Monday, October 3, 2016

Kachin Voice

Public Voice
Mung Shawa N sen
Tai Hpyen Wa
Hkrat Sum U Ga
Hkrat Sum U Ga
Hkrat Sum U Ga
Hkrat Sum U Ga
Hkrat Sum U Ga
Hkrat Sum U Ga
Hkrat Sum U Ga.

Read more »

မြန်မာတပ်၏ ထိုးစစ်အား လူထုဆန့် ကျင်ရေး မြစ်ကြီးနား မနောကွင်းတွင် ပြုလုပ်

3 - 10 - 2016 ရက်နေ့
ကချင်ဒေသ များအတွင်း တပ်မတော်၏ ထိုးစစ်များရပ်ဆိုင်း ရန် လူထု
ဆန္ဒဖော်ထုတ်ခြင်းအခမ်းအနားကို ယနေ့ မနက် (၈)နာရီ မှစတင်ပြီး
ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ စီတာပူ မနောင်ကွင်း၌ ကျင်းပပြုလုပ်
နေ ပါ သည်....
3,Oct,2016@ 8:20 am

Read more »

wunpawng hkanan de


Read more »


Read more »


Read more »


Read more »

Kachin People are Demanding to Government to Stop War and Stop Fighting to KIA.


( Manau park,Myitkyina. 3.oct.2016 8:00Am)
Photo cred: MKA Jn

Read more »

Myitkyina kaw mung shawa n gun madun (video )

Read more »

Sunday, October 2, 2016

ပြည်သူ့ စစ်အဖွဲ့ (သောင်းကျန်းသူဆန့် ကျင်ရေးအဖွဲ့ )ဟာ ရဝမ်တမျိုးသားလုံးနဲ့ မဆိုင်ကြောင်းရှင်းပြသွားတာပါ။

Ahjung Slt September 28 at 2:42pm · ပြည်သူ့ စစ်အဖွဲ့ (သောင်းကျန်းသူဆန့် ကျင်ရေးအဖွဲ့ )ဟာ ရဝမ်တမျိုးသားလုံးနဲ့ မဆိုင်ကြောင်းရှင်းပြသွားတာပါ။ အမှန်တော့ ခေါင်လန်ဖူးဒေသမှာ KIA ပဲနေခဲ့တာမဟုတ်ပါ။ NDAK လည်းနေခဲ့ပါတယ်။ အပြစ်တင်နေတာက KIA ပါ။ KIA မကောင်းဘူးပြောမှ့ (KIAကိုအကြောင်းပြမှံ)ရဝမ်တွေကို ပြည်သူ့ စစ် အတွက်စစ်သားစုဆောင်ဖို့ လွယ်မှာဖြစ်တဲ့အတွက်လို့ ပဲ သုံးသတ်မိပါတယ်။ပြည်သူ့ စစ်ဟာ KIA ရန်ကိုကာကွယ်ဖို့ မဟုတ်ပဲ အကျိုးတူစီးပွားအတွက်သက်သက်ဖွဲ့ စည်းထားတဲ့အဖွဲ့ အစည်းလို့ သုံးသတ်မိပါတယ်။

Read more »

Burma Army's shelling around 6AM this morning had injured 2 children (5 and 6 years old) and killed a 2-yrs old baby girl, Mangshang Zung Myaw, in Puwang village, Northern Shan State.


Stella H. Naw added 5 new photos.
13 hrs
I am very angry!
Burma Army's shelling around 6AM this morning had injured 2 children (5 and 6 years old) and killed a 2-yrs old baby girl, Mangshang Zung Myaw, in Puwang village, Northern Shan State. One of the two injured had his stomach hit open by the shelling and he was receiving emergency operation in Mangshi hospital. Not the kids, fuck man!
(Original post from Mai Seng Lat)

Read more »

Oct 7ya shani 1:30pm Washington, DC Myen Mung Dat Kasa rung de sa wa marit.

Gum San NSang


US du nga ai Wunpawng sha ni yawng Oct 7ya shani 1:30pm Washington, DC 
Myen Mung Dat Kasa rung de sa wa marit. 
Amyu sha tai ai lit hpe rau jawm gunhpai ga.

Read more »

Read more »

အာဏာရနေတဲ့NLD အစိုးရကိုပြောချင်ပါတယ်အာဏာရှိနေပါရက်နဲ့လက်ရှိစစ်ဖြစ်နေတဲ့ကချင်ဒေသနှင့်အခြားသောတိုင်းရင်းသားတွေရဲ့နေရာမှာစစ်ပွဲရပ်ဖို့အမိန့်ထုတ်ပြန်နိုင်ပါရက်နဲ့ပါးစပ်ပိတ်ပြီးနေနိုင်တာကိုတကယ်အံ့အြမိပါတယ်၊လွှတ်တော်မှာခေါင်းပေါင်းတလူလူနဲ့တိုင်းပြည်အကျိုးထမ်းနေတဲ့လူကြီးလူခေါင်းများကိုလည်းတင်ပြချင်ပါတယ်ပြည်တွင်းစစ်မှာဓါတုလက်နက်သုံးတာလုံးဝလုံးဝကန့်ကွက်သင့်ပါတယ်ဒါဟာလူမျိုးစုနွယ်တုံးပြုန်းစေတဲ့ယုတ်မာရက်သက်တဲ့လူသတ်နေတဲ့လုပ်ရပ်တရပ်ဘဲဖြစ်ပါတယ်၊ကမ္ဘာကတားမြစ်ထားတဲ့ဥပဒေက်ုချိုးဖေါက်ခြင်းဖြစ်ပါတယ်ရပ်တန့်ကရပ်ဖို့ရန်အပူတပြင်းဦးစွာဆောက်ရွက်ရန်အရေးကြီးပါတယ်။စစ်စရိတ်ကတိုင်းပြည်တိုးတက်မှုအခွန်ဘဏ္ဍာကိုအကြီးမားဆုံးဖြုန်းတီးနေမဲ့အစားခလေးသူငယ်များရဲ့ရှေ့ရေးကိုပြုစုပျိုးထောင်မည့်စာသင်ကျောင်းရာပေါင်းများစွာဆောက်လို့ရတဲ့ငွေတွေအလဟသနာမည်ဆိုးသမိုင်းဆိုးကိုရေးနေပါတယ်၊ဗမာတွေဘယ်ဗမာအစိုးရတက်တက်အတူတူပါဘဲလား?ရှေ့ဆက်ပြီးစစ်ပွဲဖြစ်နေအုံးမှာပဲလား?ခွင့်မလွှတ်နိုင်တော့ပါ😡😡😡အမျိုးသားရင်ကြားစေ့ရေးဆိုတာလည်းဒီလိုဆက်လုပ်နေရင်ဖြစ်လာစရာမမြင်နိုင်တော့ပါ၊ဆင်းရဲသထက်ဆင်းရဲမွဲတေနေအုံးမည့်ငါတို့နိုင်ငံအရေးကိုပြုပြင်ချိန်တန်နေပြီလို့ရင်ထဲကခံစားချက်ကြေကွဲ
ပြင်းထန်စွာပေါက်ကွဲနေမိတဲ့အကြောင်းပြောချင်မိပါတယ်။

Read more »

RFA Burmese
လက်နက်ကြီးကျည်မှန်ပြီး ကလေးငယ်တစ်ယောက် သေဆုံး
ဒီနေ့မနက်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုန်းကိုးမြို့နယ်ခွဲ ပူးဝမ်းကျေးရွာအနီးမှာ အစိုးရနဲ့ ကေအိုင်အို တပ်တွေရဲ့ တိုက်ပွဲကြောင့် ကလေးငယ်တစ်ယောက် လက်နက်ကြီး ကျည်ဆံထိမှန်သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေကြပါတယ်။
အစိုးရတပ်က တပ်မ ၉၉ လက်အောက်ခံတပ်နဲ့ ကေအိုင်အို တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ တပ်တွေအကြား တိုက်ပွဲဖြစ်ပွားရာကနေ လက်နက်ကြီးကျည်ဆံ ထိမှန်တာကြောင့် ကလေးငယ် သေဆုံးသွားတာဖြစ်တယ်လို့ မုန်းကိုး ဒေသခံတစ်ဦးက ပြောပါတယ်။
"ဖြစ်တာက ဒီမနက် ၆ နာရီနဲ့ ၆ နာရီခွဲကြားမှာ အစိုးရစစ်ကြောင်းက တပ်မ ၉၉ လို့ကြားတယ်၊ ဖြစ်တဲ့နေရာက ကေအိုင်အေ တပ်ရင်း ၃၆ နယ်မြေပေါ့၊ ဖောင်းဆိုင်ဒေသ ပူးဝမ်းဆိုတဲ့ကျေးရွာမှာပေါ့၊ အဲဒါ အစိုးရစစ်ကြောင်းကနေ လက်နက်ကြီး ၆ လုံး ရွာထဲပစ်လိုက်တယ်၊ အဲဒီမှာ ကလေး ၃ ယောက် ထိတာပေါ့၊ ကလေး ၃ ယောက်ထဲကနေ အငယ်ဆုံး အသက်က ၂ နှစ်ကျော်ပဲ ရှိသေးတယ်၊ ဇုံးမျှော် ဆိုတဲ့ အမျိုးသမီးကတော့ အသက်ဆုံးသွားပြီပေါ့၊ ကျန်တဲ့ကလေး ၂ ယောက်ကျတော့ ယောက်ျားလေးတွေ၊ တစ်ယောက်က ဒဏ်ရာပြင်းတယ်၊ နောက်တစ်ယောက်က ခြေထောက်မှာထိတာ ဆိုတော့ သိပ်မစိုးရိမ်ရဘူး၊ ဗိုက်ထိတဲ့ကလေးကျတော့ စိုးရိမ်စရာရှိတယ်"
ကျန်တဲ့ကလေး ၂ ယောက်ကို တရုတ်နိုင်ငံဘက်က ဆေးရုံမှာ ကုသနေရတယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲကြောင့် အိမ်ခြေ ၆ဝ လောက်ရှိတဲ့ ပူးဝမ်းကျေးရွာက ရွာသူရွာသားတွေ အားလုံး တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။
Photo: Kan Thar/RFA
(ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ TNLA တအာန်းအမျိုးသား တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေကို မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်)

Read more »

ဗမာ လူမျိုးကြီး ဝါဒနှင့် ဗမာ့ သတ်မတော် စစ်ခွေးတွေက ကချင် လူမျိုးတွေကို လူမျိုးတုံး သတ်ဖြတ် နေပြီ

Zai Wa Mung Wawhkyung with Mg Mg Soe and 49 others.

ဓာ တု အ ဆိပ် ပါ တဲ့ လက် နက် နဲ့ ဗ မာ စစ် ခွေး တွေ က လိမ် ဆင် လက် နက် ကြီး ပစ် ပါ တယ်။ တက် လာ တဲ့ ခွေး ကို Gidon မှာ တွန်း လှန် ပစ် လိုက် ပြီ။ Lai Hpong တောင် အောက် မှာ တော့ စစ် ခွေး အ လောင်း ပုံ နေ ပြီ။
(၄) လ ပတ် ယ နေ့ ပြီး ပါ ပြီ။ မပခ မျက် နှာ ရှုံ့ မဲ့ နေ ပါ ပြီ။
GIDON HTE LAI HPONG GASAT POI BAI BYIN
=================================
Gidon post de 8:45 kon sinat kaba gap nna myen ni htim lung wa ai majaw 9:10 am. kon 10:00 am. du hkra gasat poi byin ai. Myen ni hpe ninghkap manga kau dat sai. Sinat kaba hta ''gung nsa (Chemical Weapon)'' gap bun ai lam nga ai.
Lai Hpong bum npu Lai Ma Hkyet kaw 9:00 am. kon myu tsaw ni myen dap ni hpe htim gasat shagrawt nga ai lam chye lu ai.
(Wunpawng mung shawa ni myu tsaw ni a matu akyu hpyi ya nga ga law )
ဓာ တု အ ဆိပ် ပါ တဲ့ လက် နက် နဲ့ ဗ မာ စစ် ခွေး တွေ က လိမ် ဆင် လက် နက် ကြီး ပစ် ပါ တယ်။ တက် လာ တဲ့ ခွေး ကို Gidon မှာ တွန်း လှန် ပစ် လိုက် ပြီ။ Lai Hpong တောင် အောက် မှာ တော့ စစ် ခွေး အ လောင်း ပုံ နေ ပြီ။
(၄) လ ပတ် ယ နေ့ ပြီး ပါ ပြီ။ မပခ မျက် နှာ ရှုံ့ မဲ့ နေ ပါ ပြီ။
BumLen Awng
=======
တိုက်ပွဲတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးနိုင် ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ စာပေးပို့
2016-10-01
RFA
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲတွေရပ်တန့်ပြီး ငြိမ်းချမ်းရေးကို ဆက်လက် အကောင်အထည် ဖော်နိုင် ဖို့အတွက် မြစ်ကြီးနားမြို့ အခြေစိုက် PCG ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ က နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာပေးပို့လိုက်ပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်း လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စာရေးသားပေးပို့ရတာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးဆန်းအောင် က ပြောပါတယ်။
ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာရဲ့ အရှေ့မြောက်ဘက် အင်ခရန်း တောင်ကြောတလျှောက် ကေအိုင်အိုဌာနချုပ်ရဲ့ အနီးပတ်ဝန်းကျင်မှာ စက်တင်ဘာ လလယ်ပိုင်းကစပြီး အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်တွေအကြား ဒီကနေ့အထိ တိုက်ပွဲရက်ဆက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
အစိုးရရဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေတပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၃ နဲ့ လှုပ်ရှားတပ်ရင်း ၂၅၂ တို့အကြား တိုက်ပွဲတွေဖြစ်နေတာလို့ ပြောပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းကို ကေအိုင်အေက မိုင်းဆွဲတိုက်ခိုက်လို့ တိုက်ပွဲဖြစ်ရတာလို့ အစိုးရတပ်မတော်က ပြောသလို အစိုးရတပ်ဘက်က အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေတာလို့ ကေအိုင်အေ ဘက်က ပြောထားပါတယ်။
ရက်ရှည်ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေအကြား နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
နှစ်ဘက် ထိုးစစ်ဆင်မှုတွေကို ရပ်တန့်ပြီး၊ မိုင်ထောင်တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ မလုပ်ကြဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က ဝိုင်းမော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇခေါင်ခမ်းရယ်က ပြည်နယ်လွှတ်တော်မှာ အရေးကြီးဆိုတင်သွင်းရာမှာ လွှတ်တော်က မှတ်တမ်းတင်ခဲ့ပါတယ်။
======
လက်နက်ကြီးကျည်မှန်ပြီး ကလေးငယ်တစ်ယောက် သေဆုံး
2016-10-01
RFA
ဒီနေ့မနက်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုန်းကိုးမြို့နယ်ခွဲ ပူးဝမ်းကျေးရွာအနီးမှာ အစိုးရနဲ့ ကေအိုင်အို တပ်တွေရဲ့ တိုက်ပွဲကြောင့် ကလေးငယ်တစ်ယောက် လက်နက်ကြီး ကျည်ဆံထိမှန်သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေကြပါတယ်။
အစိုးရတပ်က တပ်မ ၉၉ လက်အောက်ခံတပ်နဲ့ ကေအိုင်အို တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ တပ်တွေ အကြား တိုက်ပွဲဖြစ်ပွားရာကနေ လက်နက်ကြီးကျည်ဆံ ထိမှန်တာကြောင့် ကလေးငယ် သေဆုံးသွားတာဖြစ်တယ် လို့ မုန်းကိုး ဒေသခံတစ်ဦးက ပြောပါတယ်။
"ဖြစ်တာက ဒီမနက် ၆ နာရီနဲ့ ၆ နာရီခွဲကြားမှာ အစိုးရစစ်ကြောင်းက တပ်မ ၉၉ လို့ကြားတယ်၊ ဖြစ် တဲ့နေရာက ကေအိုင်အေ တပ်ရင်း ၃၆ နယ်မြေပေါ့၊ ဖောင်းဆိုင်ဒေသ ပူးဝမ်းဆိုတဲ့ကျေးရွာမှာပေါ့၊ အဲဒါ အစိုးရစစ်ကြောင်းကနေ လက်နက်ကြီး ၆ လုံး ရွာထဲပစ်လိုက်တယ်၊ အဲဒီမှာ ကလေး ၃ ယောက် ထိတာပေါ့၊ ကလေး ၃ ယောက်ထဲကနေ အငယ်ဆုံး အသက်က ၂ နှစ်ကျော်ပဲ ရှိသေးတယ်၊ ဇုံးမျှော် ဆိုတဲ့ အမျိုးသမီး ကတော့ အသက်ဆုံးသွားပြီပေါ့၊ ကျန်တဲ့ကလေး ၂ ယောက်ကျတော့ ယောက်ျားလေးတွေ၊ တစ်ယောက်က ဒဏ်ရာပြင်းတယ်၊ နောက်တစ်ယောက်က ခြေထောက်မှာထိတာ ဆိုတော့ သိပ်မစိုးရိမ်ရဘူး၊ ဗိုက်ထိတဲ့ ကလေးကျတော့ စိုးရိမ်စရာရှိတယ်"
ကျန်တဲ့ကလေး ၂ ယောက်ကို တရုတ်နိုင်ငံဘက်က ဆေးရုံမှာ ကုသနေရတယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲကြောင့် အိမ်ခြေ ၆ဝ လောက်ရှိတဲ့ ပူးဝမ်းကျေးရွာက ရွာသူရွာသားတွေ အားလုံး တရုတ်နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။
=======
တပ်မတော်က ကုန်စည်ကားတွေကို ပိတ်ထား
2016-09-30
RFA
.
ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီးပေါ်မှာ ဖားကန့်မြို့နယ် ဒွန်ဘန်ကျေးရွာအခြေစိုက် တပ်မတော်က တနိုင်းဘက်သွားမယ့် ကုန်ကားအစီး ၃၀ ကျော်ကို အခုလ ၂၇ ရက်နေ့ကစပြီး သွားလာခွင့်ပိတ်ပင်ထားပါတယ်။
အဲဒီကုန်တင်ကားတွေဟာ အခြေခံစားသောက်ကုန်တွေပါတဲ့ ကားတွေဖြစ်တဲ့အကြောင်း အဲဒီနယ်မြေမှာ ကုန်စည်စီးဆင်းမှုတွေကို အခက်အခဲဖြစ်စေတယ်လို့ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အလုပ်အမှုဆောင် ဦးဝင်းဘို ကပြောပါတယ်။
ဒီကနေ့ ညနေ သုံးနာရီအထိ ဖြတ်သန်းခွင့် ပိတ်ထားဆဲဖြစ်ပြီး ကုန်ကားတွေဟာ ဒွန်ဘန်ရွာလယ် ဈေးဆိုင်တန်းတွေရှေ့မှာ ရပ်နားထားရတယ်လို့ ရွာသားတစ်ဦးကပြောပါတယ်။
ပြည်နယ်ဝန်ကြီးချုပ်နဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့က ကုန်ကားတွေပိတ်ထားတာနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြတယ်လို့ အစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
တုံမဏီ၊ ဒလူး၊ ဝမ်းပလာ စတဲ့ မှော်ရွာတွေနဲ့ ထိစပ်နေတဲ့ တနိုင်းဒေသဘက်မှာ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ က လှုပ်ရှားနေတာဖြစ်ပါတယ်။
မြစ်ကြီးနားဘက်ကနေ အခြေခံစားကုန် ဆန်၊ ဆီ၊ ကုန်ခြောက်မျိုးစုံနဲ့ စက်သုံးဆီတွေကို ကုန်တင်ကားကြီးတွေနဲ့ တင်ပို့နေတာဖြစ်ပြီး တနိုင်းဒေသက ပြည်သူတွေနဲ့ ရွှေမှော်၊ ပယင်းမှော် လုပ်ကိုင်သူတွေဟာလည်း အဲဒီလမ်းကြောင်းကိုပဲ အဓိက သယ်ယူနေရတာဖြစ်ပါတယ်။
အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေအကြား စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်မှာ မိုးကောင်း-ဖားကန့်၊ မြစ်ကြီးနား-တနိုင်း၊ မြစ်ကြီးနား-ဗန်းမော်၊မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို စတဲ့ လမ်းကြောင်းတွေကို လုံခြုံရေးအခြေအနေအရ နှစ်ဖက်တပ်တွေက မကြာခဏပိတ်ထားလေ့ရှိပါတယ်။

Read more »

PuWang Mare Hpe myen hpyen dap ni Lak Nak kaba gap bun dat sai !

 Seng Jaw's post.
≠===================
Tara nlang , nhkru nshawp dik ai myen hpyen dap 99 npu myen dap ni gaw, 1.Oct,2016 jahpawt 6:00am - 6:30am lapran, Mungmyit Sinli ga,Dung 36 Uphkang ginra, Munggu Ginwang, Hpawngseng Ninghtawn , Puwang mare de laknak kaba 6 lang gap shadam bang dat ai majaw , Mung shawa marai 3 hkala mat ai lam na chye lu ai. Hkala hkrum ai ni gaw, Lagwi Bawm Lang (asak 6 ning) kan pu male hkra ai lam , Lagwi Ting Kyang (asak 5 ning) magyi kaw hkra ai lam, Mangshang Zung Myaw (asak 2 ning) na pawt kaw hkra ai majaw, grai sawng mat sai lam chye lu ai. Ya ! Ten, Puwang mre msha ni yawng, hka lum makau de hpyen koi yen ra mat ai lam matut chye lu ai. Hkala hkrum ai ndai ma 3 gaw , Shau Kai ngu ai Miwa hkran tsi rung de htaw kagat tsi tsi hkamla nga ai lam chye lu ai.
Shi Sawk - MKB
By / Garap Pinra

Read more »

ထိုးစစ်ရပ်ရန် အဆို ကချင်ပြည်နယ် လွှတ်တော် အတည်မပြု

သတင်းနှင့် မီဒီယာ ကွန်ရက်
စက်တင်ဘာ ၂၉ ရက်၊ ၂၀၁၆ ခုနှစ်။
ကချင်ပြည်နယ် လွှတ်တော်အတွင်း ထိုးစစ်ဆင်ခြင်းများ ရပ်ဆိုင်ရန် အရေးကြီး အဆိုတရပ်ကို တင်သွင်းခဲ့သော်လည်း လွှတ်တော်က မှတ်တမ်းတင်ခြင်းသာ လုပ်ဆောင်ခဲ့သည်။
ပြည်တွင်းစစ်ကို ရှည်ကြာစေမည့် ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း
အစရှိသောအချက်များကို မပြုလုပ်ရန် နှစ်ဖက်လက်နက်ကိုင်အဖွဲ့ အစည်းများအား တိုက်တွန်းသည့် အရေးကြီး
အဆိုတစ်ရပ်ကို ၀ိုင်းမော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးနော်လီ (ခေါ်)
ဇခေါင်ခမ်းရယ် မှ တင်သွင်းခဲ့သည်။
၎င်းအဆိုကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ၁/၂၀၁၆ ခုနှစ် ပထမနေ့တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ထိုအဆိုထဲတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် မိမိတို့ ညီနောင်တိုင်းရင်း သားအချင်းချင်း
အယူဝါဒကွဲပြားခြင်း၊ ကျဉ်းမြောင်းသည့် လူမျိုးရေးဝါဒကို ရှေ့တန်းတင်လာကြခြင်း၊ မဟာလူမျိုးကြီးဝါဒပုံစံ
သွင်းလိုခဲ့ကြခြင်း၊ ပင်လုံကတိက၀တ်များကို လိုက်နာရန် ပျက်ကွက် ခဲ့ကြခြင်း၊ ဖက်ဒရယ်စနစ်သည် တိုင်းပြည်ပြို ကွဲရေးစနစ်ဖြစ်သည်ဟု အကြောင်းပြလာခြင်းနှင့် အချို့လူသောပုဂ္ဂိုလ် အချို့သောအဖွဲ့အစည်းများ၏ အတ္တကြီးမားခြင်း စသောအကြောင်းမျိုးမျိုး ကြောင့် ပြည်တွင်းစစ်ဖြစ်လာခဲ့သည်မှာ နှစ်ပေါင်း ၇၀ နီးပါး ခန့်ရှိလာခဲ့ပြီး ကမ္ဘာပေါ်တွင် မိမိတို့ နိုင်ငံအနေဖြင့် ပြည်တွင်းစစ်ဖြစ်ပွားမှုသက်တမ်းအရှည် ကြာဆုံးနဲ့ လက်နက်ကိုင်အဖွဲ့အစည်း အများဆုံးနိုင် ငံများစားရင်းဝင် နိုင်ငံတစ်ခုဖြစ်လာခဲ့သည်ဟု ပါရှိသည်။
အဆိုတင်သွင်းရသည့်အကြောင်းအရင်းနဲ့ပတ်သက်ပြီး “ကျနော်တို့ ပြည်သူလူထုတစ် ရပ်လုံးကပြည်တွင်းငြိမ်း
ချမ်းရေးကို တကယ်ကိုလိုလားနေကြတာဖြစ်တယ်။ ဖြစ်တာနဲ့ကို ကျနော်တို့ ဒီ အစိုးရသစ်လက်ထက် ရောက်
လာတဲ့ အချိန်မှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီးတော့ ဒီပြည်တွင်းငြိမ်းချမ်းရေးညီလာခံကို အားကျိုးမာန်တက် ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမဲ့တစ်ဖက်မှာ အဲလိုမျိုးလုပ်ဆောင်နေတဲ့အချိန်မှာ ဒီမှာကပြည်တွင်းစစ်သက်ကိုရှည်စေမယ့် မလိုလားအပ်တဲ့ ပြသာ
နာလေးတွေ ကျနော်တို့ ကချင်ပြည်နယ်မှာ စစ်တိုက်လိုမျိုးဖြစ်ပေါ်လာတာတွေ့ရတယ်ဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်သူလူထုတစ်ရပ်အနေနဲ့ ဒါတွေကို စိုးရိမ်မကင်း၊ ကြောင်းကြနေတယ်ဖြစ်တဲ့အတွက်ကြောင့် အခုကျနော်တို့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်ဟာဆိုလို့ ရှိရင် ပြည်သူလူထုရဲ့ဆန္ဒကို ကျနော်တို့ ကဖော်ဆောင်ပေးရတာဖြစ်တယ်အတွက်ကြောင့် အဲဒီအတွက်ကြောင့် တင်သွင်းရတာ ဖြစ်ပါတယ်။” ဟု ဦးနော်လီ( ခေါ်) ဇခေါင်ခမ်းရယ်မှ ပြောသည်။
လက်နက်ကိုင်အဖွဲ့စည်းများအနေဖြင့် ငြိမ်းချမ်းရေးကို ခောတ်အဆက်ဆက် ဆောင်ရွက်ခဲ့သော် လည်း ငြိမ်းချမ်းရေး ကိုရှေ့တန်းမတင်ပဲ မိမိတို့အဖွဲ့အစည်း၏ ဆန္ဒကိုသာရှေ့တန်းတင် လုပ်ဆောင်ခဲ့ကြသည့်အတွက် နွေးဆွေးပွဲပျက်ပြားခဲ့ ရခြင်းဖြစ်သည်ဟု လေ့လာသိရှိရကြောင်း၎င်း အဆိုတွင်ပြောဆိုထားသည်။
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်ကလည်း အဆိုကိုချေပရန်မရှိကြောင်း ထောက်ခံကြောင်းနဲ့ လွှတ်တော်တွင် မှတ်တမ်းတင်ထားပေးရန် တင်ပြခဲ့သည်။
ပြည်သူများခံစားနေရခြင်းသည် လွှတ်တော်ကိုယ်စားလှယ်များ ခံစားနေရခြင်းဖြစ်သည့်အတွက် လွှတ်တော်အတွင်း ထည့်သွင်းဆွေးနွေးသင့်သည့် အဆိုဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးရအောင် ၀ိုင်းဝန်းလုပ် ဆောင်ပေးသင့်သည်ဟု တနိုင်း
မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးဇော်ဝင်းကလည်း သတင်းထောက်များအား ပြောကြားခဲ့သည်။
ယင်းအဆိုကို မိမိတို့အနေနဲ့ ထောက်ခံကြောင်း ဦးဇော်ဝင်းမှ ယခုလိုပြောသည်။
“ဒီအဆိုကို ကျနော်တို့ နားဆင်ကြည့်မယ်ဆိုရင် ကျနော်တို့က မြန်မာနိုင်ငံ ပြည်ထောင်စု တပ်မတော်ကိုလည်း ကျနော်တို့က ဖိအားပေးတာမဟုတ်သလို ကျနော်တို့ လက်နက်ကိုင် အဖွဲ့အစည်းကိုလည်း ဖိအားပေးတာ မဟုတ်တဲ့အတွက် ကျနော်တို့က လိုက်လိုက်လှဲလှဲ ထောက်ခံခြင်းဖြစ်ပါတယ်။” ဟု ဦးဇော်ဝင်းမှပြောသည်။
သို့သော် ၄င်းအဆိုနှင့်ပတ်သက်ပြီး လွှတ်တော်အတွင်း အဆုံးအဖြတ်ရယူရန် အဆိုတင်သွင်းသော ကိုယ်စားလှယ် အနေဖြင့် ဆွေးနွေးခဲ့သော်လည်း လွှတ်တော်မှ မှတ်တမ်းတင် ထားရန်သာ အတည်ပြုခဲ့သည်။
ကချင်ပြည်နယ်အတွင်းတွင် မြန်မာ့တပ်မတော်နှင့် ကချင်လွှတ်လပ်ရေးတပ်မတော် KIO/KIA တို့ကြား၂၀၁၁ ခုနှစ်မှစ
တင်ကာ ယနေ့အချိန်ထိ တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဒေသခံပြည်သူများသည် မိမိတို့၏နေထိုင်ရာဒေသကို စွှန်ခွာပြီး ဒုက္ခသည်အဖြစ် နေထိုင်လာခဲ့သည်မှာ ၅ နှစ် ကျော်လာခဲ့ပြီဖြစ်သည်။

Read more »

NLD ရဲ့ မိခင်က ဖေဖေ့တပ်မတော်ပြောတော့
သား သား မီးမီး တို့က မောင်နှ်မ ဆိုပြီး ပြောကြပြန်တယ်။
အစိုးရ ဖြေပါ... ကချင်ကို ဘာလို့ လိုက်တိုက်နေသလဲ ဆိုတော့...
အဲဒီ ၀မ်းမနာ သားသမီးတွေကဘဲ...
အစိုးရနဲ့ ဘာဆိုင်လဲ.... စစ်တပ်ကို ပြော... တဲ့.

Read more »

Myanmar Gov. Troops Used Chemical Weapons in Border ( KIA control area )

La Raw Raw with Ah Pan Lahtaw.
22 hrs
နိုင်​ငံတကာ တွင်တာမြစ်ထားသော ဓာတုလက်နက်များကို လက်ရှိယနေ့မနက်တိုက်ပွဲတွင် ဗမာ့တပ်မတော်က အသုံးပြုနေပါတယ်
၎င်းလက်နက်များမြောက်ကိုးရီးယား ကနေလာတယ်လို့ ယူဆရပါတယ်
အကြမ်းဖက်ဗမာ့တပ်မတော်ဟာ လူသားမျိုးနွယ်များ မျိုးသုံးသေဆုံးစေသော လက်နက်များကို အသုံးပြုနေသည့်အတွက် Terrorist အဖြစ်ကြေငြာဖို့ လုံလောက်ပါတယ်
တရားဥပဒေအကာအကွယ်ပေးနေမှု့က သက်သေပါ
Hka kamai

Read more »

USA Kachin comunity ni Kyu jaja hpyi karum nga

Kamsham ai Naw ku Hpung masha ni Jinghpaw W.P myu sha share shagan ni yawng hpe Hpan wa ning sang Yehowa Karai Kasang Makawp maga, Awng padang ninglaw jaw ya na matu hte majan byin nga ai lam simsa wa lu na matu yawng lata gindun let ja ja kyu hpyi ya nga ga ai .

Photo credit: 
FKBC 
Ah Gyung Chamloit 
Labyawng Zay Daung Myu Tsaw Share Ninghkring ni yawng a ntsa Karai Kasang a Lamu kasa ni tut e bau sin lam woi nga u ga law.


Read more »