လူတွေ ပါးစပ်ဖျားမှာ အမေရိကား အမေရိကား ပြောနေကြတယ်၊ ဘာလို့လဲ? ဘာကြောင့်လဲ? ဘက်စုံကနေ ပျော်ဝင် ကြည့်ကြရအောင်၊ အခြေချ နေထိုင်သူတွေရဲ့ အကြီးမားဆုံး အမေရိကားရောက် အဓိက အိပ်မက်ဟာ အိမ်ပိုင်ဆိုင် ချင်တာပါပဲ၊ သူတို့ စံနစ် သူတို့ အဖြစ်သနစ်တွေမှာ မပျော်ဝင်တတ်ယင် အိမ်ခြေယာမဲ့ တောင် အရှင်လတ်လတ် ဖြစ်သွားနိုင်သေးတယ် မဟုတ်ပါလား၊ သူတို့ လူနေမှု စံနစ်ထဲမှာ စည်ကမ်းတကျ ဘောင်ဝင်အောင် နေထိုင်တတ်ယင် ဝင်ငွေနည်းလဲ အိမ်တောင် အလကားနီးပါး နေထိုင်ယင်း ပိုင်ဆိုင်နိုင်တယ် ပြောယင် လွန်တယ် ထင်မလား? ။ 

ngu mayu ai gaw dai ginra lamu ga hta kadai nhtu kajam sai, manau dum na jaba wawt yu nhtawm jaba pru ai hte dai manau wang hpe kadai sa kajam nmai sai, sa jahten/sa kajam ai wa, ni gaw dai amyu sha ni a hpyen rai sai, dai sa jahten ai wa hpe sat kau lu ai shani shing nrai dai wa kaw na hpyi-nyem tawngban wa ai lam sha nnga yang nsim nsa gasat gala mat wa na lam sha nga sai, ndai amu gaw W/P Jinghpaw Mungkan ting (India, China, Burma) na WP Jinghpaw Amyu sha hkum ting dek shagu hpe lukdik lukga e baw bye ya ai hta grau sawng mat sai lam re.E Mail ပို့တတ်ရမယ်
ပြောပြီးသားစကားကိုပြန်ပြောရမယ်ဆိုရင် သင်ဟာ ကွန်ပျူတာသမားစစ်စစ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ Email လေးတော့ပို့တတ်ရမယ်။ ဆိုလိုတာက သင်ဟာဆရာဝန်တစ်ယောက်ဖြစ်ချင်ဖြစ် မယ်။ ဒါမှမဟုတ်ဘုန်းတော်ကြီးလည်းဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် အင်ဂျင်နီယာ တစ်ယောက် လည်းဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုပဲဖြစ်စေ ကွန်ပျူတာကိုအသုံးပြုပြီး Email လေးတော့ပို့တတ်ရမယ်။ Email ပို့တယ်ဆိုတာဘာမှ သိပ်ထူးဆန်းတဲ့ ကိစ္စတော့မဟုတ်ဘူး။ သတ်မှတ်ထားတဲ့နေရာမှ ကိုယ်ပေးပို့ရမယ့် စာသားကိုရိုက်ထည့်ပြီး ပို့လိုက်တာပဲဖြစ်မယ်။ ရှင်းရှင်းပြောရရင်စာပို့တာပဲပေါ့ဗျာ။
Internet ကိုအသုံးပြုတတ်ရမယ်
တစ်ခုခုကိုရှာချင်ဖွေချင်တယ်ဆိုရင် Directory ဆိုတဲ့လမ်းညွှန်စာအုပ်ကိုလှမ်ကြည့်သလိုပါပဲ။ Email ပို့သလိုပါပဲ Internet ကို အသုံးပြုတယ်ဆိုတာလည်း ဘာမှခဲရာခဲဆစ် အလုပ်တစ်ခုမဟုတ်ဘူးဗျ။ကိုယ်သိချင်တဲ့အကြောင်းအရာကို စွယ်စုံကျမ်းထဲလှမ်ကြည့်သလိုပါပဲ။ Internet ကိုအသုံးပြုတယ်ဆိုတာ ပညာရေးအတွက်ဖြစ်စေ၊ ကျန်းမာရေးအတွက်ဖြစ်စေ၊ ဗဟုသုတအတွက်ဖြစ်စေ၊ အချစ်ရေးအချစ်ရာကိစ္စဖြစ် စေ၊ မည်သည့်ကိစ္စမည်သည့် အကြောင်း အရာမဆို အိုဗျာပြောရရင် ယနေ့ခေတ်ရဲ့စီးပွားရေး၊ လူမှုရေး၊ နေ့စဉ်တွေ့သမျှအကြောင်းအရာအားလုံှးုညအနမညနအ ထဲမှာရှိတယ်။ ကိုယ်သိချင် တာမှန်သမျှအားလုံးကိုInternet ထဲမှာရှာလို့ရတယ်။ ဒါကြောင့်ကမ္ဘာရဲ့ဘယ်နေရာမှာနေနေ အသိပညာ၊ ဗဟုသုတနှင့် သတင်းအချက် အလက်တွေ အချိန်နှင့်တပြေးညီသိရှိနိုင်တယ်။ အဲ့ဒီလိုအချက်အလက်တွေကြောင့်လည်းလူတွေဟာကမ္ဘာကြီးကို ရွာကြီးတစ်ရွာအနေနဲ့တင်စားကြတယ်။ ဆိုလိုတာကရွာ တစ်ရွာမှာ ဘာကိစ္စပဲဖြစ်ဖြစ် ဖြစ်လိုက်တာနှင့်တစ်ရွာလုံး ကသိသွားသလို ယနေ့ကမ္ဘာကြီးမှာလည်း ဖြစ်ဖြစ်သမျှ၊ ပျက်ပျက်သမျှတွေဟာ အင်တာနက်ကြောင့် သတင်း အချက်အလက်များအချိန်နဲ့တပြေးညီသိရှိနိုင်ပါတယ်။ ဒါကိုတချို့ကလည်း ကမ္ဘာပြားပြီလို့ တင်စားခေါ်ဝေါ်ကြ ပါတယ်။
ကွန်ပျူတာမှာရှိတဲ့ကြိုးတွေတပ်တတ်ရမယ်
သင်ဟာကွန်ပျူတာအခြေခံတက်ထားပြီးရုံပဲရှိသေးတယ်။ ကွန်ပျူတာစက်ပြင်သင်တန်းဖြစ်တဲ့ Hardware သင်တန်းတွေဘာတွေလည်း မတက်ရသေးဘူး ဆိုသော်ငြားလည်း ကွန်ပျူတာနောက်ဘက်ကရှိတဲ့ ကြိုးတွေကိုတော့တပ်တတ်ရပါမယ်။ ဒါကလည်းသိပ်ခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး။ ကွန်ပျူတာတစ်လုံးမှာ တပ်ရမည့်ကြိုးတွေကို ရေတွက်ပြရမယ်ဆိုရင်ဖြင့် -
(၁) Keyboard ကြိုး
(၂) Mouse ကြိုး
(၃) AC Power ကြိုး
(၄) Monitor Display ကြိုး
(၅) Printer တပ်ထားမယ်ဆို Printer ကြိုး
(၆) Speaker တပ်ထားမယ်ဆို Speaker ကြိုး
(၇) Modem ချိတ်ထားမယ်ဆို တယ်လီဖုန်းကြိုး
(၈) Network ချိတ်ထားမယ်ဆိုရင်Network ကြိုး စသည်တို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာသိရမှာက Keyboard ရယ် Mouse ရယ် Printer ရယ်ဟာ အောက်ကပုံမှာပြထားသလိုမဟုတ်ဘဲ USB အနေနဲ့လည်း တပ်ထားနိုင်ပါတယ်။ ပုံမှန်ဆိုရင်တော့ Keyboard နဲ့ Mouse ဟာ Mini Din Connector အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ PS2 လို့လည်းခေါ်ပါတယ်။ keyboard နဲ့ Mouse ခေါင်းဟာပုံစံတူဖြစ်ပါတယ်။ ဒီတော့မမှား ရအောင် အရောင်နဲ့ခွဲထားတယ်။ Keyboard က ခရမ်းရောင်ဖြစ်ပြီး Mouse က အစိမ်းရောင်ဖြစ် ပါတယ်။
အဲ့ဒီလိုအရောင်နဲ့မှတ်ရမည့် နောက်ထပ်အပေါက်တစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ Speaker အပေါက်ပဲဖြစ်ပါတယ်။ Computer တွေမှာပုံမှန်အားဖြင့် အသံနှင့်ပတ်သက်လို့ Audio Jack ပေါက် ၃ ပေါက်ပါရှိပါတယ်။ အစိမ်းရယ်၊ အပြာရယ်၊ ပန်းရောင်ရယ်ဖြစ်ပါတယ်။ အဲ့ဒီ ၃ ပေါက်ထဲမှာမှ Speaker ဟာ
ပုံ ၁.၂၄
အစိမ်းရောင်အပေါက်မှာ တပ်ရမှာဖြစ်ပါတယ်။
Computer ရဲ့နောက်ဖက်ကကြိုးတွေတပ်တဲ့နေရာမှာ အထူးသတိပေးချင်တာကMonitor ကြိုးပဲဖြစ် ပါတယ်။၎င်း Monitor ကြိုးမှာ Pin လေးတွေကကွေးသွားတာတို့၊ ကျိုးသွားတာတို့၊ ဖြစ်တတ်ပါတယ်။ ၎င်း Monitor ခေါင်းကိုတပ်တဲ့နေရာမှာ ခေါင်းဟာ Vshape ပုံစံ အစောင်းလေးဖြစ်ပါတယ်။ ဒါကြောင့်ပြောင်းပြန် ထိုးရင်မဝင်ပါဘူး။ ဒါကိုကိုယ်ကမသိဘဲနဲ့သော်လည်းကောင်း၊ မမြင်မစမ်းနဲ့သော်လည်းကောင်း၊ အတင်းထိုးတပ် လိုက်ပါက Pin ကလေးများကွေးခြင်း၊ ကျိုးခြင်း ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒီအခါကျ Monitor ဟာ အရောင်မမှန် တော့ပါဘူး။ ဒီလိုမဖြစ်အောင်သင်ဂရုစိုက်ရပါလိမ့်မယ်။
နောက်ထပ်အရေးတစ်ကြီး သတိပေးချင်တာတစ်ခုရှိပါသေးတယ်။ အဲ့ဒါက Power ကြိုးပါပဲ။ Power ကြိုးကို Power Supply မှာ သေသေချာချာ မိမိရရတပ်ဖို့လိုပါတယ်။ မမိတမိတပ်ထားခြင်း၊ Loose ဖြစ်နေခြင်းဟာရှော့ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်သေသေချာချာမိမိရရတပ်ထားဖို့လိုပါတယ်။ အကယ်၍သေချာ မတပ်ထားပါက၎င်းနေရာမှ 'ဖျစ်ဖျစ် ဖျစ်ဖျစ်' နဲ့ အသံကြားနေရတတ်ပါတယ်။ ကျန်တာကိုတော့ ပုံ ၁.၂၄ မှာပြထားတဲ့ပုံကိုကြည့်ပြီးတော့လေ့လာလိုက်ပါ။
CV From လေးတော့ရိုက်တတ်ပါစေ
အလုပ်လုပ်မယ်ဆိုပြီးတော့ အလုပ်လာလျှောက်တဲ့သူဟာ CV Form လေးတောင် ဖြောင့်အောင်ဖြည့် မလာပါဘူး။ ဒါကိုအလုပ်ရှင်ကအလုပ်မခန့်ဘူးဆိုရင် ဘာမှသိပ်ထူးဆန်းတဲ့ကိစ္စမဟုတ်တော့ဘူး။ ဒါတွေဟာ အရေးကြီးတယ်မပေါ့ပါနဲ့။ CV From ကိုကြည့်လိုက်ကတည်းက သေသပ်မှုမရှိ၊ ပြည့်စုံမှုမရှိရင်အဲ့ဒီမှာတည်းက သင်ဟာ အထင်ကြီးချင်စရာ၊ ယုံကြည်ချင်စရာ၊ အားကိုးချင်စရာ၊ အလုပ်ခန့်ချင်စရာကောင်းမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ CV From ကို ကောင်းစွာရိုက်တတ်ဖို့လိုအပ်သလို ပြည့်စုံအောင်ဖြည့်တတ်ဖို့လည်း လိုအပ် ပါတယ်။ ဒီနေ့ခေတ်မှာ CV From ကို ပုံစံအမျိုးမျိုးနှင့် ဖြည့်နေကြတယ်ဆိုပေမယ့် အရင်ကတည်းက စံအဖြစ် သတ်မှတ်ထားတဲ့ CV From ပုံစံကိုအခုဖေါ်ပြပေးလိုက်ပါတယ်။
၎င်း CV From ရဲ့ထူးခြားချက် ကတော့ CV From တို့မည်သည်ဘောင်မခတ်ရပါဘူး။
နောက်တစ်ချက်က အပေါ်ဆုံးမှာရှိတဲ့ Curriculum Vitae ကိုစာလုံးတစ်လုံးနှင့်တစ်လုံးကြား Space တစ်ချက်စီခြားရပါတယ်။ အဲ့ဒီမှာတစ်ခါတည်း မှတ်ထားရမှာက စာလုံးတစ်လုံးနှင့်တစ်လုံးကြား Space တစ်ချက်ခြားတဲ့ စာလုံးတိုင်းဟာ စကားလုံးတစ်လုံးနှင့်တစ်လုံး ကြားမှာတော့ Space သုံးချက်ခြားရပါတယ်။ ဒီတော့ကာ Curriculum နဲ့ Vitae ကြားမှာ Space သုံးချက် ခြားရမှာဖြစ်ပါတယ်။