သား ဆန်ခမ်း၊ နိုင်ငံမဲ့ ရီလိုင် ဆိုသူနှင့် လာအိုနိုင်ငံသား ကျာရှီကာ
ဆိုသူတိုကို မတ်လ ၁ ရက်နေ့တွင် တရုတ်အစိုးရမှ ဆေးထိုး ကွပ်မျက်မည် ဖြစ်ကြောင်း အတည်ပြုပြီး ဖြစ်သည်။
ဘီဘီစီ သတင်းအရ သူတို့ ဆွေမျိုးသားချင်းများကို တရုတ်အစိုးရ နောက်ဆုံး တွေ့ဆုံဖို့ စီစဉ်ပေးမည် ဆိုသော်လည်း စိုင်းနော်ခမ်း ညီမ ဖြစ်သူ ပြောတာက ဖမ်းဆီးထား ကတည်းက တွေ့ခွင့်မရကြောင်း တွေ့ဖို့ ကြိုးသားသူ မိသားစုဝင် တစ်ယောက်ကိုလဲ ၁၅ရက်ကြာ ထိန်းသိမ်းထားပြီး စစ်ဆေးခဲ့ကြောင်း ပြောပါတယ်။
အဓိကစွပ်စွဲချက် ကတော့ ၂၀၁၁ ခုနှစ်မှာ
မဲခေါင်မြစ်ပေါ်က တရုတ် သင်္ဘောသား ၁၃ ရောက်ကို သတ်လိုက်သော ပြစ်မှု အပြင် ဘိန်းမှောင်ခိုမှု ဖြစ်ပါတယ်။
တရုတ်သင်္ဘောသားများကို သတ်မှုနဲ့ ပတ်သက်ပြီး ထိုင်း စစ်သားများ ဖြစ်ကြောင်း၊ စစ်သားများကိုယ်တိုင် ၀န်ခံထွက်ဆိုပြီး တောင်းပန်ထားကြောင်း ထိုင်းသတင်းတခုမှာ ဖတ်မိပါတယ်။ စိုင်းနော်ခမ်းကတော့ တရုတ်တရားရုံး စစ်ဆေးရေးကာလ တလျှောက်လုံး မ၀န်ခံ ခဲ့ပါဘူး။ အမှန်ဆိုရင် ထိုင်း စစ်တပ်ရဲ့ ဥပဒေအရ မဲခေါင်ဒေသက မူးယစ်မှောင်ခိုသမားများကို
တရုတ်ရဲ့ ရပ်တည်ချက်ကတော့ တရုတ်နိုင်ငံသားများကို သတ်ခြင်း၊ ဆိုတဲ့ သူတို့ အမျိုးသားရေး အမြင်နဲ့ ကြည့်သည်။ မှောင်ခိုသမားများဖြစ်ဖြစ် တရုတ်အမျိုးသားများကို သတ်ခြင်းကို တရုတ်အစိုးရ အနေနဲ့ လက်မခံ နိုင်ပါ။ စိုင်းနော်ခမ်းအဖွဲ့ကို မိသားစုများဖက်က အမှုလိုက်ခွင့် လုံလောက်တဲ့ အခွင့်အရေး မပေးခဲ့ပါ။ ထိုင်း အစိုးရ ရဲ့ ဥပဒေ အရ တရားဝင် သတ်ခွင့်ရှိနေတဲ့ တရုတ်နိုင်ငံသားများ အရေးမှာ တရုတ်အစိုးရ အနေနဲ့ မည်သို့မျှ တုန့်ပြန်နိုင်မည် မဟုတ် သောကြောင့် မျှားဦးက စိုင်းနော်ခမ်းအဖွဲ့ကို ဦးတည်သွားသည်။ အမှန်ဆိုရင် သူ့ကို စွပ်စွဲတာကလွဲပြီး လက်ပူးလက်ကြပ်မိထားတဲ့ သက်သေခံ အထောက်အထား ဘာမှ ရှိတာ မဟုတ်ပါ။
မူးယစ်မှောင်ခို သမားအနေနဲ့ တရုတ်အစိုးရ ဒီလောက် မလိုက်ဖူးပါ။ ဥပမာ... ကမ္ဘာကျော် မူးယစ်မှောင်ခိုသမားကြီး ခွန်ဆာ မိသားစု (အေးရှားဝေါလ်) မြန်မာ အစိုးရ လက်ထဲ အခုထိ ရှိနေခဲ့သည်။ အေးရှားဝေါလ် ကုမ္ပဏီ အနေနဲ့ ချီဖွေ ရေအားလျှပ်စစ် စီမံကိန်းမှာ လှိုင်ခေါင်းတူးဖို့ ဒေသခံတွေကို နေ့စား မြန်မာငွေ ၅ ထောင်ပေးမယ် ဆိုပြီး ပိုက်ဆံရှင်းတော့ တ၀က်ကို ငွေသား ပေးပြီး တ၀က်ကို ဘိန်း ပေးလိုက်တယ် လို့ ဒေသခံတွေ အဆိုအရ သိရပါတယ်။ တရုတ်အစိုးရ အနေနဲ့ ခွန်ဆာအဖွဲ့ကို တခါမှ တရားဝင် တောင်းဆိုတာ မရှိသလို ဖမ်းဝရမ်းလဲ မထုတ်ဖူးပါ။ စိုင်းနော်ခမ်း ကို ဖမ်းပြီးတာ တစ်နှစ်ကျော်တဲ့အထိ မူးယစ်မှောင်ခိုဈေးကွက် ပျောက်သွားခြင်း မရှိတာကလဲ သူ့ တစ်ဖွဲ့ထဲ ရှိတာ မဟုတ် ဆိုတာ ပေါ်လွင်သည်။
ဒီတော့ တရုတ်အစိုးရ ဟာ ကိုယ့်နိုင်ငံသားများအရေးနဲ
မြန်မာအစိုးရ အနေနဲ့ ကိုယ့်နိုင်ငံသား အရေးနဲ့ ပတ်သက်ပြီး ဘာဖြစ်လို့ မတုန့်ပြန်သနည်း။?
စိုင်းနော်ခမ်းကို မူးယစ်ရာဇာ နာမည်ပေးထားတာဟာ တရုတ်အစိုးရ နဲ့ မြန်မာအစိုးရ သာ ဖြစ်သည်။ ရှမ်းပြည် လူထုအနေနဲ့ကတော့ သူ့ကို တော်လှန်ရေး သမားအဖြင့်သာ မြင်သည်။ ရှမ်းအမျိုးသားရေး နဲ့ ပတ်သက်ပြီး သူ့မှာ ခံယူချက်ရှိသည်။ သူ အပါအ၀င် သူ့အဖွဲ့သားများ မူးယစ်ဆေးသုံးစွဲသူများ မဟုတ်ပါ။ မြန်မာ အစိုးရ နဲ့ အပစ်အခတ် ရပ်ထားပြီး (စောလားဖွယ် ကဲ့သို့) နယ်ခြားစောင့်တပ် လက်မခံခဲ့တဲ့ ရှမ်း လက်နက်ကိုင် တပ်ဖွဲ့ကို ဦးဆောင်တဲ့ ခေါင်းဆောင် တစ်ယောက်သာ ဖြစ်သည်။ တော်လှန်ရေး အတွက် ရံပုံငွေလိုအပ်ချက်အရ မူးယစ်မှောင်ခို လုပ်မှာတော့ သေချာသည်။ သူတို့ စစ်တပ် အတွက် ဆိုတာထက် ဒေသခံ ပြည်သူတွေအတွက် လိုအပ်ချက် လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ခွန်ဆာ မိသာစုရဲ့ ပစ်ထားခြင်းခံရတဲ့ ဒေသခံ ပြည်သူတွေဟာ ဘိန်းစိုက်ပျိုးရေးကလွဲပြီး
နောက်ပြီး မဲခေါင်းမြစ်ဝှမ်းတလျှောက် ဒေသခံများကို ဗိုလ်ကျနေတဲ့ တရုတ်မှောင်ခို သမားများကို ပြတ်ပြတ်သားသား ကိုင်သွယ်သူ အဖြစ်လဲ နာမည်ကြီးပါတယ်။ (တရုတ်နိုင်ငံသားတွေနဲ့ မှောင်ခိုလုပ်ရတာဟာ အင်မတန်မှ အန္တရယ်များပါတယ်။ ကချင်လူမျိုးတွေ ခဏဏခံရဘူးတယ်။ သစ်မှောင်ခို၊ ကျောက်မှောင်ခို လောကမှာ တရုတ်တွေဟာ ပစ္စည်းယူသွားပြီး ငွေကို တော်တော်ကြာတဲ့အထိ မနဲမနဲ တောင်းယူရတဲ့ အပြင် သူတို့ ပိုင်နက်ထဲရောက်ရင် မျက်နှာချိုးတမျိုးပြောင်းတတ်တယ် လို့ နာမည်ကြီးပါတယ်။ တချို့ကို အစဖျောက်လိုက်တာတွေရှိဖူးတယ်။ ပိုက်ဆံရှင်းတယ် ဆိုရင်တောင်မှ တစ်နှစ်လောက်အချိန်ဆွဲထားတတ်ပါတယ်။ သူတို့တခုခု ပြန်လိုချင်တဲ့အခါမှသာ မျက်နှာချိုသွေးပြီး အရင်အကြွေးရှင်းတတ်တယ် လို့ ဆိုပါတယ်။ မှောင်ခို လုပ်ငန်းဆိုတော့လဲ ဘယ်မှာမှ တိုင်လို့မရ။)
ထို့ကြောင့် မြန်မာ အစိုးရ အနေနဲ့ကလဲ ရှမ်းတော်လှန်ရေး သမား တစ်ယောက် လျှော့သွားခြင်းဟုသာ ရှု့မြင်ပြီး တရုတ်အစိုးရကို မြန်မာ နိုင်ငံသား တစ်ယောက်အနေနဲ့ အခွင့်အရေး တောင်းဆိုခြင်းမျိုး မရှိခဲ့ပါ။
နောက်တခုက....
မြန်မာအစိုးရ နှင့် ယူနန်အစိုးရ အထဲတွင် မူးယစ်မှောင်ခို ဂိုဏ်း အကြီးစား ရှိနေသည်၊ ဆိုတဲ့ အချက် ကောလာဟာလ ကြားဖူးတာကြာပြီ။
ဒီတော့ စိုင်းနော်ခမ်းကို မျက်နှာလွဲချ လိုက်တာ မဖြစ်နိုင်ဘူးလား။ အံ့သြဖို့ ကောင်းတာက မဲခေါင်မြစ်ဝှမ်း တလျှောက် ကြီးစိုးနေသော မူးယစ်မှောင်ခို သမားများဟာ တရုတ်လူမျိုးအများပိုင်း ဖြစ်တယ် ဆိုတာ လူတိုင်း သိပေမယ့် တရုတ်အစိုးရ အနေနဲ့ ဘယ်တော့မှ တရုတ်နိုင်ငံသား တစ်ယောက်ကိုမှ နိုင်ငံတကာအတိုင်းအတာ နာမည်ဖေါ် အရေးယူတာ မကြားဖူးတဲ့ အချက် ဖြစ်ပါတယ်။ အခုလို တခြားနိုင်ငံသားများကို အစုလိုက် အရေးယူပြခြင်းဟာ မူးယစ်မှောင်ခိုမှုနဲ့ ပတ်သက်ပြီး တရုတ်ပြည်သားများ မပါဘူး ဆိုတဲ့ သဘောကို နိုင်ငံတကာသို့ တင်ပြလိုက်တဲ့ သဘောလဲ သက်ရောက်စေပါတယ်။
စိုင်း နော်ခမ်း နောက်ဆုံး တောင်းဆိုတာက သူ့သား နဲ့ သမီး ကို အရမ်းတွေ့ချင် တယ်တဲ့။ မိသားစုကို စုံစမ်းလို့ မရဘူး လို့ ဆိုပါတယ်။ မိသားစုလဲ နှုတ်ပိတ်ခံရမှာ ကြောက်လို့ ထွက်ပြေးနေပြီလား ဒါမှမဟုတ် နှုတ်ပိတ်လိုက်ပြီလား ဆိုတာ တွေးစရာပါ။
စိုင်းနော်ခမ်းသာ သူတို့ စွပ်စွဲသလို ပြိုင်စံရှားတဲ့ မူးယစ်ရာဇာ တစ်ယောက်ဖြစ်ခဲ့သော်... အခုနောက်ပိုင်း ထွက်နေတဲ့ မူယစ်ဆေးတွေ ဘယ်ကထွက်ပါသလဲ။ စိုင်းနော်ခမ်း ဖမ်းမိတဲ့ နောက်ပိုင်း မူးယစ်ဆေး ဈေးကွက် ကမောက်ကမ ဖြစ်သွားသေးလား။ ဆိုတာတော့ သက်ဆိုင်သူများသာ အသိဆုံး နေမှာပါ။
------------------------------------------
ဦးသိန်းစိန် ကိုယ်စား စိုင်းနော်ခမ်း ဒူးထောက်လိုက်ရတာပါ။(မိုးသီးဇွန်)


စိုင်းနော်ခမ်းကို တရုပ်ပြည်က သတ်ဖြတ်မှုမှာ နိင်ငံရေးရည်ရွယ်ချက်တွေအများကြီးပါနေတယ်။ အရင်က သတ်ဖြတ်မှုတွေမှာဒီလောက်အသေးစိတ်မပြဘူး။ ဒီလောက်အသေးစိတ်ပြနေတာကတော့ အမျိုးသားထု တရပ်လုံးကိုစော်ကားမှု ( National Humiliation) ဖြစ်ပါတယ်။
တရုပ်ပြည်က ဒီဒေသမှာ ငါဗိုလ်ပဲဆိုတာကို ပြလိုက်တာ။ အထူးသဖြင့် လာအို စ်နဲ့မြန်မာအစိုးရတွေကို သတိပေးလိုက်တာ။
ဦးသိန်းစိန် ဒူးထောက်လိုက်ရတာပါပဲ။
စိုင်းနော်ခမ်းကို သတ်ဖြတ်မှုက ငါဒို့  လူတွေကိုထိရင် ဒီလိုအရေးယူမယ်ဆိုတာကိုပြတာပါ။
စိုင်းနော်ခမ်းကို ဒူးထောက်ခိုင်းတာ မင်းတို့  ကြည့်ထားကြ။ တရုပ်အင်ပါယာကို စမ်းဝံသူတွေဟာ ဒီလိုဒူးထောက်ရမယ်ဆိုတာကိုမြန်မာ နဲ့လားအို စ်ကို သခန်းစားပေးလိုက်တာပါ။

ဒီတခါတော့တိုက်တိုက်ဆိုင်ဆိုင် ရှမ်းအမျိုး သားတ ဦးဖြစ် တဲ့ စိုင်းနော်ခမ်းဟာ ကံဆိုးသူမောင်ရှင်ဖြစ်ခဲ့ရ ပါတယ်။ တရုပ်ပြည်ကမြန်မာအစိုးရကို အမြက် သိုနေတဲ့ ကာလ ဖြစ်နေပါတယ်။
သူတို့ အရင်က သတ်ဖြတ်ခဲ့တဲ့ တရားခံတွေကို ဒီလို ဒူးထောက်ရတာတွေမရှိဘူး။ ဘယ်နိင်ငံမှာမှ လဲ ဒီလိုသေဒဏ်ကျတဲ့တရားခံကိုထပ်ပြီး ဒူးထောက် ခိုင်း တာမရှိဘူး။ဒါဟာ ဦးသိန်းစိန် ကို်ယ်စား စိုင်နော်ခမ်း ဒူးထောက်လိုက်ရတာပါ။
မြန်မာ ပြည်မှာ ဒီမိုကရေတစ်ဝန်ကြီးချုပ် ဦးနု လက် ထက် မှာ တရုပ်ပြည်ဟာ မြန်မာ ကို ဒီလို မစော်ကား ခဲ့ ဘူး။နောင် ဒီမိုကရေစီသမတ ကိုလဲ ဒီလိုမစော်ကား ၀ံပါဘူး။ ခံသူရှိလို့  လုပ်တဲ့သူကလုပ်ရဲတာပါ။
ဒီတော့ကျနော်တို့ လုပ်စရာရှိတာကတော့တရုပ်ကြေးနီမိုင်းကို မြန်မာမြေပေါ်က နေမောင်းထုတ်ကြဖို့ ပါပဲ။
လက်ပတောင်းတောင် တိုက်ပွဲ ကို ဗဟိုပြုပြီး ကျန်တဲ့လူထုတိုက်ပွဲတွေဝိုင်းရံဖေါ်ထုတ်ဖို့ ပါပဲ။
Ref: လင်္ကာ