Sunday, August 2, 2015

စစ်ရေး နည်းနာကို နိုင်ငံတိုင်းက စစ်တပ်တိုင်းလိုလိုက ရှေးခေတ်ထဲကနေ ခုခေတ် အထိ လိုအပ်သလို သုံးနေ ကြတာ ပါပဲ

zaw zaw

ရန်သူက အမြစ် ဖြုတ်ဖို့ စီမံ လုပ်ဆောင်နေတဲ့ DKBA ကို တချို့ ရဲဘော်တွေက ကူညီ သင့်လား ၊ မသင့်လား ဆိုပြီး ဇဝေဇ၀ါ မဖြစ်စေချင် ပါ ။ ဗီယက်နမ် စစ်ပွဲတုန်းက ထိုင်းနဲ့ မဟာမိတ် ဖြစ်တဲ့ အမေရိကန် တပ်တွေဟာ ထိုင်းမှာ လေတပ် စစ်စခန်း ချတာတွေ ၊ ဗီယက်နမ်မှာ တိုက်ပွဲဝင်နေတဲ့ အမေရိကန် စစ်သားတွေ အသုတ်လိုက် ( ၆ )လ တကြိမ် ထိုင်းမှာ လာပြီး အနားယူ ၊ ပျော်ပါး ကြတာတွေကိုတော့ လူ တော်တော်များများက သိကြ ပါတယ် ။
ဒါပေမယ့် အမေရိကန်က နိုင်ငံရေး အတွေးအခေါ် အရ လုံးဝ ဆန့်ကျင်တဲ့ ခမာနီတွေကို စစ်သင်တန်းတွေ ပေးပြီး လက်နက်ကြီးတွေ ထောက်ပံ့ ခဲ့တာကို သိတဲ့လူ မရှိ သလောက် ပါပဲ ။ အမေရိကန်က ဘာလို့ အဲလို လုပ်သလဲ ဆိုတော့ ကမ္ဘောဒီးယား ( ၄ ) ဖွဲ့ ကွဲနေချိန်မှာ ( ၃ )ဖွဲ့က ဗီယက်နမ်နဲ့ ပြေလည် နေကြပြီး ခမာနီ တစ်ဖွဲ့ထဲက ဗီယက်နမ်ကို ရန်သူ အဖြစ် တိုက်ခိုက်နေတဲ့ အချိန် ဖြစ်လို့ ပါ ။
ဒီ အနေအထားကြောင့် အမေရိကန်က ခမာနီတွေ ဗီယက်နမ်ကို ကောင်းကောင်း တိုက်နိုင်ဖို့ စစ်ရေး အထောက်အပံ့တွေ ပေးခဲ့တယ် ။ ခမာနီကလည်း အမေရိကန်ကို ကျေးဇူးဆပ်တဲ့ သဘော လုံးဝ မဟုတ်ပဲ ဗီယက်နမ်ကို သူ့ ကိုယ်တိုင်ရဲ့ ထိပ်တိုက် ရန်သူ ဖြစ်တာမို့ မီးကုန်ယမ်းကုန် တိုက်တာ ပါပဲ ။
ဖြတ်ပြော လိုက်ရရင်တော့ ဗီယက်နမ်ကို တိုက်ရာမှာ ခမာ စစ်မျက်နှာဘက်မှာ ကိုယ်တိုင် မတိုက်ပဲ ခမာနီကို ဆွဲသုံး လိုက်တာ ပါဘပဲ ။ ရိုးရိုးလေး ပါ ။ ဘယ်သူမှ မသိတော့တဲ့ ဒီ ကိစ္စကို ကျနော် ဘယ်လိုလုပ် သိလဲ ။ အမေရိကန်က သူတို့ ထောက်ပံ့ လိုက်တဲ့ လက်နက်ကြီး အတွက် ခမာနီ တပ်ဖွဲ့တွေကို သင်တန်း ပေးဖို့ ထိုင်း စစ်တပ်ကို တာဝန် ပေးခဲ့တယ် ။
ထိုင်းက အဲဒီ မစ်ရှင်ကို နာမည် အရ လက်ခံခဲ့ပေမယ့် အိမ်နီးချင်း ကပ်နေတဲ့ ခမာ အဖွဲ့ ၄ဖွဲ့လုံးနဲ့ ဆက်ဆံရေး မပျက်စေဖို့နဲ့ ထိုင်း နယ်စပ် ဒုက္ခသည် စခန်းကိုပဲ လျှို့ဝှက် ဌာနချုပ် လုပ်ထားပြီး ခိုလှုံနေတဲ့ ဗီယက်နမ် ခေါင်းဆောင်ကြီး ဟိုချီမင်းကလည် ထိုင်းကို ကမ်းကုန်အောင်လည်း ငြို ငြင် မသွားဖို့ ထိုင်း သင်တန်း ဆရာတွေ အစား KNLA ကို ဆက်သွယ်ပြီး အထူး တပ်ရင်း ( 101 ) က လက်နက်ကြီး သင်တန်း ဆရာတွေကို ခမာနီ စစ်စခန်းတွေဆီ ပို့ဆောင် ပေးခဲ့တယ် ။
အဲဒီ အထဲမှာ လက်နက်ကြီး သင်တန်းမှူး ဖြစ်နေတဲ့ ကျနော် သူငယ်ချင်း တစ်ယောက်လည်း ပါသွား ခဲ့တယ် ။ ခုဆို သူ အမေရိကားကို ရောက်နေတာ နှစ် ၂၀ လောက် ရှိပြီ ။ သူ့ နာမည်က ဆန်နီ လောရင့် ပါ ။ ဆီးချိုး ရောဂါကြောင့် မျက်စေ့ ကွယ်နေတယ်လို့ တဆင့် ကြားရပေမယ့် အဆက်အသွယ် လုံးဝ ပြတ်နေတယ် ။ တကယ်တော့ အမေရိကန်ရဲ့ ဒီ စစ်ရေး နည်းနာကို နိုင်ငံတိုင်းက စစ်တပ်တိုင်းလိုလိုက ရှေးခေတ်ထဲကနေ ခုခေတ် အထိ လိုအပ်သလို သုံးနေ ကြတာ ပါပဲ ။ အမေရိကန် လုပ်မှ အဆန်းတကြယ် ဖြစ်စရာ မဟုတ်ပါဘူး ။
အစကို ပြန်သွားမယ် ။ ခုချိန်မှာ ကေအဲန်ယူဟာ ရန်သူကို မတိုက်တော့ဘူး ။ DKBA က ရန်သူကို ပြန်တိုက် လာတယ် ။ ဒီတော့ DKBA က ရှုံးနိမ့် သွားရင် ရန်သူဘက်က နိုင်သွားတာပဲ ဖြစ်တယ် ။
ကျနော်တို့ လိုချင်တာက ရန်သူနိုင်ဖို့ လား ။ ဒီလောက်ပဲ စဉ်းစား ၊ ဒါထက် ပိုပြီး စဉ်းစား ရမယ့် စိန်ပြေနပြေ အနေအထားမှာ ရှိမနေတာမို့ ပါ ။ ရန်သူက လုပ်ခဲ့တာနဲ့ လုပ်နေတာတွေဟာ ရှင်းရှင်းလေး ။ ကရင်ကို တစစီ ဖဲ့ထုတ်မယ် ၊ ပြီးရင် တစစီ ချေမွမယ် ။ ဒီနှစ် DKBA ပြီးရင် နောက်နှစ် KNU အလှည့် ပေါ့ ။ အဖြေက ဒါပဲ ရှိတယ် ။ ဘာမှ ခေါင်းပူအောင် စဉ်းစား နေရမယ့် ပဟေဠိ တစ်ခု ဖြစ်မနေ ပါဘူး ။ အတုအယောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကာလဟာလည်း မကြာခင် ကုန်ဆုံးတော့မှာ ပါ ။
အဲဒီတော့ ခုချိန်မှာ DKBA က ရန်သူကို ခံချနိုင်ရင် ကရင့်နယ် ကရင့်လက်ထဲမှာ ဆက်ရှိ နေမယ် ။ DKBA ရှုံးရင်တော့ ကရင့်နယ် တစ်ချို့ အပြီးအပိုင် ဆုံးရှုံး သွားမယ် ။ ကရင့် ခေါင်းဆောင် တချို့တော့ သိန်းစိန် ဘောမတွေ ဖြစ်ကုန်ပြီ ဆိုတော့ ရန်သူကို ဘယ်သူ ခံချ နေလဲ ။ အဲဒီ အဖွဲ့ဟာ ကရင့်ပြည်သူတွေရဲ့ သူရဲကောင်း ဖြစ်မယ် ။ ဒါပါဘဲ ။
W / By - ( Agga Poechit )



စစ်ရေး နည်းနာကို နိုင်ငံတိုင်းက စစ်တပ်တိုင်းလိုလိုက ရှေးခေတ်ထဲကနေ ခုခေတ် အထိ လိုအပ်သလို သုံးနေ ကြတာ ပါပဲ