Anonymous ဟက်ကာများ PayPal, Symantec ၀က်ဘ်ဆိုက်များထဲ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့
Anonymous ဟက်ကာများက သြစတေးလျ နဲ့ အီကွေဒေါ နိုင်ငံများမှ ၀က်ဘ်ဆိုက်များရဲ့ ပင်မစာမျက်နှာတွေကိုလည်း ပြောင်းပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် VMware ESX ဆာဗာရဲ့ အတွင်းပိုင်း kernel ဆော့ဖ်ဝဲကုတ်တွေကို အများသိအောင် ဖော်ပြခဲ့ပါတယ်။
သို့သော်လည်း ပြီးခဲ့တဲ့တစ်ပတ်တုန်းက အမေရိကန် NBC သတင်းဌာနကြီးရဲ့ ၀က်ဘ်ဆိုက်ကို ဟက်ခဲ့ရာမှာ Anonymous နဲ့ ပတ်သက်မှု လုံးဝမရှိကြောင်း ပြောဆိုသွားပါတယ်။
Anonymous ဟက်ကာတွေ ၀င်နိုင်ခဲ့တဲ့ ၀က်ဘ်ဆိုက်အရေအတွက် တဖြည်းဖြည်း များလာတာနဲ့အမျှ ကမ္ဘာမှာ လူသုံးအများဆုံးဖြစ်တဲ့ Facebook ဆိုရှယ်ဝက်ဘ်ဆိုက်ကိုလည်း တိုက်ခိုက်လိမ့်မယ် ဆိုတဲ့ ကောလာဟလသတင်းများ ထွက်ပေါ်လာပါတယ်။ အလားတူသတင်းမျိုး အရင်က ထွင်ပေါ်ခဲ့ပေမယ့်လည်း အများစုကတော့ တကယ်မဖြစ်ခဲ့ပါဘူး။
Anonymous အဖွဲ့က နိုဝင်ဘာ ၅ ရက် ည ၈ နာရီအချိန်မှာ အင်္ဂလန်နိုင်ငံရဲ့ House of Parliament ရုံးရှေ့မှာ ဆန္ဒပြဖို့ နိုးဆော်ခဲ့ပါသေးတယ်။
“ဒီလိုလုပ်ပြရခြင်းဟာ Anonymous ရဲ့ ကမ္ဘာတ၀ှမ်းမှာရှိနေတဲ့ အဖွဲ့ဝင်တွေရဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှု အင်အားကို ပြသလိုက်တာပါပဲ။ တကမ္ဘာလုံးများရှိတဲ့ နိုင်ငံခေါင်းဆောင်များကို သတိပေးလိုက်ပါတယ်။ အကယ်၍ သူတို့ကဆက်လက်ပြီး ကန့်သတ်ချက်တွေ၊ ဖြတ်တောက်မှုတွေ အကျဉ်းထောင်ချမှုတွေ၊ လွတ်လပ်တဲ့ ကမ္ဘာကြီး နဲ့ လွတ်လပ်တဲ့ အင်တာနက် တွေကို အသံတိတ်သွားအောင် ထိန်းချုပ်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် သူတို့ဟာ ကျနော်တို့ရဲ့ နိုင်ငံခေါင်းဆောင်အဖြစ် ကြာကြာနေနိုင်မှာ မဟုတ်ပါဘူး” စသဖြင့် Anonymous ရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။
တဖန် ၂၀၀၆ ခုနှစ်က V for Vendetta ရုပ်ရှင်ကားမှာ အဓိကဇာတ်ဆောင်က “Guy Fawkes” မျက်နှာဖုံးကိုစွပ်ပြီး freedom fighter ပုံစံနဲ့ သူ့မျက်နှာကို ရက်ရက်စက်စက် ဖျက်စီးပစ်ခဲ့တဲ့လူတွေကို ပြန်လည်ပြီး ကလဲ့စားချေသွားပုံကို သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒါဇာတ်ကားကို အသုံးပြုပြီး အစိုးရရဲ့ဖိနှိပ်ခံအောက်မှာ နေနေရတဲ့ အဖွဲ့အစည်းများ အုပ်စုများက သူတို့ရဲ့ယုံကြည်ချက်တွေကို စည်းရုံးဖော်ထုတ်ခဲ့ပါတယ်။
Anonymous ဟက်ကာများကလည်း “Guy Fawkes” မျက်နှာဖုံးကို အသုံးပြုပြီး ဖိနှိပ်ချုပ်ချယ်တဲ့ အာဏာပိုင်အဖွဲ့အစည်း တွေကို ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ ဆန့်ကျင်နေကြပါတော့တယ်။
Source: http://mashable.com/2012/11/05/
http://www.myanmar1.com/2012/11/anonymous-%E1%80%9F%E1%80%80%E1%80%B9%E1%80%80%E1%80%AC%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-paypal-symantec-%E1%81%80%E1%80%80%E1%80%B9%E1%80%98%E1%80%B9%E1%80%86%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/