"ကေအိုင်အေ
 ထိန်းချုပ်နယ်မြေထဲမှာ ရှိနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ 
ကူညီထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး မပြောခင် သူတို့ ပြောနေတဲ့ ဒုက္ခသည် 
အရေအတွက်ထဲမှာ ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့ဝင်တွေ၊ အဖွဲ့ဝင်တွေရဲ့ 
မိသားစုတွေ ဘယ်လောက် ပါနေသလဲဆိုတာ သေသေချာချာ စိစစ်သင့်တယ်လို့ ထင်ပါတယ်"ဟု ဦးရဲထွဋ်က 7Days News ဂျာနယ် အင်တာဗျူးတွင် ပြောပါသည်။
 
****************
 
Crimes against humanity ဆိုတဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှု ဆိုတာ နိုင်ငံတကာ အတိုင်းအ၀ိုင်း နဲ့ ကင်းကွာ နေတဲ့ မြန်မာ နိုင်ငံသားတွေ အတွက်တော့ စိမ်းနေအုံးမှာပါ။
 
လက်နက်ကိုင် မိသားစု အားလုံးကို ပစ်မှတ်ထားရေး၊ သုတ်သင် ရေး ဆိုတာ ဖက်ဆစ် ၀ါဒ ဖြစ်ပါတယ်။ အခုထိ မြန်မာ နိုင်ငံတော် အစိုးရ ရဲ့ ပြည်ထောင်စု ၀န်ကြီး အဆင့်မှာ တောင် ဒီလို စိတ်ထား ရှိနေသေး တယ် ဆိုတာ တော်တော် ကြောက်ဖို့ ကောင်းတဲ့ လူ့အဖွဲ့အစည်းပါ။