Tuesday, June 2, 2015

ဆောက်လုပ်ရေးသမားများဝိုင်းရိုက်သဖြင့် မချမ်းဘော့မှ လူငယ်တစ်ဦးသေဆုံး


မချမ်းဘော<=>နောင်ခိုင်ကြား မလိခမြစ်ကူးတံတား ဆောက်လုပ်ရေးဝန်ထမ်း (၁၀)ဦးကျော်တို့က လယ်ယာခင်းမှပြန်လာသော မချမ်းဘော့မြို့မှ လူငယ် ၂ဦးကို မေလ ၃၁ရက်နေ့ ည ၉နာရီခန့် လောက်က ဝိုင်းဝန်းရိုက်နက်ကြသဖြင့် ထိုလူငယ် ၂ဦးမှ တစ်ဦးဖြစ်သူ ဂျတ်နော်လီသည် ပွဲချင်းပြိး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးမှ သိရသည်။
၎င်းတို့ ၂ဦးလယ်ယာခင်းမှအပြန် ဝိုင်းရိုက်စဉ် ကျန်တစ်ဦးက လွတ်မြောက်လာသည့်အတွက် ရိုက်နက်သူများကိုသိရှိရခြင်းဖြစ်ကြောင်းသိရသည်…
သေဆုံးသွားသူ မောင်နော်လီသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသော လူငယ်ဖြစ်ကြောင်း……
မောင်နော်လီ၏အလောင်းကို ယခုချိန်မချမ်းဘော ဆေးရုံတွင် ထားရှိလေ့ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် မချမ်းဘောကျေးရွာလူထုများ ယခုကိစ္စအား အမြန်အရေးယူပေးရန် ကျေးရွာတွင်ဆူပူလုပ်ရှားလာလျှက်ရှိကြောင်း ဒေသခံကျောင်းဆရာတစ်ဦးထံမှသိရသည်။
အဆိုပါဆောက်လုပ်ရေးအလုပ်သမားများသည် အောက်ပိုင်းက ပို့ဆောင် တတ်လာသောဗမာ များဖြစ်သည်ဟုသိရသည်။
မတ်လအတွင်း၌လည်း ပူတာအိုခရိုင် နောင်မွန်းမြို့တွင် လေယာဉ်ကွင်း ဆောက်လုပ်ရေး စီမံကိန်းဖြင့် အောက်ပိုင်းက တတ်လာသောဗမာ အလုပ်သမားများနင့် ဒေသခံများ ခိုက်ရန်ဖြစ်ပွားပြိး ဆေးရုံတတ်ခဲ့ရတဲ့အထိဖြစ်ခဲ့ကြရသည်။
ယခုအချိန် ပူတာအိုခရိုင်တွင် အစိုးရဖွံ့ဖြိုးရေး စီမံကိန်းများတွင် အလုပ်လုပ်ကိုင်ကြသောသူများမှာ အောက်ပိုင်းက အလုပ်သမားများဖြစ်ပြိး ထိုအလုပ်သမားများနင့် ဒေသခံလူထုများအကြား မကြာခဏ ပြသနာဖြစ်ပွားလျက်ရှိကြောင်း……
ပူတာအိုဒေသခံတွေ အောက်ပိုင်းမှ အလုပ်သမားများအား လုံးဝ အလိုမရှိကြဘူး အစိုးရတွေလုပ်တာ သူတို့အစီအစဉ်နဲ့ အောက်ပိုင်းက ခေါ်တင်လာပြိး အလုပ်လုပ်ခိုင်းတာပါ ဒါသူတို့ တမင်ရည်ရွယ်ချက်နဲ့ လုပ်တာပဲ ကျနော်တို့ ပူတာအိုဒေသခံလူထုတွေ အဲလိုပဲမြင်တယ် ဟု မချမ်းဘောမြို့မ ရပ်ကွက်(၂)နေ လူကြိးတစ်ယောက်နဲ့ ပူတာအိုဒုတ္တန်က ဦးနန်ဟီးဖုန်တို့က ဤသို့ပြောသည်။
ပုံ/မချမ်းဘော နောင်ခိုင် ကြားက မလိခမြစ်ကူးတံတား

Kagabu Rvwangce