Sunday, September 15, 2013

ဗိုလ်မှူးအောင်လင်းထွဋ် Blog hti yu ga ( http://aunglynnhtut.blogspot.com/ )

စာရေးသူ ။ ဗိုလ်မှူးအောင်လင်းထွဋ်
၁၉၉၈ ခုနှစ် မေ လအတွင်း ခရစ္စတီးကျွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် အပြစ်မဲ့အရပ်သူအရပ်သား များကို သတ်မိန့်ပေးခဲ့မှုကို ဘာအတွက်ကြောင့်အသတ်ခံခဲ့ရသည်ကိုမသိရှိဘဲ သေသွားခဲ့ရသော မွေးကင်းစ ခလေးငယ်လေးအပါဝင်ခလေး(၃)ဦး နှင့် အမျိုးသမီးများအပါအ၀င် လူစုစုပေါင်း (၈၁)ဦး ၏ ကိုယ်စား ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရမှုအဖြစ်မှန်ကိုတင်ပြလိုပါသည်။
၁၉၉၈ ခုနှစ် ဧပြီလ ဒုတိယအပတ်တွင် အိန္ဒိယ တပ်မတော်၏ သတင်းပေးချက်အရ မြန်မာရေပိုင်နက် ကော့သောင်မြို့၏အနောက်ဘက် ဇာဒတ်ကြီးရေတပ်စခန်း၏ တောင်ဘက် (အထက်ပါပုံ) ထိုင်း မြန်မာ ရေပြင် နယ်နမိတ် အနီး ခရစ္စတီးကျွန်း ဧရိယာ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှ ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေး တစ်ခုကို မေ လအကုန်ထိ ပြုလုပ်ခဲ့ပါသည်။
အိန္ဒိယ တပ်မတော်မှပေးသည့် သတင်းမှာ တိုင်းရင်းသားလက်နက်ကိုင် ရခိုင်တပ်မတော်၊ ကေအင်ယူ အဖွဲ့များသည်အိန္ဒိယအစိုးရအားဆန့်ကျင်နေသော သူပုန်များကိုရောင်းချရန် လက်နက်မှောင်ခိုများထံမှ ၀ယ်ယူခဲ့သော လက်နက်ကြီးငယ် အများအပြားကို ခရစ္စတီးကျွန်း ဧရိယာတွင် ၀ှက်ထားကြောင်း သတင်းပေးခဲ့ပါသည်။ အဆိုပါ သတင်းအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးသန်းရေမှ အောက်ပါ စစ်ဆင်ရေးအဖွဲ့များ ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။
Read more+++click on++++

တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အရေး

တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အရေး
ဆောင်းပါးရှင်၊ အောင်လင်းထွဋ်
လွန်ခဲ့သော နှစ်ပေါင်း(၂၀)နီးပါးစစ်ပွဲများကင်းစင်ပြီး ငြိမ်းချမ်းတည်ငြိမ်ခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော် သည်လက်ရှိမြန်မာနိုင်ငံအရပ်သားအစိုးရအသစ်ဟုခေါ်သောအစိုးရလက်ထက်တွင် စစ်၏အနိတ်ဌာရုံသတင်း များကိုကြားနေရပါသည်။ အထူးသဖြင့် ကချင်၊ ကရင်။ ရှမ်း ပြည်နယ် ဒေသများတွင် စစ်ပွဲများဖြစ်နေကြပါ သည်။ တရုပ်နိုင်ငံ၏ ကျောထောက်နောက်ခံပြုထားသော ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့ ကို ၂၀၀၉ ခုနှစ်က စစ်တပ်အနေဖြင့် နယ်ခြားစောင့်တပ်ကိုလက်မခံ၍ တိုက်ခိုက်ခဲ့သောလည်း တရုပ်အစိုးရ၏ ပြင်းထန်သော ဖိအားကြောင့် စစ်ပွဲကိုရပ်ဆိုင်းခဲ့ရပြီး စစ်အစိုးရ ဒုတိယ နှင့် တတိယ ခေါင်းဆောင်များဖြစ်ကြသော ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်း တို့ကိုယ်တိုင် ရက်ပိုင်းအတွင်းတရုပ်နိုင်ငံသို့ သွားရောက် ၍မှားပါကြောင်းဝန်ချတောင်းပန်ခဲ့ရပါသည်။ လက်ရှိအချိန်တွင်မူ ကချင်၊ ကရင်။ ရှမ်း ငြိမ်းချမ်းရေး အဖွဲ့များကို စစ်တပ်အနေဖြင့်ပြင်းပြင်းထန်ထန် စစ်ပွဲဆင်နွဲနေသောလည်း တရုပ်နိုင်ငံ ထောက်ခံထားသော မူးရစ်ဆေးဝါးနှင့်စစ်အင်အားကြီးထွားလာသော ”ဝ“ နှင့် ”ရှမ်းအခါ“ ငြိမ်းချမ်းရေး အဖွဲ့များ ကိုမူ စစ်ဆင်ရေးမလုပ်ရဲခဲ့ပါ။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ လက်ရင်းတစ်ပည့်များဖြစ်ကြသော လွှတ်တော်ဆပ်ကော်မတီ ဥက္ကဌများဖြစ်ကြသော ဝန်ကြီးဟောင်းများဖြစ်ကြသည့် ဦးအောင်သောင်း နှင့် ဦးသိန်းဇော် တို့ခေါင်းဆောင်သော သမ္မတ၏အစိုးရကိုယ်စလှယ်အဖွဲ့ကို “ဝ”နှင့်မိုင်းလားဒေသ သို့စေလွှတ်ခဲ့ရပါသည်။ အဆိုပါဆွေးနွေးမှုမှနေ၍ ပစ်ခတ်တိုက်ခိုက်မှု မဖြစ်အောင် ဆက်လက်ထိန်းသိမ်းရေး၊ အပြန်အလှန်စကားပြောနိုင်ရန်ဆက်ဆံရေးဌါနစခန်းများဖွင့်လှစ်ရေး၊ ယခင်နှစ်ဦးနှစ်ဘက်သဘောတူညီ ခဲ့ပြီးဖြစ်သောနယ်မြေမှကျောလွန်ပြီး လက်နက်ကိုင် သွားလာသည့်အခါ ကြိုတင်ညှိနှိုင်းဆောင်ရွက်ရေး၊ နှစ်ဦးနှစ်ဘက်သဘောတူညီသည့်အချိန်နေရာတွင်ဆက်လက်ညှိနှိုင်းဆွေးနွေးသွားရေး ၊စသည့်အချက်(၄)ချက် ကို ”ဝ“ နှင့် ”ရှမ်းအခါ“ ငြိမ်းချမ်းရေး အဖွဲ့များဖြင့် သဘောတူညီခဲ့ကြပါသည်။
Read more++click on++
 http://aunglynnhtut.blogspot.com/