Friday, March 28, 2014

Updated with recent violence and security issue in Rakhine

FYI.. Dr. Kyaw Thu kaw nna shagun jaw ai re. Matut nna maja nga ga ai.

Hkungga let, Khon Ja


Dear all,

Pls be updated with recent violence and security issue in Rakhine and role
of civil society  .
1. we are in touch with contacts from Sittwe , Bu Thee Taung and Maung Daw .
2. The case occurred on 26 and local CS leaders and Buddhist monks tried to
control the situation and managed to protect the INGO and UN staff
3. On 27th, it went out of control and all INGO and UN offices were
attacked and Gov helped evacuation. ( Note; some suspicion of hands behind
this )
4. *Death of 13 old girl from gunshot was recently reported and tension
likely to become high.*( this afternoon is her funeral )
5.  13 staff from CARE in Bu Thee Taung are now with self evacuation plan
and I  connects them with local CS leaders from Bu Thee taung and sittwe to
provide security ,reported to UN RC team, MPC, Rakhine Gov and also update
CARE office about measures.
6. I also contacted UN team in Maung Daw  for evacuation . ( Note there are
some Expats in WFP team ) .
7. I also informed UN Country  Representative, Nambia  office, President
office and Rakhine Gov and MPC.
8. Regular contacts with civil societies in Sittwe

Brief Risk analysis
1, these violence are direct link to tension from census
2. violence is seemed like targeted against INGO , UN and foreigners but is
direct link to census ( where Rakhine see international are behind the
census to support Rohinjas )
3. Potential spread of  tension to other areas particularly Ygn, MDL and
previous conflict affected areas.
4 . Rakhine community demand official apology from Gov for death of a 13
old girl - if Gov response is delayed or not clear, role of Buddhist monks
in Ma Ba Tha will be getting stronger and out of control


Recommendation.
1. to discuss  about mobilization of CSOs working on inter communal
conflict to monitor and report for early warning

Death of a girl staying in her house from strayed bullet  become a
very volatile issue.
Rakhine community more and more feel like Gov is not protecting them ,
in stead killing them.
They see that Gov is using census to allowing Rohinja in Rakhine.
They demanded official apology from Military as the gunshot was fired
from military.
But it is no chance for Military to apologize.
then Monks will come out to show their power and situation will be
very complex and out of control.




 စစ်တွေမြို့ရှိ INGO နှင့် NGO များ ငှားရမ်းနေထိုင်သော နေအိမ်များကို
ခဲဖြင့်ပစ်ပေါက်မှု ဆက်တိုက်ဖြစ်ပွားပြီး မတ် ၂၇ ရက်တွင် ပုဒ်မ ၁၄၄ အား
အချိန်တိုးမြှင့် သတ်မှတ်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ အရေးယူမည်ဟု
ပြည်ထဲရေးဝန်ကြီးဌာန ကြေညာ
 Published on: March 28, 2014
Written by:
သန်းလှိုင် (စစ်တွေ)
မတ် ၂၇ ရက် နံနက်က စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက် ဂေါက်ရီလမ်းတွင်
ပြဿနာမဖြစ်ပေါ်စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာယူထားသည်ကို တွေ့ရစဉ်
စစ်တွေမြို့ရှိ  INGO နှင့် NGO  များ ငှားရမ်းနေထိုင်သော နေအိမ်များကို
ခဲဖြင့် ပစ်ပေါက်မှု ဆက်တိုက် ဖြစ်ပွားပြီးနောက် မတ် ၂၇ ရက်တွင် ပုဒ်မ ၁၄၄ အား
အချိန်တိုးမြှင့် သတ်မှတ်လိုက်ကြောင်း သိရသည်။

စစ်တွေမြို့တွင် မတ် ၂၆ ရက် ညပိုင်းက လူစုလူဝေးဖြင့် INGO နှင့် NGO များ
ငှားရမ်းနေထိုင်သော နေအိမ်များကို ခဲဖြင့် ပစ်ပေါက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်
မတ် ၂၇ ရက်တွင်လည်း  ခဲဖြင့်ပစ်ပေါက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။

ခဲဖြင့် ပစ်ပေါက်မှု ဖြစ်ပွားရခြင်းမှာ INGO တစ်ခုမှ နိုင်ငံခြားသူတစ်ဦးက
သာသနာ့ အလံကို ခါးတွင်ပတ်ပြီး လမ်းလျှောက်ခဲ့သဖြင့် ဗုဒ္ဓဘာသာ
ရခိုင်တိုင်းရင်းသားများက မကျေမနပ်ဖြစ်ကာ လူစုလူဝေးဖြစ်ပေါ်ပြီး ခဲများဖြင့်
ပစ်ပေါက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်သည် မတ် ၂၆ ရက် ည ၁၂ နာရီခန့် ပြီးစီးသွားသော်လည်း မတ် ၂၇ ရက်
နံနက် ၉ နာရီခန့်တွင် ကျောင်းတက်လမ်းရပ်ကွက်၊ ဂေါက်ရီလမ်းရှိ
နိုင်ငံခြားသားများ တည်းခိုနေသော နေအိမ်ရှေ့သို့ ဒေသခံများ
ထပ်မံရောက်ရှိလာပြီး ခဲများဖြင့် ပစ်ပေါက်ခဲ့ကြခြင်း ဖြစ်သည်ဟု  သိရသည်။
သက်ဆိုင်ရာက တာဝန်ယူ ထိန်းသိမ်းခဲ့သော်လည်း နိုင်ငံခြားသားများအား
ငှားရမ်းထားသည့် အခြားအိမ်များကိုလည်း ခဲများဖြင့် ပစ်ပေါက်ခဲ့မှုကြောင့်
လက်နက်ကိုင်တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ
အတွင်းရေးမှူး ဦးဝင်းမြိုင်က“မင်းဘာကြီးလမ်းမှာ INGO  အဖွဲ့က
ငှားရမ်းနေထိုင်တဲ့ အိမ်မှာ သာသနာ့အလံ လွှင့်ထားတာရှိတယ်။ အဲဒီမှာ
နိုင်ငံခြားသူ အမျိုးသမီးက သာသနာ့ အလံကို ဖြုတ်လိုက်တယ်။ အဲဒီလို
ဖြုတ်လိုက်တာကို လမ်းသွားလမ်းလာတွေက မြင်တယ်။ အဲဒါကိုပြောကြဆိုကြတော့
လူတွေများလာတယ်။ နောက်တော့ အဲဒီဂိုဒေါင်မှာရှိတဲ့ နိုင်ငံခြားသူနဲ့
သူ့ယောက်ျားကို ထုတ်ပေးဖို့ ဒေသခံတွေက ပြောလာတော့ ခဲနဲ့ပေါက်တာတွေ ဖြစ်လာတယ်။
ဒါကြောင့် ရဲတွေကခေါ်ပြီး ရဲရိပ်သာမှာ စောင့်ရှောက်ထားပေးခဲ့တယ်။
အဲဒီအချိန်မှာပဲ ည ၉ နာရီလောက်မှာ Malteser ရုံးတွေအပြင် တခြားရုံးတွေကိုလည်း
ခဲနဲ့ပစ်ပေါက်မှုတွေ ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာ လူအုပ်က များလာတော့ ရဲတွေက
အဓိကရုဏ်းနှိမ်နင်းတဲ့ လက်နက်တွေ ပစ်ဖောက်ပြီး လူစုခွဲခဲ့ရတယ်။
ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ သိရတယ်။ အခုဖြစ်စဉ်ကို ကြည့်ရတာတော့
သာသနာ့အလံကိစ္စလို့တော့ ထင်တာပဲ။ အရင်က AZG ကိုထွက်သွားဆိုတာလည်း ရှိနေတယ်။
အခုလည်း သာသနာ့အလံကို ဖြုတ်တယ်ဆိုတာ အိမ်ရှင်က သူ့အိမ်မို့ သာသနာ့အလံထောင်တာ
ဖြုတ်စရာအကြောင်းမရှိဘူး ထင်တယ်။ နိုင်ငံခြားသူကလည်း သာသနာ့အလံကို
ဘယ်အတိုင်းအတာအထိ လုပ်ခဲ့တယ်ဆို သူတို့ကို မေးမြန်းရဦးမယ်” ဟု ပြောကြားသည်။

မတ် ၂၇ ရက် မွန်းလွဲပိုင်းတွင်လည်း ကျောင်းတက်လမ်းရပ်ကွက်မှ
နိုင်ငံခြားအဖွဲ့အစည်းများ ငှားရမ်းထားသည့် အိမ်တစ်အိမ်ကို ဒေသခံများက ခဲဖြင့်
ပစ်ပေါက်သည့်အပြင် အိမ်အတွင်းပစ္စည်းများကိုလည်း ၀င်ရောက်ဖျက်ဆီးမှု
ရှိခဲ့ကြောင်း သိရသည်။

စစ်တွေမြို့၌ မတ် ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သော လူစုလူဝေးဖြစ်ပေါ်မှုတွင်
ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့သဖြင့် အသက် ၁၁ နှစ်အရွယ်
မိန်းကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသော်လည်း ထိုသတင်းအတွက်
သက်ဆိုင်ရာတာဝန်ရှိသူများထံမှ အတည်ပြုချက် ရရှိခဲ့ခြင်း မရှိပေ။

နိုင်ငံခြားအဖွဲ့အစည်းများ ငှားရမ်းနေထိုင်သော နေအိမ်များကို
ခဲများပစ်ပေါက်ခဲ့မှုနှင့် ပတ်သက်၍ စစ်တွေမြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ
ဦးသန်းထွန်းက “သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာထည့်မယ် ကိစ္စအပေါ် ဒေါသထွက်နေတာ
ရှိတယ်။ အဲဒီအချိန်မှာပဲ နိုင်ငံခြားသူတစ်ယောက်က သာသနာ့အလံကို မဖွယ်မရာလုပ်တဲ့
ကိစ္စကို ဒေါသမထွက်တဲ့လူ ရှိမှာမဟုတ်ဘူး။ တကယ်တော့ ဒီကိစ္စတွေဟာ သန်းခေါင်စာရင်း
မစတင်မီ INGO တွေကပဲ သွေးထိုးလှုံ့ဆော်မှုတွေ လုပ်နေတာလို့ မြင်တယ်။ ၂၀၁၂
ပဋိပက္ခကလည်း INGO တွေ ကြောင့်ဖြစ်လာသလို အခု သန်းခေါင်စာရင်း
ကောက်မယ့်ကိစ္စမှာလည်း INGO တွေက လှုံ့ဆော်နေတယ်လို့ သုံးသပ်မိပါတယ်” ဟု
ပြောကြားသည်။

အလံဖြုတ်ယူခဲ့သူ အမျိုးသမီးမှာ အမေရိကန်နိုင်ငံသူ Ms.Y Vonne Dunton (PP
No.214488402)  ဖြစ်ပြီး Melteser အဖွဲ့မှ ဖြစ်သည်ဟု သိရသည်။ ၎င်းပြုမူခဲ့သော
အပြုအမူအတွက် မည်သို့ ဆက်လက်ဆောင်ရွက်ရန် ရှိသည်ကို ပြည်နယ်အစိုးရ တာဝန်ရှိ
သူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

၂၀၁၃ ခုနှစ် ဧပြီ ၃၀ ရက် နံနက်ပိုင်းက ဥက္ကံမြို့ အနော်ရထာရပ်ကွက်
ဥက္ကံဈေးအတွင်း အသက် ၁၁ နှစ်အရွယ် ကိုရင်လေး ရှင်ပုည၏ သပိတ်ကို
ဥက္ကံမြို့ပါးနီပြင်ကျေးရွာမှ အစ္စလာမ်ဘာသာဝင် မ၀င်းဝင်းစိန်က ၀င်တိုက်မိရာမှ
ကိုရင်လေး၏ သပိတ်ကျကွဲပြီး ဥက္ကံ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်နှင့်
ပတ်သက်၍ ဥက္ကံပဋိပက္ခကို စတင်စေခဲ့သူ အစ္စလာမ်ဘာသာဝင် မ၀င်းဝင်းစိန်နှင့်
မခင်မာသိန်းတို့ နှစ်ဦးအား သာသနာတော် ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ဖြင့်
တိုက်ကြီးမြို့နယ် တရားရုံးက ၂၀၁၃ ခုနှစ် ဇွန် ၅ ရက်တွင် ထောင်ဒဏ် နှစ်နှစ်စီ
ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

သို့ဖြစ်ရာ  ပဋိပက္ခ ဖြစ်ပွားခြင်းအပေါ် အစိုးရတာဝန်ရှိသူများ
ကိုင်တွယ်ဖြေရှင်းရာ၌ တရားမျှတမှုအတွက် မေးခွန်းထုတ်စရာများ ရှိနေခြင်း၊
တရားဥပဒေစိုးမိုးမှုရှိစေရန် လုပ်ဆောင်ရာတွင် အားနည်းမှုများ ရှိနေခြင်းကြောင့်
အခြေအနေများမှာ ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်လာလေ့ရှိကြောင်း ပြည်သူများအကြား
သုံးသပ်ဝေဖန်မှုများ ရှိနေသည်။

ယခုဖြစ်စဉ်များကြောင့် စစ်တွေမြို့တွင် ယခင်သတ်မှတ်ထားသည့် ညမထွက်ရအမိန့် ည ၁၂
နာရီမှ နံနက် ၄ နာရီအစား ည ၆ နာရီမှ နံနက် ၆ နာရီသို့
ပြန်လည်ပြင်ဆင်ခဲ့ကြောင်း သိရသည်။

စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရက
စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးဖော်ထုတ်၍ လိုအပ်သော အရေးယူမှု
ပြုလုပ်သွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက မြန်မာ့ရုပ်မြင်သံကြားမှတစ်ဆင့် မတ် ၂၇
ရက် ညပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

စစ်တွေမြို့တွင် အကြမ်းဖက်မှုများဖြစ်ပွား
   အိုင်အင်န်ဂျီအိုဝန်ထမ်း နိုင်ငံခြားသူတစ်ဦး သာသနာ့အလံကို
မဖွယ်မရာလုပ်ကြောင်း သတင်းထွက်ပေါ်ရာမှ အကြမ်းဖက်မှုများ စတင်ဖြစ်ပွားပြီး
ဒေါသထွက်နေသော ဒေသခံများက ကုလနှင့် အိုင်အင်န်ဂျီအိုဝန်ထမ်းများ၏
ရုံးနှင့်နေအိမ် ၃၀ ခန့်ကို ဖျက်ဆီး
 *Published on:* Friday 2014-03-28
 Issue No:
No.338 Friday, March 28, 2014 <http://www.7daydaily.com/issue/2014-03-28>
  Author:
အောင်ခိုင် <http://www.7daydaily.com/profile/67>
 Location:
ရန်ကုန် <http://www.7daydaily.com/location/5495>


   စစ်တွေမြို့တွင် ယူအင်န်နှင့် အိုင်အင်န်ဂျီ အို ရုံးအချို့နှင့်
ဝန်ထမ်းများ၏နေအိမ် များ ဖျက်ဆီးခံရပြီးနောက် မတ်လ ၂၇ ရက်တွင် ရန်ကုန်သို့
ပြန်ရောက်လာသော ဝန်ထမ်းအချို့ (ဓာတ်ပုံ− အေပီ)

အိုင်အင်န်ဂျီအိုတစ်ခုမှ နိုင်ငံခြားသူ ဝန်ထမ်းတစ်ဦးက သာသနာ့အလံကို မဖွယ်မရာ
ပြုလုပ်သည်ဟု သတင်းများထွက်ပေါ်ရာမှတစ်ဆင့် စစ်တွေမြို့ တွင်
ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်
အကြိမ်ကြိမ် မိုးပေါ်ထောင်၍ ပစ်ဖောက်ထိန်းသိမ်းခဲ့ရကြောင်း သတင်းရရှိသည်။

မတ်လ ၂၆ ရက် ညပိုင်းမှ စတင်ခဲ့သော ရုန်းရင်းဆန်ခတ်မှုများကြောင့် ကုလနှင့်
အိုင်အင်န်ဂျီအိုအဖွဲ့အစည်းများ၏ နေအိမ်၊ ရုံးအဆောက်အအုံ ၃၀ ခန့်
ပျက်စီးခဲ့ပြီး နိုင်ငံခြားသားများအပါအဝင် ဝန်ထမ်း ၇၄ ဦးကို
လုံခြုံရေးအစောင့်အရှောက်ဖြင့် ထားရကာ အချို့ကို ရန်ကုန်မြို့သို့
ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ပဋိပက္ခဖြစ်စဉ်တွင် စတင်ပါဝင်ပတ်သက်ခဲ့သော  အိုင်အင်န်ဂျီအိုဝန်ထမ်း
နိုင်ငံခြားသူနှင့် ၎င်း၏ခင်ပွန်းတို့ကို ရန်ကုန်သို့  ပို့လိုက်ပြီဟု
အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပြီး ရဲတပ်ဖွဲ့ကမူ စစ်တွေမြို့တွင်
ကာကွယ်စောင့်ရှောက်ထားကြောင်း ပြောသည်။

ရုန်းရင်းဆန်ခတ်မှုများကြောင့် မတ်လ ၂၆ ရက် ညပိုင်းမှစတင်၍ မတ်လ ၂၇ ရက် ညနေအထိ
လေးကြိမ်၊ လေးနေရာခန့် သေနတ်မိုးပေါ်ထောင်၍ ပစ်ခတ်လူစုခွဲခဲ့ရပြီး ပုဒ်မ ၁၄၄
ညမထွက်ရအမိန့်ကို နံနက် ၆ နာရီမှ ည ၆ နာရီအထိ အချိန်တိုးမြှင့်လိုက်ကြောင်း
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောသည်။

ယခင်က စစ်တွေမြို့တွင် ပုဒ်မ ၁၄၄ ကို ည ၁၂ မှ နံနက် ၆ နာရီထိ
သတ်မှတ်ထားခြင်းဖြစ်သည်။

မတ်လ ၂၆ ရက် ည ၆ နာရီကျော်တွင် စစ်တွေမြို့ရှိ Malteser International မှ
နိုင်ငံခြားသူ ဝန်ထမ်းတစ်ဦးက ၎င်းတို့ ငှားရမ်းနေထိုင်ရာ နေအိမ်တွင်
လွှင့်ထူထားသော သာသနာ့အလံကို ဖြုတ်ချ၍ ဘောင်းဘီခါးကြားထဲတွင် ထိုးထည့်ကာ
ထဘီကဲ့သို့ ပတ်သွားသည်ဟု သတင်းများ ထွက်ပေါ်လာရာမှ လူစုလူဝေး
စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ယင်းသာသနာ့အလံသည် သန်းခေါင်စာရင်းကို
သပိတ်မှောက်သည့်အနေဖြင့် လွှင့်ထူထားခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံခြားသူက
ထဘီကဲ့သို့ ဝတ်ဆင်၍ လမ်းပေါ်လျှောက်သွားနေသည်ကို ဒေသခံအချို့က မြင်တွေ့ရာမှ
သတင်းပျံ့နှံ့ပြီး ည ၈နာရီခန့်တွင် Malteser အဖွဲ့နေအိမ်ရှေ့တွင်
လူရာဂဏန်းခန့် စုဝေးလာပြီး ခဲများဖြင့် စတင်ပစ်ခဲ့ခြင်းဖြစ်ကြောင်း
 ဒေသခံများက ပြောသည်။

သို့သော် Malteser International  ၏ ပြောရေးဆိုခွင့်ရှိသူ Johannes Kaltenbach
ကမူ အိမ်ဝန်ထမ်းတစ်ဦးလွှင့်ထူထားသော သာသနာ့အလံကို ၎င်းတို့ Pro-gramme
 Coordinator က အဖွဲ့အစည်း၏ ဘာသာရေး၊ နိုင်ငံရေးနှင့်
အကူအညီပေးရေးလုပ်ငန်းများကို မရောထွေးစေသည့် မူဝါဒအရ
ဖယ်ရှားခဲ့ခြင်းသာဖြစ်ပြီး မဖွယ်မရာ ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း DVB
သတင်းဌာနသို့ ပြောကြားထားသည်။

ရဲတပ်ဖွဲ့ဝင်များက  လာရောက်ထိန်းသိမ်းခဲ့သော်လည်း လူထုအင်အားထောင်ဂဏန်းထိ
ရောက်ရှိလာပြီး အခြားအင်န်ဂျီအိုရုံးများကိုပါ ခဲဖြင့်ပစ်ပေါက်မှုများ
ရှိလာသည့်အတွက် ည ၁၁ နာရီ ကျော် ၁၂ နာရီခန့်တွင် သေနတ်အချက် ၃၀ ခန့်
ပစ်ပေါက်လူစုခွဲခဲ့ရကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

‘‘အိမ်ထဲမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသား၊ မြန်မာနိုင်ငံသား  ၁၁ ဦးကို
ခေါ်ထုတ်ပြီးပါပြီ။ မိုးပေါ်ပစ်လူစုခွဲခဲ့ရတယ်။ ထိခိုက် ဒဏ်ရာရတာမရှိပါဘူး’’ဟု
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦး က မတ်လ ၂၆ ရက် ညဥ့်သန်းခေါင်ကျော်တွင်
ပြောကြားခဲ့သည်။

စစ်တွေဒေသခံပြည်သူများက ယင်းနိုင်ငံခြားသူသည် သာသနာ့အလံကို မဖွယ်မရာလုပ်
စော်ကားသည့်အတွက် ဥပဒေနှင့် အညီ အရေးယူပေးရန် လိုလား၍
စတင်တောင်းဆိုခဲ့ခြင်းသာဖြစ်ပြီး ယခင်ကပင် အိုင်အင်န်ဂျီအိုများအပေါ်
မယုံကြည့်သည့်အတွက် ၎င်း၏လုပ်ရပ်မှာ ပဋိပက္ခများကို လှုံ့ဆော်သလိုဖြစ်နေကြောင်း
ပြောသည်။

မတ်လ ၂၇ ရက် နံနက်ပိုင်းတွင်လည်း သာသနာ့အလံကို မဖွယ်မရာပြုလုပ်ခဲ့ခြင်းကြောင့်
မကျေမနပ်ဖြစ်နေသည့် ဒေသခံများ ပြန်လည်စုဝေးလာပြီး ကုလ
လက်အောက်ခံအဖွဲ့အစည်းများ အပါအ၀င် အိုင်အင်န်ဂျီအိုအဖွဲ့ နေအိမ်များ၊
ရုံးများကို ခဲများဖြင့် ပစ်ပေါက်ဖျက်ဆီးခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ
သတင်းရရှိသည်။

‘‘ဒီနေရာမှာစုလိုက်၊ လုံခြုံရေးတွေသွားလိုက်၊ နောက်တစ်နေရာမှာဖြစ်လိုက်ဆိုတော
နည်းနည်း အခက်အခဲရှိပါတယ်’’ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးကပြောသည်။

မတ်လ ၂၆ ရက် ညပိုင်းမှ စတင်၍ မတ်လ ၂၇ ရက် ညနေပိုင်းအထိ နေအိမ် ၃၀ ခန့်
ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။ ထို့အပြင် လုံခြုံရေးအခြေအနေအရ ပုဒ်မ ၁၄၄
ညမထွက်ရအမိန့်ကိုလည်း အချိန်တိုးမြှင့်ခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ
သတင်းရရှိသည်။

‘‘ဒီနေ့အခြေအနေကတော့  အသေးစိတ်မသိရသေးဘူး။ အိုင်အင်န်ဂျီအိုတချို့လည်း
ရန်ကုန်ပြန်ပါ ပြီ။ ပုဒ်မ ၁၄၄ ကို မနက် ၆နာရီ ည ၆နာရီတိုးလိုက်တယ်’’ဟု
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က မတ်လ ၂၇ ရက်
ညနေပိုင်းက ပြောသည်။

ယူအင်န်နှင့် အိုင်အင်န်ဂျီအိုများမှ ၀န်ထမ်းများအား ၎င်းတို့ဆန္ဒအရ
စစ်တွေဟိုတယ်တွင် ၂၅ ဦး၊ ရဲတပ်ရင်း ရိပ်သာတွင် ၄၀ ဦးကို လုံခြုံရေးဖြင့်
စောင့်ရှောက်ထားပြီး ၉ ဦးမှာ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့်
ပို့ဆောင်လိုက်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့အရာရှိတစ်ဦးက မတ်လ ၂၇ ရက် ည ၈
နာရီကျော်တွင် ပြောသည်။

‘‘ဒီနေ့ သုံးကြိမ် သုံးနေရာလောက် မိုးပေါ်ထောင်ပစ် လူခွဲခဲ့ရပါတယ်’’ဟု
အထက်ပါအရာရှိကဆိုသည်။

အဆိုပါ သာသနာ့အလံကို ဖြုတ်ချခဲ့သည်ဟု ဆိုသော Malteser ၀န်ထမ်းမှာ မည်သည့်
နိုင်ငံသားဖြစ်သည်ကို ပြည်နယ် အစိုးရအဖွဲ့သို့ ဆက်သွယ်မေး မြန်းသော်လည်း
အတည်ပြု ချက်မရသေးပေ။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှလည်း နိုင်ငံတကာအဖွဲ့အစည်းများကို
ပစ်မှတ်ထားသည့် လူအုပ်စုဖွဲ့အကြမ်းဖက်မှုများကြောင့် အနည်းဆုံး
အမေရိကန်နိုင်ငံသား သုံးဦး ပါသော အိုင်အင်န်ဂျီအိုဝန်ထမ်းများကို
ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည့် ယမန်နေ့က စစ်တွေမြို့တွင်
ဖြစ်ပွားခဲ့သော ဖြစ်ရပ်များအပေါ် လေးလေးနက်နက်စိုးရိမ်ကြောင်း မတ်လ ၂၇ရက်က
သတင်းထုတ်ပြန်သည်။

တည်ငြိမ်သည့်ငြိမ်းချမ်းရေးနှ့င် ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီး
ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို
ရေရှည်ခိုင်မာသည့်ဖြေရှင်းနည်းဖြင့် ဆောင်ရွက်သွားရန်လည်း
ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင်
ဖော်ပြထားသည်။

ထို့အပြင် ကမ္ဘာကုလသမဂ္ဂအဖွဲ့နှင့် ဗြိတိသျှသံရုံးတို့ကလည်း စစ်တွေမြို့တွင်
ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုနှင့် ပတ်သက်၍
လေးလေးနက်နက်စိုးရိမ်ပူပန်ကြောင်း ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုများဆိုင်ရာ ၀န်ထမ်းများအနေဖြင့် လုပ်ငန်းများကို
အဟန့်အတားမရှိ  လုံခြုံစိတ်ချစွာဖြင့် ဆောင်ရွက်နိုင်ရန်မှာ
အဓိကအကြောင်းအရာဖြစ်ပြီး ဗြိတိန်အနေဖြင့် အခြေအနေကို
နီးကပ်စွာစောင့်ကြည့်နေမည်ဖြစ်ကြောင်း ဗြိတိန်သံရုံးက မတ်လ ၂၇ရက်တွင်
သတင်းထုတ်ပြန်သည်။

ကုလအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများ၏ နေအိမ်နှင့် ရုံး သုံးဆယ်ခန့်
ဖျက်ဆီးခံခဲ့ရပြီး ပုဒ်မ ၁၄၄ အချိန်တိုးမြှင့်လိုက်မှုကြောင့် အခြေအနေ
ငြိမ်သက်သွားပြီဖြစ်ကြောင်း စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက မတ်လ ၂၇ ရက်
ညပိုင်းကပြောသည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်မှုကြောင့် ခြောက်နှစ်အရွယ်
မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း
ရဲတပ်ဖွဲ့နှင့် ပြည်နယ်အစိုးရက အတည်ပြုချက်မပေးပေ။

ရခိုင်ပြည်နယ်တွင် ကုလအပါအ၀င် အိုင်အင်န်ဂျီအိုအဖွဲ့အစည်း
ခြောက်ဆယ်ကျော်ရှိပြီး အစိုးရနှင့် နားလည်မှုစာချွန်လွှာထိုး လုပ်ကိုင်နေသော
အဖွဲ့အစည်း (၁၅)ဖွဲ့ ပါဝင်ကြောင်း ပြည်ထောင်စုအစိုးရက တရားဝင်ပြောကြားထားသည်။



   - စစ်တွေမြို့တွင် ဖြစ်ပွားသောအကြမ်းဖက်မှုများအတွက် အမေရိကန်နှင့်
   ဗြိတိန်သံရုံး၊ ကုလသမဂ္ဂအဖွဲ့တို့က အခြေအနေကို အထူးစိုးရိမ်ကြောင်း မတ်လ ၂၇
   ရက်တွင် ကြေညာချက် အသီးသီး ထုတ်ပြန်သည်။



   - အကြမ်းဖက်မှုများကြောင့် ကုလနှင့် အိုင်အင်န်ဂျီအို အဖွဲ့အစည်းများ၏
   နေအိမ်နှင့် ရုံး ၃၀ခန့်ပျက်စီးပြီး နိုင်ငံခြားသားများအပါအ၀င် ၀န်ထမ်း ၇၄ ဦး
   လုံခြုံရေးအတွက် အစိုးရက ကာကွယ်စောင့်ရှောက်ထားရသည်။



   - မတ်လ ၂၇ ရက်မှစတင်၍ စစ်တွေမြို့တွင် ည ၆ နာရီမှ နံနက်၆ နာရီထိ
   ညမထွက်ရအမိန့် အရှိန်တိုးမြင့်လိုက်သည်။



   - အကြမ်းဖက်မှုများဖြစ်ပွားစဉ် လေးနေရာခန့်တွင် သေနတ်ဖြင့်မိုးပေါ်ထောင်၍
   ပစ်ကာ လူစုခွဲခဲ့သည်။



best
Kyaw Thu