာ ရမခ လက်အောက်ခံ ၄ ရင်း ချထားပါတယ်။ ဟိုတုံးက တရင်းမှ မရှိခဲ့ပါဘူး။ ဓနုနယ်မြေမှာ အရင်က ဗထူးတပ်မြို့ကစစ်ကျောင်းတွေဘဲ ရှိခဲ့ရာက အခုတော့ ရပခ လက်အောက်ခံ ၁ ရင်း၊တပ်မ-၅၅ လက်အောက် ခံ ၂ ရင်း ပေါင်း ၃ ရင်းပါ ထပ်ဆောင်းတပ်စွဲထားပါတယ်။ ပအိုဝ်းနယ်မြေမှာ ၁၉၆၂ ခုတုံးက ပြည်မတပ် တရင်းမှမရှိခဲ့ ပေမဲ့ အခုဆိုရင် ရပခ လက်အောက်ခံ ၁ ရင်း၊ တပ်မ ၅၅ လက်အောက်ခံ ၂ ရင်း၊ စကခ-၇ လက် အောက်ခံ ၄ ရင်း၊ စုစု ပေါင်း ၇ ရင်းအပြင် ဟိုပုံးမှာ စစ်ဂျီတီအိုင် ပါ ထိုင်ထားပါတယ်။
ရှမ်းပြည်နယ်တခုလုံးပေါင်းရင် အနည်းဆုံး ၁၄၁ ရင်း ရှိနေပါတယ်။
xxx
လက်ရှိပြည်မအစိုးရစစ်တပ် စုစုပေါင်း ၅၄၂ ရင်းအနက် တိုင်းရင်းသားနယ်မြေတွေမှာ ၃၇၈ ရင်း အမြဲတန်းတပ်စွဲ အခြေ စိုက်ထားတဲ့အတွက် ခြေလျင်တပ်အင်အားရဲ့ ၇၀% ဖြစ်ပါတယ်။ (တိုင်းရင်းသားလူဦးရေပေါင်းက တပြည်လုံး လူဦးရေ ရဲ့ ၃၀% မရှိဘူးလို့ စစ်အစိုးရကိန်းဂဏန်းတွေက ဆိုထားပါတယ်။) ရှမ်းပြည်မှာဆိုရင် တပ်အားလုံးရဲ့ လေးပုံတပုံကျော် ချထားပါတယ်။
၁၉၆၂ ခုမှာ ခြေလျင်တပ်ရင်းပေါင်း ၈၄ ရင်းအနက် တိုင်းရင်းသားနယ်မြေတွေမှာ ၄၁ ရင်း သို့မဟုတ် ၄၈% ဝန်းကျင် နေရာယူခဲ့ပါတယ်။ လက်ရှိတပ်အင်အား ၃၇၈ ရင်းဆိုတာ ၁၉၆၂ ခုကာလက ၄၁ ရင်းထက် ၉ ဆကျော် သို့မဟုတ် ၉၂၂% တိုးပွားလာတာ ဖြစ်ပါတယ်။ အမြောက်တပ် လေတပ် ရေတပ် စတဲ့ အကူလက်ရုံးတပ် ဝန်ထမ်းတပ် ၁၂၃ ရင်း မကကို ပေါင်းလိုက်ရင် ၁၂၀၀% လောက်ရှိပါတယ်။ (ဟိုတုံးက ရှမ်းပြည်နယ်မှာဘဲ အမြောက်တပ် ၁ ရင်း ရှိခဲ့ပါ တယ်။) တိုင်းရင်းသားငြိမ်းအဖွဲ့တွေကို တပ်အင်အားမတိုးရ၊ သတ်မှတ်နယ်မြေပဲနေရမယ်လို့ ထိန်းချုပ်ထားပြီးတော့ တဖက်မှာ အခုလိုညစ်ပတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါတင်မက ပြည်မအခြေစိုက် တပ်မ ၁၁၊ တပ်မ ၃၃၊ တပ်မ ၆၆၊ တပ်မ ၇၇၊ တပ်မ ၈၈၊ တပ်မ ၉၉၊ တပ်မ ၁၀၁ တို့နဲ့ တခြား စကခ တွေကလဲ မကြာခဏဝင်ဝင်ပြီး နှိပ်စက်သောင်းကျန်းသွားတတ်ပါသေးတယ်။ (ဗမာပြည်မထဲမှာတော့ ၁၉၆၂ ခုတုံးက တပ်ရင်းပေါင်း ၄၃ ရင်းကနေ အခု ၁၅၄ ရင်း ဖြစ်လာတဲ့အတွက် ၃၅၈% သို့မဟုတ် ၃ ဆ ခွဲပဲ အင်အား တိုးလာပါတယ်။)
ဒါလောက်များတဲ့တပ်တွေအတွက် အနိမ့်ဆုံးပုံမှန်အခြေအနေမှာတောင် မြေသိမ်းမှုတွေ၊ အဓမ္မလုပ်အားပေးခိုင်းမှုတွေ၊ ဆက်ကြေးတောင်းမှုတွေ၊ သီးစားချ အစိမ်းရောင်းအစိမ်းဝယ် ငွေတိုးချေးစား စတဲ့ စီးပွားရေးသွေးစုတ်မှုတွေ ဒဏ်ကို ဒေ သခံတိုင်းရင်းသားတွေ ထောင်းလမောင်းထအောင် နင့်နင့်သီးသီး ခံနေရမယ်ဆိုတာ ဗေဒင်မေးစရာမလိုပါဘူး။ စစ်ဆင် ရေး အကြောင်းပြစရာရလာရင်တော့ ကြက်ခိုး၊ ထမီခိုး၊ ဝက်ပစ်၊ နွားပစ်၊ ရွာမီးရှို့၊ လူသတ်၊ မုဒိမ်းကျင့်တွေကို ထမင်းစား ရေသောက်လုပ်တော့တာပါပဲ။
သေချာတာကတော့ ဒါလောက်တပ်တွေ တပြွတ်ကြီးချ သိမ်းပိုက်ထားပေမဲ့ တိုင်းရင်းသားတွေရဲ့ တန်းတူရေး-ကိုယ်ပိုင် အုပ်ချုပ်ရေး-လွတ်လပ်ရေးတိုက်ပွဲနဲ့ စိတ်ဓာတ် မီးတောက်မီးလျှံကို ဘယ်လိုမှမငြိမ်းသတ်နိုင်တာ ဖြစ်ပါတယ်။ တိုင်းရင်း သားတွေအနေနဲ့ ကိုယ့်နယ်မြေမှာ ကိုယ့်ဖာသာ အေးအေးဆေးဆေးနေချင်တာ ဖြစ်ပါတယ်။
ဗမာဘုရင်ခေတ်က ရှမ်းပြည်တခုလုံးမှာ မိုးနဲ နဲ့ မိုးကောင်းမှာဘဲ ဘုရင့်အလံစောင့်တပ် အင်အား ၆၀ စီလောက်ချ ထား ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝပေးခဲ့လို့ အေးဆေးသာယာနေလေ့ရှိပါတယ်။ ညံ့ဖျင်းဆိုးသွမ်းလွန်းတဲ့ ဘုရင်တွေ စော်ဘွားတွေလက်ထက်မှာဘဲ ပုန်ကန်မှုတွေ ရှိခဲ့ပါတယ်။
အလားတူ တရုတ်နိုင်ငံမှာ ဟောင်ကောင်ကျွန်းဒေသကို အပြည့်အဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့အတွက် ပြည်မ တပ်အင်အား စတိသဘောဘဲချပြီး ထိန်းထားနိုင်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝမရတဲ့ တိဘက်၊ စင်ကျန်း ပြည်နယ်တွေမှာတော့ ဆူပူအုံကြွမှုတွေ ဒရစပ်ပေါ်နေပြီး စစ်အင်အားကြီးကြီးမားမားနဲ့ ထိန်းနေရပါတယ်။
အင်္ဂလိပ်ကိုလိုနီခေတ်မှာ တိုင်းရင်းသားအခွင့်အရေး ၃ မျိုးအနက် ကိုယ်ပိုင်အုပ်ချုပ်ရေး နဲ့ (အင်္ဂလိပ်မှအပ ကျန်တိုင်း ရင်းသားတွေနဲ့) တန်းတူရေး ၂ မျိုးရှိခဲ့လို့ ဘယ်တိုင်းရင်းသားမှ သီးခြားအခွင့်အရေးမတောင်းခဲ့ဘဲ အင်္ဂလိပ်တပ် အင် အားနည်းနည်းနဲ့ ထိန်းထားနိုင်ခဲ့ပါတယ်။ကိုလိုနီခေတ်မှာ ရခိုင် မွန် ရှမ်းနိုင်ငံရေးသမားတွေဟာ လွတ်လပ်ရေးပဲ တောင်း ခဲ့ကြပါတယ်။ လွတ်လပ်ရေး ဆိုရာမှာ အင်္ဂလိပ်နဲ့တကွ နိုင်ငံတကာနဲ့တန်းတူရေးကိုတောင်းတာ ဖြစ်ပါတယ်။ ရခိုင်နဲ့ မွန် နိုင်ငံရေးသမားတွေဟာ ဗမာအပါအဝင် တနိုင်ငံလုံးကပြည်သူတွေကို ခေါင်းဆောင်ပြီး တနိုင်ငံလုံး လွတ်လပ်ရေးအ တွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။
xxx
ဒါကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းရဲ့ ဂိတ်ဆုံးကိုမရောက်မီ အဓိကနယ်ခြားမှတ်တိုင်က ရာနှုန်း ပြည့် ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ တပါတည်း တိုင်းရင်းသားနယ်မြေတွေမှာရှိတဲ့ ပြည်မအစိုးရတပ်တွေကို စတိသဘောသာ ချန်ထားပြီး အားလုံး ပြည်မကိုပြန်ရုပ်သိမ်းရေး ဖြစ်ပါတယ်။ နယ်မြေသိမ်းတပ်တွေရှိနေသရွေ့ အမျိုးသားပြန်လည် သင့် မြတ်ရေးဆိုတာ ဗလာစကားပဲ ဖြစ်နေပါလိမ့်မယ်။ ဒါဟာ တိုင်းရင်းသားရေးရာ ထာဝရငြိမ်းချမ်းရေး သဘောတူညီချက် မှန်သမျှရဲ့ ခွဲမရတဲ့အစိတ်အပိုင်း၊ ပင်လုံစာချုပ်ပါ ရာနှုန်းပြည့်ကိုယ်ပိုင်အုပ်ချုပ်ရေးရဲ့ အဓိကအစိတ်အပိုင်း ဖြစ်ပါလိမ့် မယ်။ ဒီကတဆင့်သွားမှ မြန်မာပြည်ဖွား ပင်ရင်းတိုင်းရင်းသားအားလုံးအတွက် တန်းတူရေး၊ ရာနှုန်းပြည့် ကိုယ်ပိုင်အုပ် ချုပ်ရေးနဲ့ ပူးတွဲလွတ်လပ်ရေး ဆိုတဲ့ ပင်မတိုင်းရင်းသားအခွင့်အရေး (၃)ပါး ဂိတ်ဆုံးပန်းတိုင်ကို ရောက်နိုင်မှာ ဖြစ်ပါ တယ်။ တနည်းအားဖြင့်ပြောရရင် စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းပြမြေပုံ မှန်သမျှမှာ မပါမဖြစ်တဲ့အ ဆင့်တွေ ဖြစ်ပါတယ်။
ဂါမဏိ
ဒုတိယပင်လုံညီလာခံသို့ ရည်ညွှန်းလျက် ကလေးကြေညာစာတမ်းကို ဂုဏ်ပြုရေးသားပါသည်။
photo … http://democracyforburma.wordpress.com
2.Daily News on December 02- 2011,ကြာသပတေးနေ့၊ ဒီဇင်ဘာလ 01 ရက် 2011 ခုနှစ် လွတ်လပ်သော မွန်သတင်းအေဂျင်စီ သတင်း - မဇ္ဈိမသတင်းဌာန
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး (၆) ဖွဲ့နှင့် ဆက်စပ်အဖွဲ့ (၆) ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ရာမှမကြာမီရက် ပိုင်းအတွင်းကျင်းပပြီးခဲ့သည့် ဗဟိုကော်တီအစည်းအဝေးတွင် အခြေခံအဖွဲ့ ၁၂ ဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။
“အရင်က အခြေခံအဖွဲ့ရယ် ဆက်စပ်အဖွဲ့ရယ်ဆိုပြီးတော့ ရှိတယ်လေ အဲဒါကို ပြန်ပြင်လိုက်တယ် အားလုံးက UNFC ရဲ့ အခြေခံအဖွဲ့ဝင်တွေအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပြီ” ဟု UNFC ဒုဥက္ကဌ အေဘယ်တွီက ပြောသည်။
ယခုအခါ UNFC တွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)ကချင်ပြည်လွတ်လပ် ရေး အဖွဲ့ (KIO)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU)၊ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO)၊ ကချင်အမျိုးသားအစည်းအရုံး (KNO) ဟူ၍ အဖွဲ့ ၁၂ ဖွဲ့ပါဝင်လျှက်ရှိ သည်။
ဗဟိုကော်မတီအစည်းအဝေးတွင် UNFC ကို ပြန်လည် ဖွဲ့စည်းခြင်းအပြင် မကြာမီက အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံခဲ့ကြသည်ကိုလည်း အပြန်အလှန် ဆွေးနွေးဖလှယ်တင်ပြခဲ့ကြသည်။
UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “အဓိကကတော့ မကြာခင်တုန်းက တဖွဲ့ချင်း အစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ကြတာတွေကို တဖွဲ့ချင်း သူတို့ရဲ့ ဆွေးနွေးမှုအခြေအနေကို တိုင်ပင်ကြတယ် အချင်းချင်းဆွေးနွေးကြတယ်၊ သဘောကတော့ အစိုးရက UNFC အနေနဲ့ မတွေ့ဘူး တဖွဲ့ချင်းစီပဲ တွေ့မယ်ဆိုတော့ ကျနော်တို့ကလည်း တဖွဲ့ချင်း တွေ့မယ် ဒါပေမယ့် တွေ့ထားကြတဲ့အခြေအနေကို ရှင်းပြခဲ့ကြတယ်” ဟု ပြောသည်။
UNFC အဖွဲ့ဝင်များသည် အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံနိုင်ပြီး တပြည်လုံးအပစ်ခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးမှုကို UNFC မူအတိုင်းသာ လက်ခံထားကြသည်။
လက်နက်ကိုင်အဖွဲ့အစည်းများအနေနှင့် နောက်ပိုင်းများတွင်လည်း အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွးနွေးသွားနိုင်ကြောင်း သို့သော် တပြည်လုံးအပစ်ခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးမှုအတွက် UNFC မူနှင့်သာ ဆုံးဖြတ်သွားမည်ဟု ဆိုသည်။
သို့ရာတွင် ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း UNFC အဖွဲ့၏ အခြေခံအဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့အစည်းတချို့နှင့် မြန်မာအစိုးရကိုယ်စားလှယ်တို့ တွေ့ဆုံမှုရှိခဲ့ကြသော်လည်း ဆက်စပ်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လုံးဝတွေ့ဆုံမှုမရှိသေးပါ။
ယခု ပြန်လည် ဖွဲ့စည်းလိုက်သည့် UNFC တွင် ဥက္ကဋ္ဌ ဗိုလ်ချုပ်အင်ဘန်လ KIO၊ ဒုဥက္ကဋ္ဌ (၁) အေဘယ်တွီ KNPP၊ ဒုဥက္ကဋ္ဌ (၂) ပဒိုစောဒေးဗစ်သကဘော KNU၊ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ NMSP နှင့် တွဲဘက်အတွင်းရေးမှူး (၁) စောဒေါလေးမူ (KNU)၊ တွဲဘက်အတွင်းရေမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာ BNLO တို့ ဦးဆောင်ပါဝင်သည်။
Comment: Naw Kareng UNFC ကိုပြည်ထောင်စုအစိုးရ အဖြစ်အသက်သွင်းပြီး နိုင်ငံတကာ သံတမန်ဆက်ဆံရေးအခင်းအကျင်းကို တိုးချဲ့ဆောင်ရွက်ရမည် UNFC မှဖွဲ့စည်းထားသော ပြည်ထောင်စုတပ်မတော်ကို ကျစ်လစ်ခိုင်မာစွာဖွဲ့စည်းရမည်//In a meeting unthinkable little more than a year ago, Clinton began in-depth talks with the Nobel laureate at the crumbling lakeside mansion in Rangoon where Suu Kyi spent most of the past two decades as a prisoner in her own home.
Sounds like you guys are lecturing KIA as professors to the kids. KIA is not a professional media group. What do u expect!!? "Kachin Independence Army" aka KIA is just an ethnic army fighting the oppressor, Burmese junta and for Kachins' autonomy. Obviously, journalism is not their subject. Saying of journalism, having been working as journalists all these years, I wonder you guys even a true bias free journalists yet at the bottom of your hearts? You can lie to others, but u cant to urself. So I hope u all get that answer right!! N do what u supposed to do!!!
More++coming soon+++
http://burmese.kachinnews.com/news.html
http://wunpawngnewsgroup.blogspot.com/
http://www.jinghpawkasa.blogspot.com/
http://kachinnews-at.blogspot.com/
http://kachinlandnews.com/
http://kachinnet.org/
http://www.freekachin.org/about/the-kiokia/
www.wunpawng.net
http://www.irrawaddy.org/article.php?art_id=22567
Global chin news link