Tuesday, January 20, 2015

ဖါးကန့် ရှေ့တန်း သို့ လက်နက်သယ်လာသော မြန်မာ စစ်ယာဉ်တန်း ဖောက်ခွဲခံရ


====================================================
Laknak Wa Sa Ai Myen Mod0w Yan Hpe KaPaw Kau
========================================
(Lachid Kachin)
၁၉.၁.၂၀၁၅ ရက်နေ့ ကချင် ပြည်နယ် ဖါးကန့် ၊ဥရုဆိုင်းမော် ကေအိုင်တပ်ရင်း (၆) ဒေသရှိ လက်ရှိ တိုက်ပွဲ များ အပြင်း အထန် ဖြစ်ပွားနေ သော ရှေ့တန်း စစ်မြေပြင်
သို့ မြန်မာ စစ်တပ်မှ လက်နက် များ ဖြည့်တင်းရန်အတွက် စစ်လက်နက် များ အပြည့် တင်ဆောင် လာသော မြန်မာ စစ်တပ်၏ယဉ်တန်း လမ်း၌ ဖေါက်ခွဲ ဖျက်ဆီး တိုက်ခိုက်ခံ ရကြောင်း သတင်းရရှိပါသည်။
၎င်း စစ်ယာဉ်တန်း သည်ဖါးကန့် -လောင်ခမ်-ဆိုင်းခ လမ်းအတိုင်း ဖါးကန့် ဂင်ဆီဆိုင်းရာ သို့ လက်နက် များ လာ ရောက် ပို့ဆောင်ခြင်း ဖြစ်ရာ ဂင်ဆီသို့
မရောက်ခင် ဆိုင်းခါ အထက် နားအရောက်တွင် မိုင်းခွဲ တိုက် ခိုက်ခံ ရခြင်း ကြောင့်
၎င်း စစ်လက်နက်အပြည့် တင်ဆောင်လာသော မြန်မာ စစ်တပ် ၏ စစ်ယာဉ်တန်း
မှ စစ်ကား (၅) စီး မှာ လုံးဝ ပျက်စီး သွားကြောင်း ရှေ့တန်း စစ်မြေ ပြင်မှ သတင်းရရှိပါသည်။
ယခု အချိန် သည် ဖားကန့် ဂင်ဆီ ဒေသတွင် ကေအိုင်အေ တပ်ရင်း (၆) နှင့် မြန်မာ စစ်တပ် တပ်မ (၆၆) လက်အောက်ခံ တပ် များ တိုက်ပွဲ အပြင်း အထန် ဖြစ်ပွားနေသည်မှာ ယနေ့နဲ့ဆို (၆) ရက်မြောက် ရှိ ပြီ ဖြစ်ပြီး ဤ (၆) ရက် ဖြစ်ပွားသေတိုက်ပွဲများတွင် မြန်မာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အများအပြားရှိကြောင်း၊ မြန်မာ စစ်တပ်မှ ဗျူဟာ မှူး(၁)ဦး၊ တပ်ရင်းမှူး (၁)ဦး ၊
ဒုတပ်ရင်းမှူး(၁)ဦး တို့ အပြင် အခြင်း အဆင့် များ ရဲ ဘော် များ အများ အပြား ဒဏ်ရာရရှိကြောင်း သိရှိရပါသည်။ ဓဏ်ရာပြင်းထန်သော တပ်ရင်းမှုး အား (၁၉.၁.၂၀၁၅) ရက်နေ့ (၁း၃၀) အချိန်ခန့ တွင် ဖားကန့် ဗျူ ဟာကုန်း ဖားကန့် မြန်မာ စစ်တပ်မှ စစ်ရဟတ်ယာဉ် ဖြင့် မြစ်ကြီးနားသို့ လာရောက်သယ်ဆောင်သွားပြီ ဖြစ်ကြောင်း သိရှိရပါသည်။
ဒဏ်ရာအပြင်း အထန်ရရှိသော မြန်မာ စစ်တပ် မှ ဒုတပ်ရင်းမှူး သည် (၁၈.၁.၂၀၁၅) ရက်နေ့ တွင်သေဆုံးသွား ပြီ ဖြစ် ပြီး ညတွင်းခြင်း၌ပင် လောင်ခမ် ၌ သဂြိုလ် လိုက်ပြီ ဖြစ်ကြောင်း သိရှိရပါသည်။
၎င်း ယာဉ်တန်း တိုက်ခိုက်ခံရသော အချိန်မှာ (၁၉.၁.၂၀၁၅) ရက်နေ့ မွန်းလွဲ
(၂း၃၀ ) အချိန်တွင် ဖြစ်ကြောင်း၊( ၁၉.၁.၂၀၁၅)ရက်နေ့ ညနေ မိုးချုပ်သည်အထိ
အခင်း ဖြစ်ပွားရာနေရာ၌ ပင် ၄င်းကားများ ပျက်စီးမျာ ရှိနေဆဲ ဖြစ်ကြောင်းကို
လည်း ထပ်မံ သိရှိရ ပါသည်။
Dai ni 19-1-2015 ya 2:30 pm. daram aten Hpakant - Lawng Hkang - Sang Hka lam hku Ginsi Seng Ra de machyu pala htaw lung wa ai myen hpyen mawdaw yintan (convoy) ni Sang Hka lahta kaw bawm kapaw katut nna mawdaw 3, 4 hten dung nna wan hkru nga ai lam chye lu ai. 

BumLen Awng.