အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စု မြန်မာနိင်ငံ၏ ဖယ်ဒရယ်တပ်
 တွင် KIA မှ အဓိက အခန်းဏ္ဍ အဖြစ်ပါဝင်လာမည်ဟု 
 ယနေ့ ကျင်းပသော နိင်ငံတကာ စစ်ရေး လေ့လာသူများ အဖွဲ့ မှ
 သုံးသပ် လိုက်ပါသည်။
 ထိုအဖွဲ့ တွင် အာရှပစိဖိတ် အရှေ့တောင်အရှ နှင့် မြန်မာ့ စစ်ရေး လေ့လာသူများ ပါဝင်ခဲု့ကြပြီး အာရှပစိဖိတ် စစ်ရေးလေ့လာသူ
 Professor Dr.Wun Xingling မှ နေ၍ သတင်းသမား များကို
 ပြောကြားရာတွင် "ကျနော်တို့ စစ်တပ်တခု ရဲ့ အနေအထား ကို ခန့်မှန်း
 တယ်ဆိုတာ က အဲဒီ စစ်တပ်ရဲ့ စွမ်းရည် စည်းကမ်း နဲ့ နိင်ငံရေး မဟာမိတ် ဖွဲ့နိင်မှု စသည်တို့ ကို သုံးသပ်ပြီး အဲ့ဒီ စစ်တပ်ရဲ့ အနာဂတ် ကို ခန့်မှန်း ကြတာပါ။ KIA ကိုကြည့်ရင် သူ့မှာ တိုက်ခိုက် စွမ်းရည် နဲ့
 ပြည့်ဝပြီး စည်းကမ်း ရှိတဲ့ ရဲဘော်တွေ ရှိရှံမက ခိုင်မာတဲ့ မဟာမိတ် တွေလဲ ပိုင်ဆိုင် ထားတယ်လေ။ ဒါတွေ ဟာ KIA ကို အနာဂတ်မှာ
 ထွန်းပြောင် လာစေမဲ့ အချက်တွေပေါ့" ဟုပြောဆိုသွားပါတယ်။
 ဆက်လက်ပြီး အရှေ့တောင်အာရှ စစ်ရေးလေ့လာသူ
ူ Mr.Park youn ကနေပြီးတော့ သတင်းသမား များကို
 ဖြေကြားရာတွင်" ကျနော်တို့ ဒေသတွင်း နိင်ငံ တွေအနေနဲ့ လက်ရျိတပ်မတော် ရဲ့ စည်းကမ်းပျက်မှုနဲ့ ရန်လိုမှုတွေကို မလိုလားတာ
  အချိန်ကြာမြင့်ခဲ့ပါပြီ။ ပြီးတော့ ကျနော်တို့ဟာ KIA ရဲ့ ဒေသတွင်း နိင်ငံ များနဲ့ အဆင်ပြေ မှု၊ ပြည်တွင်း လက်နက်ကိုင် အဖွဲ့များနဲ့ အဆင်ပြေမှု စတာတွေကြောင့် သဘောကျနေခဲ့တာလဲကြာပါပြီ"
 ဟု အကျဉ်းချုပ် ဖြေကြားသွားခဲ့ပါတယ်။
 မည်သည့် အချက်များက KIA အား အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စု
 တွင် အဓိက အခန်းဏ္ဍ ကနေပါဝင်လာစေမျာလဲ ဆိုတဲ့ မီဒီယာများရဲ့
 မေးခွန်း ကိုတော့ မြန်မာ့ စစ်ရေး ကျွမ်းကျင်သူ Dr. စစ်ရန်နိင် မှ 
 နေ၍ " ဒါက အချက်အလက် တွေ အများကြီး ရှိပါတယ် ။
 ပထမ အချက်က KIA ဟာ တိုက်ခိုက် စွမ်းရည် ပြည့်ဝ တဲ့ အတွေ့အကြုံ ရင့်တပ်မတော် တခု ဖြစ်ပါတယ်။ နောက် သူ့ရဲ့ မဟာမိတ် ဖွဲ့နိင်စွမ်း နဲ့ သူ့မဟာမိတ် တွေရဲ့ စွမ်းရည် ကြောင့် ဖြစ်ပါတယ်။ မဟာမိတ် တွေရဲ့ အခန်းဏ္ဍ ကို လေ့လာကြည့်မယ်ဆိုရင်
 AA ဟာ အလားအလာ အရှိဆုံးလို့တောင်သတ်မှတ်လို့ရတယ်
 သူ့မှာ လုံလောက်တဲ့ စွမ်းရည်၊လူဦးရေ နဲ့ သံယာဇာတ စသည်တို့ ကို
 ပိုင်ဆိုင် ထားပါတယ်။နောက်ပြီး ပင်လယ် ထွက်ပေါက် ရှိတဲ့ AAအနေနဲ့ မြန်မာ့ ရေပိုင်နက်ကို ကာကွယ် နိင်မှာ ဖြစ်ပြီး အနာဂတ်
 ဖယ်ဒရယ် ပြည်ထောင်စု ရဲ့ အနောက်တံခါးကို ကာကွယ် သွားမှာပါ။
 ပြီးတော့ တရုတ် နဲ့ထိစပ်နေတဲ့ ရှမ်းမြောက် အခြမ်းကို KIA ရဲ့ မဟာမိတ် တွေဖြစ်တဲ့ ကိုးကန့်၊တအောင်း နဲ့ ဝတို့က ကာကွယ်သွားမှာ
 ဖြစ်ပြီး ထိုင်းဘက်ကို KNU DKBA တို့ကာကွယ်နိင်မှာပါ။
 လိုအပ်ရင် ရာဇဝင်ကြီးလှတဲ့ မွန်ပြည်သစ်ပါတီ ရဲ့ ထောက်ပံ့မှုကိုလဲ 
 ရရှိကြမှာပါ။ India ဘက်ခြမ်းကိုတော့ ကချင် နဲ့ချင်း ဟာ အတူတကွ
 ကာကွယ် ကြသွားမှာပါ။ 
 ဒါတွေဟာ KIA ရဲ့ အမျော်အမြင်ကြီး လှတဲ့ မဟာမိတ် ဖွဲ့စည်းထားမှု
 တွေပါ။ နောက်ပြီး အဓိက ကျတဲ့တချက် က လက်ရှိ တပ်မတော် ကို
 ဗမာပြည်သူတွေ ကပါ မကြိုက်တော့တာ ၈၈ ကတည်းကပဲ..
 ဒါ့ကြောင့် အမျော်အမြင်ကြီး တဲ့ဗမာပြည်သူ တို့က သူတို့ ရဲ့ အနာဂတ် လုံခြုံရေး ကိုဘယ်သူ့ ဆီမှာ ထည့်ပေးထားရမှာလဲ ဆိုတာ ကောင်းကောင်း သိကြပါတယ် ။ 
 ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် KIA ရဲ့ လိမ်မာ ပါးနပ် တဲ့ မဟာမိတ် ဖွဲ့နိင်စွမ်း နဲ့ ပြည်ထောင်စု စိတ်ဓာတ် ပြည့်ဝခြင်းကို
 တွေု့မြင်ရမှာပါ၊ ဒီအချက်တွေ ကပဲ KIA ကို အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စုမြန်မာ နိင်ငံ တော်ရဲ့ လုံခြုံရေး ကို အဓိက အခန်းဏ္ဍ ကနေ ပါဝင်သွား စေမယ့် အချက်တွေ ပဲ ဖြစ်ပါတယ် " ဟုပြောကြား
 သွားခဲ့ပါတယ်။
 အထက်ပါ ပြောကြားချက်များက နိင်ငံတကာ စစ်ရေးလေ့လာသူ များ
 ပြည်တွင်းပြည်ပ မီဒီယာ ကို ဖြေကြား သွားခဲ့ခြင်းများဖြစ်ပါတယ်။
By Myutsaw kasa