Thursday, December 5, 2013

ဖက်ဒရယ် တပ်မတော်အတွက် ပြုပြင် ပြောင်းလဲရေး နည်း လမ်းများ EU,UK,NATO တို့ မှပညာရှင်များနှင့် လေ့လာ နေ

(ရွှေဟင်္သာ)
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် အခြားအဖွဲ့ဝင် များနှင့်အတူ Security of Sector Reform ဟူသည့် လုံခြုံရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲရေး ကိစ္စကို ထိုင်းနိုင်ငံ ဇင်းမယ်မြို့ တနေရာ တွင်ပြီးခဲ့သည့် ဒီဇင်ဘာ (၂)ရက်နေ့က စတင်လေ့လာပြီး (၃)ရက်ကြာ အမြင်ချင်းဖလှယ် ကြမည်ဟု ပြောခွင့်ရသူ အတွင်းရေးမှူး (၂) ခွန်ဥက္ကာမှ ဆိုပါသည်။

“ ပေးတဲ့ ပညာရှင် အဖွဲ့ကတော့ အင်္ဂလန် အခြေစိုက်အဖွဲ့ပါ။ သူတို့အဖွဲ့က( UNFC) အဖွဲ့ဝင်တွေကို အိုင်ယာလန် နိုင်ငံကို ပို့ပေးတဲ့ အဖွဲ့ပေါ့။ အိုင်ယာလန်နဲ့ အင်္ဂလန်တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လေ့လာနိုင်ဖို့နဲ့ ရလာဒ်ကောင်းအပေါ် သုံးသပ်နိုင်အောင် စီစဉ်ပေးတဲ့ အဖွဲ့ကနေ ကမကထ လုပ်နေတာပါ” ဟု ဆိုပါသည်။

အထူးသဖြင့် အင်ဒိုနီး ရှားနိုင်ငံရှိ အာချေးနယ် ပြသနာ ဖြေရှင်းခဲ့ပုံများကို အပြန် အလှန်မေးခွန်း ထုတ်ကြရာတွင် အာချေး ဆွေးနွေးပွဲ ကို မော်နီတာ ပြုလုပ် ခဲ့သည့် ပညာရှင်တဦးမှ ဦးဆောင် ဆွေးနွေးခဲ့ပါသည်။

ဤအဖွဲ့သည် (Intermediate) ဖြစ်ပြီး နိုင်ငံတကာ ပညာရှင် (၆) ဦး တက်ရောက် ခဲ့ပါသည်။ ထိုအထဲတွင် ဗြိတိန် စစ်ဦး စီးချုပ်ဟောင်းနှင့် အီယူ ဘက်မှ နေတိုး တပ်မှူးကြီး လည်းပါဝင် ခဲ့ပါသည်။ ၄င်းအဖွဲ့မှ ပညာရှင်များသည် (UNFC) အဖွဲ့ ၀င်များ၊ အဖွဲ့ ၀င် မဟုတ်သော ရခိုင်လွတ် မြောက်ရေးပါတီ (ALP)နှင့် ရခိုင်တပ်မတော် (AA)တို့နှင့် ဆွေးနွေး နေခြင်းဖြစ်ပါသည်။ လေ့လာမှုများ ထဲတွင် မည်သည့် လက်နက်ကိုင် တပ်များမဆို၊ (အစိုးရ တပ်ဖွဲ့ဖြစ်စေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်စေ၊) ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံနှင့် အညီအံဝင်ဂွင်ကျ ဖြစ်စေရန် မည်သို့မည်ပုံ ပြောင်းလဲသင့် သည်ကို အမြင်ချင်း ဖလှယ် နေကြခြင်း ဖြစ်ပါသည်။

(UNFC) သည် အလားတူ ဆွေးနွေးပွဲမျိုးကို ပြီးခဲ့သည့် နိုဝင်ဘာ (၂၉)ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ ဇင်းမယ်မြို့ ၌ပင် ဖက်ဒရယ် ပြည်ထောင်စုနှင့် သက်ဆိုင်သော ရေးရာများကို (Forum for Federation) ပညာရှင်များနှင့် (၃)ရက်တာ တွေ့ဆုံ ဆွေးနွေးပြီး အမြင်ဖလှယ်ခဲ့ကြပါသည်။ (FOF) အဖွဲ့သည် မြန်မာနိုင်ငံ နှင့် ကိုက်ညီသော ဖက်ဒရယ် ပြည် ထောင်စုစနစ်၏ အင်္ဂါရပ်မျိုးများဖြင့် အမြင်ဖလှယ် ခဲ့ကြပါသည်။

အလားတူ (UNFC) သည် လာမည့် ဒီဇင်ဘာ (၆)ရက်နေ့မှ (၈)ရက်အထိ တွေ့ဆုံ ဆွေးနွေးရေးနှင့် ပါတ်သက်သည့် နောက်ထပ် ပညာအဖွဲ့များနှင့် အမြင်ဖလှယ် ရန် ရှိနေပါသည်။ အထူးသဖြင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး နှင့် အပစ်အခတ် ရပ်စဲရေး အတွေ့အကြုံများကို အမြင်ဖလှယ်ကြမည်ဖြစ်ပါသည်။

နိုင်ငံတကာ ပညာရှင်များမှ လာရောက် ညှိနှိုင်းနေသော ပညာရပ်များသည် မြန်မာနိုင်ငံ အတွက် ထာဝရငြိမ်းချမ်း ရရှိစေသော နည်းနာများ ဖြစ်သည်ဟု (UNFC) မှ ခံယူ ထားပါသည်။ အစိုးရ၊ အတိုက်အခံနှင့် တိုင်းရင်းသား အရေးဟူသည့် သုံးပွင့်ဆိုင် ဆွေးနွေးရေး အတွက် လိုအပ်သော ပညာရပ်များကို နိုင်ငံတကာ ပညာများက ၀ိုင်းဝန်း ကူညီဖြေရှင်း ပေး နေခဲ့ကြောင်း ဆိုပါသည်။

သို့သော် အစိုးရဖက်ကမူ ၄င်းတို့ တပ်များသည် အနီးစပ်ဆုံး နိုင်ငံရေး ဆွေးနွေးပွဲ အချိန်အထိ မိမိတို့ လိုရာ ရည်ရွယ် တခုဆီသို့ တက်လှမ်းနိုင်ရန် ဆက်လက် တိုက်ခိုက်နေမည့် ပရိယာယ်မျိုးကို အသုံးပြု နေသည်မှာ ထင်ရှားလှပါသည်။ တချိန်ထဲတွင် ဖက်ဒရယ် တပ်မတော်၊ ဖက်ဒရယ် စနစ်ကို လက်မခံကြောင်း အရိပ်အရောင်များ ပြသပြီး အဆုံးအဖြတ် ပေးသည့် ဆွေးနွေးပွဲ အချိန်ထိ ဆက်လက် တိုက်ခိုက် နေမည်ဟု ပညာရှင်များကသုံးသပ်နေပါသည်။
 

Read more »

Myen hte mung masa shing jawng ai lam hta, ladat jaw jaw hte gamu hkat ra ai lam UNFC ningtau amu madu (2) tsun


Date: 3/12/2013
By: KPMRN

UNFC hte KPMRN san htai galaw ai lam hta myen hte mung masa shing jawng ai lam hta ladat jaw jaw hte hkrang shaw nna shing jawng nga ra ai lam UNFC ningtau amu madu (2) Salang kaba Hkun Ukker tsun
KP: Lai wa sai shata htum wa maga de Thailand mung dan Chiang Mai mare kaba kaw UNFC hte kata na mung masa party nkau mi hkrum hta madung hku nna Federal Army (shn) mung hpawm shim lam hpyen dap hpe hpaw na matu grau nna madung tsun dat ai lam hpe mu mada lu ai, FA galaw na matu hpa majaw dai ram tin wa ra ai masa nga ai kun?
Slg. UKker: Shinggan Midea ni hkan shabra ai lam hta FA hpe galaw na matu madung shabra da ai lam hpe mu lu ai. Anhte UNFC ni hku nna ndai lam hpe jahta ai lam gaw ya yang byin pru nga ai Myen mung dan a mung masa hpe yu dat ai shaloi jet ai federal mung hpawm hpyen dap FA hpaw shabawn ai lam hta federal jet jet hte seng ai gaw da tara hte nshut nshai hkra hpaw shabawn ai FA rai ra ai ngu ai hpe madum jum nna tsun ai, tsun mayu ai gaw ya nga ai Myen hpyen dap gaw anhte myu baw sang ni yawng jawm myit hkrum nna hpaw da ai nre, bai nna hpyen masa hta rapra ai tara tsep kawp n-nga ai hpyen dap re, dai majaw anhte UNFC a FA ngu ai lachyum gaw Federal jet ai hpyen dap hte rit kawp tara hte rapra ai lam hte hpring tsup ai FA gaw gap na. Bai nna dai zawn gaw gap ai hta rai tim, Du Up daju jum kaw nna hpyen la madang du hkra myu baw sang ni yawng rapra masa hku hpaw shabawn ai hpyen dap hpe tsun ai lam rai nga ai.
 KP: matut na san mayu  ai lam gaw UNFC dat kasa ni hku nna NLD ningbaw ni hte sa hkrum ai lam hta madung hku nna 2008 ning gaw da tara hpe gram lajang na (shn) ningnan bai ka lajang na ngu ai hpe tsun da ai hpe mu ai, ndai kaw san mayu ai ningnan bai ka ra ai rai yang mung ka ra ai ngu asan tsun ai lam n-nga ai sha gram na (shn) ningnan ka na ngu ai hpe tsun ai, ningnan ka na ngu asan tsun yang mayak hpa baw nga ai kun?
Slg. UKker: teng teng gaw mung masa maga hku htai ga nga yang, 2008 ning gaw da tara hpe gram na ngu tsun ai mung nshut ai, (shn) ningnan bai ka na ngu ai mung nshut ai, hpa majaw nga yang, nkau mi tsun ai gaw 2008 ning hpe gram na aten shing nrai, ningnan bai ka na matu aten naw jau ai mung nga ai. UNFC hku nna gaw gara hku mi rai rai ningnan langai ka na, shim ai hku ka na mai gan kaw na majoi hpaji kung ai ni hpe saw shaga na ka na re.
KP: UNFC hte UNA ni gaw gaw da tara hpe ning nan san san ka lajang na matu grau nna n-gun dat na matu myit ai, ndai lam hpe ya hkyak hkyak power lu taw nga ai asuya ni hku na gade ram hkap la chye na ya na kun?
Slg. UKker: Myen asuya hpe gaw anhte yawng chye da chyalu rai nga ai, shi gaw Myen sha shara shagu hta power nga mayu ai, dai re majaw shanhte a na hta anhte hpa baw hpe galaw ra ai, ganing zawn re hkrang hpe she ra sharawng ai ngu ai hpe galoi mung dum bang ya ra nga ai, masing jahkrat lam madun ya ra ai.
By:

 Jame Alex

Read more »

Monday, December 2, 2013

အစိုးရ၏ ငြိမ်းချမ်းရေးသဘောတူညီချက် စာချုပ်မူကြမ်းပါ အချက်အချို့ NCCT ပယ်ဖျက်

 "NCCT အဖွဲ့ဝင်တို့ ၏ ချင်းမိုင်မြို့ ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ်။ ဆွေးနွေးပွဲရလဒ်များအဖြစ် အစိုးရ၏ 'အပစ်ရပ်ရေးမူကြမ်းပါ အချက်အချို့ကို လက်ခံနိုင်ဖွယ်မရှိ'ဟု သုံးသပ်ချက်များ ထွက်ပေါ်လာသည်။ (ဓာတ်ပုံ-ဖနိဒါ)"

အစိုးရ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်မူကြမ်း လက်ခံနိုင်ဖွယ်မရှိသည့် အချက်အချို့ကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ပယ်ဖျက်လိုက် သည်ဟု အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက နိုဝင်ဘာ ၂၇ ရက်တွင် ပြောသည်။


အစိုးရမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးသို့ နိုဝင်ဘာလ ၂ ရက်တွင် ပေးပို့ထား သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်မူကြမ်းကို NCCT အဖွဲ့ဝင်တို့ ထိုင်းနိုင်ငံတွင် ဆွေးနွေးရာတွင် လက်ခံနိုင်ဖွယ်မရှိသည့် အချက်များကို ပယ်ဖျက်ခြင်းဖြစ်သည်။

“အစိုးရဘက်က တင်ပြတဲ့ စာတမ်းအပေါ်မှာ ကျွန်တော်တို့ မဖြစ်သင့်တာ၊ လက်မခံနိုင်တဲ့ အပိုင်းတွေ ဖြုတ်ပယ်ထားတယ်”ဟု နိုင်ဟံသာက ပြောသည်။

အစိုးရ၏ အပစ်ရပ်ရေးမူကြမ်းပါ အချက် ၁၁ ချက်အနက် ခြောက်ချက်ကို နိုဝင်ဘာ ၂၆ နှင့် ၂၇ ရက်တို့ တွင် ဆွေးနွေးခဲ့ပြီး အချက်အချို့ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ အပစ်ရပ်ရေးမူကြမ်းပါ အချက်များသည် တိုင်းရင်းသားလက်နက်ကိုင်တို့အတွက် လက်နက်စွန့်ရေးကို ရည်ညွှန်းနေပြီး တပ်သားသစ် စုဆောင်း ခြင်းကို ခွင့်မပြုခြင်း၊ စခန်းသစ်များ တိုးချဲ့ခြင်းတို့ကို ခွင့်မပြုခြင်းသည် လက်ခံနိုင်ဖွယ်မရှိသည့် အချက် များဟု ဆိုသည်။

“လက်နက်ကိုင်လမ်းစဉ်စွန့် ဥပဒေဘောင်ထဲဝင်ဆိုတဲ့ ဝေါဟာရမျိုး၊ နောက် တည်ဆဲဥပဒေဆိုတာမျိုး အဲဒါကို လက်မခံတာပါတယ်။ အန်ကယ်တို့ကို စခန်းသစ်မဆောက်ရ၊ ရဲဘော်သစ် မစုဆောင်းရ၊ စစ်ရေး ဆိုင်ရာ လက်နက်ခဲယမ်း မစုဆောင်းရဆိုတဲ့ အချက်တွေ၊ လူထုဆီက အကောက်အခွန် မကောက်ရဆို တဲ့ဟာတွေကို ပယ်တယ်။ အပစ်အခတ်ရပ်စဲရေးခွင်ထဲမှာ နယ်မြေလုံခြုံရေးအတွက် သူတို့ရဲ့ ရဲတပ်ဖွဲ့ တွေ လွတ်လာမယ်၊ တာဝန်ယူစေမယ်ဆိုတဲ့ဟာမျိုးကို အန်ကယ်တို့ လက်မခံဘူး”ဟု မဇ္ဈိမကို ပြော သည်။

အစိုးရတင်ပြသော မူကြမ်းအခန်း ၂ တွင် နိုင်ငံတော်၏တာဝန်များတွင် “အပစ်ရပ်နယ်မြေအတွင်း တရား ဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်ရန်” ဖော်ပြထားသည်။

ထို့ပြင် အခန်း ၃ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တာဝန်များတွင် တပ်စခန်း အသစ် တည်ဆောက်ခြင်း၊ တပ်ဖွဲ့ဝင်သစ် စုဆောင်းခြင်း၊ လက်နက်ခဲယမ်းမီးကျောက်များ ထုတ်လုပ် ခြင်း၊ ရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်း၊ စုဆောင်းခြင်းတို့ မပြုလုပ်ရန်၊ ပြည်သူလူထုကို ၀န်ထုပ်ဝန်ပိုး ဖြစ် စေနိုင်သည့် ငွေကြေးနှင့် ၀န်ဆောင်မှုများ တောင်းဆိုမှုမပြုလုပ်ရန်တို့ ပါဝင်သည်။

KIO အနေဖြင့်လည်း အစိုးရမူကြမ်းတွင် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန် အချက်အလက်များ ပါ ၀င်နေရာ လက်ခံနိုင်စရာမရှိကြောင်း KIO ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။

“အစိုးရဘက်ကနေ ပေးတာတော့ အစိုးရဘက်ကနေ ဖြစ်စေချင်တဲ့ဆန္ဒကို ပေးတာဖြစ်တယ်။ ဒီအပေါ် မှာကြည့်ပြီး ကျွန်တော်တို့ ပြန်ညှိရမှာ ဖြစ်ပါတယ်။ လက်ခံနိုင်တာရှိသလို၊ လက်မခံနိုင်တာတွေလည်း ရှိ ပါတယ်။ အဓိကတော့ Concept (အယူအဆ)တွေ ပြောတဲ့အခါမှာ လက်နက်ကိုင်လမ်းစဉ်ဟာ မှားခဲ့ တယ် ပြောတဲ့အချက်တွေကတော့ ကျွန်တော်တို့ တိုင်းရင်းသားအဖွဲ့တွေကရော KIO က လက်မခံနိုင် ဘူး။ ဒါ မိမိရဲ့ ရသင့်တဲ့အခွင့်အရေးအပေါ်မှာ ရပ်တည်တယ်လို့ သဘောထားပါတယ်”ဟု ဗိုလ်ချုပ်ဂွန် မော်က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့က အစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဘက်မှ တင်ပြသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းအပေါ် ဗိုလ်ချုပ်ဂွန်မော်က ယင်းကဲ့သို့ ပြောဆိုလိုက် ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နှစ်ရက်ကြာ ဆွေးနွေးမှုတွင်လည်း လိုင်ဇာဆွေးနွေးပွဲမှ ရရှိသော ဘုံသဘော တူညီချက် ၁၁ ချက်အပေါ် ပြန်လည်ဖြည့်စွက်ခြင်း၊ အစိုးရမူကြမ်းများကို သုံးသပ်ခဲ့ကာ တစ်နိုင်ငံလုံး အ ပစ်အခတ်ရပ်စဲရေးစာချုပ်ကို အထောက်အကူပြုရန်အတွက် အချက်အလက်များ စုဆောင်းကာ မူကြမ်း ရေးဆွဲရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း NCCT ၏ ဒုတိယခေါင်းဆောင်(၂) ဗိုလ်ချုပ်ဂွန်မော်က ပြော သည်။

NCCT အဖွဲ့၏ ဒုတိယမြောက်နေ့ ဆွေးနွေးပွဲအပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်း တစ်ခု ရေးဆွဲပြီး နိုဝင်ဘာ ၂၈ တွင် အတည်ပြုသွားမည်ဖြစ်သည်။ ဆွေးနွေးပွဲသည် လာမည့် ဒီဇင်ဘာ လအတွင်း ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပမည့် တိုင်းရင်းသား အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲ အတွက် ကြိုတင်ပြင်ဆင်မှုတစ်ခုလည်း ဖြစ်သည်။
By: Mizzima
 

Read more »

KNO-JAPAN shiga


Japan Mung du Jinghpaw Wunpawng A Myu Sha Ni a Kaba dik Mung Masa Wuhpung rai nga ai (KNO Japan) a (2013-2015) Ladaw laman na Ningbaw Ningla ni Lit hpe Ap hkat nga yang

Read more »

မြန်မာနိုင်ငံ၏ ကျေးဇူးရှင် ဆရာယုဒသန်


judsonအထက်ပါခေါင်းစဉ်ဖြင့် အစချီပြီး ရေးလိုက်သော စာမူကို ဖတ်ရှုသူတိုင်း အံ့သြကောင်း အံ့သြ သွားပါလိမ့်မည်။ ဆရာယုဒသန်သည် မြန်မာသမိုင်း၌ ရာဇ၀င် တွင်သော မြန်မာအင်္ဂလိပ် စစ်ပြေ ငြိမ်းစာချုပ် ဖြစ်သော ရန္တပို စာချုပ် ၌ စကားပြန်အဖြစ် သမိုင်း မှတ်တမ်း တင်ခဲ့ပါသည်။ သို့ရာတွင် သမိုင်း သုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ ဖြူဖြူဝင်း1  မှ ဆရာကြီး ယုဒသန်သည် ရန္တပို စာချုပ်၌ စကားပြန် အဆင့်သာလျှင် မဟုတ်ဘဲ စစ်ပြေငြိမ်းရန် အောင်သွယ်သူ (Negotiator) ဖြစ်ကြောင်း ကျွန်တော့်ကို ပြောပြဘူးပါသည်။
ဒေါက်တာဖြူဖြူဝင်းက ဆက်လက်ဖေါ်ပြသည်မှာ မြန်မာနိုင်ငံသားများ အတွက် မြန်မာ ကျမ်းစာ ဘာသာပြန်ပေးခြင်း၊ မြန်မာ အင်္ဂလိပ်နှင့် အင်္ဂလိပ် မြန်မာဘာသာ ပြန်ပေးခြင်းသည် မြန်မာနိုင်ငံသား အားလုံးအတွက် တန်ဘိုးဖြတ်၍ မရသော သမိုင်း အမွေအနှစ် ဖြစ်သည် ဟု ဆိုသည်။ ထို့အပြင် “ရန္တပို စာချုပ်” ၌ မြန်မာ အင်္ဂလိပ် စစ်ပြေငြိမ်း စာချုပ် ချုပ်နိုင်အောင် ရွတ်ရွတ်ချွန်ချွန် ဆောင်ရွက်ခြင်းကို ကြည့်ခြင်းအားဖြင့် ဆရာကြီးအား မြန်မာ့ နိုင်ငံရေးသမိုင်း ၌လည်း မှတ်တမ်းတင် ဂုဏ်ပြုထိုက်သူဖြစ်သည်ဟု ဆက်လက်ဖေါ်ပြသွားပါသည်။ သို့ဖြစ်၍ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိ ချီတက်နေသော မြန်မာနိုင်ငံ၏ ယနေ့ အချိန်အခါတွင် သမိုင်းဖြစ်ရပ်မှန် များကိုလည်း မှတ်တမ်းတင်အပ်သည်ဟု ယူဆမိပါသည်။
yandapoအထူးသဖြင့် ဆရာကြီး ယုဒသန်၏ မြန်မာနိုင်ငံသို့ ရောက်ရှိသော အနှစ် ၂၀၀ ပြည့် ကျေးဇူးတော် ချီးမွမ်းခြင်း ကာလတွင် ဤ သမိုင်းဖြစ်ရပ်မှန်ကို တင်ပြလိုခြင်းလည်း ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ ဗီအိုအေ (VOA) မြန်မာဌာန၌ အမှုထမ်းခဲ့သူ ဦးကြင်ဦး (၉၄ နှစ်) 2 အင်္ဂလန်နိုင်ငံ သွားရောက်စဉ်က ရရှိခဲ့သော၊ မြန်မာစာမှ အင်္ဂလိပ်လို ဘာသာပြန်ထားသော ရန္တပိုစာချုပ် ကိုလည်း ပူးတွဲတင်ပြထားပါသည်။
ဆရာကြီး ယုဒသန်၏ သမိုင်းကြောင်းကို ဤဆောင်ပါး၌ အကျယ်တ၀င့် မဖေါ်ပြတော့ပါ။ ယခု ဆောင်းပါး၌  အဓိကဖေါ်ပြလိုသည်မှာ မြန်မာနိုင်ငံ၌ ဆရာကြီးကျဲခဲ့သော မျိုးစေ့များ အမေရိကန် နိုင်ငံ ၌ ယနေ့ ပေါက်ဖွားနေသည့် အကြောင်းကို ဖေါ်ပြသွားပါမည်။ သခင်ယေရှုသည် ကောင်းကင် နိုင်ငံတော် ကိုစွန့်ပြီး အပြစ်သားအားလုံး အတွက် လောက ကို ကြွဆင်းသကဲ့သို့ ဆရာကြီး ယုဒသန်သည် တိုးတက်နေသော အမေရိကန် နိုင်ငံကို ကျောခိုင်းပြီး မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ သူ၏ အသက်၊ ဇနီး ၂ ယောက်၏ အသက်၊ သားသမီးများ၏ အသက်ကိုပါ ပေးလှူ စတေးခဲ့ပါသည်။
ဤကဲ့သို့ မြန်မာနိုင်ငံသို့ အနစ်နာခံ အဆင်းရဲခံပြီး နောက်ဆုံး သူ၏ အသက်ကိုပါ စတေးခဲ့ပါသော်လည်း ငြီးငြူခြင်း လုံးဝမရှိခဲ့ဘဲ “သခင်ယေရှု အတွက်သာဆိုရင်” ဆိုပြီး အံသွားခဲကြိတ်လျက် ကျဲခဲ့သော မျိုးစေ့များ ယနေ့ တိုင်အောင် ပေါက်ဖွားနေဆဲ ဖြစ်ပါသည်။
ဆရာကြီး မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်မှာ အနှစ် ၂၀၀ ပြည့်ပြီ ဖြစ်ပြီး အသက်စွန့်ခဲ့သော ၁၈၅၀ မှ ရေတွက်ပါက နှစ်ပေါင်း (၁၆၃) နှစ်ခန့် ကြာခဲ့ပါပြီ။ သို့ရာတွင် သူကျဲခဲ့သော မျိုးစေ့များ ပေါက်နေဆဲဖြစ်ပြီး ဆက်လက်ပေါက်နေဦးမည်ဖြစ်သည်။ သူ၏ စွန့်လွှတ် အနစ်နာ ခံခဲ့မှုကြောင့်လားမသိ၊ ယနေ့ မြန်မာနိုင်ငံသားများ အမေရိကန် နိုင်ငံသို့ တဖွဲဖွဲ ရောက်ရှိလာခြင်း သည်လည်း အံ့သြလောက်ပေသည်။ ကမ္ဘာပေါ်ရှိ လူမျိုး အားလုံးရောက်ရှိသော နိုင်ငံကို လက်ညိုးထိုးရမည် ဆိုလျှင် အမေရိကန်နိုင်ငံကိုသာ ထိုးရမည်ပင်။ မြန်မာနိုင်ငံရှိ လူမျိုးနွယ်စု ၁၃၅ မျိုးစလုံးပင်လျှင် ရောက်ရှိနေပြီဟု ယူဆရပါသည်။
ဦးကြင်ဦး၏ ဖေါ်ပြချက်အရ ရခိုင် အမျိုးသား တစ်ယောက် သဘောင်္ပေါ်မှ ခုန်ဆင်းပြီး ခြေချနေထိုင် ခဲ့ရာမှ အစပြုပြီး ယနေ့ အမေရိကန် နိုင်ငံ တ၀ှမ်းလုံးရှိ ပြည်နယ် အသီးသီး ၌ မြန်မာနိုင်ငံသားများ ပြန့်နှံ့ရောက်ရှိနေပြီဖြစ်ပါသည်။ ယေးလ် တက္ကသိုလ် သို့ မြန်မာစာ ဘာသာပြန်အဖြစ် ရောက်ရှိသူ ဦးခင် ၏ ပြောပြချက်အရ အထက်ဖေါ်ပြပါ ရခိုင်အမျိုးသားသည် အမေရိကန် နိုင်ငံတွင် ခြေချနေထိုင်သော ပထမဦးဆုံး မြန်မာနိုင်ငံသား ဖြစ်မည် ဟု ခန့်မှန်းရပြီး လွန်ခဲ့သည့် နှစ်ပေါင်း (၅၅) ခန့်ကဖြစ်ဟန် ရှိသည်။
အမေရိကန် နိုင်ငံသို့ ဦးစွာ ရောက်ရှိခဲ့သူ မြန်မာနိုင်ငံသား များနှင့် ပတ်သက်ပြီး ဗာဂျီးနီးယား ပြည်နယ်တွင် နေထိုင်သူ ဦးဆိုင်းလိန်3 ၏ ကိုယ်တိုင်ပြောပြချက် သည်လည်း စိတ်ဝင်စားစရာကောင်းလှသည်။ သူ၏ ပြောပြချက်အရ ချင်းအမျိုးသားများထဲမှ ဆရာကြီး ဦးအက်(စ်)တီ ဟောက်ဂို၊ ဦးတိုက်ကွဲလ် နှင့် ဦးစောကူလ် တို့သည် ၁၉၅၇ နှင့် ၁၉၅၈ ပါတ်ဝန်းကျင် များတွင် အမေရိကန် နိုင်ငံသို့ ပညာသင်ရန် ရောက်ရှိလာခဲ့ကြသူများဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်သွားကြသည်။ ၁၉၅၈ တွင် ပညာသင်ကြားရန် ရောက်ရှိလာသော ဒေါက်တာ နိပ်ဆန်း (Nei Sang) သည်၊ ၁၉၆၂ ခုနှစ် ဦးနေ၀င်း အာဏာသိမ်း သောအခါ မြန်မာနိုင်ငံသို့ ပြန်မည့် အစား အမေရိကန် နိုင်ငံတွင် ဆက်လက်နေထိုင်ခဲ့သည် ဟုဆိုပါသည်။ ထို့ကြောင့် ဒေါက်တာနိပ်ဆန်း သည် အမေရိကန်နိုင်တွင် ခြေချနေထိုင်ရန် အဦးဆုံး ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံသား တစ်ယောက် ဖြစ်နိုင်သည် ဟု ဦးဆိုင်းလိန် က ဆိုပါသည်။
၁၉၆၂ ခုနှစ် တော်လှန်ရေး အစိုးရ အာဏာသိမ်းပြီး နောက်ပိုင်း တဖြည်းဖြည်း ပိုမို၍ အမေရိကန် နိုင်ငံ သို့ရောက်ရှိလာကြကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ စစ်အစိုးရ၏ အုပ်ချုပ်မှု စနစ်ကြမ်းတမ်းမှုကြောင့် မြန်မာနိုင်ငံသားများ ပို၍ပို၍ ရောက်ရှိလာကြကြောင်း သိရပါသည်။ တနည်းအားဖြင့် မြန်မာနိုင်ငံသားများ အမေရိကန် နိုင်ငံသို့ ပိုမိုရောက်ရှိ ခြင်းမှာ နိုင်ငံရေးနှင့် ဆက်နွယ် ကြောင်း နားလည်ရပါသည်။ ဤသို့ အားဖြင့် နှစ်ပေါင်း (၅၀) ပါတ်ဝန်းကျင် ကြာလာသော အခါ နည်းအမျိုးမျိုးဖြင့် အမေရိကန် နိုင်ငံသို့ ရောက်ရှိလာကြပါသည်။ အမေရိကန်နိုင်ငံသို့ ရောက်ရှိရန် ကျိုးစားရင်း ဒုတိယနိုင်ငံတွင် အသက်ပါ ပျောက်ဆုံး ခဲ့သူများလည်း ဒုနှင့် ဒေး ရှိခဲ့ပါသည်။ မြန်မာ့ နိုင်ငံရေး ကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ပြန့်နှံ့ရောက်ရှိလာ ကြသည့် အနက် အမေရိကန် နိုင်ငံသို့ ရောက်ရှိသူသည် အများဆုံး ဖြစ်နိုင်ပါသည်။
အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ယုံကြည်မှု
မြန်မာနိုင်ငံရှိ လူမျိုးနွယ်စုများ၏ ကိုးကွယ်သော ဘာသာသည် တစ်သီးတစ်ခြားစီ ဖြစ်သကဲ့သို့ အမေရိကန်နိုင်ငံ ရောက်ရှိသော မြန်မာနိုင်ငံသားများ၏ ကိုးကွယ်ယုံကြည်ရာ ဘာသာ တရားများသည်လည်း ကွဲပြားခြားနား ကြမည်မှာ မြေကြီးလက်ခတ်မလွဲပါ။ သို့ရာတွင် ဤဆောင်းပါး၌ အဓိက တင်ပြလိုသည်မှာ ခရစ်ယာန်ဘာသာဝင်များ၏ အကြောင်း တစ်စေ့တစ်စောင်း ဖေါ်ပြလိုခြင်း ဖြစ်ပါသည်။ သိက္ခာတော်ရဆရာကြီး ဒေါက်တာ စောလယ်ထူး 4 ထံမှ မေးမြန်း ရရှိခဲ့သော စာရင်းအရ အမေရိကန်ရောက် မြန်မာခရစ်ယာန် အဖွဲ့အစည်းများအကြောင်းကို အောက်ပါ အတိုင်း ဖေါ်ပြသွားပါမည်။
(၁) Burmese Christian Association of North America (BCANA)
ဤအသင်းတော်များ အဖွဲ့ကို အေဒီ ၂၀၀၀ ခုနှစ်ခန့် တွင် စတင်ဖွဲ့စည်းပြီး အသင်းတော်ပေါင်း (၁၄) ပါး ပါဝင်သည်။ ယခု လက်ရှိတွင် သဘာပတိ အဖြစ် Rev. Laphai Zauya အမှုတော်ဆောင်များ ဦးဆောင်သူမှာ Rev. Samuel Saw ဖြစ်ပြီး အတွင်းရေးမှူးမှာ Lawrence Chaw ဖြစ်ပါသည်
(၂) Karen Baptist Churches USA
ဤ အသင်းတော်များ အဖွဲ့သည် ၂၀၀၈ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့ အသင်းတော်ပေါင်း (၇၂) ပါး ပါဝင်ပါသည်။ သဘာပတိ အဖြစ် Rev. Tha Hgay ဦးဆောင်ပြီး၊ Rev. Dr. Saw Ler Htoo က အထွေထွေအတွင်းရေးမှူး အဖြစ် တာဝန်ယူပါသည်။
(၃) Chin Baptist Churches USA
ဤ အသင်းတော်များ အဖွဲ့ကို ၂၀၀၈ ခုနှစ်တွင် စတင်ဖွဲ့ စည်းပြီး ယနေ့ အသင်းတော်ပေါင်း (၆၃) ပါး ပါဝင်သည်။ သဘာပတိ အဖြစ် Rev. Ngun Awi နှင့် အတွင်းရေးမှူး အဖြစ် Rev. C. Duh Kam တို့က ဦးဆောင်လျှက်ရှိပါသည်။
(၄) Chin Baptist Association of North America
ဤအသင်းတော်များ အဖွဲ့ကို ၂၀၀၈ ခုနှစ်မှ စတင် ဖွဲ့စည်းခဲ့ပြီး အသင်းတော် (၂၄) ပါး ရှိပြီဖြစ်သည်။ အသင်းတော် သဘာပတိ အဖြစ် Rev. Sa Tin Lal နှင့် အတွင်းရေးမှူးအဖြစ် Pu Lal Nei Mang တို့မှက ဦးဆောင်လျှက်ရှိသည်။
အထက်ပါ အဖွဲ့အစည်း (၄) ဖွဲ့ အပြင် အဖွဲ့အစည်း အဖြစ် စနစ်တကျ မဖွဲ့စည်း ရသေးသော်လည်း အသင်းတော်များဖြင့် အတော်အသင့် စုစည်းထားသော အောက်တွင် ဖေါ်ပြထားသော အဖွဲ့အစည်းများ လည်းရှိသေးသည်။
(၁) Kachin American Association
Rev. Dr. Lahpai Zau Ya မှ ဦးဆောင်ပြီး အသင်းတော် (၉) ပါးခန့် ရှိပါသည်။
(၂) Kachin Baptist Minister Council
၂၀၁၂ ခုနှစ် တွင်ဖွဲ့စည်းထားပြီး သဘာပတိ Rev. Dr. Kam Sai Say နှင့် အတွင်းရေးမှူးအဖြစ် Rev. Yawba Lasaw တို့ဖြစ်ကြသည်။
(၃) Non denominational & Pentacostal Myanmar Churchs
အသင်းတော်ပေါင်း (၈၀) ခန့် ပါဝင်ကြောင်း သိရသည်။
(၄) Zomi အသင်းတော်များ
အမေရိကန် နိုင်ငံ ရှိ Zomi အသင်းတော်များ ကို Pu Go Sawm Khup က စုစည်း ပြုစုထားရာ အသင်းတော်ပေါင်း (၇၃) ပါး ရှိပါသည်။ တရားဝင် အဖွဲ့အစည်းကြီး တစ်ခုအဖြစ် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ ဂိုဏ်းဂဏ အသီးသီး၏ စာရင်းကို စုစည်း တင်ပြထားခြင်းသာ ဖြစ်သည်။ သို့သော် Zomi Christian Minister Fellowship ခေါ် အမှုတော်ဆောင်များ အဖွဲ့ကို ၂၀၁၀ ခုနှစ် မှစတင် ဖွဲ့စည်းထားပြီး၊ သဘာပတိအဖြစ် Rev. Thawng Khan Cin နှင့် အတွင်းရေးမှူးအဖြစ် Rev. John Thang Vum နှင့် ဘဏ္ဍာထိန်း အဖြစ် Rev. Dr. Tung Za Pau တို့မှ ဦးဆောင်ကြပါသည်။
(၅) တိုင်းရင်းသားအသင်းတော်များ
အထက်ဖေါ်ပြပါ အသင်းတော်၊ အဖွဲ့များ အပြင် အခြား မြန်မာ တိုင်းရင်းသား များနှင့် မျိုးနွယ်စု တစ်ချို့လည်း အသင်းတော် အစပြုကြရာ စုစည်းပြီး အမည်နာမ မထွက်ရှိသေးသော အသင်းတော်များလည်း ဖူးပွင့် နေကြဆဲ ဖြစ်ပါသည်။
အမေရိကန် နိုင်ငံရှိ မြန်မာ အသင်းတော်များ၏ အခြေအနေ ကြုံတွေ့ရသော အခက်အခဲများ
(၁) ဆရာကြီး ယုဒသန် မြန်မာနိုင်ငံ သို့ ရောက်ရှိပြီး နှစ်ခြင်း အသင်းတော် အစပြုပေးခဲ့သည်။ ဆရာကြီး နောက်ပါလာသော အမှုတော်ဆောင် ကြီးများလည်း အမေရိကန် နှစ်ခြင်း မစ်ရှင် (ABM) များသာလျှင် ဖြစ်ပါသည်။ သို့ရာတွင် အချိန်ကြာလာသည်နှင့် အမျှ ဂိုဏ်းဂဏ အသီးသီး မြန်မာနိုင်ငံသို့ ၀င်ရောက်လာပါသည်။ အမေရိကန် နိုင်ငံသို့ ရောက်ရှိလာသော အခါ ရောက်ရှိသော ပြည်နယ်၊ မြို့ များ၌ ဂိုဏ်းဂဏ ပေါင်းစုံ ရောနှော ရောက်ရှိကြပါသည်။ သို့ရာတွင် အချို့ အသင်းတော်များသည် ဂိုဏ်းဂဏ အမည် အစား ခရစ်ယာန် ဟုသာ သုံးနှုံးကြပါသည်။ ဥပမာ Chin Christian Church ။
(၂) မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းအသီးသီးမှ သော်လည်းကောင်း တောင်ပေါ် ဒေသနှင့် မြေပြန့် ပြည်နယ် တစ်ခု မြို့တစ်မြို့ သို့ ရောနှော ရောက်ရှိ ကြရာ သူတို့ နားလည်သော ကိုးကွယ်မှု ပုံစံကို ဦးစားပေး ချင်ကြသည်။
(၃) ဘာသာရေး သို့မဟုတ် အသင်းတော် တစ်ခုခုတွင် ကြီးထွားရင့်ကျက်သူ နည်းပြီး မတောက်တခေါက် သိ၊ တတ်သူများခြင်း၊ တနည်းအားဖြင့် အမေရိကန် ရောက်ရှိရန် ခရီးရှည်ကို သွားခဲ့ရာ၌ ဘုရား အမှန်တကယ် လိုအပ်ကြောင်း သိရှိ၍သာ အသင်းတော် အစပြုသူများခြင်း လည်း တစ်ခုပါဝင်သည်။
(၄) အမေရိကန် နိုင်ငံသို့ ရောက်ရှိသူ မြန်မာနိုင်ငံသား အများစုသည် ဘာသာရေးနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်ပြီး ကျွမ်းကျင်နှံ့စပ်သူ၊ အတွေ့အကြုံ ရှိသူ၊ ရင့်ကျက်သူ နည်းပါးပြီး စစ်ပြေး ဒုက္ခသည် များအဖြစ် ရောက်ရှိလာသူ ပို၍များသောကြောင့် (Little knowledge is dangerous) အခက်အခဲ များလည်း ကြုံတွေ့ရပါသည်။
(၅) ပထ၀ီအနေအထား ခြားနားခြင်း
မြန်မာနိုင်ငံသည် ကမ္ဘာ့ အရှေ့ဖျားနိုင်ငံ ဖြစ်သော်လည်း အမေရိက နိုင်ငံသည် အနောက်ဖျား၌ ရှိပြီး ပထ၀ီ အနေအထားသည် တခြားစီဖြစ်ပါသည်။ ပထ၀ီ အနေအထားသာ မကဘဲ ဘာသာစကားလည်း ဘာမှ မဆိုင်ပါ။ သို့ဖြစ်၍ Myanmar American များ အခက်အခဲပေါင်းစုံ နှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။
(၆) အထက် အမှတ်စဉ် (၄) ၌ဖေါ်ပြသည့် အတိုင်း အရည်အချင်းရှိ၍ အမေရိကန် နိုင်ငံသို့ ရောက်ရှိခြင်း မဟုတ်ဘဲ စစ်ပြေးဒုက္ခသည် ပို၍များသည် နှင့် အညီ၊ အဆင့်အတန်းမရှိသူများ ပိုမိုများပြားပါသည်။ အရည်အချင်း ရှိသူများက ဆင်ဆင်ခြင်ခြင် နေထိုင်တတ်သော်လည်း၊ အရည်အချင်း မရှိသူတစ်ချို့က မိမိ တတ်သိထားသည့် အနည်းငယ်သော အတွေ့အကြုံများ ကို အဟုတ်ထင်တတ်ပြီး လူမှုရေးပြဿနာများ ဖြစ်ပေါ်စေတတ်ပါသည်။
(၇) အမေရိကန် နိုင်ငံသို့ အနည်းငယ်စောပြီး ရောက်ရှိသူများသည် ဘ၀င်မြင့်ပြီး နောက်မှ ရောက်ရှိသောသူများကို အထင်သေးသော ရောဂါလည်း နောက်မှ ရောက်လာသော သူများအတွက် ခံရခက်သော၊ နေရခက်သော ရောဂါ တစ်မျိုးဖြစ်သည်။
နိဂုံးချုပ်
ကျွန်တော်သည် မြန်မာနိုင်ငံ ရှိအသင်းတော် အသီးသီး၏ အခြေအနေကို လက်လှမ်းမှီသမျှ လေ့လာဘူးသူ ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ နှစ်ခြင်း အသင်းချုပ် စာပေနှင့် ပုံနှိပ်ထုတ်ဝေရေး ဌါနတွင် အမှုတော်ဆောင်ရင်း ရန်ကုန် စီးယင်း နှစ်ခြင်း အသင်းတော်၌ အမှုတော်ဆောင် တစ်ဦးအဖြစ် ပါဝင်သူ ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ် အမေရိကန် နိုင်ငံ ရောက်ရှိသော နှစ် ဧပြီ လမှ စ၍ Maryland State ရှိ US Siyin Baptist Church (USSBC) တွင် အမှုတော် ဆောင်ခွင့် ရခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန္န၀ါရီလ (၂၇) ရက်နေ့မှ စ၍ ယုံကြည်သူ တစ်ချို့၏ တောင်းဆိုချက်အရ ဒုတိယအကြိမ်အဖြစ် ၀ါရှင်တန် ပြည်နယ် ၌ Seattle Falam Baptist Church ကို အစပြုနိုင်ခဲ့ပါသည်။ ဤကဲ့သို့ မမျှော်လင့်ဘဲ အမေရိကန်နိုင်ငံတွင် အမှုတော်ဆောင်ခွင့်ပေးသော ဘုရားသခင်၏ နာမတော်ကို ချီးမွမ်းပါသည်။ မည်သည့် နိုင်ငံဘဲ ရောက်ရောက် အမှုတော်ဆောင်ရာ၌ စာတန်မာရ်နတ် ၏ နှောက်ယှက်ခြင်း ရှိစမြဲ ဖြစ်သော်လည်း ယေရှု ပြုပြီးခဲ့သော အမှု “အမှုပြီးပြီ” ဟူသော ယေရှု၏ ကြွေးကျော်သံသည် ကျွန်တော့် ကို ခွန်အားဖြစ်စေပါသည်။ ဆက်လက်ပြီ အမေရိကန် နိုင်ငံရှိ အသင်းတော် အသီးသီး အတွက် ဆုတောင်း ပေးကြပါရန်လည်း မေတ္တာရပ်ခံ ဖေါ်ပြခြင်း ဖြစ်ပါသည်။ အရေးကြီးဆုံးမှာ ဆရာကြီး ယုဒသန်၏ မြန်မာနိုင်ငံ ၌ပျိုးခဲ့သော မျိုးစေ့များ ထူးခြားစွာ အမေရိကန် နိုင်ငံ၌ ပေါက်ဖွားပြီး ပေါက်ဖွားဆဲ နှင့် ပေါက်ဖွားနေဦးမည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
ယနေ့အထိ အမေရိကန် ရောက် မြန်မာနိုင်ငံသား များထံမှ အသင်းတော်ပေါင်း ၃၃၅ ပါးခန့် ရေတွက်၍ မျိုးစေ့များ ပေါက်ခဲ့ပြီ ဖြစ်ပါသည်။ ဤ ကဲ့သို့ ဆရာယုဒသန် ကျဲခဲ့သော မျိုးစေ့များ မြန်မာနိုင်ငံ၌သာမက အမေရိကန် နိုင်ငံ အထိ တဖွဲဖွဲ ပေါက်ရှိလာခြင်းသည် အံ့သြ ဂုဏ်ယူ ၀မ်းမြောက်စရာပင်။ ထိုမျှသာမကဘဲ မြန်မာနိုင်ငံ၏ ကျေးဇူးရှင် ဆရာကြီးယုဒသန် ကို မေ့မရနိုင်သော ကျေးဇူးရှင် ဖခင်ကြီးဖြစ်ကြောင်း ထပ်ဆင့် မှတ်တမ်းတင်ရင်း ဂါရ၀ပြုပါသည်…။
Kip Thian Pau
ခေတ္တလိပ်စာ- 2528 Cedar Groove Ln., Elkridge, MD 21075
အမြဲတမ်းလိပ်စာ- 12632 SE, 298th Place, Auburn, WA 98092
(Tel) 443-531-1368
_______________________________________________________________________________________
1. ဒေါက်တာ ဖြူဖြူဝင်းသည် မန္တလေး ၀ိဇ္ဖာ/သိပ္ပံ တက္ကသိုလ် မြန်မာစာ ဌာနမှ ဆရာကြီး ယုဒသန်၏ မြန်မာ အင်္ဂလိပ် အဘိဓာန် စာအုပ် အားဖြင့် ပါရဂူ ဘွဲ့ (Ph.D) ဆွတ်ခူး ရရှိခဲ့သူ ဖြစ်ပါသည်။ သူ၏ လေ့လာ တွေ့ရှိချက် အရ ဆရာကြီးယုဒသန်၏ မြန်မာ အင်္ဂလိပ် အဘိဓာန် သည် ဆယ်ကြိမ်မြောက် ထုတ်ဝေခဲ့ပြီး ဖြစ်၍ ၂၀၀၅ ခုနှစ် ၌ နောက်ဆုံး ထုတ်ဝေသော (ထုတ်ဝေသူ ဒီ ကိတ်ချင့်ပေါင်) စာအုပ်သည် (၁၁) ကြိမ်မြောက် ထုတ်ဝေခြင်း ဖြစ်သည်။
2. ဦးကြင်ဦးသည် ၁၉၅၀ ခုနှစ်၌ အမေရိကန် နိုင်ငံ၏ မြန်မာ သံရုံး စာကြည့်တိုက်တွင် တာဝန် ထမ်းဆောင်ပြီး ၁၉၅၂ ခုနှစ် မှ ၁၉၈၃ ခုနှစ် အထိ ဗီအိုအေ (VOA) မြန်မာ အစီအစဉ်၌ (၃၁) နှစ်ခန့် တာဝန် ထမ်းဆောင်သူ ဖြစ်ပါသည်။ ယနေ့ အမေရိကန် နိုင်ငံ ဗာဂျီးနီးယား ပြည်နယ် ၌ နေထိုင်လျက်ရှိပြီး အသက် (၉၄) ကျော်ရှိပြီ ဟု သိရပါသည်။
3.  ဦးဆိုင်းလိန် သည် ၁၉၆၀ ပတ်ဝန်းကျင် များတွင် မြန်မာနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးသူ ဦး ဇဟရဲလျန် ၏ ကိုယ်ရေး အရာရှိ (PA) ဖြစ်သည်။ ဖဆပလ တွင် Division Chief အဖြစ် တာဝန် ထမ်းဆောင်နေစဉ် ကမ္ဘာ့ ကုလသမဂ္ဂ ရုံး တွင် တာဝန် ထမ်းဆောင်ရန် အတွက် ၁၉၆၀ ခုနှစ်တွင် အမေရိကန် နိုင်ငံ သို့ ရောက်ရှိလာသူဖြစ်သည်။ ယနေ့ထိတိုင် အမေရိကန် နိုင်ငံ၊ ဗာဂျီးနီးယား ပြည်နယ်၊ ဗီယင်နာ မြို့ တွင် နေထိုင်လျက်ရှိသည်။
4. သိက္ခာတော်ရဆရာ ဒေါက်တာစောလယ်ထူးသည် ယနေ့ အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီ ရှိ ကရာနီမြန်မာအသင်းတော် (Calvary Burmese Church) ၏ သင်းအုပ်ဆရာနှင့် Karen Baptist Churches USA ၏ အထွေထွေ အတွင်းရေးမှူးဖြစ်ပါသည်။

Read more »

Sunday, December 1, 2013

Byin mai na kun? Daw - ( I )

Read more »

ကချင်သမိုင်း သုံးသပ်ချက်များ


လိုင်ဇာ-ကချင်ပြည်မှ သမိုင်းပညာရှင်များနှင့် ဘာသာဗေဒပညာရှင်များအနက် နှစ်ခြင်း သိက္ခာတော်ရဆရာတော် ဦးဂျာဂွန်းသည် ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်သည်။ ကျောင်းသားအရေးတော်ပုံများ ကြီးကြီးမားမားဖြစ် ပွားခဲ့သည့် ၁၉၆၀-၁၉၇၀ ခုနှစ်များတွင် ရန်ကုန် တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ ကျောင်းသားအရေးတော်ပုံများတွင် ပါဝင်ခဲ့သည်။ တစ်ချိန်က မြန်မာသင်ရိုးညွှန်းတမ်းအားဖြင့်သာ ကမ္ဘာ့အမြင်ကိုကန့်သတ်နားလည်ခဲ့ကြသော ကချင်လွတ်မြောက်ရေးအဖွဲ့၏အမှုထမ်းများကို နိုင်ငံရေးသမိုင်းသင်ကြားပေးခြင်းဖြင့် ၎င်းတို့၏အမြင်ကိုပြုပြင်ပြောင်းလဲစေရန် ဦးဆောင်ဦးရွက်ပြုလျက် ရှိသည်။ ဇွန်လ၌ ဧရာဝတီသတင်းဌာနကတွေ့ဆုံမေးမြန်းစဉ် ကေအိုင်အိုနှင့်မြန်မာအစိုးရအကြား ဖြစ်ပွားနေသော လတ်တလောပဋိပက္ခ၏ နောက်ခံသမိုင်းကြောင်း နှင့် ငြိမ်းချမ်းရေးညှိနှိုင်းခြင်းတွင် ပဓါနကျသည့်အတားအဆီးများအကြောင်းကို ကချင်အမျိုးသားတစ်ဦး၏အမြင်ဖြင့် ဆွေးနွေးထားပါသည်။

မေး။ ။ ကိုလိုနီမတိုင်ခင်ခေတ်က စကြရအောင်။ အဲဒီအချိန်တုန်းက ကချင်လူမျိုးတွေနဲ့ မန္တလေးက ဗမာဘုရင်တွေရဲ့အကြားဆက်ဆံရေးက ဘယ်လိုရှိခဲ့သလဲ။
ဖြေ။ ။ ကချင်လူမျိုးတွေဟာ ဗမာပြည်နဲ့တရုတ်ပြည်ကြားမှာ နေထိုင်ခဲ့ကြတယ်။ အင်အားကြီးတိုင်းပြည်နှစ်ခု ကြားနေဖြစ်ခဲ့ကြတယ်။ ဗမာဘုရင်တွေ တရုတ်ပြည်ကိုသွားရောက်တိုင်းမှာ ကချင်အကြီးအကဲတွေနဲ့ညှိနှိုင်း ရလေ့ရှိတယ်။ သမိုင်းမှတ်တမ်းမရှိခင်အချိန်ကတည်းက ကျနော်တို့ဟာ ဒီကြားနေနယ်မြေမှာ နေထိုင်ခဲ့ကြတယ်။ ကချင်တွေဟာ ဒီနယ်စပ်ဒေသကို ထိန်းချုပ်ခဲ့ကြတယ်။ ကချင်လူမျိုးတွေဟာ ဗမာဘုရင်တွေနဲ့ဆက်ဆံရေး ရှိတစ်လှည့်၊ မရှိတစ်လှည့် ဖြစ်ခဲ့တယ်။ တခါတရံ ဗမာဘုရင်တွေက မိုးကောင်း၊ ဗန်းမော်တို့ကိုသိမ်းပိုက်ခဲ့ဖူးတယ်။ အောက်ပိုင်းဒေသတွေလောက်ပါပဲ။ အရင်တုန်းကတော့ ကချင်တွေဟာ ကြေးစားစစ်သားတွေဖြစ်ခဲ့တယ်။ ကချင်တွေရဲ့အားသာချက်က ဒီတောင်တန်းဒေသ၊ ဒီရာသီဥတုတွေနဲ့ သဟဇာတဖြစ်အောင်နေထိုင်တတ်တယ်။ ဗမာတပ်မှာ လက်နက်ကောင်းတွေ ရှိပေမယ့် သဘာဝအတားအဆီးတွေကို သူတို့မကျော်လွှားနိုင်ခဲ့ကြဘူး။ စစ်ဖြစ်တိုင်းမှာ ကချင်တွေနဲ့မိတ်ဖွဲ့တဲ့သူက နိုင်စမြဲပဲ။

မေး။ ။ ဗမာလူမျိုးအများစုက သူတို့ကိုယ်သူတို့ တောင်ပေါ်သားလို့ခေါ်ကြတဲ့ ကချင်၊ ကရင်တို့လိုတိုင်းရင်းသားလူမျိုးတွေထက် သာတယ်လို့ထင်ကြတယ်။ ဘာကြောင့် ဒီလိုဖြစ်တယ်လို့ ထင်သလဲ။
ဖြေ။ ။ ဗမာလူမျိုးတွေဟာ သူတို့မှာ ဘုရင်ရှိခဲ့ဖူးတယ်ဆိုပြီး အင်မတန်ဝံ့ကြွားကြတယ်။ ကျနော်တို့ ကချင်တွေကျတော့ ဗမာ၊ တရုတ် ဘယ်သူ့လက်အောက်မှ မကျရောက်ခဲ့ဖူးတဲ့အတွက် အင်မတန်စိတ်ဓါတ်ခိုင်မာကြတယ်။ ကချင်တွေကို ဗြိတိသျှတွေ ပထမဆုံးအောင်နိုင်ခဲ့တယ်။ ကချင်တွေက အမြဲလိုလို စစ်တိုက်နေကြလေ့ရှိတယ်။ တခါတရံ ကိုယ့်အချင်းချင်းတိုက်ကြတယ်။ တခါတလေတော့ တခြားရန်သူတွေနဲ့ တိုက်ကြတယ်။ ရှမ်းလူမျိုးတွေက အရင်တိုးတက်ခဲ့ကြပြီး ကချင်တွေက ရှမ်းတွေရဲ့ယဉ်ကျေးမှုကို လိုက်လျောညီထွေဖြစ်အောင် အသုံးပြုခဲ့ကြတယ်။ လယ်စိုက်ပျိုးခြင်းကို ရှမ်းလူမျိုးတွေဆီက သင်ယူခဲ့တယ်။ ဗမာဘုရင်တွေက ကချင်တွေကို အရိုင်းအစိုင်းတွေလို့ပဲ သတ်မှတ်ခဲ့ကြတဲ့အတွက် ကချင်တွေကိုထိမ်းချုပ်ဖို့ စိတ်မကူးခဲ့ကြဘူး။ သူတို့ဟာ ကျနော်တို့ကို လုံးဝလျစ်လျူရှုခဲ့ကြတယ်။

မေး။ ။ ကိုလိုနီခေတ်ကို ဆက်သွားကြတာပေါ့။ ဗြိတိသျှတွေက ဗမာပြည်နဲ့ကချင်တွေကို ဘယ်လိုပြောင်းလဲ စေခဲ့သလဲ။
ဖြေ။ ။ ဗြိတိသျှလက်အောက်ကဗမာပြည်နဲ့ ဗမာဘုရင့်တိုင်းပြည်က တခြားစီပါ။ ဗမာဘုရင်တွေရဲ့ နယ်ပယ်က အကန့်အသတ်နဲ့ပဲရှိတာပါ။ ကချင်ပြည်၊ ၀ပြည်၊ ကရင်နီပြည်၊ တခြားပြည်တွေ တစ်ပြည်လုံးကို ဗမာဘုရင်တွေ မထိမ်းချုပ်နိုင်ခဲ့ပါဘူး။ ဗမာပြည်မဒေသလောက်ပဲ သူတို့အုပ်ချုပ်ခဲ့ကြတာပါ။ အိန္ဒိယဒေသ (Indian sub-continent) ကို ကာကွယ်ဖို့အတွက် ဗြိတိသျှတွေက ဒီနယ်မြေဒေသတွေအားလုံးကို သိမ်းပိုက်ခဲ့တယ်။ ၁၈၈၆ ခုနှစ် ဗြိတိသျှကျူးကျော်မှုကိုတွန်းလှန်ခဲ့တုန်းက ဘယ်ဗမာစစ်သူကြီးကမှ မပါဝင်ခဲ့ဘူး။ ကချင်ခေါင်းဆောင်တွေပဲ နယ်ချဲ့တွေကိုတွန်းလှန်ခဲ့တယ်။ ၁၈၈၅ ခုနှစ်မှာ သီပေါဘုရင်လက်က ဗမာ့ထီးနန်းကိုသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ကချင်ပြည်ကိုလည်း အလိုအလျောက်အောင်နိုင်ပြီလို့ ဗြိတိသျှတွေထင်မှတ်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့တွေရောက်လာတာနဲ့ ကချင်ခေါင်းဆောင်တွေက တော်လှန်တော့တာပဲ။ ဒါကြောင့် ကချင်ဟာ ဗမာဘုရင်တွေရဲ့လက်အောက်ခံ မဟုတ်ဘူးဆိုတာ ဗြိတိသျှတွေသဘောပေါက်သွားခဲ့ကြတယ်။ ဒီကနေ့ ပြည်ထောင်စုမှာ ကျနော်တို့က မိမိဆန္ဒအလျောက် ပူးပေါင်းပါဝင်ခဲ့တာပါ။ ရှမ်း၊ ကချင်နဲ့တခြားတိုင်းရင်းသားတွေမှာ ကိုယ်ပိုင်သမိုင်း၊ ကိုယ်ပိုင်နယ်မြေဒေသ၊ ကိုယ်ပိုင်ဘာသာစကားတွေ ကိုလိုနီအုပ်ချုပ်ရေး မတိုင်ခင်ကတည်းကရှိခဲ့တယ်။ ဗြိတိသျှအစိုးရက တိုင်းရင်းသားနယ်မြေတွေအားလုံးကိုပေါင်းစည်းပြီး ဗြိတိသျှဗမာပြည်ကို တည်ထောင်ခဲ့တာပါ။
မေး။ ။ ဒုတိယကမ္ဘာစစ်မှာ ကချင်တွေ ဗြိတိသျှဘက်ကပါဝင်တိုက်ခိုက်ခဲ့တယ်။ ဗမာတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဦးဆောင်မှုနဲ့ ဂျပန်တွေနဲ့ပဲအချိန်တော်တော်ကြာ ကုန်လွန်ခဲ့တယ်။ ဒီအချက်က ကချင်-ဗမာဆက်ဆံရေးကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်စေခဲ့သလဲ။
ဖြေ။ ။ ကချင်နဲ့ချင်းတွေက မဟာမိတ်တပ်ပေါင်းစုကို ထောက်ခံတဲ့သူတွေဆိုတော့ ဂျပန်ခေတ်မှာ (ဗိုလ်ချုပ်) အောင်ဆန်းနဲ့ သူ့ရဲ့ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ) ရောက်လာချိန်မှာ ကချင်တွေ အမြောက်အများကို နယ်ချဲ့လက်ပါးစေတွေဆိုပြီး သတ်ဖြတ်ခဲ့တယ်။ ကျနော့်ဆီမှာ ဒီအကြောင်းနဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေအများကြီးရှိပါတယ်။ ဂျပန်သေနတ်တွေကို နေရာတိုင်းမှာသုံးခဲ့တယ်။ ၁၉၄၄ မတိုင်ခင်အထိ ဘီအိုင်အေတပ်တွေ ရွာတွေထဲဝင်ရောက်ပြီး ကချင်ပြည်သူတွေကို ဒုက္ခမျိုးစုံပေးခဲ့တယ်။ ဘီအိုင်အေက ဗမာပြည်ကို ဂျပန်လက်အောက်ကနေ လွတ်လပ်ရေးရယူပေးခဲ့တယ်ဆိုတာ တကယ့်ဟာသပဲ။ မဟာမိတ်တပ်ပေါင်းစု၊ ကချင်လူမျိုးတွေ၊ မြောက်ပိုင်းကချင်ရိန်းဂျားတပ်သားတွေ တခြားတောင်ပေါ်သားလူမျိုးစုတွေနဲ့ပူးပေါင်းပြီး ဂျပန်ကို နှင်ထုတ်ခဲ့တာပါ။ အောင်နိုင်မှုအထိမ်းအမှတ်အဖြစ်နဲ့ ကချင်ရိန်းဂျားတွေ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၄-၂၆ရက်နေ့အတွင်း ဗန်းမော်မှာ ပနမ်မနောပွဲ(Panam Manau)ကို ကျင်းပခဲ့တယ်။ နောက်တစ်ရက် မတ်လ(၂၇)ကျမှ (ဗိုလ်ချုပ်)အောင်ဆန်းက ရန်ကုန်မှာ ဖက်ဆစ်တော်လှန်ရေးကို စတင်ခဲ့တာပါ။ ဒါ့ကြောင့် ဗမာတွေ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာပါဝင်ခဲ့တာ နှစ်လ၊ သုံးလပါပဲ။ ဂျပန်ကို အောင်နိုင်လိုက်နိုင်တာကြောင့် နိုင်ငံရေးပြောဆိုဆွေးနွေးရာမှာ ကချင်ကအဓိကဖြစ်လာတာပါ။ နိုင်ငံရေးချိန်ခွင်လျှာမှာ ကျနော်တို့ကအသာစီးဖြစ်ခဲ့တာကိုး။ အဲဒါကတော့ အပြောင်းအလဲကာလပေါ့။ အဲဒီအချိန်တုန်းက ဗမာစစ်သားတစ်ယောက်မှ မရှိပါဘူး။ ကချင်တပ်တွေပဲ ရှိတာပါ။ စစ်အောင်နိုင်တဲ့အထိမ်းအမှတ်မနောပွဲမှာ (ဗိုလ်ချုပ်)အောင်ဆန်းနဲ့ သူ့ရဲ့ဖက်ဆစ်ဆန့်ကျင်ရေးသမားတွေကို ဖိတ်ကြားခဲ့တယ်။ သူတို့ တက်လာပြီး ကျနော်တို့နဲ့တွေ့ဆုံတယ်။ ပြီးတော့ လွတ်လပ်ရေးအတူတကွ ပူးပေါင်းရယူဖို့ သဘောတူခဲ့ကြတယ်။

မေး။ ။ ၁၉၄၇ မှာ ကချင်တွေ အခြားသူတွေနဲ့အတူ ပင်လုံစာချုပ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့တယ်။ ဦနုရဲ့အရပ်သားအစိုးရက ဒီစာချုပ်ကိုလေးစားလိုက်နာခဲ့လား။
ဖြေ။ ။ (ဗိုလ်ချုပ်)အောင်ဆန်း သေသွားပြီးတဲ့နောက်၊ ဦးနုက ပင်လုံစိတ်ဓါတ်ကို ဆက်လက်ထိန်းသိမ်း ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့အတွက် အဓိကကျရှုံးမှုက နု-အက်တလီစာချုပ်ပဲ။ ပင်လုံစာချုပ်အရ ကျနော်တို့ တန်းတူအခွင့်အရေးရတယ်။ ဒါပေမယ့် တိုင်းရင်းသားလူမျိုးစုတွေက အဲဒီအချိန်တုန်းက ပါးရည်နပ်ရည် မရှိခဲ့ကြဘူး။ နု-အက်တလီစာချုပ်က အင်မတန်အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ကာကွယ်ရေး၊ ဘဏ္ဍာရေးအပါအ၀င် အာဏာအရပ်ရပ်ကို ဦးနုရဲ့ဖဆပလအဖွဲ့ချုပ်ကို လွှဲပြောင်းပေးခဲ့ တာကိုး။ ၁၉၄၈ အခြေခံဥပဒေအရ ဖဆပလကဲ့သို့သော အင်အားကြီးပါတီကပဲ ပါလီမန်တစ်ခုလုံးကို ချုပ်ကိုင်ထားတဲ့အပြင် နု-အက်တလီစာချုပ်အရ ဥစ္စာဓနတွေနဲ့လုပ်ပိုင်ခွင့်အာဏာအားလုံးကို ဗြိတိသျှအစိုးရက ရန်ကုန်အစိုးရကိုလွှဲပြောင်းပေးခဲ့တယ်။

မေး။ ။ ကေအိုင်အိုကို ၁၉၆၁ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့တယ်။ အဲဒီအချိန်တုန်းက ဘာဖြစ်ခဲ့လဲ။ ဘာလို့ ဒီအဖွဲ့အစည်းကို တည်ထောင်ခဲ့တာလဲ။
ဖြေ။ ။ အဲဒီအချိန်တုန်းက တိုင်းပြုပြည်ပြုလွှတ်တော်မှာ လူနည်းစုတိုင်းရင်းသားကိုယ်စားလှယ်တွေ အကန့်အသတ်နဲ့ပဲ ရှိခဲ့တယ်။ ဗမာအစိုးရက ၁၉၄၈ အခြေခံဥပဒေနဲ့ပါလီမန်မှာ လူနည်းစုတိုင်းရင်းသားအမတ်တွေကို ထိန်းချုပ်ခဲ့တယ်။ ပထမဆုံးအချက်က ကချင်ရွာတွေကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးလိုက်တဲ့ကိစ္စ။ ကချင်ပြည်သူတွေ၊ အထူးအဖြင့် ကချင်ကျောင်းသားတွေ ဆန့်ကျင်ခဲ့ကြတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်၊ ကိုယ်စားလှယ်နည်းတဲ့အတွက်ကြောင့် ကျနော်တို့မှာ အားမရှိခဲ့ဘူး။ ဒုတိယပြဿနာက နိုင်ငံတော်ဘာသာ။ အခြေခံဥပဒေမှာ ကျနော်တို့က နိုင်ငံရေးနဲ့ဘာသာရေးကိုခွဲခြားထား(Separation of the Church and the State) စေချင်တယ်။ ဒါပေမယ့် ဦးနုက နိုင်ငံရေးကိစ္စမှာ ဗုဒ္ဒဘာသာကိုအသုံးချလာတယ်။ ဗုဒ္ဓဘာသာဝင်တွေကို ကျနော်တို့ မမုန်းပါဘူး။ ဒါပေမယ့် နိုင်ငံရေးမှာ ဗုဒ္ဓဘာသာကိုဆွဲထည့်လာတာကိုတော့ မကြိုက်ဘူး။
ပင်လုံစာချုပ်မှာပါတဲ့ကတိက၀တ်က မျှတမှုနဲ့အခြေခံအခွင့်အရေး-လူနည်းစုတိုင်းရင်းသားများ ကာကွယ်စောင့်ရှောက်ရေး၊ တန်းတူအခွင့်အရေးရရှိရေး၊ လွတ်လပ်စွာပြောဆိုခွင့်၊ ဘာသာရေးလွတ်လပ်မှုနဲ့ ဒီမိုကရေစီ။ ဒါတွေက ပင်လုံစာချုပ်မှာပါဝင်တဲ့အကြောင်းအရာတွေ။ ဒါပေမယ့် ဦးနုက ၁၉၄၈ အခြေခံ ဥပဒေကိုသုံးပြီး ဥပဒေကိုလက်တစ်လုံးခြားလုပ်ဖို့ ကြိုးစားလာတယ်။ နိုင်ငံတော်ဘာသာနဲ့ အာဏာခွဲဝေမှုဆိုတဲ့အချက်နှစ်ချက်ကြောင့် ပါလီမန်ဟာ ကချင်လူမျိုးတွေအတွက် မျှော်လင့်ချက်မဟုတ်တော့ဘူး။ အဲဒါကြောင့် ကျနော်တို့ရဲ့လက်နက်ကိုင်တော်လှန်ရေးကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ စတင်ခဲ့တာပါ။ ဒီကနေ့အထိလည်း ကျနော်တို့ကတော့ နိုင်ငံရေးကိုပဲ ဦးစားပေးဆွေးနွေးချင်တာပါ။ အပစ်ရပ်ဖို့ မလိုဘူး။ ဖွံ့ဖြိုးရေးစီမံကိန်းတွေ မလိုဘူး။ ပင်လုံစာချုပ်ကစတဲ့ ပြဿနာတွေအားလုံးရဲ့အရင်းအမြစ်က နိုင်ငံရေးပြဿနာဖြစ်တဲ့အတွက် ကျနော်တို့ဘက်က နိုင်ငံရေးကိစ္စတွေကိုပဲ စတင်ဆွေးနွေးသွားရမှာပါ။

မေး။ ။ ကေအိုင်အိုကို စတင်ဖွဲ့စည်းတုန်းက ကချင်တွေက လုံးဝလွတ်လပ်ရေးကို လိုချင်ခဲ့တာပါ။ ၁၉၇၀ နောက်ပိုင်းကျမှ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပြောင်းလဲတောင်းဆိုလာတယ်။ ဘာလို့ သူတို့ရဲ့ရပ်တည်ချက်ကို လုံးဝလွတ်လပ်ရေးကနေ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုပြောင်းသွားရတာလဲ။
ဖြေ။ ။ ကျနော်တို့ရဲ့အခြေခံရည်မှန်းချက်ကို ရနိုင်မှာမဟုတ်ဘူးဆိုတာ သိမြင်လာလို့ပါ။ ဒါ့ကြောင့် အခြေအနေကိုလိုက်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ကိုတောင်းဆိုရခြင်းဖြစ်ပါတယ်။ ကျနော်တို့ရဲ့နှလုံးသားထဲမှာ အမြစ်စွဲနေတဲ့လုံးဝလွတ်လပ်ရေးဆိုတာ ကျနော်တို့ရဲ့အခြေအနေအရ ဘယ်လိုနည်းနဲ့မှ ညှိနှိုင်းဆွေးနွေးရယူဖို့ မဖြစ်နိုင်ပါဘူး။ ကျနော်တို့တိုင်းပြည်ဟာ ကုန်းတွင်းပိတ်ဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတွေကြောင့်၊ ကျနော်တို့ရဲ့စစ်ရေးအင်အား၊ ခေါင်းဆောင်မှုစတာတွေကြောင့် ကျနော်တို့ရဲ့ရပ်တည်ရှင်သန်ခွင့်အတွက် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့လိုပါတယ်။
တချိန်တုန်းကတော့ ဆိုရှယ်လစ်အစိုးရတွေ စည်းလုံးညီညွတ်တော့မလို ဖြစ်လာခဲ့တယ်။ ဆိုဗီယက်ယူနီယံ၊ ယူဂိုဆလားဗီယားနဲ့ အနောက်နိုင်ငံတွေ ညီညွတ်ကြတော့မလိုဖြစ်ခဲ့တယ်။ နေရာဒေသတိုင်းမှာ အားလုံးက ပေါင်းစည်းညီညွတ်လာကြတော့ ကျနော်တို့လည်း ပြောင်းလဲဖို့ကြိုးစားခဲ့တယ်။ အခြားတိုင်းရင်းသား လူမျိုးစုတွေဖြစ်တဲ့ ကရင်၊ ချင်း၊ ရခိုင်တွေနဲ့မဟာမိတ်ဖွဲ့ခဲ့တယ်။ သူတို့နဲ့ ပေါင်းစည်းခြင်းအားဖြင့် ကျနော်တို့ရဲ့နိုင်ငံရေးရပ်တည်ချက်ကို ပိုပြီးခိုင်မာစေချင်ခဲ့တယ်။ ကျနော်တို့ရဲ့နောက်ဆုံး အဆုံးအစွန်ရည်မှန်းချက်ကတော့ လုံးဝလွတ်လပ်ရေး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မေး။ ။ အရင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထက်စာရင် လက်ရှိ (ဦး)သိန်းစိန် လက်ထက်မှာ ကချင်နဲ့ဗမာအကြား ပိုမိုအဆင်ပြေလာနိုင်မယ်လို့ ထင်ပါသလား။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုတဲ့ အနေအထားမှာပေါ့။
ဖြေ။ ။ သိပ်မကြာတော့တဲ့ အချိန်မှာ (ဦး)သိန်းစိန်ရဲ့အစိုးရအဖွဲ့အတွင်းမှာ အကွဲအပြဲတွေဖြစ်တော့မယ်လို့ ထင်ပါတယ်။ (ဦး)သိန်းစိန်လည်း တစ်နေ့နေ့မှာတော့ တိုင်းရင်းသားလူနည်းစုအရေးကို နားလည်လာမှာပါ။ (ဒေါ်အောင်ဆန်း)စုကြည်ကတော့ ကျနော်တို့ရဲ့အခြေအနေကို သဘောပေါက်ပါတယ်။ (ဦး)သိန်းစိန်လည်း နားလည်ကောင်း နားလည်နိုင်ပေမယ့် မတူညီတဲ့နိုင်ငံရေးသဘောတွေကြောင့် ခက်ခဲတဲ့အခြေအနေတစ်ခု ဖြစ်နေတာပါ။ ဒီမိုကရေစီကတော့ ဒီမိုကရေစီပါပဲ။ ဒါပေမယ့် ဗမာပဲ ချုပ်ကိုင်လွှမ်းမိုးမယ့် စနစ်ပါ။ ဒါက သူတို့ရဲ့နိုင်ငံရေးလမ်းကြောင်းပါ။ သူတို့ရဲ့နိုင်ငံရေးလမ်းကြောင်းကို မပြင်နိုင်ဘူးဆိုရင် အချင်းချင်းပြန်လည်သင့်မြတ်ဖို့ ခက်ခဲလိမ့်မယ်ဆိုတဲ့အချက်ကို မြန်မာနိုင်ငံပြင်ပမှာနေထိုင်တဲ့သူတွေတော့ နားလည်သဘောပေါက်ကြမှာပါ။
ဗမာတွေ သူတို့ရဲ့နိုင်ငံရေးလမ်းကြောင်းကိုပြုပြင်ခဲ့ရင်တော့ ကျနော်တို့ ပြန်သင့်မြတ်ကြမှာပါ။ (ဒေါ်အောင်ဆန်း)စုကြည်ရဲ့အနေအထားက ပြန်လည်သင့်မြတ်ရေးလုပ်ဖို့အတွက် ကောင်းလာမှာပါ။ ကျနော်တို့ ဗမာတွေကိုမလွှမ်းမိုးချင်ပါဘူး။ ကျနော်တို့ရဲ့သမိုင်း၊ ကျနော်တို့ရဲ့ဖြစ်တည်မှု၊ တချိန်တုန်းက ကျနော်တို့ရဲ့ကိုးကွယ်ယုံကြည်မှုနဲ့ဆက်စပ်နေတဲ့ ကျနော်တို့ရဲ့တိုင်းပြည်ကိုပဲ ကာကွယ်ချင်တာပါ။

မေး။ ။ ဗမာတွေနဲ့ ပြန်လည်သင့်မြတ်ဖို့ ဘယ်အရာက အဓိကအတားအဆီးဖြစ်နေတယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ အဓိက အတားအဆီးကတော့ စစ်တပ်ပါ။ စစ်ဘက် အာဏာပိုင်တွေပါ။ ဒီစစ်တပ်က ဗမာဘုရင်တွေကို အစားထိုးထားခြင်းပါ။ စစ်တပ်ရဲ့သဘောထားက ဗမာဘုရင်တွေအစားရပ်တည်ဖို့ပဲ။ ဗမာဘုရင်တွေက ကျနော်တို့ကို အရိုင်းအစိုင်းလို့ပဲသတ်မှတ်ခဲ့ကြတယ်။ ကျနော်တို့ကို လူလို့ တွေးမှတ်ခဲ့ကြတာ မဟုတ်ဘူး။
[ဧရာဝတီသတင်းဌာန၏ အင်တာဗျူးကဏ္ဌတွင် ဖော်ပြထားသော Carlos Sardiña Galache ၏ Reflections on Kachin History ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။]
မူရင်းအင်တာဗျူးကို http://www.irrawaddy.org/archives/10264 တွင် ဖတ်ရှုနိုင်ပါသည်။

Read more »

Sweet December

Read more »

ကချင်ခေါင်းဆောင် ၁ယောက်က အခုလို DASSK အပေါ်ခုလိုနားလည်လက်ခံပေးထားနိုင် ပါတယ်။(video interview )

Read more »