Showing posts with label Hkawm chyai shara. Show all posts
Showing posts with label Hkawm chyai shara. Show all posts

Friday, May 9, 2014

Ndai baw ra nga ai law

Rawt malan brang ni a matu ndai baw (UEV490 )mawdaw nga yang grai hkrak na zawn re law. http://uev.com.au/gallery

Read more »

Wednesday, February 13, 2013

ငြိမ်းချမ်းရေးသိချင်းလေး

ကိုရသတို့ဆိုထားတဲ့ ငြိမ်းချမ်းရေးသိချင်းလေး နားထောင်ကြည့် တော်တော်ကောင်းတယ်

Read more »

Thursday, January 17, 2013

ဒို့ရန်သူ


Myitrum Manang ni, Good Morning yaw. Yawng akyu jawm hpyi ai hte mana LZ hkam kaja nga ai. 

Majan shiga gaw, mani Hkayabum de Jet 2 hkawng rai, jan du ten du hkra 4 lang bat nna, bom jahkrat bun ma timung hpa n ra ai; 
Shawnglam majan pa de ya hte MKA kaw hkan rim woi la ai, Jinghpaw ramma ni 40 hpe dat dat ai lam teng ai. Hkayabum majan pa e si hkyen hkyen re ai Jinghpawma 1 hpe anhte a hpyenla ni san yu yang, MKA, Chyunpinta na Mwijang kasha re ngu tsun nna si mat wa sai; 
ya Waingmaw Pyada dap e marai 60 jan naw rawng da ma ai;mani jawngma 1 hpe gaw shi a sarama sa hkam la nna, lawt wa sai; shiga ni na lu ai yaw. Ya mung MKA e shana shagu rim tik tik naw re ai da.
 Myitru ai,
JIC
ဒို့ရန်သူ
ဒို့ကတော့ - ကျေးဇူးတော်သက်သက်
သေကျေပျက်စီး - သူတို့ဖက်။
စစ်ပွဲတိုင်းမှာ - သေကြရှာ
စစ်သားမဟုတ်တဲ့ - လူတွေပါ။
လေယာဉ်သုံးလည်း - မထူးတဲ့ပြင်
နာမည်ပျက်သာ - အဖက်တင်။
စစ်ရေးစစ်ရာ - ဒို့ဖက်တော်
ရာကျော်အလောင်း - သူတို့ပေါ်။
ဒို့ရန်သူတို့ - ဒုက္ခရောက်
ရှေ့တန်းတက်ဖို့ - သူတို့ကြောက်။
စစ်မြေပြင်မှာ - မနိုင်လို့ပေါ့
ခွေးရူးလိုဘဲ - လိုက်ကိုက်တော့။
သူတို့အင်အား - နည်းပြီတဲ့
တွေ့မိတွေ့ရာ - လျှောက်ဖမ်းခဲ့။
လူငယ်လူရွယ် - ဘဝပျက်
မြို့ကြီးထဲမှာ - နေရခက်။
ကချင်မျိုးသုဉ်း - စစ်ဆင်ရေး
တရုတ်ကတောင် - ပါဝင်သေး။
သူတို့ဆပ်ဆလူး - ခါနေပြီ
ဒို့ရန်သူ - ငါးပါးမှောက်ရှာပြီ။
                                                                                          မနောမြေ - စိန်
                                                                                   (၁၇.၁.၂၀၁၃၊ နံက် ၅:၀၀)

Read more »

Tuesday, February 2, 2010

Hpamajaw sina mung dan ndai shara de nga mayu ma ta?hti yu ga

သူတို့ လူနေမှုထဲတွင် ဒို့လူတွေ ပျော်ဝင်ကြခြင်း

လူတွေ ပါးစပ်ဖျားမှာ အမေရိကား အမေရိကား ပြောနေကြတယ်၊ ဘာလို့လဲ? ဘာကြောင့်လဲ? ဘက်စုံကနေ ပျော်ဝင် ကြည့်ကြရအောင်၊ အခြေချ နေထိုင်သူတွေရဲ့ အကြီးမားဆုံး အမေရိကားရောက် အဓိက အိပ်မက်ဟာ အိမ်ပိုင်ဆိုင် ချင်တာပါပဲ၊ သူတို့ စံနစ် သူတို့ အဖြစ်သနစ်တွေမှာ မပျော်ဝင်တတ်ယင် အိမ်ခြေယာမဲ့ တောင် အရှင်လတ်လတ် ဖြစ်သွားနိုင်သေးတယ် မဟုတ်ပါလား၊ သူတို့ လူနေမှု စံနစ်ထဲမှာ စည်ကမ်းတကျ ဘောင်ဝင်အောင် နေထိုင်တတ်ယင် ဝင်ငွေနည်းလဲ အိမ်တောင် အလကားနီးပါး နေထိုင်ယင်း ပိုင်ဆိုင်နိုင်တယ် ပြောယင် လွန်တယ် ထင်မလား? ။

ကဲ လက်ရှိ အဖြစ်သနစ်တွေကို ဒူကဘာတို့ နေထိုင်တဲ့ ပြည်နယ်လေးကို စံပြုလို့ ပြောကြရအောင်၊ အမေရိကားရဲ့ ပြည်နယ်ပေါင်း ၅၀ဟာ သူတို့ မူ၊ သူတို့ ဥပဒေသတွေနဲ့ အုပ်ချုပ်ကြတော့ အချို့ဒေသတွေနဲ့ အနည်းငယ် လောက်တော့ ကွဲလွဲ တန်ကောင်းပါရဲ့၊ မြို့အကြီးကြီးတွေ မြို့လည် နေရာက ကလွဲလို့ အမေရိကားမှာ ပျှမ်းမျှ အိပ်ခန်း ၁ခန်းပါ (ဧည့်ခန်း၊ရေအိမ်၊မီးဖို တခန်းစီ အပါအဝင်) အိမ်ငှားခကို ဒေါ်လာ ၅၀၀ ကနေ ၈၀၀ လောက်အတွင်းမှာ အတိုးအဆုတ် ဆယ်ဂဏန်းလောက်နဲ့ ရှိနေနိုင်ပါတယ်။ တလကို ရေဖိုး၊ မီးဖိုး အင်တာနက်၊ ဖုန်းဖိုးနဲ့ ၁ထောင်လောက် ပြေးနိုင်ပါတယ်။ နောက် အမေရိကားမှာ ဗဟိုအစိုးရက နေအိမ်အိပ်ခန်း ၁ခန်းကို လူ၂ယောက်နှုန်းသာ နေထိုင်ခွင့် သတ်မှတ်တာပါ၊ လိုက်နာရပါတယ် လိုက်နာသင့်ပါတယ် ဘာလို့လဲဆို အိမ်ပိုင်နဲ့ နေတဲ့လူတောင် ကိုယ့်ခြံထဲက မြက်ပင်ရှည်နေတာ မရိတ်မိလို့ ဘေးအိမ်က တိုင်ယင် ရုံးတက် လျှော်ကြေးပေး ဒဏ်ဆောင်ရတဲ့ နိုင်ငံကိုး။

Image and video hosting by TinyPic
အပေါ်ပုံက မြက်ခင်းစိမ်းနဲ့ အိမ်လေးကို သူတို့ မိသားစု နေကြမှာပါ


မြန်မာ့ လူ့အဖွဲ့အစည်း အခြေချ နေထိုင်သူတွေ များလာတဲ့ အမေရိကားက အခု အခြေအနေမှာ သူတို့ စံနစ်နဲ့ အံဝင်ပြီး အိမ်ပိုင် တလုံးရဖို့ကို နာရီ ၅၀၀ လောက် အလုပ်အားတဲ့ နေ့တွေမှာ လုပ်အားပေးလုပ်ပြီး သူ့တို့ဆီက ခွင့်ပြုချက် ရယင် အိမ်လခ ဒေါ်လာ ၈၀၀ ဝန်းကျင်လောက် ပေးကာနေရင်း၊ ၁၀နှစ်၊ ၁၅နှစ် လောက်အတွင်းမှာ အိမ်အသစ် စက်စက်ကြီး မပိုင်ဆိုင် ချင်ကြဖူးလားဗျာ၊ ပိုင်ဆိုင်သင့်တာပေါ့၊ ဟုတ်ဖူးလား။ ဆိုလိုချင်တာက အခုအဲဒီ အကြောင်း ပြောချင်လို့ပါ။

အမေရိကားဆိုတာ ဒါကြောင့် အခွင့်အလမ်းတွေနဲ့ နိုင်ငံလို့ ပြောကြတာပါ၊ အဓိက က လုပ်တတ်ကိုင်တတ် ဘောင်ဝင် တတ်ကြဖို့ပါပဲ၊ အချို့များဆို အံချော်နေလဲ အတင်းညှိပြီး ဘောင်ဝင်အောင် လုပ်တာလေးတွေလဲ ပြောပြပါ့မယ်၊ ဒီစီမံကိန်းကို Habitat ဆိုတဲ့ ခရိယာန် NGO ကနေ ဦးစီး လုပ်ကိုင်ပါတယ်၊ အခြား ပြည်နယ်တွေမှာလဲ အခြားအမည်တွေနဲ့ ဒီလို စီမံကိန်မျိုး ရှိပါတယ်၊ ဒီ ဟက်ဘီတက်ကို အမေရိကားမှာ ၁၉၇၆ ဝန်းကျင်လောက်က စတယ် ထင်ပါတယ်၊ အကြီးအကျယ် ဦးဆောင် လုပ်နေတာကတော့ အခုသမ္မတကို နောက်ဆုတ်ပြီး ရေတွက်ယင် ၄ယောက်မြောက် အယင် သမ္မတဟောင်း ဂျင်မီကာတာ နဲ့ သူ့ဇနီး ရို့စ်စလင်းကာတာ တို့ပါ၊ စီမံချက် ရည်ရွယ်ချက်က ကောင်းပါတယ် ဝင်ငွေ အလယ်အလတ် နည်းသူများ လူတန်းစေ့ ကိုယ်ပိုင်အိမ် ပိုင်ဆိုင်ရေးပါ၊ ဒီလုပ်ငန်းစဉ်ဟာ ကုသိုလ်ဖြစ်ကနေ ကြီးထွားလာလို့ အမေရိကန် တနိုင်ငံထဲတင် မကတော့ပါဖူး တကမ္ဘာလုံးက နိုင်ငံ ၉၀မှာ အခုချိန်ဆို လူ၁.၅သန်း အတွက် အိမ်အလုံးရေ ၃သိန်းကျော် ဆောက်လုပ် ပြီးသွားပါပြီ၊ ကမ္ဘာကျော် နာဂစ်ကြီး ဖြစ်တော့ သူလဲ ဗမာပြည်ဝင်ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဖက်မှာ အိမ်တွေ ဆောက်လုပ်ပေးနေပါလို့ သိရပါတယ်။

Image and video hosting by TinyPicImage and video hosting by TinyPic
အမေရိကန်နိုင်ငံ ပို့တ်လင်းန်းမြို့မှာ ဆောက်ပေးတဲ့ Habitat ရဲ့ အိမ်နဲ့ လပွတ္တာနားက ချမ်းသာကုန်းက အိမ်
( ကွာခြားချက်က သိပ်မများပါဖူး၊ ရွာကတောင် အပင်တွေပိုများသေး )

အရင်းရှင် စံနစ်ဆိုတော့ နာမည်ကျော် ကုမ္မဏီကြီးတွေက နောက်ကွယ်ကနေ လူမှုရေး အကူညီပေးတယ် ဆိုပြီး နာမည်ကောင်း ယူကာ အခုလို နှစ်ကုန်လို့ အခွန်ရှင်းတမ်း လုပ်ကြတဲ့ အချိန်မှာ အခွန်ငွေ လျော့ပေါ့ရေး လျှော်ကြ ဖွတ်ကြတာတော့ ရှိတာပေါ့ ( အော် ဘာတွေ ပြောမိပါလိမ့် ) ၊ အမြတ်များတဲ့ ကုမ္မဏီကြီးတွေ အဲလို အလှူအတမ်းတွေ ထောက်ပံ့မှုတွေ လုပ်ယင် နှစ်ကုန်လို့ အခွန်ရှင်းတမ်းမှာ အခွန်ပြေကြောင်း ထည့်ရှင်းနိုင်တဲ့ ဂယ်ပေါက်တွေ ရှိလို့ ဒီလို အကျိုးအမြတ်မဲ့ ဒါနလုပ်ငန်း တွေမှာ နာမည်ကျော် ကုမ္မဏီတွေ တန်းစီ လှူဒါန်း လုပ်ကိုင်နေကြတာပေါ့၊ ဟက်ဘီတက်ရဲ့ အလှူရှင်စာရင်းမှာ အော်ရီဂန်က နိုက်ကီ ဖိနပ်တို့ အင်တဲယ်လ် မိုက္ခရိုချစ်(ပ်) တို့ တက်ထရောနစ်ခ် တို့နဲ့ ဘိုးရင်း လေယာဉ်ကုမ္မဏီ အပါအဝင်၊ ဆူပါ ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေလဲ စသဖြင့် ပါဝင်ကြပါတယ်။

ဒီလို အိမ်လေးတွေ ပိုင်ဆိုင်ဖို့ လိုအပ်ချက်တွေက ဒီဒေသမှာ အနည်းဆုံး ၂နှစ် နေထိုင်ပြီး ဝင်ငွေခွန် ၂နှစ် ထမ်းဆောင်ထားသူ ဖြစ်ရပါမယ်၊ ပြီးတော့ အလယ်အလတ် ဝင်ငွေနည်းပါးသူ ဖြစ်ရပါမယ်၊ ဒါကလဲ ယောကျာ်းအလုပ် လုပ်ယင် မိန်းမ မလုပ်နဲ့ပေါ့၊ လုပ်ယင်လဲ ဘောင်မဝင်တဲ့ နည်းနဲ့ လုပ်ခကို ငွေသားနဲ့ယူပေါ့၊ တချို့က ဒီလို ပရိုဂရမ် လျှောက်တော့မယ် ဆို၊ လင်မယား၂ယောက် ကွာရှင်း ထားလိုက်ကြတယ်၊ ဒီတော့ ဝင်ငွေနည်းသူက ခလေးတွေ ခလောက်တွေနဲ့ အိမ်လျှောက်တော့ သေခြာပေါက် ရရော၊ မိတော့ကော ကျမ ယောင်္ကျား မနေနိုင်လို့ လာနေတာ၊ ဒါကို ကျမကလဲ သာယာမိနေတယ်လို့ ပြန်ပြောယင် အစိုးရက လာဖမ်းလို့ ရတာမှ မဟုတ်တာ၊ မပိုင်ဖူးလား၊ ဖမ်းမယ် ပြောသူကိုတောင် ကျနော် ကျမတို့ အခွင့်အရေး နှောက်ယှက်ပါတယ်လို့ ဆိုယင် Abuse တောင် ဖြစ်သွားဦးမယ် မဟုတ်ဖူးလား၊ ဒီမိုကရေစီများ ပြောပါတယ်။ ဥပဒေပဲ လူလုပ်တာ ဂယ်ပေါက်တော့ ရှိမပေါ့ ဟုတ်လား။

နောက်ပြီးတော့ အိမ်လျှောက်တဲ့ လူရဲ့ Income (ဝင်ငွေ)ကို ချိန်ဖို့လိုပါတယ်၊ လစာကို ပေးစရာတွေ ဆပ်စရာတွေ ပေးပြီး အပြင် ငွေ ၂၀၀၊ ၃၀၀ လောက်ပိုကြောင်း ပြနိုင်ရပါမယ်၊ ဆိုလိုတာက ဒါလဲ သူတို့ အိမ်လခ ပေးနိုင်ဖို့ ပိုတယ်ဆိုတဲ့ သဘော သဘာဝပါ။ နောက်တခုက အမေရိကန် အဆင့်အတန်းလို့ ဆိုတဲ့ မိသားစု တစုမှာ ခလေး၂ယောက် ဒါမှမဟုတ် အဲဒီ အထက် ရှိရပါမယ်၊ (အိမ်နားက ပေါက်ဖေါ်ကြီးနဲ့များ ကွာပါ့) ခလေး ၁ယောက်ထဲရှိပြီး လင်မယား ၂ယောက်လုံး အလုပ် လုပ်ယင် ဒီပရိုဂရမ် လျှောက်လဲ ရဖို့ မသေခြာပါ။ ( ကွာရှင်း ထားယင်တော့ တမျိုးပေါ့ ) အခု နောက်ပိုင်း နယ်စပ်ဒေသက သူတွေ ရောက်လာကြတယ် သူတို့တွေက စစ်ပြေး ဒုက္ခသည်လို့သာ ဆိုတယ် ဘယ်လို စစ်ပြေးကြလဲ မသိဖူး ခလေးတွေ ကတော့ စိန်ဗေဒါ ဆိုင်းဝိုင်းက ကြေးမောင်းတွေလို အကြီးအငယ် အစီအရီကို လိုက်လို့၊ လမ်းများထွက်ရင် သားသမီးတွေ မှတ်မိနေရအောင် စစ်တပ်များ ကင်းစစ်သလို အမှတ်စဉ် မှတ်ရမဲ့ပုံ၊ ခြင်ကိုက်တိုင်း အိပ်နေကြလို့ပဲ ထင်ပါရဲ့၊ ထားပါလေ ဒီလို စိန်ဗေဒါရဲ့ ကြေးနောင်းလို လူတွေကတော့ ရဖို့ များပါတယ်။

Image and video hosting by TinyPic
ဒါက မီးဖိုချောင်ထဲ အဆင်သင့် တပ်ဆင်ထားတဲ့ ပစ္စည်းပစ္စယ တွေပါ

အိမ်လျှောက်ခွင့် ရပြီဆိုတာနဲ့ မိမိအလုပ် အားတဲ့ရက်မှာ မိသားစုဝင်ထဲက အရွယ်ရောက်သူ ဘယ်သူပဲ ဖြစ်ဖြစ် အဲဒီ ဟက်ဘီတက်ရဲ့ အိမ်ယာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ နာရီ ၅၀၀ ပြည့်အောင် အခမဲ့ လုပ်အားပေး လုပ်ရပါတယ်၊ ( အခမဲ့ ဆိုလို့ ခေါက်ရိုးကျိုးပြီး အဓမ္မလုပ်အားပေးလို့ မထင်ကြပါနဲ့ အိမ် အသစ်ရမှာပါ ) အဲလို လုပ်ငန်းခွင်မှာ လုပ်ယင်း သူတို့က ခင်ဗျားတို့ မိသားစုကို အိမ်တလုံး ထိမ်းသိမ်းနည်းကို သင်သွား ပေးတာပါ၊ ဒီလို အလှည့်ကျ စံနစ်နဲ့ ခင်ဗျားအိမ်ကို ဘယ်နေရာ ဘယ်လမ်းမှာ ရပြီဆိုပြီး ပြောပါမယ်၊ သွားကြည့်ပါ နေရာ မကြိုက်ယင် ငြင်းပိုင်ခွင့် ၂ခေါက် ရှိပါတယ်၊ အိမ်အနေအထား အခန်းဖွဲ့စည်းပုံ ကတော့ လူဦးရေအပေါ် မူတည်ပြီး ရပါတယ်၊ ရေချိုးခန်း အပါအဝင် Master bedroom၊ ဥပမာ … ကလေးက ယောက်ျားလေး ၁ဦး၊ မိန်းခလေး ၁ဦးဆိုယင် အိပ်ခန်း ၃ခန်းနဲ့ အိမ်ကိုရပါမယ်၊ သားသမီးက ယောက်ျား လေး၂ဦး၊ မိန်ခလေး ၂ဦး ဆိုယင်တော့ တွဲပြီး အိပ်ခန်း ၂ခန်းပဲ ပေးပါတယ်၊ ဒါကလဲ ဒို့ ရွှေတွေ အတွက် အခက်အခဲ မရှိပါဖူး ညှိယူ မရယင် ငိုပြကြတော့ ၁ယောက် ၁ခန်း စီရကြတာပါပဲ။ နောက် အရေးကြီးတာက အိမ်လျှောက်ခွင့် ရပြီဆိုတဲ့ အချိန် မိသားစုဝင်တွေရဲ့ ကျန်းမာရေး အခြေအနေ အသေးစိတ် ဖွင့်ပြောပြတော့ အိမ်ဆောက်တဲ့ သူက အဲဒီမိသားစုဝင်တွေရဲ့ ကျန်းမာရေးပါ တွက်ချက်ပြီး စဉ်းစား ဆောက်ပေးကြပါတယ်။

ကဲ အိမ်ရပြီ ဆိုပါတော့ ဒီအိမ်ကို များသောအားဖြင့် ဒေါ်လာ ၁သိန်းခွဲနဲ့ ၂သိန်း တန်ကြေး လောက်ရှိမဲ့ အနေအထားမျိုး ဆောက်လုပ် ပေးပါတယ်၊ လေပူ၊ လေအေး၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ကော်ဇော ခင်းထား ပေးပြီး၊ လူအသင့် တက်နေနိုင်အောင် စီမံ ထားပေးပါတယ်၊ အိမ်အတွင်း ဆေးသုတ်ထားတဲ့ ကာလာက အစ မိမိမြတ်နိုးတဲ့ အရောင်ကိုပဲ သူတို့ သုတ်ပေးတာပါ။ တောင်းဆိုလို့ ရပါတယ်၊ ဒီအိမ်ကို အိမ်ရမဲ့သူတွေ ဆောက်လုပ်ရေး ကုမ္မဏီတွေ၊ အခြားသော ဗော်လံတီယာ ဝန်ထမ်းတွေ၊ တက္ကသိုလ်တက်ဖို့ လုပ်ငန်း ခရက်ဒစ်ယူဖို့ အထက်တန်း ကျောင်းသူ/ ကျောင်းသားတွေ ဝိုင်းပြီး တတ်ကျွမ်းတဲ့ အင်ဂျင်နီယာတွေ စီမံမှုအောက်မှာ ဆောက်လုပ်ကြပါတယ်၊ အိမ်ရလို့ နေယင် အိမ်ငှါးနေစဉ် ကလိုပဲ အိမ်လခ ၅၀၀ ကျော် ရေဖိုး၊ မီးဖို၊ အမှိုက်ပစ်ခ၊ တွေနဲ့ ဒေါ်လာ ၈၀၀ လောက် ပုံမှန်ပေးသွားပြီး ၁၅နှစ် အကြာမှာ အိမ်ပိုင်ပါတယ်၊ ၁၀နှစ်အကြာမှာ အရောင်းအဝယ် လုပ်နိုင်ပါပြီ၊ ရောင်းစရာ နေရာမသိလဲ အဲဒီ ဆောက်ပေးတဲ့ ဟက်ဘီတက်ကို ပြန်ရောင်းလဲ ရပါတယ်။

အခု ပြန်ကြားရတဲ့ အချက်တခုက အိမ်လခ ၈၀၀ ကျော်လောက် များလွန်းလို့ မပေးနိုင်ဖူး ဆိုယင်လဲ အိမ်ဝယ် စာချုပ် သက်တမ်း ၁၅နှစ်ကို ဆွဲဆန့်ပြီး အနှစ်၃၀ လုပ်ပြီး အိမ်လခ ၃၀၀ ကျော် ၄၀၀ လောက်လုပ်လို့ ရပါတယ်၊ အလုပ် မရှိယင်လဲ ရှိတော့မှ ပေးမယ်လို့ ခံဝန်ကတိ နဲ့ လုပ်ယူလို့ ရပါတယ်၊ ဒါမှ မတတ်နိုင်လဲ အလကား ယူလို့တော့ ဟက်ဘီတက်က ကြေညာတာတော့ မတွေ့ရ သေးကြောင်းပါ …။ ကဲ အထက်မှာ ရေးခဲ့သလိုပဲ၊ အလကားပဲတင်း နီးပါးလောက် လျော့ပေးပြီး အိမ်မရှိသူ အိမ်ပိုင်ဆိုင်ရေး လုပ်နေတဲ့ အမေရိကန်တွေ လူနေမှု စံနစ်တခုဟာ စိတ်ဝင်စား စရာပါ။ ဟက်ဘီတက် အလယ် အလတ်တန်းစား လူနေမှု စံနစ်ရဲ့ အိမ်ယာတွေဟာ ဒူကဘာ တွေ့ဖူး သလောက်တော့ အခြား ပြည်နယ်တွေမှာ လုံးချင်းအိမ်တွေ တွေ့ရပြီး၊ များသော အားဖြင့် ဂျူ့ပလက် လို့ခေါ်တဲ့ ၂လုံးတွဲ အိမ်ယာတွေ များပါတယ်။

Image and video hosting by TinyPicImage and video hosting by TinyPic
အဲဒီဘေး ခြံလေးကိုတော့ တမူ ထူးခြားစွာ အမျိုးသမီးတွေ နေဖို့အတွက် အမျိုးသမီးတွေသာ ဆောက်လုပ် နေကြတာပါ
( ခြံဝန်းထဲ အမျိုးသား ဝင်လို့မရပါ ဆိုပါတယ် အံ့ရော...အံ့ရော )

မနေ့ကမှ အိမ်ရသွားတဲ့ မိတ်ဆွေ တယောက်ကတော့ အိပ်ခန်း ၃ခန်း သူ့အိမ်ကို ကာလတန်ဖိုး ဒေါ်လာ ၁သိန်းခွဲ ကျော်ယုံလေး သတ်မှတ်တယ်လို့ ဆိုပါတယ်၊ နောက်တော့ သူက အခမဲ့ လုပ်အားပေး နာရီ၅၀၀ ကျော် လုပ်အားပေးထားပြီး ပိုလုပ်ထားတဲ့ သူ့နာရီတွေကို သူများတွေအတွက် ပြန်လှူဒါန်းတယ်လို့ သိရပါတယ်။ ဒီအိမ် အရောင်းအဝယ် စာချုပ်တော့ သူ့ကိုယ်ပိုင်ငွေ ဒေါ်လာ ၁၅၀၀ Down Payment ချပေးတော့ ဟက်ဘီတက်က ဒေါ်လာ ၄ထောင်ကျော် လျော်ပစ်ပြီး၊ ပြည်နယ်အစိုးရက ဒီနှစ်အခွန်ကောက်တာ ပိုငွေပြနေလား မသိ၊ ဒေါ်လာ ၄သောင်း ၆ထောင်ကျော် စိုက်ပေးရာမှာ သူရဲ့ ကာလတန်ဖိုး ၁သိန်းခွဲတန် အိမ်ကြီးကို သူက ဒေါ်လာ ၁သိန်းပဲ ပေးရတော့မှာ ဖြစ်ပါတယ်၊ ဒါကလဲ ၁၅နှစ်အတွင်း နေထိုင်ပြီး၊ အပြီးချေသွားမှ ၁သိန်းပဲ ပေးရမှာပါ၊ ရောင်းလို့ ရတဲ့ ၁၀နှစ်အချိန်မှာ ရောင်းထုတ်ခဲ့ယင် (ငွေအကြေ ချေနိုင်ယင်တော့ ၁သိန်းပါ၊ မချေနိုင်ပဲ ရောင်းထုတ်ခဲ့ယင်လို့ ဆိုလိုတာပါ) အဲဒီ အဖွဲ့အစည်းတွေ စိုက်ထားပေးတဲ့ ငွေတွေကို ထုတ်နှုတ်ပြန်ချေ ရမှာဖြစ်ပါတယ်။

အိမ်အတွင်းမှာတော့ ခေတ်နဲ့လျောညီတဲ့ စံနစ်တွေနဲ့ တည်ဆောက်ထားပြီး၊ အေးတဲ့ အချိန်များတဲ့ နိုင်ငံဆိုတော့ အပူပေးစက်တောင် အရင်က အသားများ ကြပ်တိုက်သလို Direct Heater စံနစ်နဲ့ မဟုတ်ပဲ High efficiency water humidity စံနစ်တွေနဲ့ ပြုလုပ်ထားလို့ အပူကို ရေငွေ့နဲ့ပေးပြီး လေဝင်လေထွက် ကောင်းမွန်လို့ ကျန်းမာရေးနဲ့ ညီညွတ်ကြောင်း ပြောပြ သွားပါတယ်။ကောင်းတာက ဒီပရိုဂရမ်ဟာ Nothing get free anywhere ! လို့ ဆိုတဲ့ အမေရိကားမှာ အတိုးမရှိတဲ့ ငွေချေနှုန်းနဲ့ အိမ်သစ်တလုံး တက်နေရင်း အပိုင်ရ သွားတာပါပဲ။

ဒီလို အလယ် အလတ်တန်းစား ဝင်ငွေရှိတဲ့ မိသားစုတွေရဲ့ အိမ်ယာ စီမံကိန်းကို ဒူကဘာတို့ မြို့လေးမှာ ရလို့ နေထိုင်သူတွေ ၇ဦး/၈ဦး ရှိနေကြပါပြီ၊ ဘယ်လိုပဲဖြစ်ဖြစ် အမေရိကားမှာ ချမ်းသာလို့ပဲ ဝယ်ဝယ်၊ ငွေရှာနိုင်လို့ပဲ ဝယ်ဝယ်၊ အကြွေးပေးနိုင်လို့ပဲ ဝယ်ဝယ်၊ ဝယ်ချင်သလို ဝယ် အိမ်တဆောင်မီး တပြောင်တော့ ဖြစ်သွားတာပေါ့ မဟုတ်ဖူးလား၊ သူများ အတွေ့အကြုံ မြင်သလောက် ရေးရတာ ဆိုတော့ ဒီလောက်ဆို ဒူကဘာကြီး တယောက် ပျောက်ချက်သား ကောင်းနေတာကို ကြေနပ်ကြမယ် မျှော်လင့်ပါတယ်၊ နောက်ထပ် အတွေ့ကြုံ ကောင်းတွေကို မတူညီတဲ့ ရှုထောင့်တွေနဲ့ ရေးပါဦးမယ်။

Read more »

Wednesday, November 22, 2006

The Most Famous Places In Kachin State

Famous places in kachin state,
  • Phakant,
  • Karing naw,
  • Jaw bum,
  • Myint Sone( Mali nmai hka Mazup)
  • Putao
  • Hukawng (Danai)

  • Phankant Phakant is a famous Town because of its natural resources, Jade and Gold . The quality of our phakant jade is the best in the world. People from different parts of Myanmar even from China can be seen at Phakant.Most of our Kachin main business is depending on Jade and Gold.

Karing Naw , Jaw Bum and Myint Sone( Mali nmai hka Mazup)

Karing Naw is the only one recreation place in Myitkyina which has a beautiful rock along the river bank.
Jaw Bum is a small hill which is famous place for prayer.



Myint Sone( Mali nmai hka Mazup) is a place where the two river , May Hka and Mali Hka meet together and flow as the Ayarwady River.Above the three famous places are located in Myitkyina, the capital of Kachin State.

Reference : myitkyin.com

PUTAO
Situated in the north of Myitkyina, the capital city of Kachin state, can reach only by air route. The city surrounded with snow peaked mountains and the weather is cold around the year. Flora and Fauna can be seen in the forest around Putao. There are also many different ethnic minority tribes in Kachin state.This area is famous for its Nature of originated Flora, especially there are many various kinds of orchids and even the world rarest Black orchids can be found in this area. And for fauna, one of the rarest animal species, Takin (Budorcas Taxicolor), Red Panda (Ailurus Fulgens), Black Bears, Black Deer, are all endemic to this region.Other terrestrial species of Monkeys, Boars, Mountain Goats can also seen on this region. Various kinds of Butterflies can be seen in this area on the month of January. The Butterflies including such as an endangered species can be found, among them are Kaiser, Apollo, Bhutan, Glory and Birdwings.The trees such as different colors of Rhododendrons, Maple trees and various kinds of Bamboos are also seen in this area. The month of January and April is the best month to see the butterflies, flowers and orchids in the icy forest. ref: Monyawa web,


Hukawng Valley
From Wikipedia, the free encyclopedia
Jump to:
navigation, search
The Hukawng Valley is an isolated valley in Burma, roughly 5,586 square miles in area. It is located in Tanaing Township in the Myitkyina District of Kachin State in the northernmost part of the country.
Ringed by steep mountain ranges to the north, east and west, the valley is known as a habitat of
tigers, but encroachment by man has greatly decreased their numbers, to perhaps as few as 100 animals. In 2004, the government established the world's largest tiger preserve in the Hukawng Valley, the Hukawang Valley Wildlife Sanctuary, with an area of approximately 2,500 square miles. The government's establishment of the preserve was accomplished in cooperation with the Kachin Independent Army, a formerly-rebel group that inhabits the region.
The extremely rare
leaf muntjac, also known as the phet-gyi, dwarf deer or leaf deer, also lives in the Hukawng.
Major industry includes
amber and gold mining. In 2006, a fossil of the earliest known species of bee was discovered in amber taken from a mine in the Hukawng Valley.

Reference
http://www.npr.org/programs/re/archivesdate/2004/mar/tigers/

Presented ByBu Bu

Read more »